ီမှတ်​သားဖွယ်​အဆိုအမိန့်​များ

လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည်
မိုက်တတ်၏။
(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း
ဝမ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏
ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ
အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ်
အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင်
အများတကာကဲ့သို့ ဈေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင်
ငါးသတ္တ၀ါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ၀ိုင်းဝန်းစားမှ အရသာမြိန်၏၊
အတူတကွ ၀ိုင်းဝန်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုန်ကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည်
တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊
ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည်
မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည်
ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။
အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။
(အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊
လက်သူကြွယ်နှင့် လက်သန်းသည်
ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည်
သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည်
နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည်
အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည်
သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင်
အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင်
ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည်
ရေထဲတွင် တစ်သက်လုံး နေသော်လည်း
မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင်
သစ်ပင်ကို အမှီပြုသော်လည်း
သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ်
ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ၀ါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ၀ါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည်
ကြေးစည်ကြီးကို ရိုက်ခတ်၍
အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ
ကြေးစည်ကြီးသည် ကိုရင်ကလေးကို
ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည်
ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

Credit : အရှင်သုခမိန္ဒ

Welcome{ ​HERE } ​GO

သတင်းသမားဟူသည်

Welcome{ ​HERE } ​GO


“How Media distort the news”
သတင်းသမားဆိုတာပုဂ္ဂိုလ်ရေး တိုက်ခိုက်တာကို မလုပ်ရပါဘူး။ အမှားတ၀က် အမှန်တ၀က် သတင်းမျိုးမရေးရပါဘူးလိုရာဆွဲပြီး ကိုယ့်သဘောဆန္ဒတွေ(တည့်တည့်မဟုတ်တာတောင် စောင်းမြောင်းရေးသားခြင်း)ကို သတင်းထဲထည့်ရေးတာ မလုပ်ရပါဘူး ။
အထူးသဖြင့်တော့သတင်းကို ပုံဖျက်ခြင်း (Distortion)မလုပ်ရပါဘူး။ 
သတင်းမှာ လုံးချတာတွေ ရောချတာတွေ ပါပြီးတိုက်ခိုက် အပုပ်ချချင်စိတ်သက်သက်နဲ့အကြောင်းအရာတူ ဓါတ်ပုံတစ်ပုံကို ထပ်ခါထပ်ခါရေလဲသုံးတတ်တဲ့ မီဒီယာတွေရှိနေတတ်ပါတယ် 
သတင်းက အားလုံးကိုခြုံပြောတာဆိုပေမယ့်သတင်းဓါတ်ပုံကျရင် ကိုယ်တိုက်ခိုက်ချင်တဲ့လုပ်ငန်းရဲ့ ဓါတ်ပုံကိုသာ သက်သက်မဲ့ ရွေးထည့်တဲ့ လုပ်ရပ်ပါ ။
အခု ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ရပြီးနောက်ပိုင်းမှာအများဆုံးတွေ့နေရပါတယ်အစိုးရသတင်းစာချည်း ရှိနေခဲ့တဲ့ခေတ်ကတော့အဲ့တာမျိုးက မရှိသလောက်ပါပဲအစိုးရ ရဲ့ သတင်းဝါဒ ဖြန့်မှု (propaganda) သာအများဆုံးထည့်တာတွေ့ခဲ့ကြရမှာပါ ။
အဲ့ဒီအချိန်က သတင်းကို ပုံဖျက် (Distort) လုပ်တာထက်ကိုယ့်သတင်းမှာ အကောင်းဆို ချဲ့ကားပြီးရေးတယ်မလိုသူကိုဆို မကောင်းမြင်နိုင်တဲ့ ကိစ္စသေးသေးလေးကိုပုံကြီးချဲ့ (Enlargement) လုပ်ပြီးဖတ်ကောင်းအောင် ဇာတ်လမ်းဆင်ထည့်တယ်( Inflated news ) ဖေါင်းကားထားတဲ့ သတင်းလို့ ခေါ်နိုင်ပါတယ် ။
ဒီလိုလုပ်ပါတယ်——————သတင်းကို လူအများက အမြန်စိတ်ဝင်စားအောင်လမ်းမှန်နဲ့ကြီးပွားတိုးတက်နေတဲ့ လုပ်ငန်းမျိုးတွေကိုရွေးပြီး အပုပ်ချရေးလေ့ရှိကြပါတယ်နာမည်ကောင်းနဲ့ ကျော်ကြားနေသူတွေကိုပစ်မှတ် ထားပါတယ်လူအများရဲ့ အာရုံစိုက်မှု ( attention )ကိုဖြတ်လမ်းကနေ ရယူတဲ့နည်းပါ ။
ခဏတာတော့ နာမည်ကြီးပြီးစောင်ရေလည်း ရောင်းကောင်းမှာပါ ။ဒါပေမယ့်မူလသတင်းကို ပုံဖျက်ထားပြီးလိုရာဆွဲ ရေးသား ဖေါ်ပြလေ့ရှိတဲ့သတင်းဋ္ဌာန တစ်ခုဟာပုံမှန်နဲ့ နာမည်ရဖို့ကဒါမျိုးကို လုံးဝရှောင်ရပါမယ်အလွန်အောက်တန်းကျပြီး ကျင့်ဝတ်နဲ့ မညီလို့ပါ ။
သတင်းပုံဖျက်သမားတွေကို မွေးထုတ်သူလည်းဖြစ်လို့အယ်ဒီတာချုပ်ဆိုသူတွေရဲ့ နာမည်ဟာ သက်ဆိုးမရှည်လှပါဘူး ။
သနားစရာ အသုံးချခံ သတင်းသမားမျိုး——————————————–အဲ့ဒီဋ္ဌာန ရဲ့ လောင်းရိပ်မိတဲ့သတင်းထောက်တွေမှာလည်းအမည်ခံသက်သက်နဲ့သာ ရပ်တည်နေရပြီးအညွန့်ကို မထွက်နိုင်တော့ဘူး
သတင်းလိုက်တဲ့ သတင်းရေးတဲ့ပညာစစ်စစ်ကို မရရှာဘူးဖေ့ဘုတ် ကြီးပေါ်မှာပဲကင်မရာ လွယ်ထားတဲ့ ဓါတ်ပုံတင်ခြင်းနဲ့သာတူရာ အုပ်စုဖွဲ့ခြင်းနဲ့သာအချိန်ဖြုန်းနေရှာတယ်
သူတို့ အကောင့်ကိုဝင်ကြည့်ရင်ပင်ကိုယ်အရည်အချင်းကမရှိတော့လူအထင်ကြီးအောင် လုပ်ယူနေရတာပေါ့ဘေးကလူတွေအနေနဲ့ သေချာအကဲခတ်ရင် သိသာလှပါတယ်
သူတို့ကိုယ်တိုင်တင်တဲ့ post တစ်ခုကိုစာလုံးပေါင်း သတ်ပုံတောင် မှန်အောင်မရေးတတ်တော့ဘူး(သတင်းကိုတော့ ဂျာနယ်တိုက်က edit လုပ်ပေးလို့သာ  အဆင်ချောနေတာပါ)
သတင်းထူးလား သတင်းမှန်လား————————————-သတင်းဆိုလည်း”ဦး”  အောင် နဲ့ “ထူး” အောင်ပဲရေးတတ်တော့တယ်”မှန်” တာကို ဦးစားမပေးနိုင်တော့ဘူးသတင်းရဲ့ (Root of cause) ဇစ်မြစ် ဆို ဝေလာဝေး
ကိုယ့်ကိုယ်ကို ဆယ်လီလိုလိုပညာရှင်လိုလိုရေလိုက်လွဲနေကြပြီးဦးတည်ချက်ပျောက်နေကြတယ်
ရှင်းရှင်းပြောရရင်ဒီခေတ်မှာ သတင်းသမား စစ်စစ်တွေ ရှားကုန်တယ် ။
ဥာဏ်မသုံးရဘူးလို့မပြောပါဘူးဥာဏ်ဖြူကို လွှာသုံးပေါ့ခက်တာက အများစုသုံးတာကဥာဏ်နီ ဥာဏ်နက်တွေချည်း . . . . 
အဲ့တော့ ဘာဖြစ်သလဲရည်ရွယ်ချက် မရှိသည့်တိုင်သတင်းတွေက ပုံပျက်ကုန်တယ်အနှစ်မဲ့ ကုန်တယ်ပေါပေါပန်းပန်း ဖြစ်ကုန်တယ်မီဒီယာကို လူတွေက အထင်သေးကုန်တယ်
သြော် . . . အွန်လိုင်း မီဒီယာ———————————Online မှာကြည့်လိုက်လေထောင်နဲ့ချီပြီးရှိတဲ့ သတင်းPage တွေထဲမှာလူအများအားကိုးပြီးဖတ်တာ ဘယ်နှခုရှိလဲပြောကြည့်ပါလား ??????
အရင်ခေတ်ကလိုသြဇာရှိပြီး ကောင်းသတင်းနဲ့နာမည်ကျော်တဲ့ဂျာနယ်လစ် သတင်းထောက်ဘယ်နှယောက်ရှိပြီလဲ ??????ဖြေကြည့်စမ်းပါ
ရှိတယ်  ရှားတယ် လို့သာပြောရတော့မှာပါ ။
——————————————-            သတင်းသမား ဣနြေ္ဒ————————
တနေ့က မိတ်ဆွေတယောက်က သတင်းသမားအလုပ်က ဣနြေ္ဒ မရပါဘူးလို့ပြောတော့ စဉ်းစားကြည့်တယ်။ဟုတ်တယ်လို့ပြောလည်းရတယ်။ မဟုတ်ဘူးပြောလည်းရတယ်။
သတင်းစာဆရာတွေထဲမှာ ၂ မျိုး ၂ စားလုံး ရှိနေတာကိုး။မြန်မာသတင်းစာဆရာ အကျော်မော်တွေထဲကကြေးမုံ ဦးသောင်းဆိုပါစို့။သတင်းစာသမားဘ၀မှာ ဉာဏ်နီဉာဏ်နက်တွေ လိုရင်ထုတ်ရတဲ့အကြောင်း အတွေ့အကြုံတွေ ရေးခဲ့ပါတယ်။
ဒါပေမဲ့ လူထုဦးလှ၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့လိုသတင်းစာဆရာတွေကျတော့ အလွန်လူကြီးလူကောင်း ဆန်သူတွေပါ။ဒါကြောင့် သတင်းသမားအလုပ်က ဣနြေ္ဒမရဘူးလို့ပြောရင် တ၀က်မှား၊ တ၀က်မှန်လို့ ကျနော်ယူဆပါ တယ်။
ဒီနေရာမှာ ကိုယ်က ဘယ်လိုသတင်းစာဆရာ ဖြစ်ချင်သလဲဆိုတာတော့ ရွေးရမှာပေါ့။နိုင်ငံတကာမှာလည်း သြဇာရှိရှိ အတည်အခံ့သတင်းစာတွေ သတင်းစာဆရာတွေရှိသလို အတင်းအဖျင်း အညှီအဟောက်တွေလည်း ရောင်းမလောက်ပါဘူး ။

data crd မိုးမခ