ကျောင်းသားကတ်​ကျန်​ခဲ့တဲ့​ကျောင်းသား​လေးအားယဉ်​ထိန်းတပ်​ဖွဲ့မှကူညီ

စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသားကို မီးတန်းဆိုင်ကယ်ဖြင့် လိုက်ယူပေးသည့် ယာဉ်ထိန်းရဲ
ရန်ကုန်၊မတ်၈
စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြားမေ့ကျန်ခဲ့၍ စာမေးပွဲခန်းထဲသို့ဝင်ရန် အခက်အခဲဖြစ်နေသော ကျောင်းသားကို ယာဉ်ထိန်းရဲတစ်ဦးက မီးတန်းဆိုင်ကယ်ဖြင့် လိုက်ယူပေးခဲ့သည့် ဖြစ်စဉ်တစ်ခု ရန်ကုန် မရမ်းကုန်းမြို့နယ်တွင်  ယနေ့ ဖြစ်ပွားခဲ့သည်။
ယနေ့ မနက် ၈နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့နယ် ပါရမီလမ်းရှိ အထက (၅) မရမ်းကုန်းစာစစ်ဌာန ရှေ့တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦး စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားမေ့ကျန်ခဲ့၍ အခက်အခဲဖြစ်နေသည်ကို
တာဝန်ကျ ယာဉ်ထိန်းရဲက တွေ့ရှိခဲ့ရာ အထက်အဆင့်ဆင့်သို့ သတင်းပို့ပြီး ကျောင်းသားကို မီးတန်းဆိုင်ကယ်ဖြင့် လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ရဲဝင်းစိုးက Popular News ကို ပြောသည်။
”ကလေးက တော်တော်လေးကို တုန်လှုပ်နေပြီ၊စာမေးပွဲဖြေချိန်ကလည်းတော်တော်လေးကို နီးကပ်နေပြီ။ဒါနဲ့ ကျောင်းရှေ့မှာ တာဝန်ချထားတဲ့ ယာဉ်ထိန်း ၂ဦးထဲက ရဲတပ်ကြပ်ရန်နိုင်စိုးက မီးတန်းဆိုင်ကယ်နဲ့ ချက်ချင်း တင်ပြီး အိမ်မှာ ကျန်နေခဲ့တဲ့ ကဒ်ပြားကို သွားယူပေးတယ်။ပြီးတော့ ကျောင်းကို ပြန်လိုက်ပို့ပေးတယ်”ဟု ဒုတိယရဲမှူး ရဲဝင်းစိုးက ပြောသည်။
စာစစ်ဌာနနှင့် စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသား၏ နေအိမ်အကွာအဝေးမှာ ၃မိုင်ခန့်ရှိပြီး၊အချိန်မှီစေရန် ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ မီးပွိုင့်များကို အထိန်းအချုပ် ခေတ္တလုပ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
မျက်မြင်တွေ့ရှိခဲ့သူကျောင်းသားမိဘ တစ်ဦးက ”ကြားကနေ ကိုယ်တောင် တော်တော်လေးကို ကျေးဇူးတင်မိတယ်။သားသမီးချင်းကိုယ်ချင်းစာတယ်လေ။မျက်ရည်တောင်ကျတယ်။ယာဉ်ကြောပိတ်ဆို့နေချိန် ခုလို အချိန်မှီရောက်ဖို့ဆိုတာ မလွယ်ဘူး”ဟု ပြောသည်။
ခရက်​ဒစ်​-Popular New
MTA 
ဓါတ်ပုံ- ယာဉ်ထိန်းရဲတပ်ဖွဲ့

Welcome{ ​HERE } ​GO

စာဖတ်​ဝါသနာရှင်​များအတွက်​သတင်း​ကောင်း

စာအုပ်ကို လက်နဲ့ကိုင်ပြီး ဖတ်ချင်တဲ့ လူတွေအတွက် စာအုပ်ပေါင်း သောင်းကျော်ရှိနေတဲ့ စာကြည့်တိုက်ကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ နာမည်က ‘ သုခအလင်း စာကြည့်တိုက် ‘ ။

ဒီစာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁၁၀၆၈ အုပ် ရှိတယ်။ တစ်သောင်းကျော်ထဲမှာ ရှားပါး မြန်မာစာအုပ်တွေပါ ပါတာနော်။

စာအုပ်ငှားဖို့အတွက် ပိုက်ဆံတစ်ပြားမှ ပေးစရာ မလို။ မှတ်ပုံတင်ပဲ လိုတယ်။

ဦးကျော်သူ ဦးစီးလုပ်ကိုင်နေတဲ့ နာရေးကူညီမှုအသင်း FFSS ဝင်းကြီးထဲမှာ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း ပညာဒါနကျောင်း၊ သုခ ကျောက်ကပ်သွေးသန့်စင်ဌာန စသဖြင့် ရှိကြတာကို မိတ်ဆွေတို့ သိထားပြီး ဖြစ်မှာပါ။ အခုပြောတဲ့ စာကြည့်တိုက်ကလည်း ဒီဝင်းကြီးထဲမှာပါပဲ။

စာကြည့်တိုက်ကို ၂၀၁၀ ပြည့်နှစ် ဗိုလ်ချုပ်မွေးနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ အခုဆို ရှစ်နှစ်သက်တမ်း ရှိနေပါပြီ။

စာကြည့်တိုက်ဖွင့်ချိန်က မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိပါ။ မြောက်ဥက္ကလာအဝိုင်းမှတ်တိုင်ကနေ ခေမာလမ်းဆုံဘက်ကို သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။ ဘတ်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ ဂန္ဓာရုံမှတ်တိုင်မှာ ဆင်းရပါလိမ့်မယ်။ ကိုးဘွဲ့ရဆရာတော် ရဲ့ မဟာဂန္ဓာရုံကျောင်းတိုက်နားမှာ ရှိတာပါ။

စာကြည့်တိုက်အသင်းဝင်အဖြစ်ပါ သတ်မှတ်ခံလိုရင်တော့ စာအုပ်တွေကို ပုံမှန် နှစ်လတာ ငှားဖူးမှသာ ရမှာပါ။ စာအုပ် နှစ်အုပ်ကို တစ်ပတ်စာ ငှားရမ်းပါတယ်။ ဖတ်မပြီးရင် သက်တမ်းလာတိုးလို့ ရပါတယ်။

လိပ်စာ အတိအကျက –

၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။

ဖုန်း – 09 421019150

” စာဖတ်သမားတွေနဲ့ စာကြည့်တိုက်တွေ အဆက်အသွယ် မပြတ် ရှိပါစေသား “

#ခရက်​ဒစ်​-လူသာမန်

Welcome{ ​HERE } ​GO

Gmae ကစား ရင်း Video ကြည့်လဲရ လိုင်းတက်ကြူရင်း Video ကြည့်လဲရ​ဆော့ဝဲ

Video Popup Player.apk
~~~~~®♥©~~~~~
Video တွေ နပြိုက်နက်ထဲ အများကြီး ပွားကြည့်ရန်
Video လဲ ကြည့်ရင်း တခြား applicatiob တွေ စိတ်ကြိုက်သုံးနိုင်သေးတော့ အဆင်ပြေတာပေါ့
Gmae ကစား ရင်း Video ကြည့်လဲရ
လိုင်းတက်ကြူရင်း Video ကြည့်လဲရ
File size သေးသေးနဲ့ အစွမ်းထက်တာပါ

Apk link: https://write.as/307ybv72giqew
File Size: 4.1MB
မူရင်းဆရာအားခရက်​ဒစ်​​ပေးပါတယ်

Welcome{ ​HERE } ​GO

5G သို့ တိုးမြှင့်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် ပူးပေါင်းလိုက်သည့် Vivo

Welcome{ ​HERE } ​GO

5G သို့ တိုးမြှင့်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် ပူးပေါင်းလိုက်သည့် Vivo
၂၀၁၈ ခုနှစ် ကမ္ဘာ့ မိုဘိုင်းညီလာခံ၊ GTI ထပ်သီးအစည်းအဝေး၌ China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Vivo က ထုတ်ပြန်ကြေညာခဲ့ပါသည်။
မျိုးဆက်သစ် 5G devices များကို ထုတ်လုပ်ရန်အတွက် စက်မှုလုပ်ငန်းရှင်များပူးပေါင်း၍ ကြိုးပမ်းမှုတွင် Vivo ကလည်း ပါဝင်လာခြင်း ဖြစ်ပါသည်။
အဆိုပါအစီအစဉ်သည် ပထမဆုံး အသုတ် 5G devices များကို စီးပွားဖြစ် စမ်းသပ်ထုတ်လုပ်ရန် သာမက၊ 5G devices များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုကို တည်ထောင်ရန်၊ chipset နှင့် အစိတ်အပိုင်းများ ထောက်ပံ့ရန် စသည့် အချက်များကိုလည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။
Vivo ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် နည်းပညာအရာရှိချုပ် Shi Yujian က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး 5G devices များနှင့် ပတ်သက်သည့် နောက်ဆုံးရရှိထားသော သုတေသနင့် ဖွံ့ဖြိုးရေး အချက်အလက်များကို အခြား မိတ်ဖက်ကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ပါသည်။
China Mobile 5G Device ရှေ့ပြေး ခြေလှမ်းကို China Mobileက ဦးဆောင်၍ တရုတ်မိုဘိုင်း ထုတ်လုပ်ရေးနယ်ပယ်တွင်းရှိ သြဇာကြီးမားသည့် chipset ထုတ်လုပ်သူများ၊ endsolution
Providers များအပါအဝင် ကုမ္ပဏီ ၂၀ကျော်က 5G ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသည့် လုပ်ငန်းပေါင်းစည်းဆက်နွယ်မှုဖြစ်စေရန် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
စီးပွားဖြစ် 5G device အား Vivo က အကြမ်းအားဖြင့် ဖော်ပြ
“စမတ်ဖုန်း ထုတ်လုပ်မှုနယ်ပယ်ဟာ အသုံးပြုသူအတွေ့အကြုံတိုးမြှင့်ခြင်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး ထုတ်လုပ်သူတွေအကြားမှာလည်း ဆက်သွယ်မှု စံချိန်စံညွှန်းတွေနဲ့အတူ သိသာစွာ လွှမ်းမိုးလာကြပါတယ်။
Vivo အတွက်တော့ 5G ဟာ အခွင့်အလမ်းဖြစ်သလို နည်းပညာဆိုင်ရာ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဈေးကွက်လည်း အခုထက် မြန်ဆန်စွာနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီနေ့ခေတ်အတွက်ကတော့ ရှေ့ဆက်ပြီး တီထွင်ဆန်းသစ်နေမှ ဖြစ်ပါလိမ့်မယ် ” ဟု Shi Yujian က ထပ်မံပြောကြားခဲ့ပါသည်။
5G ကွန်ရက်များသည် ပိုမိုမြင့်မားသော မြန်နှုန်းကို ပေးအပ်မည်ဖြစ်ပြီး latency (ဒေတာဆက်သွယ်မှုတွင် အနှောက်အယှက်နည်းခြင်းနှင့် နှောင့်နှေးခြင်း) နိုမ့်ကာ bandwidth ပိုလာမည်ဖြစ်သည်။ အဓိက features များ၊ 5G devices များနှင့်အတူ မိုလ်ဘိုင်းဆက်သွယ်ရေးမှာလည်း မတူညီသော ပုံစံဖြင့် အဆင့်အတန်းမြင့်မားလာမည် ဖြစ်ပါသည်။ 
Vivo အနေနှင့် 5G စမတ်ဖုန်းသည် smart sensors, Smart Control, Smart Services များအတွက် အဓိက Hub ဖြစ်မည်ဟု ယုံကြည်ထားပါသည်။ စမတ်ဖုန်းများသည် အသုံးပြုသူများ၏ အမူအကျင့်များကို ထောက်လှမ်းစိစစ်ပြီး၊ အင်တာနက်မှတစ်ဆင့် ထိန်းချုပ်သည့် ဉာဏ်ရည်တု ဝန်ဆောင်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ ရှေးဦး စီးပွားဖြစ် 5G devices များကို ၂၀၁၉ တွင် ဖြန့်ချိနိုင်ပြီး ၂၀၂၀ တွင် တရားဝင် စီးပွားဖြစ် ဖြန့်ချိမှုအဖြစ် ပြုလုပ်ရန် စီစဉ်ထားကြောင်း Vivo က ထုတ်ပြန်ခဲ့ပါသည်။
5G ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်လုပ်ငန်းစဉ်
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး အသင်းအဖွဲ့မှ 5G နှင့်ပတ်သက်သည့် အမြင်ကို မျှဝေပေးခဲ့သည့်နောက် မကြာမီမှာ Vivo ကလည်း သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Vivo သည် ၂၀၁၅ ၌ 5G သုတေသနရေးရာသိပ္ပံကို ပီကင်းတွင် တည်ထောင်ခဲ့ပြီး 3GPP အုပ်စုတွင် 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး device ထောက်ပံ့ပေးသူ ဖြစ်လာခဲ့ပါသည်။
ပြီးခဲ့သည့်နှစ်တွင် Vivo သည် အင်တင်နာနှင့် ကြိမ်နှုန်း ဆက်စပ်သော ဖွံ့ဖြိုးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး 5G ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြင့်မားစေခဲ့ပါသည်။
Vivo သည် ၂၀၁၆ တွင် China Mobile နှင့် မိတ်ဖက်ဖြစ်ခဲ့ပြီးသည့်နောက် 5G devices များတွင် ပါဝါသုံးစွဲမှု လျော့ကျရေးအတွက် ပူးတွဲအဖြေရှာခဲ့ပါသည်။ ထိုမျှသာမက China Mobile ၏ ဦးဆောင်မှုဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ လိုအပ်အချက်များကို ကွင်းဆင်းလေ့လာမှုပြုလုပ်ရာတွင် အဓိက ပါဝင်ပတ်သက်သူ အဖြစ် ပူးပေါင်းလျက်ရှိပါသည်။ သုံးစွဲသူများအတွက် ထူးခြားသည့် အတွေ့အကြုံများကို ထပ်မံဦးဆောင်ပေးအပ်နိုင်ရန်လည်း Qualcomm နှင့်အတူ နီးကပ်စွာလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။
###
Vivo အကြောင်း
ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်သစ်တစ်ခုဖြစ်တဲ့ Vivo ဟာ ခေတ်သစ်နည်းပညာလောကမှာ ပြီးပြည့်စုံတဲ့ အသံထွက်အရည်သွေးနဲ့ အဆုံးစွန်ကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှုအရည်အသွေးကို အာရုံစိုက်ပြီး ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Vivo ဟာ ငယ်ရွယ်သူတွေအတွက် လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းအရည်အသွေးနဲ့ ထုတ်ကုန်တွေကိုထုတ်လုပ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ဒီနေ့အထိ သုံးစွဲသူပေါင်း သန်းနှစ်ရာနီးပါးအထိ ရရှိထားပြီး ကမ္ဘာတစ်ဝန်းက လူငယ်တွေအတွက် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ နဲ့ ၂၀၂၂ တို့ရဲ့ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် တရားဝင် စပွန်ဆာအဖြစ်ဆောင်ရွက်ခြင်းက လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပိုပြီး ထုတ်ဖော်ပြသနိုင်ဖို့ လှုံ့ဆော်ရာမှာ အရေးပါတဲ့ အချက်ဖြစ်လာပါလိမ့်မယ်။
==Endorse by Vivo ==
Ref-Internet Journal 

သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ

သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီမြို့မှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားတဲ့ အကြမ်းဖက် သွေးထွက်သံယိုမှုတွေကြောင့် အရေးပေါ်အခြေအနေ ၁၀ ရက် သတ်မှတ်ကြေညာခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

မငြိမ်သက်မှုတွေ တခြားနေရာတွေထိ မကူးစက်သွားဖို့ အရေးပေါ်အခြေအနေ ၁၀ ရက်ကြေညာလိုက်ရပြီး FaceBookပေါ်ကနေအကြမ်းဖက်သွေးထွက်သံယိုမှုတွေဖြစ်အောင်လှုံ့ဆော်နေသူတွေကိုပါပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ အစိုးရပြောခွင့်ရသူက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

လူအုပ်ကြီးက မွတ်စလင်ပိုင် ဈေးဆိုင်တစ်ခုကို မီးရှို့လိုက်ပြီးတဲ့နောက် အစိုးရက စစ်သားနဲ့ ရဲကွန်မန်ဒိုတပ်တွေကို ကန္ဒီမြို့ကို စေလွှတ်လိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်နဲ့မွတ်စလင်အသိုင်းအဝိုင်းနှစ်ခုကြားက တင်းမာမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပိုပြီး ပြင်းထန်လာ တာဖြစ်ပါတယ်။ မွတ်စလင်တွေဟာ လူတွေကို ဖိအား ပေးပြီး အစ္စလာမ်ဘာသာကို ပြောင်းခိုင်းနေသလို ရှေးဟောင်းဗုဒ္ဓဘာသာနယ်မြေနဲ့ အဆောက်အဦးတွေ ကိုလည်း ဖျက်ဆီးပစ်တယ်လို့ ဒေသခံလူများစု ဗုဒ္ဓဘာ သာဝင်တွေက ပြောဆိုပါတယ်။

ဗုဒ္ဒဘာသာဝင်တချို့ဟာ မြန်မာနိုင်ငံကရောက်လာပြီး သိရီလင်္ကာနိုင်ငံထဲမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေ တဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိုလည်းဆန့်​ကျင်​ဆန္ဒပြကြပါတယ်။

မူရင်း-link
https://www.reuters.com/article/us-sri-lanka-clashes/sri-lanka-declares-state-of-emergency-after-buddhist-muslim-clash-idUSKCN1GI0WG

credit@znh

Welcome{ ​HERE } ​GO

စာအ​ရောင်​​လေး​တွေနဲ့​ရေးချင်းရင်​​အောက်​မှာယူနိင်​တယ်

စာအ​ရောင်​​လေး​တွေနဲ့​ရေးချင်းရင်​​အောက်​မှာယူနိင်​ပါတယ်​မိတ်​​ဆွေတို့
👇👇👇👇👇👇👇👇👇👇👇

👆👆👆👆👆👆👆👆👆👆👆👆👆

Effect အလှပတွေနဲ့Video အလန်းစားစာတန်းထိုးတည်းဖြတ်နိုင်မယ့် -VideoShow Pro – Video Editor & Maker 7.7.3 APK

Effect အလှပတွေနဲ့Video အလန်းစားစာတန်းထိုးတည်းဖြတ်နိုင်မယ့် -VideoShow Pro – Video Editor & Maker 7.7.3 APK

Android /Tablet ကိုင်ဆောင်ကာ VideoShow – Video Editor, Video Maker with Music APK အသုံး
ပြုသူများအတွက် 2018-03-06 နေ့ထွက် VideoShow professional Version အသစ်လေးကို မျှဝေပေး
လိုက်ပါတယ်။မိမိတို့ဖုန်းမှာ Effect အလှပတွေနဲ့Videoအလန်းစားစာတန်းထိုးပြီးအကောင်းဆုံးတည်းဖြတ်
နိုင်မယ့်ဆော့ဖ်ဝဲလ်လေးပါ။ဖိုင်ဆိုဒ်- 23.9 mb ခန့်သာရှိပြီး Android /Tablet 4.0 နှင့်အထက်ရှိဖုန်းများမှာ
ထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။အဆိုပါ ဆော့ဖ်ဝဲလ်ကို Google Playstore မှာ ပိုက်ပိုက်နဲ့
ရောင်းချထားတာဖြစ်ပြီး ဖော်ပြပါ အောက်လင့်မှာ FREE ရယူနိုင်ပါတယ်။အဆင်ပြေပါစေ။

ဒီမှာဒေါင်းပါ >>>ဒီမှာ​ဒေါင်းပါမိတ်​​​ဆွေ
အသုံးလိုရင် Share သွားလိုက်ပါ။

Welcome{ ​HERE } ​GO