ဖိုတိုရှော့နည်းပညာဖြင့် သက်တန့်လေးတွေဖန်တီးမယ် အပိုင်း (၁၅)

မင်္ဂလာပါ သည်နေ့ မျှဝေပေးတဲ့ နည်းပညာလေးကတော့ ဖိုတိုရှော့ဆိုင်ရာနည်းလမ်းလေးထဲက သက်တန့်ရောင်စဉ်လေးတွေ ဖန်တီးတဲကနည်းဘဲဖြစ်ပါတယ်..သည်နည်းလေးကို  ရိုးရိုးလေး နည်းပညာကနေ အသေးစိတ် ရှင်းလင်းဖေါ်ပြပေးထားဖြင်းဖြစ်ပါတယ်..

သက်တန့်လေးတွေဆွဲကြရအောင်နော်။ ရှုခင်းကောင်းကောင်းပုံတစ်ခုလောက်ဖွင့်လိုက် ပါ။ အလွယ်ဆုံးနည်း ဖြစ်အောင်ကြိုးစားပြီးပြပေးထားပါတယ်နော်။ ကြိုးစားကြည့်ရအောင်။
(၁) Layer>New>Layer (သို့) Ctrl+Shift+Alt+N ကိုနှိပ်လိုက် (သို့) လေယာဘောက်မှ Crate a new layer ကိုနှိပ်လိုက်လည်းရပါတယ်။  ပြီးရင်တော့ Tool Box က Greadient Tool ကိုယူပြီး၊ အပေါ်ဘားမှ Click to open Gradient picker ဒေါင်းအဲရိုးလေးကိုနှိပ်ပြီးတော့ Gradient Editor Box ကိုခေါ်လိုက်ပါ။
ရှင်းသွားအောင် ပုံလေးကိုကြည့်လိုက်ပါ။
(၂) ကျလာတဲ့ Gradient Editor Box မှာမှ Transparent Rainbow ဆိုတဲ့အရောင်ကိုယူပါ။ အထက်ပါ ဆေးပုံ 6 ပုံ၊ အောက်ဘက်မှာ 6 ပုံးတွေ့ပါလိမ့်မယ်။ အပေါ်က အမဲပုံတွေကို တစ်ခုပေါ် တစ်ခုထပ်လိုပ်ပါ။ အောက်ဆေးခြောက်ပုံကိုတော့ ညာဘက်မှာ ညီညာစွာစီလိုက်ပါ။ အပေါ်ဆေးခြောက်ပုံး ကိုတော့ အောက်ကာလာခြောက်ပုံးကို ဘယ်ညာခြံရံပြီးစီပေးပါ။ စာရေးနေတာက လက်ဝင်ပါသေးတယ်။ ကျွန်တော်ပုံလေးနဲ့ပြပေးပါမယ်။ အနီရောင်လေးတွေနဲ့လည်းသေချာဝိုင်းပြပေးထားပါတယ်။ သူငယ်ချင်း လုပ်တတ်မှာပါ။
(၃)  နောက်တော့ Radial Gradinet ကို ယူပြီးတော့၊ Mode: Linear Light, Opacity: 30   လောက်ပေး ပြီး ပုံရဲ့ညာဘက်ထောင့်နားလောက်ကနေ အပေါ် ဘက်ကိုကန့်လန့်ဖြတ် ဆွဲချလိုက်ပါ။ ရှင်းသွားအောင် ပုံလေးကြည့်ပါဦး။ ကျွန်တော်သေချာအောင် အနီလေးတွေနဲ့ဝိုင်းပြီးပြထားပါတယ်။ ရှင်းသွားမှာပါ။
(၄) နောက်တော့ သက်တန့်ရဲ့ပိုနေတဲ့အပိုင်းတွေကို Tool box မှ Eraser Tool ကိုယူလိုက်ပါ။ နောက် တော့ အပေါ်ဘားက Click to open the Brush preset picker ကိုဖွင့်ပြီး အနားဖွာ နေတဲ့ဘရပ်တစ်ခုခုကို ယူပြီးတော့ ရေထဲကျနေတဲ့ အပိုင်းတွေကို ဖျက်ပြစ်လိုက်ပါ။  ကြည့်လိုက် ပါဦး။
အထက်ပါအဆင့်တွေပြီးသွားရင်တော့ လှပတဲ့သက်တန့်ပုံလေးကိုရမှာပါ ။ ကြိုးစားကြည့်လိုက်ဦးနော်။ ကျွန်တော့်လက်ရာလေးကိုလည်း တင်ပေးလိုက်ပါတယ်။ 
 အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်.. သည်နည်းလမ်းလေးတွေကို ပြန်လည် ဝေမျှခြင်းကတော့ ဖိုတိုရှော့ ခရေစီတွေအတွက် တမင်စုဆောင်းပြီး မျှဝေပေးခြင်းသက်သက်ဘဲ ဖြစ်ပါတယ်.. အသေးစိတ်ရေးသားထားတာလေးတွေဆိုတော့ လေ့လာလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်…
ဘလော့ခရီးသည်( နည်းပညာဝေမျှသူ)

Avria ကို အကောင်းဆုံးကာကွယ်နိုင်တဲ့ – Avira Antivirus Security v4.3 APK

Android Os ဖုန်းကို ကိုင်ထားသူများအတွက် အရမ်းအသုံးများတဲ့ Avira Antivirus Security v4.3 Pro ကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတော့ Avria ကိုကျွန်တော်သဘောကျတဲ့အချက်တွေ ကတော့ Antivirus , Spyware , Malware , Trojan , Worm , Keylogger , AntiPhishing စတာတွေ အားလုံးကို Protect လုပ်ပေးနိုင်တဲ့အပြင် Network Security ပိုင်းကိုပါ လုံခြုံစိတ်ချမှုရှိစေပါတယ်။ အထူး သဖြင့် ပြသာနာအပေးဆုံး Virus တွေဖြစ်တဲ့ ExE Virus နဲ့ Short Cut တွေကိုတော့ Special နှိမ်နင်းပေး တယ်နော်။ နောက် ဆုံးထွက်တဲ့ Version သစ်လေးကို အသုံးပြုသင်ပါတယ်ဗျာ။