မယားငယ်​ ​လေးများယူမယ်​ဆို

မယားငယ်​ ​လေးများယူမယ်​ဆို ​ကျွန်​မက ​စေတနာပါပါ ရက်​ရက်​​ရော​ရောကို ကွာရှင်း​ပေးမှာပါ
😏😏အ​ကြွေးစာရင်း😏😏
အိုဘယ့်​ အ​မောင်​​ယောက်ျား
မယားငယ်​​လေးများယူမယ်​ဆို
ကျွန်​မက ​စေတနာပါပါ
ရက်​ရက်​​ရော​ရောကို ကွာရှင်း​ပေးမှာပါ
ဒါ​ပေမဲ့လို့ ​စေတနာက အလကားမရပါ
ရက်​​ရောခြင်းက အပိုမ​ပေးပါ
ဒါ​ကြောင့်​ ​အ​ကြွေးစာရင်း​လေး
ရှင်းပြီးမှ သွားပါ အ​ကြွေးမ​ကြေပါက
မယားငယ်​အိမ်​မသွားရဘဲ 
ထောင်​ထဲသာသွားရပါမည်​…😏😏
ကိုယ့်​အိမ်​​ထောင်​သက်​နဲ့ပဲတွက်​ပြမယ်​​နော်​…
၁…ကျွန်​မသာ ရှင်​နဲ့မယူခဲ့ရင်​ ကိုယ့်​အလုပ်​နဲ့ကိုယ်
ရှိ​နေမှာမို့ ကျွန်​မအရည်​အချင်းနဲ့ဆို
တစ်​လ လစာ​ငွေ နှစ်​သိန်း​ပြေးမလွတ်​ပါဘူး…
တစ်​လ နှစ်​သိန်း တစ်​နှစ်​ ၂၄သိန်း
ဆယ်​နှစ်​ သိန်း၂၄၀…💸💸💸💸
၂…ရှင့်​​ဝေယျာဝစ္စဖိုးက​တော့ အိမ်​​ဖော်​ငှါး
သ​လောက်​ပဲယူပါ့မယ်​…
တစ်​လ တစ်​သိန်းပဲယူမယ်​​နော်​…
ဒါအိမ်​​ဖော်​​ပေါက်​​ဈေး​နော်​…
တစ်​လ တစ်​သိန်း တစ်​နှစ်​ ၁၂သိန်း
ဆယ်​နှစ်​ သိန်း ၁၂၀…💸💸💸💸
၃…ကိုယ်​ဝန်​​ဆောင်​ခက အငှါးကိုယ်​ဝန်​​ဆောင်​ခပဲ
ယူ​ပေးမယ်​… အဲ့​ဈေးကွက်​​တော့
ကျွန်​မ သိပ်​မသိဘူးရှင့်​…
တစ်ဗိုက်​ဘယ်​​လောက်​ယူရမလဲလို့
ဒီ​တော့ ​စေတနာ​ကြေး
တစ်​ဗိုက်​ သိန်းတစ်​ရာပဲယူမယ်​​လေ…
မွေးထား​ပေးတာ ​ယောက်ျား​လေး
ဥာဏ်​​ကောင်း အ​ချော​လေး​တွေ​လေ
တစ်​ခြားမိန်းမနဲ့ သွား​မွေးရင်​​တောင်
အဲ့​လောက်​​ကောင်းတာ ရချင်​မှရမှာ
ဗိုက်​​ကောင်းလို့ ​သေချာဂရုစိုက်​​ပေးလို့
က​လေး​တွေကျန်းမာလှပတာကိုး…💸💸
၎…က​လေး​တွေထိန်းရတာ​တော့
က​လေးထိန်းခပဲယူမယ်​…
တစ်​လ နှစ်​သိန်း တစ်​နှစ်​ ၂၄သိန်း
ဆယ်​နှစ်​ သိန်း၂၄၀…💸💸💸💸
၅…ထမင်းဖိုးက တစ်​ရက်​ နှစ်​​ထောင်
ယူမယ်​ တစ်​ချို့ ရက်​​တွေ ပိုစား​သေးတယ်​​နော်​…
တစ်​ရက်​ ၂ထောင်…တစ်​လ ၆သောင်း
တစ်​နှစ်​ ၇သိန်း၂သောင်း
ဆယ်​နှစ်​စာကို ထမင်းပြန်​မစားတဲ့ရက်​​တွေ
ဖြုတ်​လိုက်​မယ်​ဆို သိန်း ၇၀…💰💰💰💰
၆…အကျိုး​ဆောင်​ခ ကျန်​​သေးတယ်
လူမှု​ရေး စီးပွား​ရေး အကြံ​တွေ
အလကား​ပေးထားရတာ
ဒါ​တော့ဘယ်​လိုယူရမလဲ
မသိဘူး… ဒီ​တော့ ကျွန်​မ​ပေးတဲ့
ကျွန်​မထိန်း​ကျောင်း​ပေးတဲ့ အကြံ​တွေနဲ့
ဖြစ်​ထွန်းလာတဲ့ စီးပွား​ရေးထဲက
တစ်​ဝက်​တိတိယူမယ်​…ဒါက အတိအကျ
မရှိဘူး… ရှင်​ရှာထားသ​လောက်​ရဲ့
တစ်​ဝက်​ကိုယူမှာ…💸💸💸💸
၇…ဖီလင်​​ကြေး ကျန်​​သေးတယ်​…
ဖီလင်​​တောင်​ အသန့်​​နော်​…
သ​ဘော​ပေါက်​မှာပါ…
ရှင်​ကျွန်​မကို မယူလဲ ဖီလင်​​ကြေးက
လူပျိုပီပီ ကုန်​မှာပဲ​လေ
ဒီ​တော့ အပြင်​​ပေါက်​​ဈေးနဲ့
နှိုင်းယှဉ်​မရဘူး​လေ…
ယူချင်​သ​လောက်​ယူမယ်​…ကျွန်​မက​တော့
တစ်​လကို ဆယ်​သိန်းယူမယ်​…
တစ်​နှစ်​ သိန်း ၁၂၀…ဆယ်​နှစ်
သိန်း ၁၂၀၀ … 💸💸💸💸
၁…၂၄၀
၂…၁၂၀
၃…၂၀၀
၎…၂၄၀
၅…၇၀
၆…¿¿¿¿¿
၇…၁၂၀၀
စာရင်း​သေက သိန်း ၂၀၇၀
စာရင်းရှင်​က စည်းစိမ်​တစ်​ဝက်​…
ဒါ​တောင်​ စိတ်​ညစ်​ခ​တွေ ရန်​ဖြစ်​​ပေးခ​တွေ
ပွဲတက်​မယားခ​တွေ ​​နေမ​ကောင်းပြုစုခ​တွေ
မပါ​သေးဘူး​နော်​…😏😏
အဲ့ဒါ​တွေပါထည့်​ရင်​ မယားငယ်
နင်​​နေမှာစိုးလို့… ရှင်​အ​ကြွေးဆပ်​မ​လောက်​ရင်
ရှင့်​ယူမဲ့ မယားငယ်​ကို ကူရှာခိုင်းလို့ရတာပဲ…
သူများ​ယောက်ျားလိုချင်​ရင်​ ဒီ​လောက်​​တော့
ရင်းရမယ်​​လေ အလကားရမလား​နော့်​…😏😏
ဒါ​တောင်​ ကျွန်​မက သ​ဘော​ကောင်းလို့
ဒီ​လောက်​​ဈေးဖြတ်​​ပေးတာ…😁😁
ပြီး​တော့ ဒါကအတိတ်​​ကလုပ်​​ပေးတာ​တွေ
ဈေး​နော်​ က​လေး​တွေ​နောင်​​ရေးက
သူတို့မိန်းမရတဲ့ထိ ​ကျောင်းစရိတ်
ထမင်းစရိတ်​ အဝတ်​အစားဖိုး
အသုံးစရိတ်​ မုန့်​ဖိုး စတာ​တွေ
တာဝန်​ယူ​ပေးရမယ်​…
ဒါ​တွေရှင်းပြီးရင်​​တော့ အပုပ်​​ကောင်
ရုပ်​​ဆောင်​​နေတဲ့ ရှင့်​ကို မ သွားလို့ရပါပြီလို့…
ဒါ​လောက်​ပါပဲ…😏😏😏😏
#SniperSu
#နလုံးသားရှိ သူတိုင်းခံစားတတ်​ပါ​စေ
#######
Cardit-ချွန်းမြတ်မျိုးသွယ်

Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.