ကောင်းကင်ပေါ်မှာ ပုံဖေါ်ခြင်း – အပိုင်း (၂၃)

  ကောင်းကင်ပေါ်မှာ ပုံဖေါ်ခြင်း
 
 
 မင်္ဂလာပါ သည်နေ့ ဖိုတိုရှော့ဆိုင်ရာနည်းပညာထဲက တခုဖြစ်တဲ့ ကောင်းကင်ပေါ်မှာ ပုံရိပ်တွေ ကိုပုံဖေါ်နည်းလေး ကို ရေးသားမျှဝေထားပါတယ်.. သည်နည်းလမ်းလေးဖြင့် facebook လောကမှာလည်း
ယုန်ထင် ကြောင်ထင် ဖြစ်အောင် လုပ်နေကြသူတွေ များကြီးပါ.. ဒါကြောင့် သည်လိုနည်းလမ်းတွေ ရှိတယ်ဆိုတာ သိရလေအောင် နောက် ဖိုတိုရှော့ဝါသနာရှင်တွေအတွက် အသေးစိတ် လေ့လာ မှတ်သားနိုင်အောင် သည်နည်းလမ်းလေးကို  ရိုးရိုးလေး  ရေးသားတင်ပြထားတာဖြစ်ပါတယ်. အားလုံးအတွက် ပြန်လည် မျှဝေခံစားလိုက်ပါတယ်။
 
ပထမဆုံး File>New ယူပါ။ Width:500 Pixel, Heigth: 500 Pixel, Resolution: 72, Background contents: Transparent ထားပါ။ အိုကေ
 (၁) Filter>Render>Clouds ပေးလိုက်ပါ။ Tool box မှ Polygonal lasso tool နဲ့ပုံမှာပြထားသလို ၀ိုက်ဆွဲပါ။ ပြီရင် Select>Feather : 30 လောက်ထားပြီး အိုကေ၊ Select>Inverse နှိပ်။

 (၂)  ဘေးသားတွေကို တော့ Delete key နှိပ်ဖျက်ပြစ်ပါ။ Ctrl+D နှိပ်ပြီးစလက်ဖျောက်လိုက်ပါ။ ပြီရင် Edit>Define brush preset  နှိပ်။ ကျလာတဲ့ဘောက်မှာ Cloud 1 အမည်ပေးပြီးအိုကေလိုက်ပါ။
 
(3) နောက်ထပ် Brush တစ်မျိုးသိမ်းပါဦးမယ်။ Tool box မှ Brush tool ကိုယူလိုက်ပါ။ ပြီးရင် F5 ကိုနှိပ် လိုက်ပါ။ ကျလာတဲ့ ဘောက်မှာ ကျွန်တော်ပြထားတဲ့ ဆက်တင်တွေအတိုင်းထားလိုက်ပါ။
(၄) အထက်ပါစက်တင်တွေအတိုင်းပြင်ပြီးသွားရင်တော့ Edit>Define brush preset  နှိပ်။ ကျလာ တဲ့ဘောက်မှာ Cloud 2 အမည်ပေးပြီးအိုကေလိုက်ပါ။ ပြီးရင်တော့ Cloud ထည့်ထားတဲ့ပေ့ကို Save မလုပ် ဘဲပိတ်ပြစ်လိုက်ပါ။

(၅) အသုံးပြုမဲ့ဘုရားပုံတော်ကို ဖွင့်လိုက်ပါ။ မရှိသူများဒီမှာဘဲ Save as picture လုပ်ပြီးယူလိုက်ပါ။ ပြီးရင် တော့သော့ပုံပေါ်မှာ ဘယ်ကလစ်နှစ်ချက်အမြန်နှိပ်ပြီး ကျလာတဲ့ဘောက်မှာ အိုကေးပေးပြီးသော့ ဖြုတ်လိုက်ပါ။


(၆) Layer box မှာ create a new layer နှိပ်ပြီးလေယာအသစ်ယူလိုက်ပါ။ Tool box မှ Set foreground color: 192559, Set background color: 91aacb ထားပြီးအိုကေလိုက်ပါ။

(၇) Tool box မှ Gradient tool ယူလိုက်ပါ။ ကျွန်တော်ပုံမှာပြထားတဲ့နေရာမှ Linear gradient ဖြင့် ယူ ထားတဲ့ လေယာအသစ်ပေါ်မှာ အထက်မှအောက်ဘက်သို့ ဆွဲချလိုက်ပါ။

(၈) ပြီးရင် Tool box မှ Eraser tool ယူပါ ။ Brush size မှာ အောက်ဆုံးမှာရှိတဲ့ Cloud 1 ကိုယူပါ။ Cloud1 ဘယ်ဟာလဲမသိရင် ကိုယူတဲ့ Brush ပေါ်မှာ မောက်လေးအသာတင်ကြည့်ပါ ။ Name ပြပါတယ်။


(၉) နောက်တော့ ဘုရားပုံလေယာကို အပေါ်တင်လိုက်ပါ။ ပြီးရင် Eraser tool နဲ့ Opacity 56 လောက် ထားပြီး ဘေးကဟာတွေကိုဖျက်ပြစ်လိုက်ပါ။

(၁၀) ဖျက်ပြီးသွားရင် Image>Adjustments>Desaturate ဖြင့်အဖြူအမဲပြောင်းလိုက်ပါ။ ပြီးရင် Image> Adjustments>Brightness/Contrast မှာ Brightness:+100 , Contract: 0 ထားပြီးအိုကေပါ။


 (၁၁) Filter>Blur>Gaussian blur မှာ Radius: 2 ထားလိုက်ပါ။


(၁၂)  Filter>Blur>Smart blur မှာ Radius: 15 , Threshold: 50.0 ထားပေးပါ။


(၁၃)  Filter>Blur>Motion blur မှာ Angle: 0 , Distance: 33 ထားပေးပါ။ ပြီးရင်တော့ Layer box မှ Normal ကို Soft light သို့ပြောင်းပေးလိုက်ပါ။


(၁၄) ကျွန်တော်တို့ Layer အသစ်တစ်ခုထပ်ခေါ်လိုက်ပါ။ အဲ့ဒီလေယာမှာ Tool box မှ Brush tool ကိုယူ လိုက်ပါ။ ဘရပ်ဆိုဒ်ကိုတော့ အောက်ဆုံးမှာ ရှိတဲ့ Cloud 2 ကိုရွေးလိုက်ပါ။
Set foreground  color:  ffffff ထားပြီးအိုကေလိုက်ပါ။


(၁၅) ပြီးရင်တော့ ယူထားတဲ့လေယာပေါ်မှာ Opacity: 10 လောက်ထားပြီးတိမ်ပုံစံများ ဆွဲလိုက်ပါ။ 


(၁၆) ကျွန်တော်တို့ Layer အသစ်တစ်ခုထပ်ခေါ်လိုက်ပါ။ အဲ့ဒီလေယာမှာ Brush size အသေးနဲ့
Opacity: 50 လောက်ထားပြီးတိမ်ပုံစံများ ဆွဲလိုက်ပါ။ 


(၁၇)  ဆွဲပြီးသွားရင်  Filter>Blur>Motion blur မှာ Angle: 0 , Distance: 100 ထားလိုက်ပါ။

 
ကဲအထက်ပါအဆင့်များလုပ်ပြီးရင်တော့ ပြည့်စုံပါပြီ ။ တကယ်လို့များတိမ်ပုံစံများထပ်ထည့်ချင်ရင်တော့  (၁၇) အဆင့်အတိုင်း ထပ်ထည့်ပါ။ ကဲ ကောင်းကင်ပေါ်က ဘုရားပုံတော်ကြည့်သွားပါဦး။ သူငယ်ချင်းတို့ လဲ စမ်းသပ်ကြည့်ကြပေါ့နော့် .. သူငယ်ချင်းများအားလုံးဘဲ ကျေနပ်နှစ်သိမ့်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ


နည်းပညာရှင်အားလုံးကိုလေးစားလျှက်ပါ သည်နည်းလမ်းလေးကို လေ့လာခြင်းအားဖြင့် တခုခုရရှိနိုင်ပါစေလို့ မျှော်လင့်ရင်း
ဘလော့ခရီးသည်(နည်းပညာမျှဝေခြင်း)
 

ဖိုတိုရှော့ဖြင့် စာလုံးလှဒီဇိုင်းလေးတွေပြုလုပ်နည်း – အပိုင်း (၂၄)

ဖိုတိုရှော့ဖြင့် စာလုံးလှဒီဇိုင်းလေးတွေပြုလုပ်နည်း

မင်္ဂလာပါ.. သည်နေ့မျှဝေဖြစ်တာလေးကတော့ ဖိုတိုရှော့နည်းလမ်းဖြင့် စာလုံးဒီဇိုင်းလေးတွေကို စိတ်ကြိုက်ဖန်တီးရေးဆွဲနည်းဘဲ ဖြစ်ပါတယ်. သည်နည်းလမ်းလေးကို ဖိုတိုရှော့ဝါသနာရှင်များအတွက်
အသေးစိတ်လေ့လာနိုင်ရန်အတွက် ရိုးရိုးလေး မှရေးသားမျှဝေထားပါတယ်…။ အောက်မှာ အသေးစိတ်လေ့လာလိုက်ပါနော် ပထမဆုံး မိမိတို့ အသုံးပြုရမည့် ဖိုတိုရှော့ဆော့ဝဲလ် ကိုဖွင့်လိုက်ပါ ဒါဆို လုပ်ငန်းစတင်လို့ရပါပြီ
File>New တောင်းလိုက်ပါ။ width: 1600 pixel, Heigth: 1000 pixel ပေးပြီး အိုကေလိုက်ပါ။
Tool box မှ Gradient tool ယူပါ။ Color box မှာ Set foreground color: 8a5a01, Set background color: ba9145 ထားလိုက်ပါ။ ပြီးရင် Gradient tool ဖြင့် ဘယ်ဘက်မှ ညာဘက်သို့ဆွဲလိုက်ပါ။
(၂) Tool box မှ  Horizontal type tool ဖြင့် နှစ်သက်ရာစာလုံးရေးလိုက်ပါ။ ဖောင့်ဆိုဒ်ကိုတော့ 400 လောက်ထားလိုက်ပါ။
(၃) Tool box မှ Brush tool ကိုယူလိုက်ပါ။ ပြီရင် F5 နှိပ်လိုက်ပါ။ ကျလာတဲ့ဘောက်မှာ ကျွန်တော်ပုံနဲ့ ပြထားသလို ချိန်လိုက်ပါ။
(၄) Layer box မှ Create a new layer ဖြင့် Layer အသစ်တစ်ခုခေါ်လိုက်ပါ။ Color box မှာ Set foreground color: ffffff ဖြင့် အဖြူရောင်ထားပေးပါ။  ပြီရင်တော့ Tool box မှ pen tool ကိုယူလိုက်ပါ။ ပထမဆုံးစာလုံးပေါ်မှာ Pen tool ကိုအသုံးပြုပြီး ပုံမှာကျွန်တော်ပြထားသလိုဆွဲလိုက်ပါ။ ပြီရင်တော့ ညာကလစ်နှိပ်ပြီးကျလာတဲ့ဘောက်မှာ Stroke path ကိုနှိပ်လိုက်ပါ။ Brush ကိုရွေးပြီး Ok ပေးလိုပါ။ 
(၅)  Layer box မှ Create a new layer ဖြင့် Layer အသစ်တစ်ခုခေါ်လိုက်ပါ။ နောက်ထပ် ကျန်ရှိတဲ့  နှစ်တန်းကိုလည်း Layer အသစ်ခေါ်ပြီးဆွဲသွားရပါမယ်။ Pen tool နဲ့ပါဘဲ။ အဆင့် (၄) မှာပြထားသလိုဘဲ လုပ်ရမှာပါ။ အတန်းတစ်တန်းဆွဲတိုင်း Layer အသစ်ခေါ်ရမှာဖြစ်ပါတယ်။
( ၆) L စာလုံးအတွက်ပြီးသွားရင် O စာလုံးအတွက်လည်း Layer အသစ်ခေါ်ရမှာဖြစ်ပါတယ်။ အ၀ိုင်းဆိုတော့ လွယ်တဲ့တိုးဖြစ်တဲ့ Ellipse tool နဲ့ဆွဲပါ။ ပြီရင် ညာကလစ်နှိပ်ပြီး Fill path မှ Brush ကိုရွေး ပေးလိုက်ပါ။ O စာလုံးမှာလည်း အ၀ိုက်သုံးခုပါပါတယ်။ လေယာ (၃) ခုနဲ့ပြုလုပ်ရမှာဖြစ်ပါတယ်။

(၇) ကျန်တဲ့စာလုံးတွေအတွက်လည်း အထက်ကအဆင့်တွေအတိုင်းပါဘဲ။ သူငယ်ချင်းတို့ သဘောပေါက် လိမ့်မယ်ထင်ပါတယ်။ စာလုံးတစ်လုံးမှာ Pen tool နဲ့ အသုံးပြုတိုင်းလေယာအသစ်တစ်ခုစီပါ။ နောက်ဆုံး အားလုံးဆွဲပြီးသွားရင် ဒီပုံစံလေးအတိုင်းဖြစ်ရမှာပါ။

(၈) အထက်ပါအဆင့်တွေအတိုင်းပြုလုပ်ပြီးသွားရင်တော့ အသစ်ခေါ်ထားတဲ့လေယာအားလုံးကို Ctrl+E ဖြစ်ပေါင်းပြစ်လိုက်ပါ။  ကျွန်တော်တို့ Pen tool တို့ Ellipse tool တို့အသုံးပြုထားတဲ့ လေယာအား လုံးတစ်ခုထဲဖြစ်သွားရင် Select>Load selection ကိုနှိပ်လိုက်ပါ။ စာလုံးပုံစံလေးတွေစလက်အဖြစ်နဲ့ ရပါလိမ့်မယ်။ ပုံကိုကြည့်လုပ်သွားရင်ရှင်းမှာပါနော်။

(၉) စလက်အနေနဲ့ရရင် layer အသစ်တစ်ခုထပ်ခေါ်လိုက်ပါ။ ပြီရင် Tool box မှ Gradient tool ကိုယူပါ။ Spectrum သက်တန့်အရောင်ဖြင့် ယူထားတဲ့လေယာပေါ်မှာ ဘယ်မှညာသို့ ဆွဲလိုက်ပါ။

(၁၀) ပြီရင် အောက်မှာ Pen tool အသုံးပြုထားတဲ့လေယာကို မျက်စိမှိတ်ထားလိုက်ပါ။ Gradient tool ဖြင့်ဆွဲထားတဲ့လေယာပေါ်မှာ Edit>free transform (သို့) Ctrl+T ကိုနှိပ်ပြီး ပုံမှာပြထားသလို အနောက်ဘက်ကိုကျဉ်းပြီး အရှေ့ဘက်ကို Ctrl Key ဖိပြီး ဆွဲလိုက်ပါ။


(၁၁) ပြီရင်တော့ Gradient tool ဖြင့်ဆွဲထားတဲ့လေယာပေါ်မှာ Tool box မှ Lasso tool ဖြင့် နောက်ဆုံး L စာလုံးကို ၀ိုက်ပြီးဆလက်ပေးလိုက်ပါ။ စလက်ရရင် ကီးဘုတ်မှ Ctrl+J ဖြင့် လေယာပွားလိုက်ပါ။ ရလာတဲ့ လေယာပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး L လို့ အမည်ပေးလိုက်ပါ။  ကျန်တဲ့ O,V,E တို့ကိုလည်း အထက်ပါအတိုင်း စလက်ပေးလိုက် လေယာပွားလိုက်လုပ်လိုက်ပါ။ ပြီရင်တော့ အမည်တွေပေးထား လိုက်ပါ။ နောက်ပိုင်းလေယာတွေရှုပ်ကုန် မစိုးလို့ပါ။ ပုံကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။


(၁၂) ပြီရင်တော့ Background layer နှင့် L လို့အမည်ပေးထားတဲ့လေယာမှလွဲပြီး ကျန်တဲ့လေယာတွေကို မျက်စိမှိတ်ထားလိုက်ပါ။ ပြီရင် L လေယာကို Ctrl+J နှိပ်ပြီးနောက်ထပ်ပွားလိုက်ပါ။ ပွားထားတဲ့လေယာ ပေါ်မှာမှ Filter>Blur>Motion blur နှိပ်ပါ။ ကျလာတဲ့ဘောက်မှာ Angle:0, Distance ကိုတော့ ညာဘက်အဆုံးအထိယူပြီး အိုကေပေးလိုက်ပါ။

(၁၃) ပြီရင် Motion blur ပေးထားတဲ့လေယာကို Ctrl+J နှိပ်ပြီးနောက်ထပ်လေယာ (၄) ခုထပ်ပွားလိုက် ပါ။


(၁၄) မူရင်း L အမည်ပေးထားတဲ့လေယာမှလွဲပြီး ကျန်တဲ့ကော်ပီလေယာအားလုံးကို Ctrl+E ဖြင့် ပေါင်း လိုက်ပါ။ ပေါင်းထားတဲ့လေယာကို Edit>free  transform  (သို့)  Ctrl+T ကိုနှိပ်ပြီး ပုံမှာပြထားသလို အရှေ့ဘက်ကိုကျဉ်းပြီးအနောက်ဘက်သို့ ကားအောင် Ctrl key ဖိပြီးဆွဲလိုက်ပါ။

(၁၅) Tool box မှ Eraser tool ဖြင့် ဘယ်ဘက်မှအရိပ်တွေကိုဖျက်ပြစ်လိုက်ပါ။ ပွားထား တဲ့ ကော်ပီလယာပေါ်မှာဘဲဖြစ်ပါတယ်။ ပုံကိုကြည့်ပေးပါနော်။

(၁၆) ပြီရင်တော့ Tool box မှ Blur tool ဖြင့်ညာဘက်ခြမ်းမှအရိပ်တွေကို အနည်းငယ်ဝါးပစ်လိုက်ပါဦး။

(၁၇) နောက်ထပ် Tool box မှ Eraser tool ဖြင့်  Opacity :30 လောက်ထားပြီးအနည်းငယ်ဖျက်ပစ်လိုက် ပါဦး ။ ကျွန်တော်တို့လိုင်းတွေကို ထင်ထင်ရှားရှားကြီးဖြစ်မနေစေချင်ပါဘူး။ ကျွန်တော်ပုံတွေနဲ့ ရှင်းအောင် ပြထားတဲ့အတွက် သူငယ်ချင်းအတွက်လွယ်ကူမှာပါ။ ဒါတွေအားလုံးပြုလုပ်ပြီးသွားရင် ဒီလေယာတွေကို မျက်စိမှိတ်ပြီးခဏထားလိုက်ပါ။ နောက်ထပ်လေယာကိုဆက်သွားပါမယ်။

(၁ဂ) ပြီးရင် O လေယာကို ဆက်လုပ်ပါမယ်။ Ctrl+J ဖြင့်လေယာတစ်ခုပွားပါ။ အဆင့် (၁၂) အတိုင်း Motion blur ပေးပါ။ လေယာ (၄) ခုထပ်ပွားပါ။ ပွားထားတဲ့လေယာ (၄) ခုကို Ctrl+E ဖြင့်ပေါင်းပါ။ 
ဒီအဆင့်တွေအားလုံးက အထက်က O လေယာကိုလုပ်ခဲ့သလိုပါဘဲ။ 
 


(၁၉) ကျန်တဲ့ V,E လေယာတို့လည်းအတူတူပါဘဲ။ အထက်ကအဆင့်တွေကို သေချာလုပ်ခဲ့ရင် မခက်ပါဘူး။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အဆင့်တွေအားလုံးက အောက်မှာပြထားတဲ့ပုံအတိုင်းဖြစ်နေမယ်ဆို ရင် အဆင်ပြေပါတယ်။ အဆင့်အားလုံးက အတူတူတွေမို့လို့ ကျွန်တော်သိပ်မရှင်းတော့ဘူးနော်


(၂၀) အထက်ပါပုံစံအတိုင်းရပြီဆိုရင်တော့ အဆင်ပြေပါပြီဗျာ။ ကော်ပီလေယာတွေကိုထားပြီး မူရင်း L,O,V,E ဆိုတဲ့လေယာအားလုံးကို Filter>Blur>Gaussian blur မှာ Radius: 2.7 လောက်ထားပေး လိုက်ရင်တော့ အဆင်ပြေသွားပါပြီဗျာ။ သူငယ်ချင်းတို့ စမ်းသပ်ကြည့်ကြဦးပေါ့။ ဒီလိုပုံလေးရသွားမှာပါ။ သူငယ်ချင်းကြိုက်နှစ်သက်ရာ စာသားများနဲ့ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်က ဒီလိုလုပ်လို့ရတယ်လို့ နမူနာ လုပ်ပြတာပါ။ အဆင်ပြေပါစေဗျာ။ သူငယ်ချင်းတို့ပုံလေးများကိုလည်းကြည့်ချင်သေးပါတယ်ဗျာ…..


အာလုံးအဆင်ပြေကြပါစေ… သည်လို ဖိုတိုရှော့ဆိုင်ရာနည်းပညာလေးများကို ရိုးရိုးလေး  ရဲ့ အသေးစိတ်ရေးသားထားတဲ့ နည်းလမ်းလေးတွေကို ၀ါသနာရှင်များလေ့လာ မှတ်သားနိုင်စေရန် ကျွန်တော်ပြန်လည် ဝေမျှ ခံစားထားခြင်းဖြစ်ပါတယ်..တခုခုရခဲ့မယ်လို့ မျှော်လင့်ရင်း

ဘလော့ခရီးသည် (နည်းပညာမျှဝေခြင်း)
 

အရုပ်ဆိုးနေသလား ဒီကောင်လေးနဲ့ ချောချော ရုပ်ကလေးလုပ်/ ရိုက်ပြီး ဟာသပုံစံတွေပါတဲ့ – Camera360 – Funny Stickers v7.2 build 727 APK

 Android phone/Tablet အသုံးပြုပြီး ဓာတ်ပုံရိုက်လေ့ရှိသူတွေ အတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး Camera360 – Funny Stickers v7.2 build 727 APK ကိုတင်ပေးလိုက်ပါတယ်။Camera360 ဟာ Android phone/Tablet အသုံးပြုသူတိုင်းမစိမ်းတော့တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ Camera mode များစွာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရူပါ ဂွမ်းတဲ့သူတွေတောင် လန်းလာစေမယ့် ဆော့ဝဲလ်ဖြစ်ပြီး ဟာသ ပုံစံတွေနဲ့ ဖန်တီးလို့ရတဲ့ Android app ပေါ့ဗျာ။ အခုနောက်ထွက်ဗားရှင်းမှာလည်း Camera Store/Effect Store စသဖြင့် features များထပ်ပေါင်းထားတာတွေ့ရပြီးရယူလိုသူများအောက်လင့်မှာဒေါင်းနိုင်ပါတယ်။


♪ PC အတွက်အသုံးဝင် Tools ပေါင်း 20ကျော်ပါဝင်တဲ့ – Winutilities Professional Edition v12.28 + Keygen ♫

https://i0.wp.com/i66.fastpic.ru/big/2015/1101/8f/f2aca05d1a70e9653a7ff5f7bfe3dc8f.jpg
WinUtilities ဆော့စ်ဝဲကတော့ အသုံးပြုရတာလွယ်ကူဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ PC အတွက် သန့်ရှင်းရေးလုပ်ဖို့ကိုဆော့စ်ဝဲတွေ အများကြီးဆောင်ထားစရာမလိုတော့ဘူး။ Software တစ်ခုရှိ ရုံနဲ့အဆင်ပြေပါတယ်။ သူလုပ်ပေးနိုင်တာကတော့ Tool ပေါင်း 20 ကျော်ပါဝင်ပါတယ်။ Web Browser တွေမှာအသုံးပြုရတာပေါ့ပါးနေစေဖို့အတွက် history, cache, and cookies စတာတွေကိုရှင်း လင်းပေးနိုင်ပါတယ်ဗျာ။ အဓိကအကြိုက် ဆုံးတွေကတော့ သုံးခဲ့တဲ့နောက်ကွယ်ကကျန်ရှိနေတဲ့ Junk File တွေကိုအကောင်းဆုံး Cleaning လုပ် နိုင်ခြင်း ၊ မလိုအပ်တဲ့  Registry တွေကိုထိရောက်စွာရှင်း လင်းပေးနိုင်ခြင်း ၊ တစ်နေ့တာသုံးစွဲထားသမျှကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် Disk Cleaner လုပ်နိုင်ခြင်း ၊ ပေတေပြီးကပ်နေတဲ့ Shortcut File တွေကို ရှင်းလင်းနိုင်ခြင်း ၊ မလိုအပ်တဲ့ဆော့စ်ဝဲတွေကို  Uninstaller လုပ်နိုင်ခြင်းတွေအပြင်နောက်ထပ်များ စွာသောလုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ Full Version အဖြစ်အသုံးပြုနိုင်အောင် Keygen ကိုပါထည့် သွင်းပေးထားပါတယ်ဗျာ။ အသေးစိတ်ကိုတော့ အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ Windows XP , 7 , Vista , 8/8.1 (32-64 bit) အားလုံးမှာအသုံးပြု နိုင်ပါတယ်ဗျာ။

Features WinUtilities Professional Edition Full

  • Recovering deleted files on FAT and NTFS partitions
  • Disk Cleanup of unneeded and junk files that slow performance of your PC
  • Scan the Windows registry for the presence of napravilnyh or outdated
  • Managing the list of startup programs Windows
  • The destruction of all traces of your activity on your computer
  • Cutting any files into small parts and their connection to a single file
  • The complete destruction of confidential files permanently
  • Protect any executable EXE file password
  • Optimization of computer memory
  • Find and delete duplicate files to increase free space
  • Find and delete incorrect shortcuts
  • You can test your PC’s performance and managing running processes
  • Managing installed programs on your computer and remove them safely
  • Display detailed information about hardware and software
  • Backing up and restoring system registry
  • Built-in scheduler for the output, translating into sleep / standby or shutdown your PC at a specified time
  • Easy access to the standard built-in Windows utilities from a single window
  • The organization and management of Windows settings
  • Scheduling purification system at a given time

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

Design (ပုံစံ) ခပ်ခပ် ဖုန်းထဲမှ Icon အမိုက်စားသုံးမယ်-Cornie Icons v1.5.8 APK

Android ဖုန်းအသုံးပြုနေကြတဲ့ ဘော်ဒါတို့အတွက် ICOM အလန်းလေး လုပ်ပေးနိုင်စွမ်းရှိတဲ့ Android Application လေးကိုတင်ပေးလိုက်ပါတယ်။ Resolution တွေကိုတော့ ပြောစရာမလိုဘူးဗျာ ကောင်းမှကောင်းဆိုတော့ Icon အလန်းလေးကြိုက်တဲ့ဘော်ဒါတို့အတွက် အသုံးအပြုမယ်ဆိုရင် ဒေါင်းလုပ်ယူပြီး အသုံးပြုနိုင်ပါတယ်။ ဒီကောင်းလေးကိုတော့ ဖုန်းအနေနဲ့ ခပ်မိုက်မိုက် သုံးမယ်ဆိုရင်ဖြင့် ဒီလို့ Asus,Cyanogen, HTC, Huawei, LG, Meizu, Motorola, OnePlus, Samsung, Sony and Xiaomi. အစရှိသော ဖုန်းတွေ အသုံးပြုနိုင်ပါတယ်။ အလုပ်ပြုလိုသော ဘော်ဒါတို့အတွက် ကတော့ Android OS 4.0.3 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 17.4 MBရှိပါတယ်။ ဘော်ဒါတို့အတွက် အောက်မှာ Screenshot ရိုက်ပြထားပါတယ်။

ဖုန်း Proxy ကျော်သုံးနိုင်တဲ့ – Best VPN – Free Unlimited VPN v2.7.6 Apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်းမှာ Call & Message ၀င်လာရင် led မီးလေးနဲ့အချက်ပြပေးမယ့် – LED Blinker Notifications v6.9.6 Apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်း service သမားနဲ့ ဖုန်းကလိသူ တွေဆောင်ထားသင့်တဲ့ – BusyBox Pro v34 Apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖိုက်တာ Hero တွေနဲ့တိုက်ခိုက်ကစားရမယ့် – Soul Raider- Ghost On Fire APK V1.1.3 MOD Attack

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်းဂိမ်းတွေကို PC မှာကစားနိုင်မယ့် – Nox App Player 3.1 (PC only)

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖိုက်တင် တိုက်ခိုက်ကစားရမယ့် ဂိမ်းကောင်းလေး – Fatal Fight APK V1.2.68 MOD Money

                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်း RAM လေးနေတာတွေ ပေါ့ပါးစေမယ့် – RAM Manager Pro v8.0.10 Apk

Download

                             
                         Unknown user How to Download                         
                               
                                     http://www.patheinit.com
                                       
Payephyokyaw

                                     

♪ ဖိုင်ဆိုဒ်အကြီးကြီးတွေကိုလွယ်ကူလျှင်မြန်စွာရှာဖွေဒေါင်းယူနိုင်တဲ့ – tTorrent Pro – Torrent Client v1.5.5.2 Apk (18-Jan) ♫

Cover art
အခုတင်ပေးလိုက်တဲ့ Torrent Pro ဆိုတဲ့ Application လေးကတော့ ဖိုင်ဆိုဒ်ကြီးကြီးတွေကို ဒေါင်းတဲ့နေ ရာမှာလွယ်ကူအဆင်ပြေစေမယ့် Apk လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ဥပမာအနေနဲ့ပြောရရင်တော့ PC မှာ Driver , Window OS ISO File တွေ Phone မှာဆိုရင်တော့ Firmware တွေ Game အကြီးကြီးတွေကို Torrent မှာတင်ထားတက်ကြပါတယ်။ အဲ့လိုတင်ထားတဲ့ File တွေကို Torrent Dwonloader နဲ့ဒေါင်းယူ မှလွယ်ကူအဆင်ပြေမှာပါ။ နောက်ပြီး အခု Torrent Apk ကိုအသုံးပြုပြီးလည်း မိမိဒေါင်းယူချင်တာတွေကို Search Box မှာရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကြီးကြီးတွေကိုလည်း Torrent မှာပဲအများဆုံး တင်ထားတက်ကြပါတယ်။ ဒါကြောင့်အခု တင်ပေးထားတဲ့ Torrent Pro Apk လေးကိုဒေါင်းယူထားစေချင် ပါတယ်ဗျာ။ Torrent မှာတင်ထားတဲ့ File များကိုသာသီးသန့် ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Torrent ရဲ့ဒေါင်းယူနိုင်တဲ့ ပုံစံတွေကိုအောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ အသေးစိတ် Feature တွေကိုတော့ အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။

   tTorrent Pro - Torrent Client- screenshot          tTorrent Pro - Torrent Client- screenshot

   tTorrent Pro - Torrent Client- screenshot          tTorrent Pro - Torrent Client- screenshot

   tTorrent Pro - Torrent Client- screenshot         tTorrent Pro - Torrent Client- screenshot

   tTorrent Pro - Torrent Client- screenshot          tTorrent Pro - Torrent Client- screenshot

   tTorrent Pro - Torrent Client- screenshot         tTorrent Pro - Torrent Client- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။

**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

ကျွန်တော့်ဆိုဒ်ကို Android Phone မှာ အလွယ်တကူ ကြည့်နိုင်ပြီ။ Myanmar Credo Group.apk

 ကျွန်တော့်ဆိုဒ် လေးကို Android Phone တွေမှာ 
အလွယ်တကူ ကြည့်ရှုနိုင်ပါပြီဗျာ။ 
ကျွန်တော်တင်ပေးလိုက်တဲ့ Myanmar Credo Group.apk ကို

 ပထမဆုံး Android ဖုန်းမှာ Install လုပ်လိုက်ရုံပါဘဲ။ 
Internet ဖွင့် ထားချိန်မှာ သူ့အလိုလို 

ကျွန်တော့်ဆိုဒ်မှာ အသစ်တင်ထားတဲ့ Post တွေကို Auto
Download ဆွဲနေပါလိမ့်မယ်။

 ပြီးသွားရင်တော့ Internet ကွန်နရှင်မရှိတဲ့ အခြေအနေမှာ
 Offline အနေနဲ့ ဖတ်နိုင်ပါပြီ။ 




                                 Download Now                          


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. “5sec”. လောက်စောင့်ပေးပါ။

**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


အဆင်ပြေပါစေ..

Myanmar Credo Group(ရေနီသားဖြိုးလေး)

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်…

Root လုပ်ထားပြီးသား ဖုန်းများ၏ SD Card ကို အကောင်းဆုံးသန့်ရှင်းရေးလုပ်ပေးနိုင်တဲ့-SD Maid – System Cleaning Tool Pro v3.1.4.6APK

Android ဖုန်းကိုင်ထားသူများအတွက်ဆောင်းထားသင်တဲ့ Application ထဲမှာ ဒီကောင်းလည်းပါတယ်ဗျာ။ ဒီကောင်းကတော့ Android Root လုပ်ပြီးဖုန်းကိုင်ထားဘော်ဒါတို့အတွက် SD ကပ်ဒ်ကို သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ cleaner ဖြစ်ပါတယ်။ကျွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပြီးဆိုရင် မိမိ၏ SD ကပ်ဒ်က အလိုလို သုံးမရသလိုလိုဖြစ်သွားတွေရှိတယ်။ ဒီလို့ဖြစ်နေတဲ့အခါတွေမှာဒီကောင်းနဲ့ ပေါ့ပါးပြီး Memory အားကောင်းလာအောင်အသုံးပြုနေချင်ရင်တော့ ဒီဆာ့ဝဲလေးကိုသာကိုဆောင်းထားလိုက်ပါဗျာ။ ဒီကောင်းလေးကိုတော့ Android OS အားလုံးမှာသုံးနိုင်ပြီး ဖိုင်းဆိုဒ်ကတော့ 4.24MB ဖြစ်ပါတယ်။