ဖွန်​​ကြောင်​ခြင်းတွင်​သိပြုစရာများ အဟီး

မီးစိမ်းတိုင်း cb ကကြောင်ချင်သူတွေသတိသာထား  🙂 🙂 🙂
_______________________
” Hi …. ! မမ “
” Hi …. !
မောင်​မောင်​​လေး “
အလဲ့ ….ထူးပုံကိုက
နန်းဆန်​ထှာ ​နော်​ …။😁😜
” မမ …..
ဘုန်းကြီိး​ကျောင်းက
ပြန်​လာပြီလား… ? “
” ပြန်​လာပြီကွဲ့ …
သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့
သိက္ခာကြီးသုံးရပ်​ကို
အညမည ရှိလေအောင်
ထိမ်းရတာ​ပေါ့ကွယ်​ …”
အလဲ့ … ဟာဟ
တတ်​​နေလိုက်​တာ …။
” မမ… !
အခုရော ဘာတွေလုပ်
စားpp လား “
” ​အေးကွယ်​….. !
တစ်နေကုန်အောင်
ခန္ဓာဝန်ကို ထမ်းရမှာမို့
အူမတောင့်​မှ
သီလ​စောင့်​နိုင်တာ မလား
အာဟာရပြည့်​ဝမှ…
ဒေါသဆိုတဲ့
အကုသိုလ်​​တွေ မ၀င်​မှာ.. ?
ဒေါသနည်း​တော့ 
လောဘ ​မောဟဘက်
မကူးနိုင်​​တော့ဘူး​ပေါ့ကွယ်​ …
မောင်​​မောင်​ ​လေး ရဲ့
ဒါကြောင့်…
ဝမ်းမီးတောက် ငြိမ်းစေဖို့
သင့်တင့်လျောက်ပတ်သော
အဟာရလေးတော့
ဖြည့်တင်းပြီးခဲ့ပါပြီ
မောင်လေးငယ်ရယ် “
အ…ဟ… !
မယ်​သီလရှင်
မ​သေခင်​က
ဝင်စားလာလား မသိ
တတ်​​နေလိုက်​တာ …။
” ​အော…ဒါနဲ့ …
မမက သီလရှင်​​တော့
မဟုတ်​ပါဘူး​နော်​”
” ​အေးကွယ်​ …
သီလရှင်​မဟုတ်​ပါဘူး … 
ထင်စရာများ
ပေါက်နေလို့လား… ?
မောင်​​လေး ရဲ့။ “
ဟဲဟဲ ​….
တော်​​သေးတာ​ပေါ့ ။
” ​အော် … !
မမ မှာ ရည်းစားရှိလား ဟင်​ “
” ဟယ်တော့ … !
ဘာတွေလာပြောနေတာလဲ ဟယ်
မရှိပါဘူး …ဘာလို့လဲ …​ ?
မောင်​​မောင်​​လေး ရဲ့ “
အလို….မိုက်​ပီ​လေ…..
” ဒါနဲ့…!
အချစ်​ဆိုတာကို
ဘလို အဓိပ္ပါယ်​ ဖွင့်​လည်းဟင်
သိချင်လို့ မမ ရယ်
ပြောပြပါလားနော်လို့.. “
” ​သြော် … !
အချစ်​ဆိုတာ …
ပူ​လောင်​တဲ့ မီး​တောက်​ငယ်
တစ်​ခု​ပေါ့ကွယ်​။ 
တေ​ဇောဓာတ်​အား​ကောင်းတယ်​။
ပထ၀ီဓာတ်​​တော့
သိပ်​မကဲဘူး​ပေါ့ ။
ပူ​လောင်​ခြင်းဆိုတဲ့ 
ဝေဒနာဟာ 
ဒေါသ​စေတသိက်​ကို
တမုဟုတ်​ခြင်း
ဖြစ်​ထွန်း​စေတယ်​ကွဲ့။
အ၀ိဇ္ဇာတရား
များစွာထဲမှာ​တော့ 
အစေးပိုင်​ဆုံး နဲ့
အ​စေးကပ်​ဆုံး
သင်္ခါရအ​ကြောင်း
တရားတစ်​ခုလို့ပဲ 
ပြောပါရ​စေ …။”
အယ်​…. !
ဆန်း​တော့ဆန်း​နေပြီ။ 
နောက်​တယ်​ဆိုတာ
တော်​ယုံပဲ​ကောင်းတာကို ….
တရားပဲ​ဟောနေ တယ်​။
” အဟမ်း…မမ မှာ
ချစ်​သူမရှိဘူးလားဟင်…. ? “
” မရှိပါဘူးကွယ်​ … 
ဝေဒနာ ပစ္စယာ တဏှာ​လေ …
ခုချိန်ခါမှာ
ဘယ်​လိုအကုသိုလ်​မှ
မပြန့်​ပွား မကူးယူချင်​လို့​ပေါ့ “
ယေး….
သေချာပြီဟ
ဒါ​ရေလာ​မြောင်း​ပေး
စကားပဲဖြစ်​မယ်​။
အဓိက က
ချစ်​သူမရှိတာပဲ ​မိုက်​​နေပြီ။
တရား…သ​ဘောလည်း
ကျွမ်းကျင်​​တော့ …
ချစ်​စရာ​ကောင်းမယ့်​ပုံ ​လေး… ​ယေး😉😍
” မမ က ….
အခု ဘယ်​မှာလဲ ဟင်​…. ?
တဆိတ်​သိခွင့်​ရချင်​လို့ ​ပြောပါ​နော်​ ….
မောင်မောင်လေး…
စိတ်​၀င်​စားလို့ “
” မမက ….
အခု ရိပ်​သာမှာ​လေ …”
” ဗျာ …. !
အော်​ တရားရိပ်​သာမှာ
ဥပုဒ်​​နေ့မို့လို့
ခဏတရားလာထိုင်​တာ
မဟုတ်​လား “
” အို……
မဟုတ်​ပါဘူးကွဲ့
ခု..
မမ နေတာ
ဘိုးဘွားရိပ်​သာက ​လေ …”
” ဟိုက်…
သေလိုက်စမ်း ဟ ငင့်…ဂိ “
ဟာဗျာာာာာ ….
အဖွား… ရက်​စက်​တယ်​ဗျာ….
အဟီး.÷÷÷÷……😪😥😰
.
Credit-Original Writer
Share & Copy

Welcome{ ​HERE } ​GO