၁၉၈ဝ တုန်းက ဘဝ
Welcome{ ​HERE } ​GO
#1985ဖွားပါ 
★ Facebook မရှိသေးဘူး။
★ ဖုန်းတွေ ​အော်​တိုဖုန်း ဘဝပဲရှိသေး။
★ Sim card 1 ကဒ်ကို အနည်းဆုံး
     ဆယ့်ငါးသိန်း​ပေးဝယ်​​တောင်​ မရ​သေးဘူး။
★ ဖုန်းဆက်ချင်ရင် အိတ်​ချိန်းရုံးကိုသွားရတယ်
     ၁ မိနစ် ငါးဆယ်/တစ်ရာ ​ပေးပြောခဲ့ရတယ်။
★ ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
     ဆူညံစွာ ​ပြေးလွှား ဆော့ကစားနေတယ်။
★ အိပ်ယာဝင်ချိန်တွေ စောတယ်။
★ လမ်းထိပ်​က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
     မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့ ဖတ်တယ်။
★ တစ်ဖက်သတ်ကြွေနေရတဲ့ သူအတွက်
     စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေချရေးတယ်။
★ ရုပ်ရှင်ဆိုတာ လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
     နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
★ သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
     အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။
★ TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
     ဒွေးနဲ့ထက်ထက်မိုးဦး လွင်မိုးနဲ့ခိုင်သင်းကြည်။
★ TV Channel က MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
     ၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊ ၉ နာရီမှာ
     ကျန်ကျောင်းကား၊ လုရီကား ရင်ခုန်စွာ
     ကြည့်ခဲ့ရတယ်။
★ လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
     သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
     ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
     စကားပြောကြတယ်။ လူငယ်တွေ
     ဂစ်တာတစ်လက်နဲ့ သမီးရည်းစား ပိုးပန်းကြတယ်။
★ ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က 
     ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
     တူတူသွား ကြတယ်။
★ ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့ 
     အချိန်တော်တော်​စောင့်ကြရတယ်။
★ ဆယ်ကျော်သက်အရွယ်မှာ လွန်းထားထား၊
     လမင်းမိုမို၊ ပုညခင်၊ နိုကိုဇူးဇင် သူတို့စာတွေ
     သိပ်ရင်ခုန်ဖို့ကောင်း
★ အကြည်တော် မင်းလူ တာရာမင်းဝေ မင်းခိုက်စိုးစန်
     သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် 
★ မင်းမြတ်သူရ ဆရာအောင်သင်း ဆရာဖေမြင့်
     လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
     သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
★ ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
     သိပ်လှကြတာ…. ကျောင်းမှာ Crush
     ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။
★ မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
     ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
     ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
     သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
     ဘာဟန်ဆောင်မှုမှမရှိ
★ ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတစ်ချို့က 
     သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
     လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။
★ သစ္စာတရားတွေ ခွန်အားကောင်းတုန်း
     အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
     ဇနီးမယားတွေ စိတ်ချမ်းသာမှုပြည့်ဝနေကြတယ်။
★ အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ  ပြိုင်ဆိုင်လိုစိတ်
     နည်းတယ် ချောက်တွန်းဖို့ဆိုဝေးသေး
     ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
     ဣဿမစ္ဆရိယစိတ် မမွေးဘူး။
★ ဟိရိဩောတ္တပတရားတွေ အင်အားကြီးတုန်း။
     လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
     ဖြစ်ကြတုန်း
★ သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
     ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
     သိပ်လွမ်းလို့ကောင်းတာ
★ တစ်ခါတစ်လေတော့လည်း  အဲ့အချိန်တွေကို
     လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
     မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။
ဒါတွေက တို့ရဲ့ ငယ်ဘဝတွေ ………
အဲ့ဒီအချိန်ကာလမှာ 
လူတစ်ချို့ဆီကနေ အရောင်မပါ စိတ်ထားဖြူစင်မှုတွေ 
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပီး 
ရချင်မိသေးပါ့ရဲ့ …
#EminChit
Photo by  သန့်လွှမ်းဝေချစ်
သရုပ်ဆောင် –
အ.ထ.က (၁) တောင်ငူ ၂၀၀၄-၂၀၀၅ မှ 
ကျောင်သား/ကျောင်သူများ အမှတ်တရ
.
.
.
#ThatHtarKhin
ပညာရှိစကားအမှတ်​မှား​တော့ ……….
ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်နှင့်၊
ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ ကျင့်ပါလေ
အင်းဝခေတ် မင်းကြီးစွာစော်ကဲ ထီးနန်းစိုးစံစဉ် မြန်မာနှစ် ၇၄၅ ခုနှစ်တွင် ရခိုင်ကို အပိုင်စားရသော စောမွန်ကြီး အနိစ္စရောက်၍ စောမည်းအား စေလွှတ်တော်မူရန် စီစဉ်သည်။
စောမည်းကို မစေလွှတ်မီ ”ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်နှင့်၊ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ လည်းကောင်း ၊ ကြောင်လက်သည်း ဝှက်သကဲ့သို့လည်းကောင်း ကျင့်ပါလေ”ဟုမင်းကြီးစွာစော်ကဲက မှာလိုက်သည်။
စောမည်းသည် ရခိုင်သို့ရောက်လျှင် မြို့တွင်းမြို့ပြင်ရှိ ညောင်ပင်တို့ကိုခုတ်၍ ဆင်စာကျွေးသည်။ အလားတူ ကြောင်တို့ကိုလည်း သတ်စားသည်။ ထို့ကြောင့် ရခိုင်သားနှင့် မသင့်မတင့်ဖြစ်ကာ စောမည်းထွက်ပြေးခဲ့ရသည်။ မင်းကြီး၏ အမှာစကားတို့သည် ပညာရှိ အမတ်ကြီး ဘိုးရာဇာ အကြံပြုစကားတို့ကို မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ ကျင့်ဆိုသည်မှာ ထန်းစေ့သည် အရွယ်ကြီးမားပြီး အပင်ပေါက်သောအခါ ပင်စည်မြင့် မားသော်လည်း အရိပ်မရသဖြင့် အများပြည်သူ ခိုနားရန်အရိပ်မပေးနိုင်ချေ။ ညောင်စေ့သည် သေးငယ်သော်လည်း အပင်ပေါက် သည့်အခါ အရိပ်ကောင်းစွာရသဖြင့် အများပြည်သ ခိုနားနိုင်သည်။ ကြောင်သတ္တဝါတို့၏ သဘာဝမှာ သာမန်အချိန်တွင် မိမိလက်သည်းများကို ဝှက်ထားပြီး အရေးကြုံသောအခါမှသာ ထုတ်သုံးကြသည်။
ထို့ကြောင့် အစေ့ကြီးပြီး အပင်မြင့်သော်လည်း အရိပ်မရသော ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ အစေ့သေးသော်လည်း အပင်ကြီးအရိပ်ရသော ညောင်ပင်ကဲ့သို့ ကျင့်၍ ပြည်သူများ အားထားမှီခိုရာဖြစ်အောင် ကျင့်ရန်နှင့် မိမိစွမ်းရည်သတ္တိ တို့ကိုလည်း အခါအခွင့်ကြုံမှသာပြရန်ဟူသော အဓိပ္ပာယ်ဖြင့် ဘိုးရာဇာအကြံပြု လျှောက်တင်ချက်ကို မင်းကြီးစွာစော်ကဲ က စောမည်းအား မှာလိုက်ခြင်းဖြစ်သည်။ သို့သော် စောမည်းအဖို့မှာမူ အကောက်အယူလွဲ၍လော သို့တည်းမဟုတ် မာန်တက်၍လောမဆိုနိုင် ထင်ရာစိုင်းခြင်းကြောင့် အင်းဝသို့ ပြန်ပြေးခဲ့ရသည်။
ဤသို့သောဖြစ်ရပ်မျိုးမှာ မသိသူကို သိအောင်ပြောရန် အခက်အခဲမရှိသော်လည်း သိသူတို့က ဆင်ခြင်တုံတရားရှိရှိဖြင့် လိုက်နာကျင့်သုံးကြရန်မှာမူ သက်ဆိုင်သူ တစ်ဦးချင်းအပေါ် မူတည်ပေသည်။ စာတစ်ကြောင်းကို ဖတ်ပြီးနောက် မိမိကိုယ်မိမိ ဆင်ခြင်တုံတရားဖြင့် ပြုပြင်ကြသူတွေ အများအပြားရှိကြသည်။ စာတစ်ကြောင်းကိုဖတ်၍ မိမိဘဝအောင်မြင် တိုးတက်ရေး အတွက် အားဆေးတစ်ခွက်ပမာ ယုံကြည်ချက် ခံယူချက်ဖြင့် ကြိုးစားကြရာမှ အောင်မြင်မှုရရှိကြသူတွေလည်း ရှိကြသည်။
မည်သည့်လုပ်ငန်း တာဝန်မျိုးမဆို မိမိလုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားသူများသည် ကျွမ်းကျင်မှု အရည် အသွေး တောက်ပြောင်စေရန် အမြဲမပြတ် အားထုတ်ကြသူများသာဖြစ်သည်။ မိမိထမ်းဆောင်နေရသော လုပ်ငန်းတာဝန်သည် ဝါသနာနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွမ်းကျင်မှုရှိအောင် အာရုံစူးစိုက် လုပ်ကိုင်ကြရမည်သာဖြစ်သည်။
ယနေ့ခေတ်တွင် ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်များနှင့် နည်းပညာရပ်တို့သည် ကျယ်ဝန်းလှသည်။ သိမြင်စရာ၊ တတ်စရာတွေက များပြားလှသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှု လျင်မြန်သော ယနေ့ခေတ်ကြီးတွင် မိမိကတစ်နေရာတွင်တော့ ကျွမ်းကျင်စွာ စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရပေမည်။
သို့ဖြစ်၍ လူဖြစ်ရသည့်ဘဝတွင် အများအကျိုးဆောင်၍ မိမိအကျိုးအောင်စေသော အကြောင်းတရားများအနက် ဆင်ခြင်တုံ တရား လက်ကိုင်ထားကာ အများကစံပြုထိုက်သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြပါရန် စာ​ရေးသူမှ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။
Credit to မြဝတီိ
Welcome{ ​HERE } ​GO