
နေပြည်တော်၊ မတ် ၎

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၄
 မတ် ၃ ရက်နေ့ ၁၇၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့အဝင်၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် သက်နိုင် မောင်းနှင်ပြီး ထွန်းဇော်ဦး(ခ)ဖိုးဇော် လိုက်ပါလာသည့်မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ရှာဖွေရာ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး၌တွေ့ရှိ ရှာဖွေရာ မော်တော်ယာဉ်၏နောက်ပိုင်း အမိုးကိုင်းသံဖရိန်ထဲရှိ မော်တော်ဆိုင်ကယ်ကျွတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ပြား ၊ ငွေ ၁၁၃,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် သက်နိုင်(၄၈)နှစ် နှင့် ထွန်းဇော်ဦး(ခ)ဖိုးဇော်(၄၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ခရက်​ဒစ်​>ရဲဇာနည်

Welcome{ ​HERE } ​GO

ကွန်ပျူတာဦးနှောက်ခေါ် CPU ဘယ်လိုအလုပ်လုပ်သလဲ

ကွန်ပျူတာဦးနှောက်ခေါ် CPU ဘယ်လိုအလုပ်လုပ်သလဲ👨💻
Computer ရဲ့ ဦးနှောက်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့် ပြုလုပ်ထားပြီး motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့် အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ်တွင် Intel company မှ 4004 processor ကိုပထမဦးဆုံး စီးပွားဖြစ် တီထွင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ ခန့်ဖြင့် တည်ဆောက်ထားပြီး 60 kHz ဖြင့် အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့ တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း ၆ သန်းခန့်ကို လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် processor များကိုတော့ သန်းနှင့်ချီသော transistor များဖြင့် တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး လုပ်ဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။
Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။ ထို pin များထဲမှ အချို့ဟာ Bus (data carrier) များမှလာသော Signal Line များနှင့် ချိတ်ဆက်ရန်ဖြစ်ပြီး အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။ CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင် Component တစ်ခုတည်းအဖြစ်သာ မြင်ရမှာဖြစ်ပြီး အတွင်ပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသော အစိတ်အပိုင်းများကို စုပေါင်းပြီး ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်း အခြေခံကျသော သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။ CPU သည် Calculation နှင့် Data များကို Program မှညွှန်ကြားသော Instruction များအတိုင်း process လုပ်ရသော တာဝန်များကို ဆောင်ရွက်ရပါတယ်။ Instruction များဆိုတာကတော့ ရောက်ရှိလာတဲ့ data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲ ဖြစ်ပါတယ်။ ဥပမာ 2 + 7 ရဲ့အဖြေကို တွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။ 2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ ခုနကပြောခဲ့တဲ့ Register ဆိုတဲ့ အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။
အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နရာမှာဆို ထို file အတွင်းပါ စာသားများ ၊ ရုပ်ပုံများဟာ data များပင်ဖြစ်ပါတယ်။ အဲဒီ file ကိုသိမ်းဆည်းရန် (သို့) printer ထုတ်ရန်အတွက် Print (သို့) Save တွင် click နှိပ်ပြီး command ပေးရပါမယ်။ ထို Print (သို့) Save သည် CPU အား data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို ညွှန်ကြားသော Program (ဝါ) series of instructions များပဲဖြစ်ပါတယ်။ CPU ဟာ Instruction တစ်ခုလာတဲ့အခါ ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန် ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ CPU အပါအဝင် computer အစိတ်အပိုင်း အားလုံးအသီးသီတို့သည် Lowest-level programming language ဖြစ်သော machine language ကိုသာလျှင် နားလည်ပါတယ်။ ထို machine language ကို CPU မှအလွယ်တကူ နားလည်လက်ခံနိုင်သော်လည်း လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။
ဘာဖြစ်လို့လဲဆိုတော့ machine language တွင် number (1 & 0) များသာပါဝင်သောကြောင့် ဖြစ်ပါတယ်။
ဥပမာ – 0000 0001 0010 1000 0101 1100 00111 ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့) high level programming language လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး software များကို ရေးသားရပါတယ်။ ဟိုး ယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင် Program အားလုံးတို့ကို Assembly language ဖြင့်သာ ရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။
သို့သော် number များအစား name များဖြင့် ရေးသားနိုင်ပါတယ်။ ဥပမာ – add $r2, $r3, $r4 ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး high level language များဖြစ်ကြသော C ၊ Fortran ၊ Pascal တို့ကိုသာအဓိကထားအသုံးပြုပြီး program များကိုရေးသားလျက်ရှိပါတယ်။ ထို high level language များသည် human language နှင့်ဆင်တူသည့်အတွက်ကြောင့် Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။ သို့သော်လည်း speed သည် အရေးကြီးပြီး high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော operation များအတွက် assembly language ကို ယနေ့တိုင် အသုံးပြုရဆဲဖြစ်ပါတယ်။
Program တစ်ခုကို မည်သည့် language နဲ့ ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော machine language အဖြစ်သို့ translate လုပ်ပေးရပါတယ်။ ထိုသို့ translate လုပ်နိုင်ရန်အတွက် high level language မှ machine language သို့ပြောင်းလဲပေးသော compiler ၊ interpreter ၊ assembly မှ machine language သို့ပြောင်းလဲပေးနိုင်သော assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Micro-processor ဈေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computer အများစုတို့တွင် အသုံးပြုလျက်ရှိသော Micro-processor များကို အဓိကထုတ်လုပ်သူ company ကြီး ၂ ခုသာ ရှိပါတယ်။ Intel နဲ့ AMD (Advanced Micro Device) တို့ပဲဖြစ်ပါတယ်။
Intel သည် processor ဈေးကွက်ကို လွှမ်းမိုးထားပြီး ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားသော CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။ အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ ပေးခဲ့ပါတယ်။
8080 ၊ 286 ၊ 486 အစရှိတဲ့ အမည်များနဲ့ ဖြစ်ပါတယ်။ 486 နောက်ပိုင်းအမည်ပေးတဲ့ နေရာမှာ Pentium ၊ Celeron ၊ အစရှိတဲ့ Pentium မျိုးဆက်ပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ Core အမည်များနဲ့လာပါတယ်။ Core 2 Duo ၊ Core 2 Quad ကနေစပြီး ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။ CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ software တစ်ခုကို install လုပ်ခြင်းသည် series of instruction များပါဝင်သော program code များနှင့် ဆက်စပ်လျက်ရှိသော file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင် ဖြစ်ပါတယ်။ အလားတူပင် image များ document များအစရှိသော data များသည်လည်း storage device လို့ခေါ်သည်။ Hard disk များ CD ROM များပေါ်တွင် သိမ်းဆည်းထားပါတယ်။ Program ကို run တဲ့အခါမှာသော်လည်းကောင်း data များ storage device ထဲမှနေပြီး RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို Bus များမှတစ်ဆင့် အသုံးပြုပြီး CPU မှစတင် process လုပ်ပါလိမ့်မယ်။ အလားတူပင် process လုပ်ပြီးသွားသော data များကို CPU မှ RAM ပေါ်သို့ RAM မှ storage device (Hard Disk) ပေါ်သို့ အဆင့်ဆင့် ပြန်ရေးရပါတယ်။ ဒီလိုနဲ့ data တွေကို memory ပေါ် ခဏတင်ထားပြီး CPU မှ process လုပ်ကာ အသုံးပြုသူက save လိုက်တာနဲ့ တစ်ပြိုင်နက် hard disk ထဲကို ပြန်သိမ်းပေးပါတယ်။ကွန်ပျူတာဦးနှောက်ခေါ် CPU ဘယ်လိုအလုပ်လုပ်သလဲ👨💻
Computer ရဲ့ ဦးနှောက်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့် ပြုလုပ်ထားပြီး motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့် အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ်တွင် Intel company မှ 4004 processor ကိုပထမဦးဆုံး စီးပွားဖြစ် တီထွင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ ခန့်ဖြင့် တည်ဆောက်ထားပြီး 60 kHz ဖြင့် အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့ တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း ၆ သန်းခန့်ကို လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် processor များကိုတော့ သန်းနှင့်ချီသော transistor များဖြင့် တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး လုပ်ဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။
Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။ ထို pin များထဲမှ အချို့ဟာ Bus (data carrier) များမှလာသော Signal Line များနှင့် ချိတ်ဆက်ရန်ဖြစ်ပြီး အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။ CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင် Component တစ်ခုတည်းအဖြစ်သာ မြင်ရမှာဖြစ်ပြီး အတွင်ပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသော အစိတ်အပိုင်းများကို စုပေါင်းပြီး ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်း အခြေခံကျသော သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။ CPU သည် Calculation နှင့် Data များကို Program မှညွှန်ကြားသော Instruction များအတိုင်း process လုပ်ရသော တာဝန်များကို ဆောင်ရွက်ရပါတယ်။ Instruction များဆိုတာကတော့ ရောက်ရှိလာတဲ့ data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲ ဖြစ်ပါတယ်။ ဥပမာ 2 + 7 ရဲ့အဖြေကို တွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။ 2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ ခုနကပြောခဲ့တဲ့ Register ဆိုတဲ့ အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။
အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နရာမှာဆို ထို file အတွင်းပါ စာသားများ ၊ ရုပ်ပုံများဟာ data များပင်ဖြစ်ပါတယ်။ အဲဒီ file ကိုသိမ်းဆည်းရန် (သို့) printer ထုတ်ရန်အတွက် Print (သို့) Save တွင် click နှိပ်ပြီး command ပေးရပါမယ်။ ထို Print (သို့) Save သည် CPU အား data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို ညွှန်ကြားသော Program (ဝါ) series of instructions များပဲဖြစ်ပါတယ်။ CPU ဟာ Instruction တစ်ခုလာတဲ့အခါ ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန် ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ CPU အပါအဝင် computer အစိတ်အပိုင်း အားလုံးအသီးသီတို့သည် Lowest-level programming language ဖြစ်သော machine language ကိုသာလျှင် နားလည်ပါတယ်။ ထို machine language ကို CPU မှအလွယ်တကူ နားလည်လက်ခံနိုင်သော်လည်း လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။
ဘာဖြစ်လို့လဲဆိုတော့ machine language တွင် number (1 & 0) များသာပါဝင်သောကြောင့် ဖြစ်ပါတယ်။
ဥပမာ – 0000 0001 0010 1000 0101 1100 00111 ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့) high level programming language လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး software များကို ရေးသားရပါတယ်။ ဟိုး ယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင် Program အားလုံးတို့ကို Assembly language ဖြင့်သာ ရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။
သို့သော် number များအစား name များဖြင့် ရေးသားနိုင်ပါတယ်။ ဥပမာ – add $r2, $r3, $r4 ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး high level language များဖြစ်ကြသော C ၊ Fortran ၊ Pascal တို့ကိုသာအဓိကထားအသုံးပြုပြီး program များကိုရေးသားလျက်ရှိပါတယ်။ ထို high level language များသည် human language နှင့်ဆင်တူသည့်အတွက်ကြောင့် Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။ သို့သော်လည်း speed သည် အရေးကြီးပြီး high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော operation များအတွက် assembly language ကို ယနေ့တိုင် အသုံးပြုရဆဲဖြစ်ပါတယ်။
Program တစ်ခုကို မည်သည့် language နဲ့ ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော machine language အဖြစ်သို့ translate လုပ်ပေးရပါတယ်။ ထိုသို့ translate လုပ်နိုင်ရန်အတွက် high level language မှ machine language သို့ပြောင်းလဲပေးသော compiler ၊ interpreter ၊ assembly မှ machine language သို့ပြောင်းလဲပေးနိုင်သော assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Micro-processor ဈေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computer အများစုတို့တွင် အသုံးပြုလျက်ရှိသော Micro-processor များကို အဓိကထုတ်လုပ်သူ company ကြီး ၂ ခုသာ ရှိပါတယ်။ Intel နဲ့ AMD (Advanced Micro Device) တို့ပဲဖြစ်ပါတယ်။
Intel သည် processor ဈေးကွက်ကို လွှမ်းမိုးထားပြီး ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားသော CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။ အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ ပေးခဲ့ပါတယ်။
8080 ၊ 286 ၊ 486 အစရှိတဲ့ အမည်များနဲ့ ဖြစ်ပါတယ်။ 486 နောက်ပိုင်းအမည်ပေးတဲ့ နေရာမှာ Pentium ၊ Celeron ၊ အစရှိတဲ့ Pentium မျိုးဆက်ပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ Core အမည်များနဲ့လာပါတယ်။ Core 2 Duo ၊ Core 2 Quad ကနေစပြီး ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။ CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ software တစ်ခုကို install လုပ်ခြင်းသည် series of instruction များပါဝင်သော program code များနှင့် ဆက်စပ်လျက်ရှိသော file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင် ဖြစ်ပါတယ်။ အလားတူပင် image များ document များအစရှိသော data များသည်လည်း storage device လို့ခေါ်သည်။ Hard disk များ CD ROM များပေါ်တွင် သိမ်းဆည်းထားပါတယ်။ Program ကို run တဲ့အခါမှာသော်လည်းကောင်း data များ storage device ထဲမှနေပြီး RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို Bus များမှတစ်ဆင့် အသုံးပြုပြီး CPU မှစတင် process လုပ်ပါလိမ့်မယ်။ အလားတူပင် process လုပ်ပြီးသွားသော data များကို CPU မှ RAM ပေါ်သို့ RAM မှ storage device (Hard Disk) ပေါ်သို့ အဆင့်ဆင့် ပြန်ရေးရပါတယ်။ ဒီလိုနဲ့ data တွေကို memory ပေါ် ခဏတင်ထားပြီး CPU မှ process လုပ်ကာ အသုံးပြုသူက save လိုက်တာနဲ့ တစ်ပြိုင်နက် hard disk ထဲကို ပြန်သိမ်းပေးပါတယ်။

Welcome{ ​HERE } ​GO

မယားငယ်​ ​လေးများယူမယ်​ဆို

မယားငယ်​ ​လေးများယူမယ်​ဆို ​ကျွန်​မက ​စေတနာပါပါ ရက်​ရက်​​ရော​ရောကို ကွာရှင်း​ပေးမှာပါ
😏😏အ​ကြွေးစာရင်း😏😏
အိုဘယ့်​ အ​မောင်​​ယောက်ျား
မယားငယ်​​လေးများယူမယ်​ဆို
ကျွန်​မက ​စေတနာပါပါ
ရက်​ရက်​​ရော​ရောကို ကွာရှင်း​ပေးမှာပါ
ဒါ​ပေမဲ့လို့ ​စေတနာက အလကားမရပါ
ရက်​​ရောခြင်းက အပိုမ​ပေးပါ
ဒါ​ကြောင့်​ ​အ​ကြွေးစာရင်း​လေး
ရှင်းပြီးမှ သွားပါ အ​ကြွေးမ​ကြေပါက
မယားငယ်​အိမ်​မသွားရဘဲ 
ထောင်​ထဲသာသွားရပါမည်​…😏😏
ကိုယ့်​အိမ်​​ထောင်​သက်​နဲ့ပဲတွက်​ပြမယ်​​နော်​…
၁…ကျွန်​မသာ ရှင်​နဲ့မယူခဲ့ရင်​ ကိုယ့်​အလုပ်​နဲ့ကိုယ်
ရှိ​နေမှာမို့ ကျွန်​မအရည်​အချင်းနဲ့ဆို
တစ်​လ လစာ​ငွေ နှစ်​သိန်း​ပြေးမလွတ်​ပါဘူး…
တစ်​လ နှစ်​သိန်း တစ်​နှစ်​ ၂၄သိန်း
ဆယ်​နှစ်​ သိန်း၂၄၀…💸💸💸💸
၂…ရှင့်​​ဝေယျာဝစ္စဖိုးက​တော့ အိမ်​​ဖော်​ငှါး
သ​လောက်​ပဲယူပါ့မယ်​…
တစ်​လ တစ်​သိန်းပဲယူမယ်​​နော်​…
ဒါအိမ်​​ဖော်​​ပေါက်​​ဈေး​နော်​…
တစ်​လ တစ်​သိန်း တစ်​နှစ်​ ၁၂သိန်း
ဆယ်​နှစ်​ သိန်း ၁၂၀…💸💸💸💸
၃…ကိုယ်​ဝန်​​ဆောင်​ခက အငှါးကိုယ်​ဝန်​​ဆောင်​ခပဲ
ယူ​ပေးမယ်​… အဲ့​ဈေးကွက်​​တော့
ကျွန်​မ သိပ်​မသိဘူးရှင့်​…
တစ်ဗိုက်​ဘယ်​​လောက်​ယူရမလဲလို့
ဒီ​တော့ ​စေတနာ​ကြေး
တစ်​ဗိုက်​ သိန်းတစ်​ရာပဲယူမယ်​​လေ…
မွေးထား​ပေးတာ ​ယောက်ျား​လေး
ဥာဏ်​​ကောင်း အ​ချော​လေး​တွေ​လေ
တစ်​ခြားမိန်းမနဲ့ သွား​မွေးရင်​​တောင်
အဲ့​လောက်​​ကောင်းတာ ရချင်​မှရမှာ
ဗိုက်​​ကောင်းလို့ ​သေချာဂရုစိုက်​​ပေးလို့
က​လေး​တွေကျန်းမာလှပတာကိုး…💸💸
၎…က​လေး​တွေထိန်းရတာ​တော့
က​လေးထိန်းခပဲယူမယ်​…
တစ်​လ နှစ်​သိန်း တစ်​နှစ်​ ၂၄သိန်း
ဆယ်​နှစ်​ သိန်း၂၄၀…💸💸💸💸
၅…ထမင်းဖိုးက တစ်​ရက်​ နှစ်​​ထောင်
ယူမယ်​ တစ်​ချို့ ရက်​​တွေ ပိုစား​သေးတယ်​​နော်​…
တစ်​ရက်​ ၂ထောင်…တစ်​လ ၆သောင်း
တစ်​နှစ်​ ၇သိန်း၂သောင်း
ဆယ်​နှစ်​စာကို ထမင်းပြန်​မစားတဲ့ရက်​​တွေ
ဖြုတ်​လိုက်​မယ်​ဆို သိန်း ၇၀…💰💰💰💰
၆…အကျိုး​ဆောင်​ခ ကျန်​​သေးတယ်
လူမှု​ရေး စီးပွား​ရေး အကြံ​တွေ
အလကား​ပေးထားရတာ
ဒါ​တော့ဘယ်​လိုယူရမလဲ
မသိဘူး… ဒီ​တော့ ကျွန်​မ​ပေးတဲ့
ကျွန်​မထိန်း​ကျောင်း​ပေးတဲ့ အကြံ​တွေနဲ့
ဖြစ်​ထွန်းလာတဲ့ စီးပွား​ရေးထဲက
တစ်​ဝက်​တိတိယူမယ်​…ဒါက အတိအကျ
မရှိဘူး… ရှင်​ရှာထားသ​လောက်​ရဲ့
တစ်​ဝက်​ကိုယူမှာ…💸💸💸💸
၇…ဖီလင်​​ကြေး ကျန်​​သေးတယ်​…
ဖီလင်​​တောင်​ အသန့်​​နော်​…
သ​ဘော​ပေါက်​မှာပါ…
ရှင်​ကျွန်​မကို မယူလဲ ဖီလင်​​ကြေးက
လူပျိုပီပီ ကုန်​မှာပဲ​လေ
ဒီ​တော့ အပြင်​​ပေါက်​​ဈေးနဲ့
နှိုင်းယှဉ်​မရဘူး​လေ…
ယူချင်​သ​လောက်​ယူမယ်​…ကျွန်​မက​တော့
တစ်​လကို ဆယ်​သိန်းယူမယ်​…
တစ်​နှစ်​ သိန်း ၁၂၀…ဆယ်​နှစ်
သိန်း ၁၂၀၀ … 💸💸💸💸
၁…၂၄၀
၂…၁၂၀
၃…၂၀၀
၎…၂၄၀
၅…၇၀
၆…¿¿¿¿¿
၇…၁၂၀၀
စာရင်း​သေက သိန်း ၂၀၇၀
စာရင်းရှင်​က စည်းစိမ်​တစ်​ဝက်​…
ဒါ​တောင်​ စိတ်​ညစ်​ခ​တွေ ရန်​ဖြစ်​​ပေးခ​တွေ
ပွဲတက်​မယားခ​တွေ ​​နေမ​ကောင်းပြုစုခ​တွေ
မပါ​သေးဘူး​နော်​…😏😏
အဲ့ဒါ​တွေပါထည့်​ရင်​ မယားငယ်
နင်​​နေမှာစိုးလို့… ရှင်​အ​ကြွေးဆပ်​မ​လောက်​ရင်
ရှင့်​ယူမဲ့ မယားငယ်​ကို ကူရှာခိုင်းလို့ရတာပဲ…
သူများ​ယောက်ျားလိုချင်​ရင်​ ဒီ​လောက်​​တော့
ရင်းရမယ်​​လေ အလကားရမလား​နော့်​…😏😏
ဒါ​တောင်​ ကျွန်​မက သ​ဘော​ကောင်းလို့
ဒီ​လောက်​​ဈေးဖြတ်​​ပေးတာ…😁😁
ပြီး​တော့ ဒါကအတိတ်​​ကလုပ်​​ပေးတာ​တွေ
ဈေး​နော်​ က​လေး​တွေ​နောင်​​ရေးက
သူတို့မိန်းမရတဲ့ထိ ​ကျောင်းစရိတ်
ထမင်းစရိတ်​ အဝတ်​အစားဖိုး
အသုံးစရိတ်​ မုန့်​ဖိုး စတာ​တွေ
တာဝန်​ယူ​ပေးရမယ်​…
ဒါ​တွေရှင်းပြီးရင်​​တော့ အပုပ်​​ကောင်
ရုပ်​​ဆောင်​​နေတဲ့ ရှင့်​ကို မ သွားလို့ရပါပြီလို့…
ဒါ​လောက်​ပါပဲ…😏😏😏😏
#SniperSu
#နလုံးသားရှိ သူတိုင်းခံစားတတ်​ပါ​စေ
#######
Cardit-ချွန်းမြတ်မျိုးသွယ်

Welcome{ ​HERE } ​GO

ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ

The Economist Intelligence Unit အဖွဲ့က ထုတ် ပြန်သော ၂၀၁၇ ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့သည် ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံတို့တွင် ရင်းနှီး မြှုပ်နှံမှုနည်းခြင်း၊ စီမံခန့်ခွဲမှုညံ့ ဖျင်းခြင်းနှင့် ယာဉ်အသွားအလာ၊ အကြမ်းဖက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုအန္တရာယ်များ၏ဒဏ် ကို ခံစားနေရသည်ဟု ဗြိတိန်အ ခြေစိုက်စီးပွားရေးခန့်မှန်းမှုနှင့် အ ကြံပေးရေးအဖွဲ့ The Economist Intelligence Unit ၏ ၂၀၁၇နှစ် ကုန်ပိုင်းတွင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစာရင်းအရ ပါကစ္စ တန်နိုင်ငံ ကရာချိမြို့သည်နေထိုင် ရန် အန္တရာယ်အရှိဆုံးမြို့ဖြစ်ပြီး၊ လုံခြုံမှုအနည်းဆုံးမြို့များမှာ  တောင်အာရှ၊ အရှေ့တောင်အာရှ၊အရှေ့အလယ်ပိုင်းနှင့် အာဖရိက တို့မှဖြစ်သည်။
ဒစ်ဂျစ်တယ်လုံခြုံရေး၊ကျန်း မာရေး၊ လုံခြုံရေးနှင့် အခြေခံအ ဆောက်အအုံလုံခြုံရေး၊ ပုဂ္ဂိုလ် ရေးလုံခြုံရေးတို့အပါအ၀င် အ ချက် ၄၉ ချက်အပေါ်အခြေခံ၍ ကမ္ဘာပေါ်တွင် အန္တရာယ်မကင်း ဆုံးမြို့ ၆၀ ကို ယင်းအဖွဲ့က စာ ရင်းပြုစုဖော်ပြခြင်းဖြစ်သည်။
The Economist Intelli-gence Unit ၏ ညွှန်းကိန်းစာရင်း သည် ကျယ်ပြန့်သော သုတေသန ပြုမှုများနှင့် နယ်ပယ်ဆိုင်ရာကျွမ်း ကျင်သူများနှင့် ထဲထဲဝင်ဝင်တွေ့ ဆုံမေးမြန်းမှုများအပေါ် အခြေခံ ၍ အချက်အလက်များထုတ် နုတ်ရေးဆွဲထားခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။
မြို့တစ်မြို့ချင်းစီကို အချက် တစ်ချက်အတွက် သုညမှ ၁၀၀ အထိ အမှတ်ပေးပြီးအချက်အား လုံးမှရသော အမှတ်များကို ပေါင်း၍ အမှတ်များလျှင် ကောင်း ပြီး အမှတ်နည်းလျှင် မကောင်းဟု သတ်မှတ်ထားသည်။ ဘေးအန္တ ရာယ်ကင်းဆုံးမြို့များအဖြစ် တို ကျို၊ စင်ကာပူ၊ အိုဆာကာတို့က ထိပ်ဆုံးမှရပ်တည်နေသည်။
ယခုစာရင်းတွင် အောက် ဆုံးဒုတိယနေရာ၌ ရှိသောရန်ကုန် မြို့အခြေအနေသည် ၀င်ငွေနည်း ပါးသောမြို့ဖြစ်ခြင်း၏ အကျိုး ဆက်နှင့်များစွာ သက်ဆိုင်နေပြီး ရန်ကုန်နှင့် အခြားဝင်ငွေနည်းပါး သောမြို့များသည် ကူးစက်ရော ဂါများ၊ ဆင်းရဲမွဲတေမှုတို့အပါအ ၀င်အခြားသောစိန်ခေါ်မှုများနှင့် အခက်ကြုံနေသောကြောင့် ဆိုက် ဘာအန္တရာယ်ကာကွယ်ရေး ဦး စားပေးဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။
ကျန်းမာရေးဖူလုံရေးကဏ္ဍ တွင် ရန်ကုန်သည် ဒါကာနှင့် ကရာချိမြို့တို့ထက် အနည်းငယ် အသာဖြင့် အမှတ် ၁၀၀ တွင် ၄၅ ဒသမ ၇၉ ရရှိသည်။ ယင်းမြို့နှစ် မြို့သည်လည်း ဆင်းရဲခြင်း ကြောင့်အခက်ကြုံနေရသည်။ သို့ သော် ကျန်းမာရေးဖူလုံမှုဆုံးဖြတ် ရာတွင် ၀င်ငွေတစ်ခုတည်း မဆိုင်ဘဲ အခြားဝင်ငွေများသော မြို့များလည်း ကျန်းမာရေးဖူလုံမှု မရှိသောစာရင်း၌ ပါဝင်နေသည်။
မြန်မာအစိုးရ၏ ရင်းမြစ် များခွဲဝေပုံကြောင့် ရန်ကုန်မြို့၏ ကျန်းမာရေးဖူလုံမှု နည်းပါးနေ ကြောင်း ယခုစာရင်းများအရသိရ သည်။အခြေခံအဆောက်အအုံ ဘေးကင်းလုံခြုံမှုကဏ္ဍ၌ ရန် ကုန်သည် အမှတ် ၁၀၀ တွင် ၄၈ ဒသမ ၅၈ ရရှိပြီးယင်းကဏ္ဍ၌ ဒါကာနှင့် ကရာချိတို့ထက်သာနေ သည်။ ယင်းမှာ အခြေခံအ ဆောက်အအုံများအတွက် ရင်းနှီး မြှုပ်နှံမှုများနည်းပါးခြင်းနှင့် အုပ် ချုပ်မှု၊ စီမံခန့်ခွဲမှု၊ အခြေခံအ ဆောက်အအုံနှင့် ဆက်စပ်သော စည်းကမ်းမူဘောင်များ ညံ့ဖျင်း မှုတို့၏ ရလဒ်ဖြစ်ကြောင်း The Economist Intelligence Unit အဖွဲ့ကပြောသည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှုနယ်ပယ်၌  ရန်ကုန်သည် ယခုစာရင်းတွင်ဟိုချီမင်းစီးတီး၊ ကာရာကတ်စ်နှင့် ကရာချိမြို့တို့ကလွဲပြီး အခြားသောမြို့အားလုံး ထက် အန္တရာယ်ပိုများနေသည်။

Thank You For Visit

Welcome{ ​HERE } ​GO

ဖိုးလုံးအားအသုံးချသွားခြင်း

ဖိုးလုံးအားအသုံးချသွားခြင်း
*********************
!!!”ဟဲ့ ဖိုးလုံး လာအုံး!!”😎
!!!”ဟဲ့ ဖိုးလုံး ငါနင့်ကိုခေါ်နေတာမကြားဘူးလား”
“အန်တီ ဘယ်သူ့ကို ခေါ်နေတာလဲ”  😮
“နင့်ကိုလေဟယ် ဖိုးလုံးရဲ့”
“ဗျာ! ကျနော် ဖိုးလုံးမဟုတ်ပါဘူးဗျ” 
“အာ နင်ဘာဖြစ်နေတာလဲ”
ကျနော် လုံးဝ မသိတဲ့ အဒေါ်ကြီး တစ်ယောက် ကျနော့လက်ကို အတင်းဆွဲပြီး
“ရော့ !!ဆွဲခြင်းတောင်းဆွဲစမ်း”😎
“ဟာ..အန်တီ ကျနော် ဖိုးလုံးမဟုတ်ဘူးခင်မျ ကျနော်က ငအွပ်တ်ပါ”
သူ့အိမ်က အလုပ်သမား မှတ်နေလားမသိဘူး
“ဘာ ငအွပ်တ်လဲ ဒီကလေး ဘာဖြစ်နေတာလဲ ဆွဲဆိုဆွဲစမ်းပါအေ”
ဈေးထဲဆိုတော့ လူတွေကလဲ ဝိုင်းကြည့်နေတော့ ကူညီတဲ့အနေနဲ့ ဆွဲပေးရတာပေါ့
!!!အိ~~~😖
“အမလေး !!!လေးလိုက်တာ.. 
အန်တီ့ ဆွဲခြင်းထဲက ဘာတွေလဲ”
“တစ်ပေ ပတ်လည် ကျောက်ပျဉ် ၁၀ချပ်ထဲရယ် 
ချေးတွန်းခဲ ကျန်ကျောင်းအိတ်နဲ့ တစ်အိတ်ရယ်
ရွာက အမျိုးတွေ ပို့လိုက်လို့လေ”
“ကျနော် မနိုင်ဘူးဗျ”
“ဖိုးလုံး နင်ဘယ်လိုဖြစ်နေတာလဲ”
“အန်တီလူမှားနေပြီဗျ”
“အံမာ ငါက နင့်ကို ငါ့သမီးနဲ့ သဘောတူထားလို့နော် 
နင် ကန်းမတက်နဲ့” 😏
“ဗျာ!”
လတ်ဆတ်သတ်တော့ ဖိုးလုံးဆိုတာ သူ့သမက်လောင်းကိုး
“နင့်ကို ငါ့သမီးအတွက် ငါက ဘယ်လို ယုံကြည်ပြီး အားကိုရမှာလဲ ဖိုးလုံးရယ်”
“ကျနော် ဖိုးလုံး မဟုတ်ဘူးဗျ” 😥
ကျနော် ငြင်းပါသော်လဲ..
“ဟိုးမှာ ငါ့သမီး ကားထဲမှာ စောင့်နေတယ် အဲ့အထိပဲ သယ်ရမဲ့ဟာကို”
ကားနားလှမ်းရှိုးလိုက်တော့…
စကီလေးတစ်ပွေ နေကာမျက်မှန်နဲ့ ဆံပင်က ရွှေအိုရောင်လေး အရမ်းလွင့်တာ 😋
“ဟဲ့ ဖိုးလုံးသယ်လေ ငါ့သမီးတောင် မရသေးဘူး နင်က အာခံချင်နေတာလား ယောက်ခမလဲ အမေပဲ သိရဲ့လား”
ဟိ စကီကလွင့်နေတော့လဲ လူမှားလဲ ခံရတော့မှာပဲလေ
ကံကောင်းရင် စကီလေးနဲ့တောင် ရရင် ရသွားနိုင်သေးတာပဲ
ဖိုးလုံးရေ ဆောရီးကွာ..
ဟိဟိ.. 😀
“ဟဲ့ ဘာတွေ စဉ်းစားနေတာလဲ”
“ဟင့်အင်း.ဒါနဲ့…
အမေ့ သမီး နာမည်က ဘာလဲဟင်” 😁
အံမာ 
အခွင့်ရတုန်း အမေလို့ခေါ်ရတာတော့ ဖီးလ်ဟ 😜
“နင် ငါ့ကို အရူးကွက်မနင်းနဲ့နော် နှင်းနုကို ငါအော်လိုက်ရမလား”
“နှင်းနုတဲ့လားဗျာ.. လှလိုက်တာ”
“အေး အဲ့လှတာ နောက်မှ 
အခုလောလောဆယ် အဲ့တာကို ကားနားဆွဲလာပေးအုံး”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
စော်လေးကို အနီးကပ် ရှိုး ရတော့မှာဆိုတော့ ဆွဲပေးရတော့မှာပေါ့
ဒါပေမဲ့ အလေးကြီးဗျ
ရှိသမျှ အားအင်ထုတ်ပြီး လျှာထွက်မတတ် မလိုက်တယ်
ဆွဲခြင်းက အရမ်းလေးလို့လား ကမ္ဘာမြေ ဆွဲအားကပဲ များနေလို့လားမသိဘူး မရွေ့ဘူး 😪😪😖
“ဟဲ့ ယောကျာ်းဗလ 
ယောကျာ်းဇ လေးနဲ့တော့ မ ပါဟ”
ကျနော်လဲ အဲ့လိုပြောတော့ နဲနဲတင်းလာတော့ ဆွဲခြင်းကို ကားနားရောက်ဖို့ အရေး တရွတ်တိုက်ဆွဲလိုက်တာပေါ့
“ဟဲ့..ဟဲ့…ငါ့ခြင်းပျက်သွားမယ်ဟဲ့ မသာ
 ဒီ..ဖိုးလုံး ကတော့လေ ပြောကို မပြောချင်ဘူး”
ကျနော်လဲ မနိုင်မနင်း မလိုက် လွှဲလိုက် ချလိုက်နဲ့ တရွေ့ရွေ့နဲ့ ကားဆီကိုရောက် သွားတာပေါ့
“သမီး ကားနောက်ဖုံးဖွင့်”
ကောင်မလေးက ကားပေါ်က ခလုတ်နှိပ်ရုံသာ
ကားပေါ်က မဆင်းဘူး
“ဟဲ့ ကားနောက်ဖုံးဖွင့်လေ”
အမေကလဲ ဟောက်ဆို သူ့သမီးရမှ တွေ့အုံးမယ်..ဟဲဟဲ 😀
“ဟုတ်ကဲ့”
ကျနော်လဲ ကောင်မလေးကို မြင်ချင်နေတာနဲ့ အမြန်ဖွင့်ပေးလိုက်တယ်
“အဲ့ ခြင်းကို တင်လိုက်လေ ဘာလုပ်နေတာလဲ”
အန် သေပြီဟ 
ဆွဲတာတောင် မနိုင်တာ ကားပေါ်တင်ရမယ်ဆိုတော့
ကျနော်လဲ ခြင်းထဲက ကျောက်ပျဉ် တစ်ချပ်စီ ထုတ်ပြီး မလို့ နိုင်ပြီ ထင်လောက်တဲ့ အချိန်မှ ခြင်းကို ကားပေါ်တင်ပြီး ကျောက်ပျဉ်တွေကို ခြင်းထဲ ပြန်စီထည့်ပေးလိုက်တယ်
အဒေါ်ကြီးက ကျနော် လုပ်တာ အစအဆုံးကြည့်ပြီး
“ဖိုးလုံးက ဒါမျိုးကျ တော်သားပဲ နင်မဆိုးဘူး တော်တယ်”
“ဟီး..ဥာဏ်သုံးရတာပေါ့ဗျာ”
ထိုစဉ်..
“အမေ ဘယ်မှာလဲ ကိုဖိုးလုံး”
ကားရှေ့ခေါင်းကနေ ကောင်မလေးက သူ့အမေကို ခေါင်းပြူပြီး လှမ်းမေးတဲ့အချိန်….သူမကို ကျနော်တွေ့လိုက်တဲ့အခါ….
.
.
.
အားပါးပါး နတ်သမီးရှုံးတဲ့ အလှပါတကား😱
“ဒီမှာလေ နင့်ကောင်က အတော်နဲ့ ခေါ်ရတာ”
စကီလေးကျနော့ကို ကြည့်လာတော့ ကျနော်က ပြုံးပြလိုက်တယ်လေ
“အမေ ဒါ ကိုဖိုးလုံးမှ မဟုတ်တာ”
“ဟင်! ဟုတ်ရဲ့လားဟယ်”😨
“ဟုတ်တယ် အမေရဲ့”
“အယ် .. အားနာလိုက်တာသားရယ်”
ငင့်
ဘာလားဟ
“ဟုတ်တယ်ရှင့် ကျမအမေက မျက်စိမှုန်နေတာလေ”
“ဗျာ!!”
“ဆောရီးပါ သားရယ် အန်တီက သားကို ဖိုးလုံးလို့ထင်လို့ပါ” 😰
ယေ..😧
“အမေ့အစား ကျမတောင်းပန်ပါတယ် ဆွဲခြင်းကိုလဲ ဒီအထိ သယ်လာပေးလို့လဲ ကျေးဇူးထပ်တင်ပါတယ်နော်”☺
😦
“အမေ တက် 
သွားရအောင်”
“ကျေးဇူးပဲနော်သား” 😁
အန်တီကြီးက ကျနော့ကို လှည့်ပြီး ကျေးဇူးတင်နေသေးတာ
တောက်!!!!
ငါ့များ ကားပေါ် တက်ရမယ်ထင်နေတာ အခုတော့.. ငိုးမရယ်
အဒေါ်ကြီး ကားပေါ်ရောက်တော့ သားအမိနှစ်ယောက် ပြောနေတာ ယဲ့ယဲ့လေး ကြားလိုက်တယ်
“သမီးချောလေးရှိတာ ကောင်းလိုက်တ နှာထတဲ့လူကို အရူးကွက်နင်းပြီး ခိုင်းလို့ရတယ်လေ” 😉😉
!!”Congratulations ပါ မာမီ 😊!!”
😰
Original by ###အွပ် တ်

Welcome{ ​HERE } ​GO