တင်ကျည်းတုတ်နှင့် ပွဲကျောင်းအမည်တွင်လာခြင်း

Welcome{ ​HERE } ​GO
{တင်ကျည်းတုတ်နှင့် ပွဲကျောင်းအမည်တွင်လာခြင်း}
သရေခေတ္တရာ(ပြည်)မြို့သည်ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအနှစ်၆၀တွင်တကောင်းမင်းဆက်မှကြွင်းကျန်သောမဟာသမ္ဘာဝမှစ၍တည်ထောင်ပြီးသုပညာနာဂရဆိန္ဒာမင်းတွင်ဆုံးလေသည်။သာသနာတော်-၆၂၄   သက္ကရာဇ်-၂၃ ခုတွင်သုပညာနဂရဆိန္ဒာမင်း၏တူတော် သမုဒ္ဒရာဇ်မင်းသည်ရွာကြီး ၁၉ ရွာအားဖြင့် အရိမဒ္ဒနာမည်သောပေါက္ကံပြည်ကြီးကိုစတင်တည်ထောင်ခဲ့လေသည်။ပေါကံ္ကအမည်တွင်ရခြင်းမှာတိုင်းပြည် နန်းတော်မြို့ရိုးများတည်ဆောက်ရာတွင်လိုအပ်သောအုတ်သရိုးအဖြစ်ပြုလုပ်ရန်အတွက်အရပ်လေးမျက်နှာမှမြေစိုင်များပေါက်တူးပြုလုပ်ကြရာမှရေကန်များသဖွယ်ဖြစ်ပေါ်လာခြင်းကိုအကြောင်းပြုပြီးကန်များပေါက်၍တည်သောပြည်ပေါကံ္ကပြည်ဟု အမည်တွင်ခဲ့လေသည်။ထိုကာလတွင် သမုဒ္ဒရာဇ်မင်း၏ဆရာသည်ရသေ့သူမြတ် ဝေဒိဿရရှင်ရသေ့(အဇ္ဇဂေါဏ)တွင်၏ထိုရသေ့သူမြတ် ဝေဒိဿရရှင်ရသေ့၏ ညီရသေ့များမှာညီလတ် နေဣဿရ ညီငယ် မေဒိဿရ တွင်သောရှင်ရသေ့များဖြစ်လေသည်။နောင်တွင် ထိုသူမြတ်ညီနောင်သုံးပါးတို့မှာ”မထီး”ခေါ် “ရှင်မထီး” သုံးပါးတွင်လေသည်။ထိုရသေ့သူမြတ်တို့၏ တပြည့်များမှာသမုဒ္ဒရာဇ်မင်း – ရေတိမ်ဆရာတော်နှင့်သရဘကု – ဘေသဇ္ဇနှင့် စောထီးတို့ဖြစ်လေသည်။
အရိမဒ္ဒနမည်သော ပေါက္ကံပြည်တွင်ပြည်ဖျက်သတ္တဝါကောင်ကြီးများ ဆိုးသွမ်းနေ၍တောနေတောကျင့် အကျင့်မြတ်ကိုပိုင်ဆိုင်ထားသောရသေ့မြတ်၏သွန်သင်ညွှန်ပြမှုသင်ကြားတတ်မြောက်ပြီးပြည့်စုံသော စောထီးသည်ပြည်ဖျက်သတ္တဝါများကို အောင်မြင်တော်မူ၍သမုဒ္ဒရာဇ်မင်းမှ ၎င်း၏သမီးတော်ဖြစ်သောသီရိစန္ဒာဒေဝီ မင်းသမီးနှင့် ထိမ်းမြားစေပြီးအိမ်ရှေ့မင်းအရာကို ပေးတော်မူလေသည်။ပျူစောထီးဟုတွင်ရခြင်းမှာထိုစောထီးအား ပျူလင်မယားမှသားအဖြစ်နှင့်ကျွေးမွေးစောင့်ရှောက်တော်မူသောကြောင့်ပျူအမျိုးအနွယ်ကျွေးမိဘများကို ကျေးဇူးပြုသောအားဖြင့်ပျူကိုအရှေ့မှာထဲ့၍ ပျူစောထီးဟုတွင်လေသည်။
ပေါကံ္ကပြည်၏ ရန်သူဟူသမျှတို့အားအိမ်ရှေ့မင်း ပျူစောထီးမှဦးဆောင်သောလူပျိုတော်များသာ အများဆုံးတတ်ကျွမ်းသောအချွန်နှစ်ဖက်ပါသော တုတ်ရှည်တုတ်ကြီးပညာရှင်တင်ကျည်းလုလင် (၁၀၈)ယောက်တို့ဖြင့်နှိမ်နင်းခဲ့လေသည်။တင်ကျည်းလုလင်တို့ တတ်မြောက်ကျွမ်းကျင်သောအချွန်နှစ်ဖက်ပါ တုတ်ရှည်တုတ်ကြီးပညာရပ်အားနောင်တွင် ၎င်းတင်ကျည်းလုလင်တို့ကိုအစွဲပြုပြီးတင်ကျည်းတုတ်ပညာရပ်ဟုတွင်ခဲ့လေသည်။
သာသနာတော် သက္ကရာစ် (၇၀၂)ခုနှစ်အတွင်းရဟန်းများကွဲပြားခြားနားသွားကြရာမှတောနေဧကစာရကို (အရညဝါသီ)ဟုတွင်၍လူနှင့်နီးစပ်နေသည့်ရဟန်းများကိုဗဟုစာရ(ဂါမဝါသီ)များဟု ခေါ်ဝေါ်သမုတ်ကြသည်မှစပြီး၎င်းကျောင်းများမှ ဗုဒ္ဓစာဝါများကျမ်းဂန်များနှင့်ဗေဒင် ဆေးဝါး အဂ္ဂိရပ် လောကီပညာများစစ်ရေးစစ်ရာ ကာကွယ်နိုင်ရန်အတွက်တိုက်ခိုက်ရေးပညာရပ်များကိုပါ သင်ကြားပေးခဲ့ကြရာပွဲလမ်းသဘင်ပမာလူအများစည်းကားသင်ကြားကြ၍(ဂါမဝါသီ)ရဟန်းများနေသောကျောင်းကိုအစွဲပြုပြီး(ဂါမဝါသီ ပွဲကျောင်း)ဟု သတ်မှတ်ခဲ့ကြလေသည်။ထိုသင်ကြားမှုခံယူခဲ့သူ သင်ယူနေသူနှင့်သင်ယူတတ်မြောက်ပြီးသူ ကျောင်းသားများကို” ပွဲကျောင်းသား “ဟုခေါ်ဝေါ်ခဲ့ကြလေသည်။
ကျမ်းကိုး ။        ။မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်” တိုက်တိုင်းအောင် ” သိုင်းအဖွဲ့မြန်မာ့သိုင်းပင်မဦးစီးဆရာကြီးသီဟစင်္ကြာဦးစိုးမြင့်(မူလဂါမဝါသီပုပ္ပါး ပွဲကျောင်း)မြန်မာ့သိုင်း ဗန်တို ဗန်ရှည် လက်ဝှေ့ခုခံတန်ပြန်တိုက်ခိုက်နည်းပညာရပ်။
~ ပြန်လည်စုစည်းရေးသားဖေါ်ပြပါသည်
             ခရက်​ဒစ်​​ပေးပါတယ်​ –   ဟတ္ထိစင်္ကြာလင်းအောင်(ပွဲကျောင်း)

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.