Text စာလုံးလေးတွေကို ဖောင်းကြွ ဒီဇိုင်းပြုလုပ်နည်း အပိုင်း (၂၅)

Text စာလုံးလေးတွေကို ဖောင်းကြွ ဒီဇိုင်းပြုလုပ်နည်း
မင်္ဂလာပါ သည်နေ့ ဖိုတိုရှော့ဆိုင်ရာနည်းပညာလေးကတော့ စာလုံးတွေ ရေးသားတဲကနေရာမှာ Text စာလုံးလေးတွေကို ဖောင်းကြွဒီဇိုင်လေးတွေ ပြုလုပ်နည်းဘဲ ဖြစ်ပါတယ်. သည်နည်းလေးကို ဖိုတိုရှော့ဝါသနာအိုးများအတွက် အသေးစိတ်ရေးသားရှင်းလင်းပြသထားပါတယ်.. သည်နည်းလမ်းလေးကိုရေသားပြုစုထားတာကတော့ ရိုးရိုးလေး  ဖြစ်ပါတယ်.. အောက်မှာလေ့လာလိုက်ပါ
ပထမဆုံး အသုံးပြုမည့် ဖိုတိုရှော့ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ လုပ်ငန်းစလို့ရပါပြီနော်
File>New ဖြင့်ပေ့တစ်ခုတောင်းပါ။ width: 800 pixels, Height: 500 pixels ထားပါ။
(၁) Set foreground color: b7e101, Set Background color: 74a203 ထားပေးပါ။ ပြီးရင် Tool box မှ  Gradient tool ကိုသုံးပြီး အထက်မှအောက်ဘက်သို့ဆွဲချလိုက်ပါ။
(၂) Tool box မှ Horizontal Type tool ကိုယူပါ။ ပြီးရင် ကျွန်တော် Love ဆိုတဲ့စာလုံးရေးထား ပါတယ်။ ပြီးရင် ကျွန်တော်အနီနဲ့ဝိုင်းပြထားတဲ့ Toggle the character and Paragraph palettes ကို နှိပ်လိုက်ပါ။ ကျလာတဲ့ဘောက်မှာ font size :52 ပါ။ သူငယ်ချင်းအဆင်ပြေသလိုဆိုဒ်ထားပါ။ Set the tracking for the selected characters : 100 ထားပေးပါ။ Set the leading : Auto ထား ပေးပါ။
 
(၃) Love ဆိုတဲ့လေယာကို Layer>Rasterize>Type ကိုနှိပ်ပေးပါ။ Layer>Duplicate layer (သို့) Ctrl+J နှိပ်ပေးပါ။ အောက်ဘက်မှ မူရင်းလေယာကိုတော့ ဘေးမှမျက်စိပုံလေးကိုနှိပ်ပြီးမှိတ်ပေးထားပါ။
(၄) နောက်ယူထားတဲ့ကော်ပီလေယာပေါ်မှာ ဘယ်ကလစ်နှစ်ချက်အမြန်နှိပ်လိုက်ပါ။ Layer style box ကျလာပါလိမ့်မယ်။တခြားနေရကလည်းခေါ်လို့ရပါတယ်။ မြန်တဲ့နေရာပြလိုက်တာပါ။ သိပြီးသာတွေဖြစ်     ရ င်ဖြစ် မှာပါ။ Gradient Overlay ကိုရွေးပေးပါ။ ပြီရင် ကျွန်တော် အနီနဲ့ဝိုင်းပြထားတဲ့နေရာမှာ ကလစ်နှိပ် လိုက်ပါ။ Gradient Editor မှာ ဘယ်ဘက်က : cce80d, ညာဘက်က : fffca6 ထားပေးပါ။ကျွန်တော်ပုံ နဲ့သေ ချာပြထားပါတယ်။ အဆင်ပြေမှာပါနော်။
  
(၅) Edit>Transform>Skew ကိုနှိပ်ပါ။ ပြီရင် ကျွန်တော်ဝိုင်းပြထားတဲ့နေရာကနေ ကီးဘုတ်မှ Alt key ကိုဖိပြီးဆွဲလိုက်ပါ။ အစောင်းပုံစံလိုချင်တာပါ။ ပုံလေးကိုကြည့်လိုက်ပါဦး။
(၆) Layer>New>Layer ယူပါ။ Tool box မှ Rectangular Marquee tool ကိုယူပါ။ Style မှာ Normal ကနေ Fixed Aspect Rotaio သို့ပြောင်းပါ။ Width: 8, Height : 188 ထားပြီးပထမဆုံး စာလုံးပေါ်မှာ ဆွဲလိုက်ပါ။ စပေ့ဘားနှင့် မျှားကီးကိုသုံးပြီး လိုချင်တဲ့နေရာကိုရွှေ့ပါ။ ပြီးရင် အဖြူ ရောင်ဖြည့်လိုက်ပါ။ အဖြူရောင်ဖြည့်ပြီးသွားရင် Filter> Blur>Gaussian blur  နှိပ်ပါ။ Radius : 2.5 လောက်ပေးလိုက်ပါ။ Ctrl+D နှိပ်ပြီး စလက်ကို ဖျောက်ပြစ်လိုက်ပါ။ ကျွန်တော်ပုံနဲ့ပြထားပါတယ်။ 
(၇) ) Layer>New>Layer ယူပါ။ Tool box မှ Rectangular Marquee tool ကိုယူပါ။ Style မှာ Normal ကနေ Fixed Aspect Rotaio သို့ပြောင်းပါ။ Width: 24, Height : 195 ထားပြီးပထမဆုံး လိုင်းဆွဲထားတဲ့ စာလုံးပေါ်မှာ ဆွဲလိုက်ပါ။ ပြီးရင် အဖြူရောင်ဖြည့်လိုက်ပါ။ Filter> Blur>Gaussian blur  နှိပ်ပါ။ Radius : 9 လောက်ပေးလိုက်ပါ။ ကျွန်တော်ပုံနဲ့ပြထားပါတယ်။ 
(၈) ပြီးရင်တော့ ကျွန်တော်တို့ Blur သုံးထားတဲ့ လေယာနှစ်ခုလုံးကို Ctrl+E သုံးပြီး ပေါင်းလိုက်ပါ။ ရှင်းသွားအောင် Blur လို့အမည်ပေးလိုက်ပါ။ မှတ်မိရင်မပေးလဲရပါတယ်။ Edit>Free Transform (သို့) Ctrl+T ဖြင့် ပုံမှာပြထားတဲ့အတိုင်း 45 ဒီဂရီလောက်စောင်းလိုက်ပါ။ ဘေးဘယ်ညာ မျှားသုံးရွှေ့ပါ။
(၉) ပေါင်းထားတဲ့ Blur layer ကို Ctrl+J နှိပ်ပြီးပွားလိုက်ပါ။ ပွားထဲ့လေယာကို Move tool သုံးပြီး O ဆိုတဲ့စာလုံးအပေါ်တင်ပါ။ နောက်ထပ် Ctrl+J နှိပ်ပြီးပွားလိုက်ပါ။ ပွားထဲ့လေယာကို Move tool သုံးပြီး V ဆိုတဲ့စာလုံးအပေါ်တင်ပါ။ ကျန်တဲ့စာလုံးတွေလဲဒီအတိုင်းပါဘဲ။ ပုံကိုကြည့်ပါဦး။
(၁၀) လေယာအားလုံးအပေါ်မှာ တင်ပြီးသွားရင်တော့ Ctrl+E သုံးပြီး အဲ့ဒီလေယာ (၄) ခုကိုပေါင်း လိုက်ပါ။ ပြီးရင် Love copy ဆိုတဲ့လေယာအပေါ်မှာ Ctrl key ကိုဖိပြီး ကလစ်တစ်ချက်နှိပ်လိုက်ပါ။ စာလုံးကိုစလက်အဖြစ်နဲ့ရပါလိမ့်မယ်။ စလက်ရရင် Select>Inverse ကိုနှိပ်ပေးပါ။ ပြောင်းပြန်ဖြစ်သွား ရင် ကီးဘုတ်မှ Delete ကီးနှိပ်ပြီးဘေးကအရာတွေကို ဖျက်ပြစ်လိုက်ပါ။ အတတ်နိုင်ဆုံးကျွန်တော် ပုံမှာ ရှင်းအောင်ပြထားပါတယ်။ စလက်ကိုတော့ Ctrl+D နှိပ်ပြီးဖျောက်လိုက်ပါ။
(၁၁) Love ဆိုတဲ့လေယာကို ပြန်သွားပါမယ်။ ဘေးမှဖျောက်ထားတဲ့မျက်လုံးပုံကိုဖွင့်လိုက်ပါ။ ပြီးရင် Edit> Transform>Skew ကိုနှိပ်ပါ။ Alt key ကိုသုံးပြီး မူလစောင်းထားတာထက် ပိုစောင်းလိုက်ပါ။ ပြီးရင်တော့ Enter ခေါက်ပေးလိုက်ပါ။ 
(၁၂) Edit>Transform>Scale ကိုနှိပ်ပါ။ ပြီးရင်အလယ်ကနေပြီးတော့ အောက်ဘက်ကိုဆွဲနိမ့်ချ လိုက်ပါ။ Enter ခေါက်ပေးလိုက်ပါ။
 
(၁၃) ဒီလေယာအပေါ်မှာဘဲ Ctrl key ကိုဖိပြီး ကလစ်နှိပ်လိုက်ပါ။ စလက်အနေနဲ့ရပါမယ်။ ရရင် Tool box က Set foreground color မှာ #689106 ထားပေးပါ။ ပြီးရင် Paint Bucket tool သုံးပြီး စလက် အတွင်းမှာ လိုက်နှိပ်လိုက်ပါ။ ဆေးအရောင်ဖြည့်သွားတာတွေ့ရပါမယ်။ စလက်ကိုတော့ Ctrl+D သုံး ပြီးဖျောက် လိုက်ပါ။
  
(၁၄) ဒေါင့်မှာလိုနေတဲ့အပိုင်းတွေကိုတော့ Polygonal lasso tool သုံးပြီးဆက်ပါ။ ပြီးရင် Bucket tool သုံးပြီး စလက် အတွင်းမှာ လိုက်နှိပ်လိုက်ပါ။ စလက်ကိုတော့ Ctrl+D သုံး ပြီးဖျောက်လိုက်ပါ။ လွယ်ပါ တယ်နော်။ အနောက်ဘက်မှာပိုနေတဲ့ အရိပ်ကိုတော့ Eraser tool သုံးပြီး ဖျက်ပြစ်ပါ။
(၁၅) အပြင်ဘက်တအားထွက်နေတဲ့ အရိပ်ကိုတော့ အမှောင်ကြီးဖြစ်မနေစေချင်တဲ့အတွက် Tool box မှ Polygonal lasso tool သုံးပြီးဝိုက်ဆွဲကာ Dodge tool သုံးပြီးတော့ Exposure : 30 လောက် ထားပြီးပြန်ဖွေးလိုက်ပါမယ်။ ပြီးရင်တော့ ၀ါးစေချင်တဲ့နေရာလေးတွေကို Tool box က Blur tool သုံး ပြီးအချောသတ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့လှပတဲ့စာလုံးပုံစံလေးကို မြင်ရပြီပေါ့ဗျာ။ လုပ် ကြည့် စမ်းပါ။ သင့်လက်ရာကိုကြည့်ပြီး သင်ကိုယ်တိုင် ပီတိဖြစ်ရတာ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ ခံစားမှု ဘဲဗျာ။ သူငယ်ချင်းတို့ ကျေနပ်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။

အချောသတ်ပုံလေးကတော့ ဒီလိုပုံလေပါဗျာ

တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ရပါဘူးဗျာ။ မသိသေးတဲ့သူများ ကျွန်တော့်ပိုဒ့်လေးကနေ တစ်ခုခု ရသွားပါစေဆိုတဲ့ စေတနာကြောင့်ပါဗျာ။ ပညာရှင်အားလုံးကိုလေးစားလျက်ပါဗျာ။သည်နည်းလမ်းလေးကို
ရိုးရိုးလေး ရေးသားထားပြီး ကျွန်တော် ပြန်လည် ဝေမျှ ခံစားလိုက်ခြင်းဖြစ်ပါတယ်…
ဘလော့ခရီးသည်(နည်းပညာမျှဝေခြင်း)
www.aungsanmks.com
 

ဖလင်ပုံဒီဇိုင်းလေးပြုလုပ်နည်း အပိုင်း (၂၆)

 မင်္ဂလာပါ သည်တခါ မျှဝေဖြစ်တဲ့ နည်းပညာကတော့ ဖိုတိုရှော့မှာ ဖလင်ပုံစံဒီဇိုင်းလေး ပြုလုပ်နည်းဖြစ်ပါတယ်.. သည်နည်းလေးကို ရိုးရိုးလေး(နည်းပညာ)မှ ရေးသားပေးထားတာဖြစ်ပါတယ်.. ဖိုတိုရှော့ဝါသနာရှင်များအတွက် အသေးစိတ်လေ့လာနိုင်ရန်အတွက်ပြန်လည်ဝေမျှခံစားလိုက်ပါတယ်..အောက်မှာလေ့လာနိုင်ပါတယ်..
ပထမဆုံးအသုံးပြုမဲ့ ဖိုတိုရှော့ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ ဒါဆို စတင်နိုင်ပါပြီ
 
File>New နဲ့ Width: 500 Pixel, Heigth: 300 Pixel လောက်နဲ့ ပေ့တစ်ခုယူလိုက်ပါ။ အဲ့ဒီပေ့ပေါ်မှာ Set foreground color : #d7d7d7, Set background color: #ffffff အသုံးပြုပြီး Tool box မှ Grandient tool ဖြင့် Linear gradient ထားကာ အထက်မှအောက်သို့ ဆွဲချလိုက်ပါ။
(၁)  Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rectangular Marquee tool ဖြင့် ပုံမှာပြထားသလို ဆွဲလိုက်ပါ။ ပြီးရင် Set foreground color : #000000 သုံးပြီး Ctrl+ Baskspace ဖြင့် အနက်ရောင်ဖြည့်လိုက်ပါ။ 
(၂) Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rounded Rectangle tool ဖြင့် Radius : 10 Px လောက်ထားပြီးပုံမှာပြထားတဲ့အတိုင်း အကွက်လေးဆွဲလိုက်ပါ။ ပြီးရင် အဖြူရောင် ဖြည့် လိုက်ပါ။ 
(၃) ပြီးရင်တော့ အဲ့ဒီအကွက်လေးကို Ctrl+J ဖြင့် လေယာပွားပြီး ကီးဘုတ်မှ Arrow key ဖြင့် ဘေးဘက် သို့ ပွားယူလိုက်ပါ။ အနက်ရောင်လိုင်းပေါ်မှာ ပွားသွားရမှာပါ။
(၄) အကွက်ပုံစံပွားထားတဲ့လေယာအားလုံးကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ Background layer နဲ့ အမဲရောင်ကာလာဖြည့်ထားတဲ့လေယာတွေကိုတော့ ချန်ထားရမှာဖြစ်ပါတယ်။ ပေါင်းထားတဲ့ Layer ပေါ် မှာကလစ်နှစ်ချက်နှိပ်ပြီး Frame လို့ အမည်ပေးလိုက်ပါ။ 
(၅) Layer>New>Layer ဖြင့်အသစ်တစ်ခုယူပါ။ ပြီးရင် Tool box မှ Rounded Rectangle tool ဖြင့် Radius : 2 Px လောက်ထားပြီးပုံမှာပြထားတဲ့အတိုင်း အကွက်အသေးဆွဲလိုက်ပါ။ ပြီးရင် အဖြူရောင်ဖြည့် လိုက်ပါ။ အပေါ်ဘက်မှ စက်ပေါက်ရာအကွက်လေးတွေဖြစ်ပါတယ်။ ပြီးရင်တော့ Ctrl+J ဖြင့် လေယာပွား ပြီး ကီးဘုတ်မှ Arrow key ဖြင့် ဘေးဘက် သို့ ပွားယူလိုက်ပါ။ အနက်ရောင်လိုင်းပေါ်မှာ ပွားသွားရမှာပါ။
(၆) ပြီရင်ပွားထားတဲ့ လေယာအားလုံးကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ ပြီရင် small frame လို့ အမည်ပေးလိုက်ပါ။ ပြီရင် Ctrl+J အသုံးပြုပြီးပွားလိုက်ပါ။ ကီးဘုတ်မှ Arrow key  ဖြင့် အောက်ဘက်သို့ ချလိုက်ပါ။
(၇)  ပြီရင် Ctrl+J အသုံးပြုပြီးပွားလိုက်ပါ။ ကီးဘုတ်မှ Arrow key  ဖြင့် အောက်ဘက်သို့ ချလိုက်ပါ။ small frame 2 ခုလုံးကို Ctrl+J အသုံးပြုပြီးပေါင်းလိုက်ပါ။ အရင်လုပ်ထားတဲ့ frame ဆိုတဲ့ လေယာ မပါဘူးနော်။ အားလုံးပေါင်းပြစ်မဆိုးလို့။
(၈) Frame အကွက်ထဲမှာထည့်မည့် ပုံတစ်ခုကို ဖွင့်ပြီး Move tool သုံးပြီးဆွဲယူလိုက်ပါ။ ပုံကကြီးနေ ရင်တော့ Ctrl+T အသုံးပြုပြီးဘေးဘယ်ညာမှ ဆွဲသေးပြစ်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီပုံကို Frame ပေါ်မှာ တင်ပေးထားလိုက်ပါ။
(၉) ပြီရင် Frame ကိုသွားပါ။ Tool box မှ Magic wand tool သုံးပြီး ပုံတင်ထားတဲ့အကွက်ပေါ်မှာ ကလစ် နှိပ်လိုက်ပါ။ Frame လေယာကို သွားရမှာနော်။ မှားမဆိုးလို့။ Magic wand tool နဲ့ ကလစ်လိုက် ရင် အကွက်ပုံစံအတိုင်းလေးစလက်ဖြစ်သွားပါလိမ့်မယ်။ စလက်အကွက်ဖြစ်သွားရင် ကိုယ်ထည့်ထားတဲ့ ဓါတ်ပုံလေယာကိုပြန်သွားပါ။ Select>Inverse လုပ်လိုက်ပါ။ ပြီးရင် ကီးဘုတ်မှ Delete key နှိပ်ပြီးဘေး သားတွေကိုဖျက်ပြစ်လိုက်ပါ။ ခုကျွန်တော်ပြောပြခဲ့တဲ့နည်းအတိုင်းဘဲ ဓါတ်ပုံထည့်လိုက် Frame layer သွား လိုက်။ Magic wand tool သုံးပြီးကလစ်လိုက်။ မူရင်ဓါတ်ပုံလေယာပြန်လာလိုက်၊ စလက်အင်ဗတ်လုပ်ပြီး ဒလိကီးနှိပ်ပြီးဖျက်လိုက်လုပ်ပြီးကျန်တဲ့အကွက်တွေကိုလည်း ဖြည့်သွားရမှာဖြစ်ပါတယ်။ ဟူးးးးးးးးးးးးး
အကွက်အားလုံးဖြည့်ပြီးသွားရင်တော့ ဓါတ်ပုံအကွက်လေးတွေကြည့်အောက်ပါအတိုင်းလေယာအသစ်တွေ ရမှာပါ။
(၁၀) ရလာတဲ့ဓါတ်ပုံလေယာများကို Ctrl+E သုံးပြီး တစ်ခုထဲပေါင်းလိုက်ပါ။ ပေါင်းလို့ရတဲ့လေယာကိုမှ 
Image>Adjustments>Brightness/contrast မှာ အထက် 20 ၊ အောက်18 လောက်ပေးလိုက်ပါ။ ပြီးရင်တော့ Background layer မှလွဲပြီးတော့ ကျန်တဲ့လေယာအားလုံးကိုပေါင်းလိုက်ပါတော့။
(၁၁) ကျွန်တော်တို့ပေါင်းထားတဲ့လေယာကို Ctrl+J အသုံးပြပြီး လေယာတစ်ခုပွားလိုက်ပါ။ Edit>Transform> flip vertical နှိပ်ပြီးဇောက်ထိုးလုပ်လိုက်ပါ။ ပြီးရင် ကီးဘုတ်က Arrow key ဖြင့် အောက်ဖက်သို့ ချလိုက်ပါ။ Layer box မှ Opacity:30 လောက်လျော့လိုက်ပါ။
(၁၂)  ပြီးရင် အပေါ်ကလေယာမှာ Tool box မှ Rectangular Marquee tool ဖြင့်ပထမနှစ်ကွက်ပေါ်မှာ ၀ိုက်ဆွဲလိုက်ပါ။ ပြီရင် ကီးဘုတ်မှ Ctrl+Shift+J နှိပ်လိုက်ပါ။ လေယာအသစ်အနေနဲ့တက်သွားပါလိမ့်မယ်။ အဲ့ဒီပြတ်သွားတဲ့လေယာကိုမှ Edit>Transform> Warp နှိပ်လိုက်ပါ။ အထက်မှမျဉ်းတွေကို အပေါ်ဘက် သို့ဆွဲပါ။ အောက်ဘက်မှမျဉ်းကိုလည်းအပေါ်ဘက်သို့ဆွဲတင်ပါ။ ဂငယ်ပုံလေးဖြစ်သွားပါလိမ့်မယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။
(၁၃) နံပါတ် (၁၂) အဆင့်ကအတိုင်းပါဘဲ ကျန်တဲ့ အကွက်လေးတွေကိုလည်း မူရင်လေယာကိုသွားလိုက်  Tool box မှ Rectangular Marquee tool ဖြင့်ဒုတိယနှစ်ကွက်ပေါ်မှာ ၀ိုက်ဆွဲလိုက်ပါ။ ပြီရင် ကီးဘုတ်မှ Ctrl+Shift+J နှိပ်လိုက်ပါ။ လေယာအသစ်အနေနဲ့တက်သွားပါလိမ့်မယ်။ အဲ့ဒီပြတ်သွားတဲ့လေယာကိုမှ Edit>Transform> Warp နှိပ်လိုက်ပါ။ အထက်မှမျဉ်းတွေကို အောက်ဘက် သို့ဆွဲပါ ။ အောက်ဘက်မှ မျဉ်းကိုလည်းအောက်ဘက်သို့ဘဲဆွဲချပါ။ ပြီးရင် Enter ခေါက်လိုက်ပါ။ ကျန်တဲ့အကွက်တွေကိုလဲ ဒီအတိုင်း ဘဲ လုပ်သွားရမှာပါ။ ဒီလိုလှိုင်းပုံစံလေးပါ။ လေယာတွေကတော့ 2 ကွက် တဖြတ်အနေနဲ့တက်သွားမှာပါ။
(၁၄) 2 ကွက် တဖြတ်အနေနဲ့တက်သွားတဲ့လေယာတွေကို Ctrl+E သုံးပြီးပေါင်းပြစ်လိုက်ပါ။ ပြီးရင် Opacity လျော့ထားတဲ့လေယာကိုပြန်သွားပါ။ အဲဒီလေယာမှာ အောက်ပိုင်းတ၀က်လောက်ကို Tool box မှ Rectangular Marquee tool နဲ့ဖြတ်ဆွဲလိုက်ပါ။ Select>Feather 10 လောက်ပေးပြီး အောက်ပိုင်းကို ဖြတ် ချလိုက်ပါ။
(၁၅) ကျန်တာကတော့ အထက်ကအဆင့်တွေအတိုင်းပါဘဲ။ Rectangular Marquee tool နဲ့ ဆွဲလိုက်။ Ctrl+Shift+J နဲ့ဖြတ်ချလိုက်။ Edit>Transform> Warp သုံးပြီးကွေးသင့် တာ၊ ကောက်သင့် တာတွေ  ကောက်လိုက်တော့နော့်။ လွယ်ပါတယ်။ အထက်ကအဆင့်တွေအတိုင်းဘဲဟာကို ……
ကဲဒါကတော့ ဖိုင်နယ်ပုံပါ။ သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်ကြဦးပေါ့ဗျာ ………….
တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ပါဘူးဗျာ။ မသိသေးတဲ့သူတွေ ဒီပို့ဒ်လေးကနေပြီးတော့ တစ်ခုခု သိသွားပါစေဆိုတဲ့  စေတနာကြောင့်ပါဗျာ။ ပညာရှင်အားလုံးအစဉ်လေးစားလျက်ပါဗျာ။ သူငယ်ချင်းအား လုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင် ကဲ … အားလုံးဘဲ…….ဘိုင့်ဘိုင်
ရိုးရိုးလေး (yoeyoelay18@gmail.com)

ဖန်လုံးလေးထဲမှာပုံလေးထည့် အလှဆင်နည်း- အပိုင်း (၂၇)

ဖန်လုံးလေးထဲမှာပုံလေးထည့် အလှဆင်နည်း

 

မင်္ဂလာပါ သည်တခေါက် ဖိုတိုရှော့ နည်းလမ်းလေးကိုတော့ ဖန်လုံးလေးထဲကမင်းသမီးလေးထည့်သွင်းအလှဆင်နည်းပါ သည်နည်းလမ်းလေးကို အသေးစိတ်ရှင်းပြရေးသားထားတာကတော့ ရိုးရိုးလေး(နည်းပညာမျှဝေခြင်း) ဘဲဖြစ်ပါတယ်။
File>New နဲ့ width: 600 pxel, Height: 600 pxel လောက်နဲ့ ပေ့တစ်ခုလောက်ယူလိုက်ပါ။ ပြီးရင်တော့ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  ဆွဲလိုက်ပါ။ Layer>New>layer ယူပြီးဆွဲရမှာနော်။

(၂)  Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။
(၃) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  အ၀ိုက်ကလေးတစ်ခုဆွဲလိုက်ပါ။
(၄) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  ဆွဲလိုက်ပါ။
(၅)  Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။
(၆) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #5eb7e4 နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို  အ၀ိုင်းတစ်ခုဆွဲလိုက်ပါ။ ပြီးရင်ယူထားတဲ့အရောင်ကိုဖြည့်လိုက်ပါ။
(၇)  ပြီးရင် အရောင်ဖြည့်ပြီးသာအ၀ိုင်းရဲ့အောက်ခြေလောက်မှာ Elliptical marquee tool သုံးပြီးတော့ စလက်ရှင်တစ်ခုဆွဲလိုက်ပါ။ ပြီးရင် Select>Inverse နဲ့ စလက်ကိုပြောင်းပြန်လုပ်လိုက်ပါ။

(၈)  နောက်တော့ Tool box က Eraser tool နဲ့ အောက်ကပိုနေတဲ့အပိုင်းလေးတွေကိုဖျက်ပြစ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မလိုအပ်တဲ့အပိုင်းတွေမဖျက်မိအောင်ကာကွယ်တဲ့သဘောပါ။ စလက်ကိုတော့ Ctrl+D သုံးပြီးဖျောက်လိုက်လို့ရပါတယ်။
(၉)  ကျွန်တော်တို့ အောက်ခံခုံအဖြစ်အသုံးပြုထားတဲ့ လေယာက (၃) ခုဖြစ်နေတယ်နော်။ အဲ့ဒီလေယာ (၃) ခုလုံးကို Ctrl+E သုံးပြီးပေါင်းလိုက်ပါ။ ပြီးရင်တော့ Tool box က Dodge tool နဲ့ Hightlights :35 လောက်ထားပြီး Shade အရောင်ပြေးလေးဖြစ်အောင်ဆွဲပေးလိုက်ပါ။ အလယ်က ထင်ရှား အောင် ဆွဲပေးပါ။ ဘေးဘက်မှာ နည်းနည်း လျော့ဆွဲပါ။
(၁၀)  ပြီရင်အရောင်ဖြည့်ထားတဲ့ အပြာရောင်အ၀ိုင်းလေယာကို Ctrl+J နဲ့လေယာထပ်ပွားလိုက်ပါ။ ပြီရင် ပွားလိုက်တဲ့လေယာအပေါ်မှာ Ctrl key ကိုဖိပြီးတော့ ကလစ်တစ်ချက်နှိပ်လိုက်ပါ။ စလက်အဖြစ်ရပါလိမ့် မယ်။ စလက်ရရင်တော့ Set foreground color: #666460 အရောင်နဲ့ဖြည့်လိုက်ပါ။ စလက်ကိုတော့ ဖျက်မပစ်ပါနဲ့ဦး။
(၁၁)  Layer> Layer style>Blending Option ကိုနှိပ်ပါ။ ကျလာတဲ့ဘောက်မှာ ကျွန်တော် စက်တင်တွေ ပြထားပါတယ်နော်။ Inner Shadow ယူပါ။ Blend moode: Linear dodge, Opacity:45 Angle: (-54), Distance: 15, Choke:0, Size: 35, Noise: 0, Set color of shadow:#ffffff ပေးလိုက် ပါ။ ပြီးရင်တော့ Ok လိုက်ပေါ့ဗျာ။
(၁၂) လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။
(၁၃) Filter>Render>Lens flore နှိပ်ပါ။ Brightness: 100, Lens type: 50-300m Zoom ထားပေးပါ။
(၁၄)  Filter>Distort>Polar coordinates မှာ Polar to Rectangular ထားပေးပါ။ ပြီးရင် အောက်ကမူ ရင်းလေယာနဲ့ Ctrl+E သုံးပြီးပေါင်ပေးပါ။
(၁၅) ပေါင်းထားတဲ့လေယာကို Ctrl+J သုံးပြီးလေယာတစ်ခုထပ်ပွားပေးပါ။
(၁၆) ပွားထားတဲ့လေယာကို Ctrl key ကိုဖိပြီးတော့ Click တစ်ချက်နှိပ်လိုက်ပါ။ စလက်အနေနဲ့ရပါလိမ့် မယ်။ စလက်ရရင် Set foreground color: #ffffff ထားပြီး၊ Tool box မှ Brush tool ယူပါ။ ပြီးရင် အနား ဖွာတဲ့ဘရပ်ဆိုက်ဒ်ယူပေးပါ။ Opacity: 44 လောက်ထားပြီး အောက်ခြေမှာ နှင်းပုံစံလေးတွေ ဆွဲပေးပါ။ စိတ်ရှည်ဖို့တော့ လိုမယ်နော်။ ကျွန်တော်ပုံနဲ့ပြထားပါတယ်။
(၁၇) မင်းသမီးပုံအသင့်ဖြတ်ထားတာလေးကို ဖန်လုံးအပေါ်ဆွဲထည့်လိုက်ပါ။  လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။

သူငယ်ချင်း Final  ပုံလေးကိုကြည့်လိုက်ဦးနော် လန်းတယ်မဟုတ်လား …………
တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ရပါဘူးဗျာ။ မသိသေးတဲ့သူများ ဒီနေရာကလေးကနေ တစ်ခုခု သိသွား ပါစေဆိုတဲ့ စေတနာလေးကြောင့်ပါဗျာ။ ပညာရှင်အားလုံးကို လေးစားလျက်ပါ။ အားလုံးဘဲ ပျော်ရွင် ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း ဘိုင့်ဘိုင်နော်………
ရိုးရိုးလေး (yoeyoelay18@gmail.com)

♪ Root ဖောက်ထားတဲ့ ဖုန်းဆိုရင်တော့ ဒါလေးဆောင်ထားလိုက်ပါ – BusyBox Pro V34 Apk (16-Jan) ♫

Cover art
BusyBox Pro ဗားရှင်းအသစ်လေးပါ Rooted ရထားပြီးသား User ​တွေအတွက်​ အသုံးဝင်​လိုအပ်​မှာပဲဖြစ်​ပါတယ်​။ ဒီကောင်းလေးကတော့ ဘော်ဒါတို့ အနေ့နဲ့Android Device ဖုန်းကို Root လုပ်ပြီးရင် မြန်မာ Font တွေသွင်းမယ်ဆိုရင် Busy box ကို တောင်းလေ့ရှိပါတယ်။ နောက်ပြီး System based ​တွေ binary ​တွေလုပ်​နိုင်​ဖို့၊socure code ​တွေ​ရေး​ပေးနိုင်​ဖို့၊ Rooted ရပြီးမှ အသုံးပြုလို့ ရ​စေတဲ့ application ​တွေကို modification လုပ်​​ပေးနိုင်​ဖို့၊open source ​တွေဖွင့်​နိုင်​ဖို့၊ applications ​တွေကို Fixed ဖြစ်​နိုင်​​စေဖို့၊rooted application​တွေပြည့်​ပြည့်​ဝဝ Run နိုင်​ဖို့၊စတဲ့​နေရာ မျိုး​တွေမှာPowerful Command လုပ်​​ဆောင်​​ပေးနိုင်​တာကို​တွေ့ရပါတယ်​-UNIX Command Tools များစွာ ကိုအသုံးပြုနိုင်​ပါတယ်​။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက် သလိုပြောင်းချင်တဲ့ အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံး ပြီးပြောင်းလဲလို့ရပါတယ်။ System storageကိုလည်း free space အနည်းငယ်ထပ်တိုးပေးနိုင်ပါတယ်။ ဥပမာ-2 Line for viberလိုမျိုး apkတွေဆိုရင် BusyBox ပါinstallပေးထားမှအသုံးပြုလို့ ရစေနိုင်တာမျိုးတွေပါ- Android OS Version 1.6နှင့်​အထက်​ရှိတဲ့ ဖုန်းများမှာထည့်​သွင်းအသုံးနိုင်​ပါတယ်​။

      
   

   BusyBox Pro- screenshot         BusyBox Pro- screenshot

   BusyBox Pro- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

♪ မိမိဝင်ထားတဲ့ Facebook Groups တွေကိုမြန်ဆန်စွာဝင်ရောက်ကြည့်ရှုနိုင်မယ့် – Facebook Groups v45.0.0.12.304 Apk ♫

Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Facebook မှာ Group တွေနဲ့ချိတ်ဆက်ထားသူများ အတွက် အသုံးတည့်စေမယ့် Facebook Groups နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခု Apk လေးကိုအသုံးပြုပြီး မိမိရဲ့ Facebook Groups တစ်ခုလုံးကို ကြိုက်သလိုအသုံးပြုနိုင်ပါတယ်ဗျာ။ Group မှာရှိတဲ့ Notification တွေ ၊ Message တွေ ကိုလွယ်ကူမြန်ဆန်စွာစစ်ဆေးနိုင်မှာ Reply ပြန်နိုင် မှာဖြစ်ပါတယ်ဗျာ။ Facebook Apk ကနေ Page ထဲဝင်လို့ရတယ်ဆိုပေမယ့် အရမ်းကိုကြာ ပါတယ်။ Noti တွေလည်းစစ်ရတာအဆင်မပြေပါဘူး။ အခု Facebook Groups လေးကိုအသုံးပြု မယ်ဆိုရင်တော့ ပိုပြီးလွယ်ကူမြန်ဆန်တာပေါ့ဗျာ။ အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။

* Create a group for just about anything.
* Share information, post photos and links, and stay in touch.
* Discover and join new groups for whatever you’re into.
Facebook Groups are great for…
* Families—share photos, organize vacations.
* Teams—post updates and schedules.
* Neighborhoods—borrow tools, share local news.
* School & Work—collaborate on projects, distribute notes.

   Facebook Groups- screenshot         Facebook Groups- screenshot

   Facebook Groups- screenshot         Facebook Groups- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

♪ ဖုန်းတစ်ခုလုံးကိုပေါ့ပါးသွက်လက်အောင်ရှင်းလင်းပေးမယ့် – Clean Master Phone Boost Android V5.11.6 (13-Jan) ♫

Cover art
Android Phone တစ်ခုလုံးရဲ့ System ပိုင်းတွေကို အကောင်းဆုံးရှင်းလင်းပေးနိုင်မယ့် Clean Master (Boost & AppLock) v5.11.6 နောက်ဆုံးထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ Task killer တွေထဲမှာ ဒီကောင်လေးကို အကြိုက်ဆုံးပဲ။ ကျွန်တော့်ရဲ့  Top Application တွေထဲမှာ အခု Apk ပါတယ်။ အခု Cleaner လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်လေးမှာ Function 9 မျိုးပါ ပါတယ်။ ကျွန်တော်တို့ စက်တွေထဲမှာ မလိုအပ်တဲ့ Junk ဖိုင်တွေ အကုန်လုံး အသေးစိပ် ရှာပြီး ဖျက်ပေးနိုင်တဲ့ အတွက်စက်ကို လုံးဝပေါ့သွားစေ ပါတယ်။ App တစ်ခုကို uninstall လုပ်လိုက်ပြီ ဆိုရင် စက်ထဲမှာ အဲ့ဒီဖျက်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေ ပျက်သွားပြီလို့ ထင်နေရင် တော့မှားသွားမယ်။  အဲ့ဒီလို ကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်း ဖျက် ပေးပါတယ်။ အရေးကြီးတဲ့ ဖိုင်တွေကို တော့ လုံးဝဖျက်ပေး မှာမဟုတ်ပါဘူး။ Task killer ကိုလည်း လုံးဝ ထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။ သုံးကြည့်ပါ အပြောနဲ့လက်တွေ့ ယုံသွားစေရမယ်။ ဒါ့အပြင်လုပ်ဆောင်ချက်အသေးစိတ်ကိုအောက်မှာ ဆက်လက်လေ့လာနိုင်ပါ တယ်ဗျာ။

Features
► AppLock
AppLock can lock Facebook, SMS, Contacts, Gallery, or any other apps you choose. With AppLock, only you can see the photos you protect. Guarding your privacy is easier than ever!
► Battery Saver
Battery Saver help to analyze battery status and hiberate running apps to save power. With Battery Saver, you can stop apps that waste lots of power and extend your battery life in 1 tap.
► iSwipe
iSwipe gives you quick access to other apps and tools without having to go back to your homescreen.
► JUNK FILE CLEANING
The junk-creating behavior of millions of apps has been analyzed so that Clean Master can efficiently hone in on its targets (cache and residual files) with perfect accuracy. Delete cache and residual files to reclaim storage, boost speed and improve the performance of your device and SD card.
► MEMORY BOOST
Boost your games and apps, free up memory (RAM), speed up your device and save more battery. Our 1 Tap Boost and Game Boost features make it easy to optimize directly from your homescreen.
► CPU COOLER
Cool off your device by finding and stopping the apps that are causing it to overheat and make your battery last longer!
► ANTIVIRUS
Ranked #1 by AV-TEST for the seventh time! A professional quality antivirus service scans devices in just 8 seconds, 500% faster than other paid antivirus apps. Scan the system, pre-installed and user-installed apps to keep your device safe from viruses, trojans, vulnerabilities, adware and spyware. Keep your privacy safe by scrubbing personal info from your device.
► APP MANAGER
Uninstall unwanted apps or bloatware and back up important ones. Some rooted devices will be able to move apps to the SD card as well as uninstall pre-installed and system apps. Our own Picks section lets you find useful apps that match your interests.
► Game Booster
Automatically improve your game speeds by 30%+ when launching games.
► Autostart Manager
Prevent apps from autostarting to speed up your device. (Root needed for this feature)

   Clean Master (Boost & AppLock)- screenshot         Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot         Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot         Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot         Clean Master (Boost & AppLock)- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

ဖုန်းအားအမြန်ဝင်စေမယ့် – Battery HD Pro v1.65.09 Apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ကွန်ပျူတာအတွက် မြန်မာ Font Style အခုပေါင်း 1000

ကွန်ပျူတာ အတွက် ဖောင့်စတိုင် အခုပေါင်း 1000 ကျော်နှီးပါ စုပြီးတင်ပေးလိုက်ပါတယ် ဖောင့်စတိုင် တော်တော်လေးစုံနေပါတယ် မင်္ဂလာဖိတ်စာ အလှူဖိတ်စာ တွေလုပ်ဖို့ အတွက် စတိုင်လေးတွေလဲပါတယ်။ စိတ်ဝင်စားသူများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download ယူသွားနိုင်ပါတယ်။
  
Download & Links

{GoogleDrive} {ZippyShare} {SolidFiles}

     www.ayekyaw.org

ဖုန်း Browser ထဲမှာအမြန်ဆုံးလေး -UC Browser .apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်းမှာ Movie တွေကောင်းကောင်းကြည့်ရှုနိုင်မယ့် – GOM Player v: 1.1.7 apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်းမှာလေးနေတာတွေရှင်းပေးမယ့် – Clean Master Lite .apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

♪ မိမိဖုန်းမှာအခြားသူများမသုံးစေချင် မမြင်စေချင်တာတွေကိုပိတ်ထားပေးမယ့် – AppLock Pro – Smart AppProtect v3.18.2 Apk (14-Jan) ♫

Cover art
Android Phone မှာ အခြားသူတွေမမြင်တွေ့စေချင်တဲ့ အရာတွေ မသုံးစေချင်တဲ့ အရာတွေကို Lock ချ ပးနိုင်တဲ့ Software လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့်လိုမျိုး လျှို့ဝှက်ချက်တဲ့များတဲ့သူငယ် ချင်းများသဘောကျမယ့် Application လေးဖြစ်ပါတယ်ဗျာ။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ Fake  ဆိုတဲ့ Feature လေးထပ်ပါလာပါတယ်။ တော်တော်လေးမိုက်တယ်တယ်ဗျ မိမိမဖွင့်စေချင်တဲ့ App: ကိုသာ Fake လုပ်ထားမယ်ဆိုရင် အဲဒီ Application ကိုဖွင့်လိုက်တာနဲ့ Unfortunately, Phone has Stopped ဆိုပြီး Error တက်တဲ့ပုံစံမျိုးတက်လာပါလိမ့်မယ်။ ဒါဆိုရင် Lock ချထားရင်ချထားမှန်းမသိတော့ ဘူးပေါ့ဗျာ။ Pattern နဲ့ရော Pin Code နဲ့ပါ နှစ်မျိုး  Lock ချနိုင်ပါတယ်။ အသေးစိတ်ကိုတော့အောက် မှာလေ့လာနိုင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Smart AppLock is a tool to lock apps you like, protect you from privacy leak!
It is your best privacy guard!
With Smart AppLock, you are able to
☆ lock apps containing privacy content, such as photos, videos(Gallery), short messages(SMS or MMS) and call logs
☆ lock SNS apps
☆ lock Incoming Calls
☆ lock Wi-Fi toggle & Bluetooth toggle
☆ lock system settings, install/uninstall apps to keep phone away from being messed up by others or kids
☆ lock games and markets to prevent your kids from addicting in games or purchasing in markets without your knowing
☆ in Samsung devices, unlock with Fingerprint. (Only for devices with Fingerprint scanner)

   AppLock Pro - Smart AppProtect- screenshot           AppLock Pro - Smart AppProtect- screenshot

   AppLock Pro - Smart AppProtect- screenshot          AppLock Pro - Smart AppProtect- screenshot

   AppLock Pro - Smart AppProtect- screenshot          AppLock Pro - Smart AppProtect- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download