ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ေနျပည္ေတာ္၊ မတ္ ၄
 မတ္ ၃ ရက္ေန႔ ၁၇၃၀ အခ်ိန္ မူးယစ္တပ္ဖြဲ႕စု(၂၄)လားရွိုးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ ေနာင္ခ်ိဳၿမိဳ႕အဝင္၊ မိုင္တိုင္အမွတ္(၈၀/၄)အနီး မူဆယ္-မႏၲေလး ျပည္ေထာင္စုကားလမ္းတြင္ သက္နိုင္ ေမာင္းႏွင္ၿပီး ထြန္းေဇာ္ဦး(ခ)ဖိုးေဇာ္ လိုက္ပါလာသည့္ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရန္တားဆီးစဥ္ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ပိတ္ဆို႔ရွာေဖြရာ ေနာင္ခ်ိဳၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီး၌ေတြ႕ရွိ ရွာေဖြရာ ေမာ္ေတာ္ယာဥ္၏ေနာက္ပိုင္း အမိုးကိုင္းသံဖရိန္ထဲရွိ ေမာ္ေတာ္ဆိုင္ကယ္ကၽြတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄,၄၀၀ ျပား ၊ ေငြ ၁၁၃,၀၀၀ က်ပ္ႏွင့္ လက္ကိုင္ဖုန္း ၃ လုံးတို႔ကို သိမ္းဆည္း ရမိခဲ့သျဖင့္ သက္နိုင္(၄၈)ႏွစ္ ႏွင့္ ထြန္းေဇာ္ဦး(ခ)ဖိုးေဇာ္(၄၃)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္းရရွိသည္။

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၄
 မတ် ၃ ရက်နေ့ ၁၇၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့အဝင်၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် သက်နိုင် မောင်းနှင်ပြီး ထွန်းဇော်ဦး(ခ)ဖိုးဇော် လိုက်ပါလာသည့်မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ရှာဖွေရာ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး၌တွေ့ရှိ ရှာဖွေရာ မော်တော်ယာဉ်၏နောက်ပိုင်း အမိုးကိုင်းသံဖရိန်ထဲရှိ မော်တော်ဆိုင်ကယ်ကျွတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ပြား ၊ ငွေ ၁၁၃,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် သက်နိုင်(၄၈)နှစ် နှင့် ထွန်းဇော်ဦး(ခ)ဖိုးဇော်(၄၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ခရက္​ဒစ္​>ရဲဇာနည္​

​Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.