5G သို့ တိုးမြှင့်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် ပူးပေါင်းလိုက်သည့် Vivo

Welcome{ ​HERE } ​GO

5G သို့ တိုးမြှင့်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် ပူးပေါင်းလိုက်သည့် Vivo
၂၀၁၈ ခုနှစ် ကမ္ဘာ့ မိုဘိုင်းညီလာခံ၊ GTI ထပ်သီးအစည်းအဝေး၌ China Mobile 5G Device ရှေ့ပြေး ခြေလှမ်းတွင် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Vivo က ထုတ်ပြန်ကြေညာခဲ့ပါသည်။
မျိုးဆက်သစ် 5G devices များကို ထုတ်လုပ်ရန်အတွက် စက်မှုလုပ်ငန်းရှင်များပူးပေါင်း၍ ကြိုးပမ်းမှုတွင် Vivo ကလည်း ပါဝင်လာခြင်း ဖြစ်ပါသည်။
အဆိုပါအစီအစဉ်သည် ပထမဆုံး အသုတ် 5G devices များကို စီးပွားဖြစ် စမ်းသပ်ထုတ်လုပ်ရန် သာမက၊ 5G devices များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုကို တည်ထောင်ရန်၊ chipset နှင့် အစိတ်အပိုင်းများ ထောက်ပံ့ရန် စသည့် အချက်များကိုလည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။
Vivo ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် နည်းပညာအရာရှိချုပ် Shi Yujian က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး 5G devices များနှင့် ပတ်သက်သည့် နောက်ဆုံးရရှိထားသော သုတေသနင့် ဖွံ့ဖြိုးရေး အချက်အလက်များကို အခြား မိတ်ဖက်ကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ပါသည်။
China Mobile 5G Device ရှေ့ပြေး ခြေလှမ်းကို China Mobileက ဦးဆောင်၍ တရုတ်မိုဘိုင်း ထုတ်လုပ်ရေးနယ်ပယ်တွင်းရှိ သြဇာကြီးမားသည့် chipset ထုတ်လုပ်သူများ၊ endsolution
Providers များအပါအဝင် ကုမ္ပဏီ ၂၀ကျော်က 5G ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသည့် လုပ်ငန်းပေါင်းစည်းဆက်နွယ်မှုဖြစ်စေရန် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
စီးပွားဖြစ် 5G device အား Vivo က အကြမ်းအားဖြင့် ဖော်ပြ
“စမတ်ဖုန်း ထုတ်လုပ်မှုနယ်ပယ်ဟာ အသုံးပြုသူအတွေ့အကြုံတိုးမြှင့်ခြင်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး ထုတ်လုပ်သူတွေအကြားမှာလည်း ဆက်သွယ်မှု စံချိန်စံညွှန်းတွေနဲ့အတူ သိသာစွာ လွှမ်းမိုးလာကြပါတယ်။
Vivo အတွက်တော့ 5G ဟာ အခွင့်အလမ်းဖြစ်သလို နည်းပညာဆိုင်ရာ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဈေးကွက်လည်း အခုထက် မြန်ဆန်စွာနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီနေ့ခေတ်အတွက်ကတော့ ရှေ့ဆက်ပြီး တီထွင်ဆန်းသစ်နေမှ ဖြစ်ပါလိမ့်မယ် ” ဟု Shi Yujian က ထပ်မံပြောကြားခဲ့ပါသည်။
5G ကွန်ရက်များသည် ပိုမိုမြင့်မားသော မြန်နှုန်းကို ပေးအပ်မည်ဖြစ်ပြီး latency (ဒေတာဆက်သွယ်မှုတွင် အနှောက်အယှက်နည်းခြင်းနှင့် နှောင့်နှေးခြင်း) နိုမ့်ကာ bandwidth ပိုလာမည်ဖြစ်သည်။ အဓိက features များ၊ 5G devices များနှင့်အတူ မိုလ်ဘိုင်းဆက်သွယ်ရေးမှာလည်း မတူညီသော ပုံစံဖြင့် အဆင့်အတန်းမြင့်မားလာမည် ဖြစ်ပါသည်။ 
Vivo အနေနှင့် 5G စမတ်ဖုန်းသည် smart sensors, Smart Control, Smart Services များအတွက် အဓိက Hub ဖြစ်မည်ဟု ယုံကြည်ထားပါသည်။ စမတ်ဖုန်းများသည် အသုံးပြုသူများ၏ အမူအကျင့်များကို ထောက်လှမ်းစိစစ်ပြီး၊ အင်တာနက်မှတစ်ဆင့် ထိန်းချုပ်သည့် ဉာဏ်ရည်တု ဝန်ဆောင်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ ရှေးဦး စီးပွားဖြစ် 5G devices များကို ၂၀၁၉ တွင် ဖြန့်ချိနိုင်ပြီး ၂၀၂၀ တွင် တရားဝင် စီးပွားဖြစ် ဖြန့်ချိမှုအဖြစ် ပြုလုပ်ရန် စီစဉ်ထားကြောင်း Vivo က ထုတ်ပြန်ခဲ့ပါသည်။
5G ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်လုပ်ငန်းစဉ်
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး အသင်းအဖွဲ့မှ 5G နှင့်ပတ်သက်သည့် အမြင်ကို မျှဝေပေးခဲ့သည့်နောက် မကြာမီမှာ Vivo ကလည်း သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Vivo သည် ၂၀၁၅ ၌ 5G သုတေသနရေးရာသိပ္ပံကို ပီကင်းတွင် တည်ထောင်ခဲ့ပြီး 3GPP အုပ်စုတွင် 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး device ထောက်ပံ့ပေးသူ ဖြစ်လာခဲ့ပါသည်။
ပြီးခဲ့သည့်နှစ်တွင် Vivo သည် အင်တင်နာနှင့် ကြိမ်နှုန်း ဆက်စပ်သော ဖွံ့ဖြိုးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး 5G ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြင့်မားစေခဲ့ပါသည်။
Vivo သည် ၂၀၁၆ တွင် China Mobile နှင့် မိတ်ဖက်ဖြစ်ခဲ့ပြီးသည့်နောက် 5G devices များတွင် ပါဝါသုံးစွဲမှု လျော့ကျရေးအတွက် ပူးတွဲအဖြေရှာခဲ့ပါသည်။ ထိုမျှသာမက China Mobile ၏ ဦးဆောင်မှုဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ လိုအပ်အချက်များကို ကွင်းဆင်းလေ့လာမှုပြုလုပ်ရာတွင် အဓိက ပါဝင်ပတ်သက်သူ အဖြစ် ပူးပေါင်းလျက်ရှိပါသည်။ သုံးစွဲသူများအတွက် ထူးခြားသည့် အတွေ့အကြုံများကို ထပ်မံဦးဆောင်ပေးအပ်နိုင်ရန်လည်း Qualcomm နှင့်အတူ နီးကပ်စွာလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။
###
Vivo အကြောင်း
ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်သစ်တစ်ခုဖြစ်တဲ့ Vivo ဟာ ခေတ်သစ်နည်းပညာလောကမှာ ပြီးပြည့်စုံတဲ့ အသံထွက်အရည်သွေးနဲ့ အဆုံးစွန်ကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှုအရည်အသွေးကို အာရုံစိုက်ပြီး ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Vivo ဟာ ငယ်ရွယ်သူတွေအတွက် လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းအရည်အသွေးနဲ့ ထုတ်ကုန်တွေကိုထုတ်လုပ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ဒီနေ့အထိ သုံးစွဲသူပေါင်း သန်းနှစ်ရာနီးပါးအထိ ရရှိထားပြီး ကမ္ဘာတစ်ဝန်းက လူငယ်တွေအတွက် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ နဲ့ ၂၀၂၂ တို့ရဲ့ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် တရားဝင် စပွန်ဆာအဖြစ်ဆောင်ရွက်ခြင်းက လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပိုပြီး ထုတ်ဖော်ပြသနိုင်ဖို့ လှုံ့ဆော်ရာမှာ အရေးပါတဲ့ အချက်ဖြစ်လာပါလိမ့်မယ်။
==Endorse by Vivo ==
Ref-Internet Journal 

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.