ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့ Application တွေ ပါလာတက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့ကမမြင်ချင် ကြဘူး။ တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေအသားလွတ်ယူနေတာကြောင့် ဖျက်ချင်ကြတယ်။ အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer Application တွေနဲ့ ဖျက်တက်ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကိုပြန်ထည့်ချင်တဲ့အခါအခက်အခဲတွေ့ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Resetချလို့မရရင်Firmware ပြန်တင်ကြနဲ့အလုပ်တော်တော် ရှုပ်ကြရပါတယ်။ အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်ပါတယ်။