Welcome{ HERE } GO
#1985ဖွားပါ
★ Facebook မရှိသေးဘူး။
★ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
★ Sim card 1 ကဒ်ကို အနည်းဆုံး
ဆယ့်ငါးသိန်းပေးဝယ်တောင် မရသေးဘူး။
★ ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။
★ ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။
★ အိပ်ယာဝင်ချိန်တွေ စောတယ်။
★ လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့ ဖတ်တယ်။
★ တစ်ဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေချရေးတယ်။
★ ရုပ်ရှင်ဆိုတာ လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။
★ သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။
★ TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး လွင်မိုးနဲ့ခိုင်သင်းကြည်။
★ TV Channel က MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊ ၉ နာရီမှာ
ကျန်ကျောင်းကား၊ လုရီကား ရင်ခုန်စွာ
ကြည့်ခဲ့ရတယ်။
★ လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတစ်လက်နဲ့ သမီးရည်းစား ပိုးပန်းကြတယ်။
★ ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။
★ ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။
★ ဆယ်ကျော်သက်အရွယ်မှာ လွန်းထားထား၊
လမင်းမိုမို၊ ပုညခင်၊ နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း
★ အကြည်တော် မင်းလူ တာရာမင်းဝေ မင်းခိုက်စိုးစန်
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင်
★ မင်းမြတ်သူရ ဆရာအောင်သင်း ဆရာဖေမြင့်
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
★ ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ…. ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။
★ မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ
★ ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတစ်ချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။
★ သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှုပြည့်ဝနေကြတယ်။
★ အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ ပြိုင်ဆိုင်လိုစိတ်
နည်းတယ် ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။
★ ဟိရိဩောတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း
★ သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ
★ တစ်ခါတစ်လေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။
ဒါတွေက တို့ရဲ့ ငယ်ဘဝတွေ ………
အဲ့ဒီအချိန်ကာလမှာ
လူတစ်ချို့ဆီကနေ အရောင်မပါ စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပီး
ရချင်မိသေးပါ့ရဲ့ …
#EminChit
Photo by သန့်လွှမ်းဝေချစ်
သရုပ်ဆောင် –
အ.ထ.က (၁) တောင်ငူ ၂၀၀၄-၂၀၀၅ မှ
ကျောင်သား/ကျောင်သူများ အမှတ်တရ
.
.
.
#ThatHtarKhin