ဘုရားရှင်​၏ဓာတ်​​တော်​​မွေ​တော်​များတည်​ရှိရာ​နေရာများ

 “မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ လေ့လာချက်”
*********************************

■  မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး၍ အလောင်းတော်ကို မီးပူဇော်သောအခါ
မြတ်စွာဘုရားရှင်၏ ဓာတ်­တော်များ (၁၆) ပြည် (တစ်တင်း) ကျွင်းကျန်ခဲ့ပါသည်၊၊

(1) စွယ်တော် (၄) ဆူ၊
(2) ညှပ်ရိုးတော် (၂) ဆူ၊
(3) နှဖူးသင်းကျစ်တော် (နှဖူးရိုး) (၁) ဆူ၊

စုစုပေါင်း (၇)ဆူသည် မူလပကတိအတိုင်း ကျန်ရစ်ခဲ့ပါသည်၊၊
ထို့ကြောင့် ပါဠိဝေါဟာရဖြင့် “အသမ္ဘိန္ဓ ဓာတ်တော်”ဟု ခေါ်ပါသည်၊၊
“အဝိပ္ပကိဏ္ဏဓာတ်တော်”ဟုလည်း ခေါ်ပါသည်၊၊

ကျန်သည့်သွားတော် အံသွားတော်များအပါအဝင် အရိုးတော်၊ အရေတော်နှင့်
သွေးတော်၊ အသား­တော်များသည် မူလပုံစံပျက်ယွင်းပြီး၊ အသွင်ပြောင်းလျက်
ကျွင်းကျန်ခဲ့ပါသည်၊၊ မူလပုံစံပျောက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကျန်ရစ်ခဲ့သည့်
ဓာတ်တော်များကို “ဝိပ္ပကိဏ္ဏဓာတ်တော်”ဟု ခေါ်ပါသည်၊၊

ဓာတ်တော် (၁၆) ပြည်ထဲမှ (၁၄) ပြည်သည် လူ့ပြည်တွင် တည်ရှိပါသည်၊၊
ကျန် (၂) ပြည်သည် နဂါး­ပြည်၊ “ရာမရွာ”တွင် “ဇယသေန-နဂါးမင်း”
သယ်ဆောင်ယူပြီး ပူဇော်ထားပါသည်၊၊

မူလပုံစံမှပြောင်းလဲပြီး ကျန်ရစ်ခဲ့သည့်ဓာတ်များသည်
ပုံစံအရွယ်အစား (၃) မျိုးကွဲပြီး၊ ဓာတ်တော်များအဖြစ် ကျန်ရစ်ခဲ့ပါသည်၊၊

(1)  မုန်ညှင်းစေ့ပမာဏ ဓာတ်တော် (အသေးဆုံးအရွယ်)၊
(2)  ဆန်ကြိုးစေ့ပမာဏ ဓာတ်တော် (အလတ်စားအရွယ်)၊
(3)  ပဲနောက်စေ့အခြမ်းပမာဏ ဓာတ်တော် (အကြီးစားအရွယ်) တို့ဖြစ်ကြပါသည်၊၊

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များသည် အရောင်မတူကြပါ၊ ဓာတ်တော်များသည်
အရောင် (၃) မျိုး ကွဲပြားလျှက် ကျွင်းကျန်ခဲ့ကြပါသည်၊၊ အရောင်များမှာ–

(1)  ရွှေရောင် (သုဝဏ ဝဏ)၊
(2)  ပုလဲရောင် (မုတ္တသဒိသာ)၊
(3)  နီသွေးသွေးအရောင်, မြတ်လေးပန်းအငုံရောင် (သုမန မကုလသဒိသာ) တို့
ဖြစ်ကြပါသည်၊၊

စွယ်တော် (၄) ဆူသည် ပကတိအတိုင်းကျန်ရစ်ခဲ့သည့် အထူးဓာတ်တော်များ
ဖြစ်ပါသည်၊၊ ယနေ့တိုင် တည်ရှိဆဲဖြစ်ပါသည်၊၊ စွယ်တော်မြတ်(၂)ဆူသည်
လူ့ပြည်တွင်တည်ရှိပြီး၊ ကျန်စွယ်တော် (၂) ဆူမှ (၁) ဆူသည် သိကြားမင်းမှ
ဆောင်ယူပြီး “တာဝတိံသာနတ်ပြည်”၊ “စူဠာမဏိစေတီ”တွင် ဌာပနာ ထားပါသည်၊၊
ကျန် (၁) ဆူကိုမူ “ဇယ­သေ­န­-နဂါးမင်း”မှဆောင်ယူပြီး၊ နဂါးပြည်တွင် ပူဇော်ထား
ပါသည်၊၊

“စွယ်တော်(၄)ဆူနှင့် တည်ရာအရပ်”
————————————-
(1) အထက်လက်ယာ (ညာဘက်အထက်) စွယ်တော်မြတ်သည်
တာဝတိံသာနတ်ပြည်တွင် တည်ရှိပါသည်၊
(2) အောက်လက်ယာ (ညာဘက်အောက်) စွယ်တော်မြတ်သည်
နဂါးပြည်တွင် တည်ရှိပါသည်၊၊
(3) အထက်လက်ဝဲ (ဘယ်ဘက်အထက်) စွယ်တော်မြတ်သည်
ဂန္ဓာရတိုင်း (တရုပ်ပြည်) တွင် တည်ရှိပါသည်၊
(4) အောက်လက်ဝဲ (ဘယ်ဘက်အောက်) စွယ်တော်မြတ်သည်
ကလိင်္ဂတိုင်း၊ အိန္ဒိယတောင်ပိုင်းတွင် တည်ရှိပါသည်၊၊

“ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်”
——————————————-
သာသနာဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ဘယ်ဘက်အထက်ပိုင်း
စွယ်တော်မြတ်သည် “ဂန္ဓာ­­ရတိုင်း”တွင် တည်ရှိပါသည်၊၊ ဂန္ဓာရတိုင်းသည်
အိန္ဒိယနိုင်ငံ၏ အနောက် မြောက်ဘက်၊ “ကက်ရှမီးယားနိုင်ငံ”တွင် တည်ရှိပါသည်။
အနောက်ပါကစ္စတန်နှင့် နယ်ခြင်းစပ်နေပါသည်၊ တူရကီ နိုင်ငံနှင့်လည်း အလွန်
နီးပါသည်၊၊ “ဗုဒ္ဓသာ­­သ­နိ­­က­­ပဌဝီ-ဝင်ကျမ်း”အလိုအရ “ဂန္ဓာရတိုင်း”သည်
“ကက်ရှမီးယား”­နှင့် တစ်စပ်တည်း တည်ရှိသည်ဟု ဆိုပါသည်၊၊ ဆိုလိုသည်မှာ
ဂန္ဓာရတိုင်းသည် ကက်ရှမီယားနိုင်ငံထဲတွင် တည်ရှိသည်ဟု ဖြစ်ပါသည်၊၊

တရုတ်ပြည်သည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက်တွင် တည်ရှိသောကြောင့်
ဂန္ဓာရတိုင်းသည် တရုတ်ပြည် မဟုတ်ကြောင်း သိသာပါသည်၊၊ သို့သော်
မြတ်စွာဘုရား၏စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်း၊ လက်ရှိ ကက်ရှမီးယားနိုင်ငံမှ
တနည်းနည်းဖြင့် တရုတ်ပြည် (စိန့်တိုင်း) သို့ ရောက်ရှိသွားဟန်ရှိပါသည်၊၊
မြတ်စွာဘုရားရှင်၏ လက်ထက်တော်က တရုတ်ပြည်ကို “စိနရဋ္ဌ=စိန့်တိုင်း”ဟု
ခေါ်ပါသည်၊၊ ကြွေထည်- လုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့် “စိနရဋ္ဌ”ဟု
ခေါ်ခြင်းဖြစ်ပါသည်၊၊ (စိန=ရွှံ့ ၊ ကြွေ)၊၊ ဂန္ဓာ­ရ­တိုင်း­နှင့် စိန­ရဋ္ဌတို့သည် သီးခြားစီ
ဖြစ်သောကြောင့် တရုတ်ပြည်သည် ယခင်က “စိနရဌ=စိန့်တိုင်း” မဖြစ်နိုင်ကြောင်း
သုံးသပ်နိုင်ပါသည်၊၊

မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ်က ရဟန္တာမထေရ်တပါးမှ
ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်ကို မီးပုံအတွင်းမှ ယူတော်မူပြီး၊ ဂန္ဓာရတိုင်း၏
မင်း ထံသို့ ကိုးကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊ သမိုင်းမှတ်တမ်းတချို့တွင်မူ တရုတ်ပြည်
နယ်စပ် “ရှေး­ဟောင်း­စေတီ­အပျက်ကြီးတစ်ဆူ”အထဲမှ ဘာသာစကား(၃)မျိုးနှင့်
ကမ္ဗည်း­ထိုးထားသည့် စွယ်တော်အစစ်ကို တရုတ်လူမျိုးများက ရရှိထားခြင်း
ဖြစ်သည်ဟု ဆိုပါသည်၊၊

“ဘယ်­ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”
———————————————
မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ် “ရဟန္တာ-အရှင်ခေမာ”မှ
မီးပုံအတွင်းမှ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”ကို တန်ခိုးတော်ဖြင့်
ဆောင်ယူပြီး ကလိင်္ဂ­တိုင်း၊ “ဗြဟ္မဒတ္တမင်း”ထံသို့ ကိုးကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊ 

မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”သည် မူလက
“ကလိင်္ဂတိုင်း”တွင် တည်ရှိပါသည်၊၊ ကလိင်္ဂတိုင်းသည် လက်ရှိ အိန္ဒိယနိုင်ငံ
တောင်ပိုင်း၊ ကမ်းရိုးတန်းဒေသ၊ “ဘုံဘေမြို့”၏ အရှေ့ဘက်တွင် တည်ရှိပါသည်၊၊

 မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီး၊ နှစ်ပေါင်း (၆၃၀)ခန့် ကြာသောအခါ
“ကလိင်္ဂတိုင်း”ကို “ဂုဟသီဝမင်း” အုပ်ချုပ်ပါသည်၊၊ ဗုဒ္ဓဘာသာ အလွန်အားနည်း
သည့် အချိန်ဖြစ်ပါသည်၊၊ ဂုဟသီဝ မင်းကြီးသည် “စစ်ဖြစ်၍ ကျရှုံးခဲ့လျင် စွယ်တော်
မြတ်ကို လျှို့ဝှက်ယူဆောင်ပြီး၊ သီဟိုဠ်ကျွန်း သို့ ထွက်ပြေးရန်”­ သ္မီးတော် –
ဟေမမာလာ အား မှာကြားထားပါသည်၊၊

“ဟေမမာလာမင်းသမီး”သည် ကြင်ယာတော်-ဒန္တမင်းသားနှင့်အတူ ခမည်းတော်
မင်းကြီးမှာကြားသည့် အတိုင်း သီဟိုဠ်ကျွန်းသို့ စွယ်တော်မြတ်အား ဆံထုံးကြားတွင်
ဝှက်ယူလာပြီး၊ “သီရိမေဃဝဏ္ဏမင်း” အား ဆက်သခဲ့ပါသည်၊၊ ဤသို့သောနည်းဖြင့်
မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော် မြတ်”သည် သီဟိုဠ်ကျွန်း
(သီရိလင်္ကာနိုင်ငံ)သို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တိုင် အများပြည်သူတို့ ဖူးမျှော်
ကြည်ညိုနိုင်ပါသည်၊၊

“ညာဘက်ညှပ်ရိုးတော်”
————————-
ညှပ်ရိုးတော် (၂) ဆူမှ “ညာဘက်ညှပ်ရိုးတော်”သည် သီရိလင်္ကာနိုင်ငံ၊
“ထူပါရာမစေတီ”တွင် ဌာပနာ ထားပြီး ယနေ့တိုင် စေတီတော်ကို ဖူးမျှော်ကြည်ညို
နိုင်ပါသည်၊၊ (B.C.2) ရာစုတွင် သီရိလင်္ကာ နိုင်ငံသို့ မြတ်စွာဘုရားရှင်၏ သာသနာ
တော် စတင်ရောက်ရှိပါသည်၊၊ ပထမဆုံး သာသနာပြုမင်း ဖြစ်သော
“ဒေဝါနံပီယတိဿမင်း”သည် ထူပါရာမစေတီကို တည်ပြီးသောအခါ
“အရှင်မဟိန္ဒမထေရ်”အား မြတ်စွာဘုရားရှင်၏ ဓာတ်တော်အစစ်ရလိုကြောင်း
လျောက်ထားပါသည်၊၊

ရဟန္တာဖြစ်တော်မူသော “အရှင်မဟိန္ဒ”သည် တူတော်အရင်း ရဟန္တာ-ကိုရင်သုမန
အား တာဝတိံသာ နတ်ပြည်၊ သိကြားမင်းထံမှ မြတ်စွာဘုရားရှင်၏ ဓာတ်တော်
ပင့်ဆောင်ရန် စေလွှတ်ခဲ့ပါသည်၊၊ “သုမန သာမဏေ”သည် တာဝတိံသာနတ်ပြည်
သိကြားမင်းထံကြွပြီး ဓာတ်တော်အလှူခံသောအခါ “သိကြားမင်း”သည်
“ညာဘက်ညှပ်ရိုးတော်”ကို လှူဒါန်းလိုက်ပါသည်၊၊

အဘိုး-သီရိဓမ္မာသောကမင်းကြီးထံမှ မြတ်စွာဘုရားရှင်၏ ဓာတ်တော်များနှင့်အတူ
“ညှပ်ရိုးတော်”ကို “ဒေဝါနံ­ပီယတိဿမင်း”ထံ ပေးအပ်ခဲ့ပါသည်၊၊ မင်းကြီးသည်
ညှပ်ရိုးတော်နှင့် အခြားသောဓာတ်တော် များကို “ထူပါရာမစေတီ”ကို တည်ထား
ကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်၊၊

“ဘယ်ဘက်ညှပ်ရိုးတော်”
—————————
ဓာတုဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ကျန်သော
“ဘယ်ဘက်ညှပ်ရိုးတော်”သည် “ဗြဟ္မ­ပြည်”တွင် တည်ရှိသည်ဟု လေ့လာရပါသည်၊၊
အချို့က သီရိလင်္ကာနိုင်ငံ၊ “မဟိယင်္ဂဏ­စေတီ”­တွင် “ဘယ်ဘက် ညှပ်ရိုးတော်”
တည်ရှိသည်ဟု ဆိုကြပါသည်၊ မမှန်ပါ၊၊ မဟိယင်္ဂဏစေတီတွင် မြတ်စွာဘုရားရှင်၏
“လည်ရိုးတော်”ကို ဌာပနာထားကြောင်း “မဟာဝံသကျမ်း” တွင် “ဂီဝဋ္ဌိံ” ဟု
အတိအကျ ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ ဂီဝါ-ပုဒ်သည် “လည်ပင်း”ဟု
အဓိပ္ပါယ်ရပါသည်၊၊ “ဂီဝဋ္ဌိံ”ဟု “မဟာဝံသကျမ်း”တွင် ဖော်ပြထားသောကြောင့်
“လည်ပင်းရိုး”ကို ဌာပနာထားကြောင်း သိရပါသည်၊၊

မြတ်စွာဘုရားရှင်သည် သီရိလင်္ကာသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင်
ကြွတော်မူခဲ့ပါသည်၊ အနာဂတ်အချိန်ကာလတွင် သာသနာတော်စည်ပင်ပြန့်ပွားမည့်
ဒေသဖြစ်ကြောင်း သိမြင်တော်မူသောကြောင့် စစ်တိုက်နေသော ဘီလူးများ၏
အလယ် ကောင်းကင်ထက်တွင် ရပ်တော်မူလျက် ဘီလူးများအား စစ်ပြေငြိမ်းစေ
တော်မူပြီး၊ တရားတော်များ ဟောကြားတော် မူခဲ့ပါသည်၊၊

မြတ်စွာဘုရားရှင် တရားဟော်တော်မူသည့် ပလ္လင်တော်နှင့်၊ ဆံတော်များကို
ဌာပနာပြီး၊ “မဟာသုမန-နတ်မင်း”မှ မဟိယင်္ဂဏစေတီကို တည်ဆောက်ခဲ့ခြင်း
ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်း
စဉ် “ရဟန္တာ သရဘူမထေရ်”မှ မြတ်စွာဘုရားရှင်၏ “လည်ရိုးတော်”ကို မီးပုံအတွင်းမှ
တန်ခိုးတော်ဖြင့် ဆောင်ယူလာပြီး၊ “မဟိယင်္ဂဏစေတီ”အထဲတွင် ထပ်မံထည့်သွင်း
ဌာပနာထားခြင်း ဖြစ်ပါသည်၊၊

“နှဖူးသင်းကျစ်တော်”
———————–
“နလာဋဓာတုဝံသကျမ်း”အလိုအရ မြတ်စွာဘုရားရှင်၏ “နှဖူးသင်းကျစ်တော်”ကို
သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၊ ရောဟနဒေသတွင်ရှိသော “တိဿမဟာရာမ
စေတီတော်”တွင် ဌာပနာထားသည်ဟု လေ့လာရပါသည်၊၊

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအားလုံးကို သီရိဓမ္မာသောကမင်းကြီးသည်
မူလဓာတ်ပေါင်းချုပ် စေတီတော်ကြီးထဲမှ ထုပ်ဆောင်ပြီး၊ အိန္ဒိယတွင် စေတီတော်
ပေါင်း(၈၄၀၀၀)နှင့်၊ သီရိလင်္ကာနိုင်ငံမှ မြောက်များစွာသော စေတီတော်များ
အထဲတွင် ဌာပနာခဲ့ကြောင်း သိရပါသည်၊၊

သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွလာသည့် “အရှင်မဟိန္ဒ၊ သင်္ဃမိတ္တာထေရီ”တို့
သည် သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့် သ္မီးတော်အရင်းဖြစ်ပါသည်၊၊
မင်းကြီးသည် သားတော်နှင့် သ္မီးတော်တို့မှ တဆင့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်တော်
များကို နေရာအနှံ့စေတီတော်ကြီးများအထဲတွင် လှူဒါန်း ဌာပနာခြင်း ဖြစ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် သာသနာတော်စတင်ရောက်သည့်အချိန်မှစတင်ပြီး
ယနေ့တိုင် သာသနာ အဆက်မပြတ်ခဲ့သောကြောင့် သမိုင်းကျမ်းများအတိအကျ
ကျန်ရှိပြီး၊ စေတီတော်ကြီးများမှာလည်း ဌာပနာထားသည့်ဓာတ်တော်အမည်များနှင့်
အတူ အခိုင်အမာသိရခြင်း ဖြစ်ပါသည်၊၊

မြန်မာနိုင်ငံတွင် စွယ်တော်စေတီများ တည်ထားကိုးကွယ်ကြပါသည်၊
ထိုစေတီတော်များတွင် ဌာပနာသည့် စွယ်တော်များမှာ “သီရိလင်္ကာနိုင်ငံစွယ်တော်”
နှင့် “တရုပ်ပြည်စွယ်တော်”တို့မှ ပွားယူပြီး တည်ထားကိုးကွယ်ကြခြင်း ဖြစ်ပါသည်။
“စွယ်တော်ပွား”ဟု ခေါ်ကြပါသည်၊၊

အနှစ်ချုပ်သုံးသပ်လျင် မြတ်စွာဘုရားရှင်၏ မပျက်မစီးဘဲ မူလအတိုင်းတည်ရှိသည့်
ဓာတ်တော်(၇)မျိုး မှ “စွယ်တော်တစ်ဆူ၊ ညှပ်ရိုးတော်တစ်ဆူ၊ နှဖူးသင်းကျစ်တော်
တစ်ဆူ”တို့သည် သီရိလင်္ကာနိုင်ငံတွင် ကိန်းဝပ်စံတော်မူလျက်ရှိပါသည်၊၊
အခြားသော ဓာတ်တော်မြောက်များစွာတို့သည်လည်း သီရိလင်္ကာ နိုင်ငံတွင်
ကိန်းဝပ်စံပယ်တော်မူလျက်ရှိကြောင်း သမိုင်းကျမ်းအထောက်အထား
အခိုင်အမာဖြင့် သိရပါသည်၊၊

ပါဠိမှတ်တမ်းတင် သမိုင်းကျမ်းအထောက်အထားအတိအကျဖြင့်
တန်ခိုးကြီးစေတီတော်ကြီးများကို ဖော်ပြလိုက်ပါသည် —

(1) စွယ်တော် (ကန္ဒီမြို့)၊

(2) ညှပ်ရိုးတော်-ထူပါရာမစေတီ (အနုရာဓပူရမြို့)၊

(3) မဟာဗောဓိပင် (အနုရာဓပူရမြို့)၊

(4) နှဖူးသင်းကျစ်တော်-တိဿမဟာရာမစေတီ
(ကိုလံဘိုတောင်ပိုင်း၊ ရောဟနဒေသ)၊

(5) လည်ရိုးတော်-မဟိယင်္ဂဏစေတီ (မဟိယင်္ဂဏမြို့)၊

(6) လင်းလွန်းပင်စေတီ-ရာဇာရတနစေတီ (နာဂဒီပ၊ ဂျဖ္ဖနာမြို့)၊

(7) ကလျာဏီစေတီ (ကိုလံဘိုမြို့)၊

(8) ခြေတော်ရာတောင် (စရီပါဒ)၊၊

ဖော်ပြခဲ့သည့် အထင်ကရဓာတ်တော်များ တည်ရှိရာနေရာ(၈)ခုသို့
ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ လာရောက် ဖူးမျှော်ကြည်ညိုသင့်လှပါသည်၊၊
အခြားသောထူးခြားသည့် ဆင်းတုတော်ကြီးများ၊ သမိုင်းဝင်နေရာများ၊ ဧရာမကြီးမား
သည့် စေတီတော်ကြီးများလည်း အလွန်များပြားစွာ တည်ရှိပါသည်၊၊ (၉)­ရက်ခန့်
အချိန်ယူဖူးမျှော်လျင် ဖော်ပြပြီးနေရာအားလုံးနီးပါး ပြည့်စုံနိုင်ပါသည်၊၊

(သီရိလင်္ကာနိုင်ငံ ဘုရားဖူးသူတော်စဉ်များနှင့် အများပြည်သူများအတွက်
ယ္ခုစာတမ်းငယ်ကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်၊၊ အမှားတွေ့ရှိလျင်
အပြစ်မတင်ဘဲ အကြံပြုဆွေးနွေးကြဖို့ မေတ္တာရပ်ခံအပ် ပါသည်၊၊)

မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံပေါင်းများစွာမှ ဘုရားဖူးများဖြင့်
ရာသီမပြတ်စည်ကားနေသည့် အိန္ဒိယ­သမုဒ္ဒရာအတွင်းမှ ကျွန်းငယ်လေးတစ်ခု
ဖြစ်သော လင်္ကာဒီပကျွန်း၊ သီဟိုဠ်ကျွန်း၊ တမ္ဗပဏ္ဏိ ကျွန်းဟု အမည်အမျိုးမျိုးခေါ်သော
သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များအတွက် အထူး လာရောက်
သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း အသိပေးလျှက် စာတမ်းကိုအဆုံးသတ်လိုက်
ရပါသည်၊၊ ကျန်းမာ ချမ်းသာကြပါစေ..၊၊       ၊၊

[ကျမ်းကိုး/ ပါရာဇိကဏ္ဍအဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်၊ ဒီဃနိကာယ်၊
ဗုဒ္ဓဝံသပါဠိ၊ မဟာဝံသ၊ ထူပဝံသ၊ ဒီပဝံသ၊ နလာဋဓာတုဝံသ၊ ဓာတုဝံသ၊ ဒါဌာဝံသ၊
သမန္တစက္ခုဒီပနီကျမ်း-ပံ-၂၉၆၊ ဗုဒ္ဓသာ­သ­နိ­က­ပဌ၀ီဝင်ကျမ်း –
တောင်ပေါက်ဆရာတော်၊ ဗုဒ္ဓ၏ သီရိလင်္ကာခရီး-အရှင်ကေလာသ၊
ဓာတုဝိဘဇန­သုတ်၊ သီတဂူဆရာတော်၊၊

(ဓာတ်တော်မွေတော်ပုံများကို အခြားနေရာမှ ကူးယူဖော်ပြပါသည်)

Post များကိုစု​ပေါင်း၍ထားပါသည်​။
CD-

Myo_n_t

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

ဖုန်း/ကွန်​ပျုတာနဲ့လက်​​တောပ့်​​တွေမှာပါဝင်​တဲ့RAMအ​ကြောင်း

RAM ဆိုတာ ဘာလဲ ????
*********************
Random Access Memory or RAM ဟာ ဒတ်စတော့ ပီစီများ၊ လက်ပ်တော့ပ်များ၊ တက်ဘလက်များ၊ စမတ်ဖုန်းများနဲ့ ဂိမ်းစက်များအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ သူသာ မပါရင် အဲဒီ အီလက်ထရောနစ် ပစ္စည်းများကို သုံးတဲ့ အခါမှာ အလွန် နှေးကွေးနေမှာ ဖြစ်ပါတယ်။ App များ၊ ဂိမ်းများကို ဖွင့်လို့ မရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

RAM ဟာ ဘာလဲလို့ မေးရင် သင့် ကွန်ပြူတာ၊ စမတ်ဖုန်းက လက်ရှိနဲ့ အနာဂတ်မှာ လိုအပ်တဲ့ သတင်းအချက်အလက်များကို ခဏတာ သိမ်းပေးထားတဲ့ အလွန်လျှင်မြန်တဲ့ ကွန်ပြူတာ မန်မိုရီ အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ သူဟာ သတင်းအချက်အလက်များကို ကြာရှည်စွာ သိမ်းပေးထားတဲ့ Hard Drive လို Storage များနဲ့ ကွဲပြားပါတယ်။

Short-Term Memory
RAM ဟာ System ရဲ့ Short-Term Memory လို့ အဓိပ္ပါယ်ဖွဲ့နိုင်ပါတယ်။ သူက အကြောင်းအရာ အသစ်များကို လျှင်မြန်စွာ လေ့လာသင်ယူနိုင်ပြီး သင့်ရဲ့ ၀က်ဘ်ဘရောက်စာ၊ သင်သုံးနေတဲ့ ဓါတ်ပုံ တည်းဖြတ်တဲ့ ဆော့ဖ်ဝဲ ၊ သင် ကစားနေတဲ့ ဂိမ်းများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များအားလုံးကို Load လုပ်နိုင်ပါတယ်။ အဲဒီအတွက် အသုံးပြုရာမှာ လျှင်မြန်စေပါတယ်။ Hard Drive , Solid State Drive များမှာလို RAM မှာ သတင်းအချက်အလက်များကို ရှာဖွေစရာ မလိုပါဘူး။ ဘရောက်စာမှာ Tab အသစ်တစ်ခုဖွင့်တိုင်း၊ အလုပ်တစ်ခုလုပ်တိုင်း သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို သူက ပြသပေးမှာ ဖြစ်ပါတယ်။
RAM ဟာ သင့်ရဲ့ စနစ်နဲ့ နက်ရှိုင်းစွာ ဆက်သွယ်ထားတာကြောင့် သူ့ထံမှ ဒေတာများကို နေရာတိုင်းကနေ အလွန် လျှင်မြန်စွာ ရယူနိုင်ပါတယ်။ Short-Term Memory ဖြစ်တဲ့အတွက် ဒေတာများကို အမြဲ သိမ်းပေးထားမှာ မဟုတ်ဘဲ အလုပ်အသစ်လုပ်တိုင်း ဒေတာ အသစ်များကို သိမ်းပေးမှာ ဖြစ်ပါတယ်။ ဒါကို ကွန်ပြူတာ နယ်ပယ်မှာ Volatile လို့ ခေါ်ပြီး ပါဝါ ပိတ်လိုက်တာနဲ့ သူမှတ်သားထားသမျှကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ အလုပ်များစွာကို လျှင်မြန်စွာ ပြုလုပ်နိုင်ဖို့အတွက် သူက အရေးပါပါတယ်။
RAM အမျိုးအစားများ
RAM ဟာ မန်မိုရီလိုပဲ Term များစွာကို ခြုံငုံထားပြီး အမျိုးအစားများစွာ ရှိပါတယ်။ DRAM (dynamic random access memory), SDRAM (synchronous dynamic random access memory) စသဖြင့် မတူညီတဲ့ အခေါ်အဝေါ်များစွာ ရှိပါတယ်။ အခေါ်အဝေါ်နဲ့ အမျိုးအစားများ ကွဲပြားနေပေမယ့် သူ့ရဲ့ အခြေခံ အလုပ်က တူညီပါတယ်။
အများဆုံး တွေ့ရတဲ့ RAM အမျိုးအစားကတော့ DDR4 ဖြစ်ပြီး အခြား စက်အဟောင်းများမှာတော့ DDR2, DDR3 များကို အသုံးပြုထားကြပါတယ်။ ကိန်းဂဏန်း ပိုမိုကြီးမားခြင်းဟာ ပိုမို လျှင်မြန်တဲ့ megahertz(MHz) အဆင့်ကို ဖော်ပြနေပါတယ်။ Generation တစ်ခုချင်းစီမှာ Physical ပိုင်းအရ ပြောင်းလဲမှုများလည်း ရှိပါတယ်။
ဗီဒီယို ဂိမ်း နယ်ပယ်မှာတော့ VRAM or Video RAM ကို အသုံးပြုကြပါတယ်။ VRAM ဟာ Graphic Chip အတွက် မန်မိုရီ သို့မဟုတ် Graphics Card မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် Graphics DDR SDRAM သို့မဟုတ် များသောအားဖြင့် GDDR လို့ ခေါ်ကြပါတယ်။ ခေတ်ပေါ် Graphics Card များမှာ GDDR 5 ကို အသုံးပြုကြပြီး အချို့မှာတော့ GDDR5X ကို စံနှုန်းအဖြစ် သုံးထားကြပါတယ်။ နောက်ထုတ်မယ့် မျိုးဆက်သစ်များမှာ GDDR6 လို့ ခေါ်ဆိုကြမှာပါ။
အချို့ ဂရပ်ဖစ် ကဒ်များမှာ High-Bandwidth-Memory (HBM , HBM2) လို့ ခေါ်တဲ့ မတူညီတဲ့ အမျိုးအစားကို အသုံးပြုထားကြပါတယ်။ သူတို့ဟာ ဈေးနှုန်းကြီးမားပြီး စွမ်းဆောင်ရည် အပိုင်းမှာ အားသာချက် အချို့ရှိကြပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု အပိုင်းမှာ အခက်အခဲများ ရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် မသုံးကြပါဘူး။
RAM ပမာဏ
အီလက်ထရောနစ် ပစ္စည်းများ ၀ယ်တဲ့အခါမှာ RAM ပမာဏကို အဓိက စဉ်းစားကြပါတယ်။ RAM ပမာဏကို gigabytes or GB ဖြင့် ဖော်ပြကြပြီး များသောအားဖြင့် 1GB နဲ့ 8GB အကြားမှာ ရှိကြပါတယ်။ RAM ပမာဏများလေ Multitasking ကို ပိုမို ကောင်းစွာ ပြုလုပ်နိုင်လေ ဖြစ်ပါတယ်။ CPU မှာလိုပဲ RAM ကိုလည်း Clock Speed ဖြင့် တိုင်းတာကြပြီး သူက တစ်စက္ကန့်လျှင် ဒေတာ ပမာဏ ဘယ်လောက်များများကို ကိုင်တွယ်နိုင်မလဲ ဆိုတာကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ RAM ရဲ့ အမြန်နှုန်းကို megabyetes per second ဖြင့် တိုင်းတာကြပေမယ့် ရောင်းချတဲ့ အခါမှာတော့ MHz ဖြင့် ဖော်ပြကြပါတယ်။
များသောအားဖြင့် DDR4 Memory ဟာ 2133MHz ၀န်းကျင်မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် 4000MHz အထိ အလုပ်လုပ်တဲ့ DDR4 အချို့လည်း ရှိပါတယ်။ အဲဒီ အမျိုးအစားများကို DDR4-2133 လို အမည်များဖြင့် ရောင်းချကြပါတယ်။ တစ်ခါတစ်လေမှာလည်း ရှုပ်ထွေးတဲ့ အမည်များဖြင့် ရောင်းချပေးကြပါတယ်။ ဥပမာအားဖြင့် DDR4-2133 PC4-17000 မှာဆိုရင် ၁၇၀၀၀ ဟာ ၂၁၃၃ ထက် MHZ Speed ဟာ ၈ လောက် ပိုမိုမြင့်မားတယ်လို့ ဆိုလိုတာပါ။
နောက်တစ်ခုကတော့ Channel များဖြစ်ပါတယ်။ ဒီနေ့ခေတ် မန်မိုရီ အများစုမှာ Dual-Channel များကို ရောင်းချပေးထားကြပါတယ်။ သူ့မှာ အမျိုးအစားနဲ့ အမြန်နှုန်း တူညီတဲ့ RAM Stick နှစ်ခုကို ထည့်သွင်းထားပြီး CPU’s Memory Controller ကို ပိုမို ပံ့ပိုးပေးနိုင်တဲ့အတွက် ပိုမို လျှင်မြန်ပါတယ်။ စွမ်းဆောင်ရည်မြင့် RAM များမှာ Channel ၃ ၊ ၄ ခု အထိပါလာကြပါတယ်။ လက်တွေ့မှာတော့ ပိုမိုများပြားတဲ့ Channel များပါတဲ့ RAM များဟာ နေ့စဉ် ကွန်ပြူတာ အသုံးပြုမှုများမှာ ထူးခြားတဲ့ စွမ်းရည်များ မရှိကြပါဘူး။
RAM ဟာ ဘယ်လောက် အရေးကြီးသလဲ ?
RAM ဟာ သင့် ဒတ်စတော့၊ တက်ဘလက်၊ စမတ်ဖုန်းများကို လျှင်မြန်စွာ အလုပ်လုပ်စေဖို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် RAM ပမာဏများခြင်းနဲ့ MHz မြင့်မားတိုင်း သင့် ကွန်ပြူတာကို အလွန်လျှင်မြန်စေတာ မဟုတ်ပါဘူး။
သင် ပြုလုပ်မယ့် အလုပ်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့ RAM ဟာ လုံလောက်ပါတယ်။ စနစ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေဖို့အတွက် CPU နဲ့ Graphics Card များကလည်း အရေးပါပါတယ်။ RAM ,CPU , Graphics Card များကို မျှတစွာ တွဲဆက်ထားမှသာ စက်ရဲ့ စွမ်းဆောင်ရည်ဟာ လျှင်မြန်မှာ ဖြစ်ပါတယ်။ Hard Drive များကို SSD များဖြင့် အဆင့်မြှင်ခြင်းဟာလည်း အရေးကြီးပါတယ်။
ခရက်​ဒစ်​​ပေးပါတယ်​ ©​ဝေယံ©

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား

…………………………..
သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့…ဟူသောမြန်မာစကားတို့၏.ရှေးစကားသည်..စိတ်သဘောထား..မြင့်မြတ်သူအချင်းချင်း
ပေါင်းသင်းနေထိုင်တတ်ကြသည်၊ ချစ်ခင်မြတ်နိုး ရိုသေလေးစားတတ်သည်ဟူသောအဓိပ္ပါယ်ကိုပြဆိုပေသည်။
ဤပြဆိုချက်သည်…ဣတိဝုတ်ပါဠိတော် ဓာတုသောသံသဒ္ဒနသုတ်လာ..ရဟန်းတို့သည် သတ္တဝါတို့နှင့်(စိတ်သဘောထား)အဇ္ဈသယ ဓာတ်အားဖြင့်သာလျင်.နှီးနှောကြကုန်၏.၊ညီညွတ်ကြကုန်၏..ဟူသောတရားနော်နှင့်ညီညွတ်လှပေသည်..။
  ယင်းသဘောတရားအရ..လူသားများသာမက နတ်ဗြဟ္မာတို့သည်လည်း မိမိတို့ သဘောကျနှစ်သက်၍ လေ့လာဆောင်ရွက်နေသည့် တရားတော်သုတ်တော်များကို လေ့လာဆောင်ရွက်သူတို့ကို ချစ်ခင်နှစ်သက်ကြမည်..ရိုသေလေးစားကြမည်မှာ ဓမ္မတာ သဘောတစ်ရပ်ပင်ဖြစ်ကြောင်းသိသာလှပေသည်။  
  ဤအချက်နှင့်စပ်လျဉ်း၍ အထောက်အထားအဖြစ် အာဠာဝကနတ်စစ်သူကြီးအကြောင်းကိုဖော်ပြပါအံ့။
  အာဠာဝီပြည်အနီးရှိညောင်ပင်ကြီး၌.အာဠာဝ.ကနတ်ဘီလူးကြီးထေိုင်သည်။နတ်ဘီလူးကြီးသည်အလွန်ကြမ်းတမ်းခက်ထန်.ဒေါသမာန်ကြီးလှသည်..ဗုဒ္ဓရှင်တော်ဘုရားသည်ယင်း..
အာဠဝကနတ်ဘီလူးကို.ခြေချွတ်ရန်ဘီလူး၏ ဘုံဗိမာန်သို့ ကြွတော်မူ၍ အာဠဝကဘီလူး၏..
နေရာပေါ်သို့ သီတင်းသုံးစံနေတော်မူသည်၊ယင်းသို့ကြွရောက်စံနေနော်မူသည်မှာ.အာဠဝက.ကနတ်သဘင်အစည်းအဝေး သွားနေခိုက်ဖြစ်ပေရ.အာဠဝကဘီလူး၏ မောင်းမမိဿံ အခြံအရံတို့သည်..ကြွလာတော်မူသည့်မြတ်စွာဘုရားအားရှိခိုးပူဇော်ကြသည်၊ဝတ်ပြုကြသည်။
ယင်းသို့သောအခြေအနေကိုနတ့သဘင်အစည်းအဝေးမှ..န်ြလာသောအာဠာဝကက..မြင်တွေ့သောအခါ မခံမရပ်နိုင် ယမ်းပုံမီးကျဟုန်းဟုန်းထလျက်.ဒေါသအကြီးအကျယ်ဖြစ်၍..လက်နက်မျိုးစုံသုံးစွဲကာတိုက်ခိုက်သည်။မြတ်စွာဘုရားအားမထိခိုက်ဘဲ  ဖူးမြော်ပူဇော်သကဲ့သို့သာဖြစ်လေသည်။
အာဠဝကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်းဖြင့်တိုက်ခိုက်မရသောအခါ..အနုနည်းဖြင့်တိုက်ခိုက်မည်ဟုဆုံးဖြတ်ပြီး မြတ်စွာဘုရားအား.ခက်ခဲသောပုစ္ဆာ ၁၃ ချက်ကိုမေးသည်…အမှန်ကိုဖြေနိုင်လျင်..ဖြေ…မဖြေနိုင်လျင် အရူး  အသေ နှစ်ထွေသောအပြစ်ကိုခံရမည်..ဟုလည်းခြိမ်းခြောက်သည်။
အာဠဝက မေးလျောက်သည့် ပုစ္ဆာ ၁၃ချက်တို့မှာ…
၁။ ဤ ကမ္ဘာလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကားအဘယ်နည်း။
၂။ ကောင်းသောအလေ့အကျင့်တို့တွင် အဘယ်ကောင်းသောအလေ့အကျင့်သည် ချမ်းသာကိုဆောင်သနည်း။
၃။အရသာတို့တွင် အဘယ်အရသာသည် …
   အလွန့်အလွန် ချို မြိန်သောအရသာ ဖြစ်သ..
   နည်း။
၎။ အသက်မွေးမှုတို့တွင် အဘယ်သို့သော….
   အသက်မွေးမှုကို မြတ်သော အသက်မွေးမှု
   ဟု ဆိုသနည်း။
၅။ အဘယ်ဖြင့် သံသရာဝဲသြဃကို ကူးမြောက်
   နိုင်သနည်း။
၆။ အဘယ်ဖြင့် သံသရာပင်လယ်ကိုကူး….
    မြောက်နိုင်သနညိး။
၇။ အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်.
   သနည်း။
၈။ အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်..
   သနည်း။
၉။ အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို
   ရနိုင်သနည်း။
၁၀။ အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်
     သနည်း။
၁၁။ အဘယ်အကြောင်းကြောင့် ကျော်စောထင်
      ရှားခြင်းသို့ရောက်နိုင်သနည်းယ
၁၂။ အဘယ်အကြောင်းဖြင့် မိတ်ဆွေကိုဖွဲ့နိုင်..
    သနည်း။
၁၃။ အဘယ်အကြောင်းဖြင့် နောင်ဘဝ၌.မစိုး
      ရိမ်ရသနည်း။…
ဟူသည်တို့ ဖြစ်ပေသည် ။…

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

အလွယ်​ Hotpot ချက်​နည်း

ဟင်းရည်​ချက်​နည်း
====================

.ကြက်​ရိုး.၅၀သားခန့်​ ကို ​ရေသန့်​ ၄လီတာကိုဆူ​အောင်​တည်​ပြီးပြုတ်​ပါ။အရသာအဖြစ်​ ..ဆား ထမင်းစားဇွန်​ ..ကြက်​သားမှူန့်​ ထမင်းစားဇွန်းတဇွန်​.ခွဲ
ကြက်​သွန်​ဖြူ…၅မွှာ
ဂျင်း လက်​မခန့်​တစ်​တုံး
စသည်​တို့ထည့်​ပြီး ကြက်​ရိုးနူးသည်​ထိပြုတ်​ပြီး ရရှိလာ​သောအချိုရည်​ကို..မိမိနှစ်​သက်​ရာ..ကြာဇံ+ အသားငါးများနှင့်​အသီးအရွက်​များထည့်​ပြုတ်​ပြီးသုံး​ဆောင်​နိုင်​ပါတယ်​ရှင့်​ ချဉ်​စပ်​အရသာကြိုက်​ပါက ယိုးဒယား တုတ်​ယမ်းအနှစ်​ ပုလင်းကိုအသုံးပြီး ထမင်းစားဇွန်း၂ဇွန်းခန့်​ထည့်​ပြီး ချက်​စားလို့ရပါတယ်​ရှင်​။

အချဉ်​ရည်​လုပ်​နည်း
============
ကြက်​သွန်​ဖြူ..+ငရုပ်​သီးစိမ်း တို့ကို​ရောကြိတ်​ပြီး သကြား +ငံပြာရည်​+သံပုရာရည်​တို့ဖြင့်​​ရော​ဖျော်​ပြီးနံနံပင်​အနည်းငယ်​ညှပ်​ထည့်​ကာသုံး​ဆောင်​နိုင်​ပါပြီးရှင်​။

ခရက်​ဒစ်​Thida Lay Lay

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

နည်းပညာကို လေ့လာနည်း

နည်းပညာ လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။

အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။

ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။

ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။

ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက၊ မီတဲ့အတွဲကို အရင်ခိုတက်ရပါမယ်။ အဲဒီလို တက်လိုက်ပြီဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ အတွဲ (၂) ကို ရထားတွဲတစ်ခုကနေ တစ်ခုကို ပုံမှန်အတိုင်း လမ်းလျှောက်ပြီး သွားရင်တောင် ခဏနေရင် ရောက်ပါတယ်။ ဒီလိုပါပဲ အိုင်တီ နည်းပညာ ဟာလည်း အခုအချိန်မှာ တော်တော်ကြီး တိုးတက်နေပြီး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းသာ ပြေးလိုက်ရင်တော့ လိုက်လေ ဝေးလေဖြစ်ပြီး နောင်တစ်ချိန်မှာ အိုင်တီပညာကို လုံးဝစိတ်ကုန်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခုဘယ်လောက် တိုးတက် တိုးတက်၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပ်တဲ့ နည်းပညာမှန်သမျှကို လေ့လာပါ။ တစ်ချို့လူတွေရှိတယ် ဘာပဲ လုပ်လုပ် အခြေခံ ကျကျလုပ်လေ့ရှိတယ်။ အဲလိုလုပ်တာ နေရာတိုင်းတော့မကောင်းဘူးပေါ့။ ဟာသအနေနဲ့ ပြောရရင် ရေတွင်းတူးရင် အခြေခံကျကျဆိုပြီး အောက်ဆုံးကနေ တူးလို့မှ မဖြစ်တာ။ အဲဒီလိုလူတွေက သင်တန်းကို အရမ်းအားကိုးတယ်၊ သင်တန်းတက်မှ အခြေခံကျကျတတ်မယ်လို့ ခံယူထားတယ်။ အဲဒီ ခံယူချက်ကြောင့်ပဲ ကိုယ်တိုင် အားစိုက်ဖို့ မေ့နေတတ်ကြတယ်။ သင်တန်းမတက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ကယ့်လက်တွေ့မှာ ဘယ်သင်တန်း ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင် အားမစိုက်ရင် မတတ်ပါဘူး။ Computer နည်းပညာ မှာ အဲလိုခံယူချက်တွေရှိနေရင် တိုးတက်ဖို့ ခဲယဉ်းပါတယ်။ အိုင်တီ နည်းပညာေ တွအားလုံးက ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ဖန်တီးရတဲ့ နည်းပညာ တွေပါပဲ။

တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။

အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။

သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
၎။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။

၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။

ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။

၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။

သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။

၎။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။

ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။

၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။

ခရက်ဒစ်ဝေယံ

အွန်လိုင်းငွေရှာသူများအတွက်မြန်မာလိပ်စာဖြင့်Paypalအကောင့်ဖွင့်နည်း

မြန်မာပြည်လိပ်စာဖြင့် Paypal အကောင့်ဖွင့်နည်း

Myanmar IP Address ဖြင့် PayPal အကောင့်အား (၁၀) မိနစ်အတွင်း အလွယ်တကူ၍ Online Payment/ Online Shopping/ Online Business များအား ပြုလုပ်နည်း။ ယခုဖော်ပြမည့် နည်းလမ်းသည် မြန်မာနိုင်ငံမှ PayPal အကောင့်ပြုလုပ်၍ ငွေပေးချေခြင်း(Online Payment) ၊ ငွေလက်ခံခြင်း (Get Paid), အွန်လိုင်းတွင်ငွေရှာခြင်း (Online Business)၊ အွန်လိုင်းတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း (Online Shopping)၊ အွန်လိုင်းမှတဆင့် အလူငွေများ ထည့်ဝင်းခြင်း (Online Donation) စသည့် လုပ်ငန်းစဉ်များအတွက် လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ပါသည်။

ယခုဖော်ပြမည့်

နည်းလမ်အား မြန်မာနိုင်ငံ၏ မည်သည့် အင်တာနက်လိုင်းဖြင့် မဆို အသုံးပြု၍ ရပါသည်။ ပြည်တွင်း အင်တာနက်လိုင်းမျိုးစုံဖြင့် စမ်းသပ်ပြီး ဖြစ်ပါသည်။ PayPal တွင် အကောင့်အမျိုးအစား ၃ မျိုးရှိပါသည်။ 1. Personal Account – အင်တာနက်ပေါ်တွင် ငွေသုံးရန်၊ Personal payment များအား လက်ခံရန်အတွက် သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ 2. Premier Account – အင်တာနက်ပေါ်တွင် ငွေသုံးရန်၊ Online Business လုပ်ငန်းများမှ ငွေလက်ခံရန် Individual အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ 3. Business Account – Company များ၊ အသင်းအဖွဲ့များအတွက် ငွေပမာဏ များများ လက်ခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ ယခုဖော်ပြမည့် နည်းလမ်းသည် Premier Account ပြုလုပ်နည်း ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် PayPal – Premier Account ပြုလုပ်ထားခြင်းဖြင့် Online ပေါ်တွင် ငွေသုံးနိုင်သည့်အပြင် Online မှတဆင့်လဲ ငွေလက်ခံနိုင်ပါသည်။ Online Business များ ပြုလုပ်နိုင်ပါသည်။ PayPal Button၊ Shopping Cart စနစ်များအား မိမိတို့၏ Website များ အသုံးပြုနိုင်၍ ငွေလက်ခံနိုင်ပါသည်။ လူကြီးမင်းတို့အနေဖြင့် Paypal ဖြင့် လက်ခံထားသော ငွေများကို ငွေပြန်လည်ထုတ်ယူလိုပါက http://www.shwemoney.com သို့ ဆက်သွယ်၍ ငွေထုတ်နိုင်ပါသည်။ PayPal အကောင့် ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။ 1. Email address တစ်ခု (Paypal တစ်ခါမှ မဆောက်ဖူးသေးသော၊ Paypal ဖြင့် တစ်ခါမှ link မချိတ်ဖူးသော Email အသစ်ဖြစ်ရန် လိုအပ်ပါသည်။) 2. ShweMoney Virtual VISA Card တစ်ခု (Paypal နှင့် Link မချိတ်ဖူးသော၊ Paypal တွင် တစ်ခါမှ မသုံးဖူးသေးသော Card အသစ် ဖြစ်ရန် လိုအပ်ပါသည်။) (Note : ShweMoney Virtual VISA Card အား http://www.shwemoney.com တွင် အလွယ်တကူ လျှောက်ထားရရှိနိုင်ပါသည်။) ယခုဖော်ပြမည့် နည်းလမ်းအား အသုံးပြု၍ Myanmar IP ဖြင့် Paypal အကောင့်ပြုလုပ်ထားသူများသည် Online တွင် ငွေသုံးရာတွင် Paypal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုအပ်ပါ။ ShweMoney Virtual VISA Card ဖြင့် ချိတ်ဆက်ထားရန်သာ လိုအပ်ပါသည်။ Paypal မှတဆင့် Online ငွေအသုံးပြုမှု မှန်သမျှကို Virtual VISA Card ထဲမှ အလိုအလျောက် နုတ်ယူသွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အကြောင်းတခုခုကြောင့် PayPal Limited ဖြစ်သွားပါက PayPal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုသဖြင့် ငွေဆုံးရှုံးမှု ရှိမည် မဟုတ်ပါ။ ၁။ http://www.paypal.pl သွားရောက်ပါ။ Poland နိုင်ငံ Payal စနစ် ဖြစ်ရပါမည်။ Sign Up ပြုလုပ်ရန်အတွက် ညာဖက်အပေါ် ထောင့်စွန်းရှိ အပြာရောင် Button အား နှိပ်ပါ။

အထက်ပါ ပုံအား လေ့လာကြည့်ရှုပါက Poland Address လိပ်စာအား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ Address – 77 Dunn Rd City – Poland State – ME Postal code – 04274 – Poland Country ဖုန်းနံပါတ် code သည် +48 (0048) ဖြစ်ပါသည်။ ဖုန်းနံပါတ်အရေအတွက် (9) လုံး ရှိပါသည်။ ထို့ကြောင့် အထက်ပါ ပုံအား လေ့လာ၍ ဖုန်းနံပါတ်ထည့်သွင်းရာ၌ 0048207998xxx ဟုထည့်သွင်းရပါမည်။ Example … 0048207998775 . ၉။ အချက်အလက်များ ပြည့်စုံပြီးပါက PayPal အကောင့်အား ဆက်လက်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ PayPal တွင် လူကြီးမင်း၏အချက်အလက်အားထည့်သွင်းပေးပါ။ လိပ်စာနှင့် ဖုန်းနံပါတ်ကို အထက်ပါရှာဖွေခဲ့သည့်အတိုင်း ထည့်သွင်းပေးရပါမည်။ ထို့နောက် “Agree and Create Account” Button အား နှိပ်ပေးပါ။

၂၇။ ဤအဆင့်ပြီးစီးပါက Account Overview အား ပြန်သွားရန် “Go to Account Overview Page” အား နှိပ်ပေးပါ။ ၂၈။ လူကြီးမင်း Virtual VISA Card ၏ Statement သို့ Paypal မှ 4-digits code တစ်ခုပို့ပေးပါလိမ့်မည်။ ထို PayPal code သည် လူကြီးမင်း၏ VISA card statement တွင် PP*1234 ပုံစံဖြင့် ဖော်ပြပါလိမ့်မည်။ ၂၉။ ထို PayPal code အား လူကြီးမင်း၏ Card Statement ရရှိရန်အတွက် အနည်းဆုံး ၂ ရက်၊ ၃ ရက်ခန့် စောင့်စားရပါလိမ့်မည်။ စနေ၊ တနင်္ဂနွေ စသည့် ရုံးပိတ်ရက်ခံသော နေ့များတွင်း ၄ ရက်၊ ၅ ရက်ခန့် ကြာနိုင်ပါသည်။ ၃၀။ Myanmar နိုင်ငံ IP ဖြင့် PayPal အကောင့်ပြုလုပ်ခြင်းအား ယခုအဆင့်အထိ ပြီးစီးပါက Complete Verify မဖြစ်သေးသော်လည်း Paypal စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ၃၁။ ယခုအဆင့်ထိ ပြီးစီးပြီးပါက Online Website များတွင် ငွေပေးချေခြင်း၊ Online Shopping ပြုလုပ်ခြင်း၊ Online Donation ပြုလုပ်ခြင်း ကိစ္စရပ်များအား အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ ၃၂။ အထက်ပါ Online Website များတွင် ငွေသုံးခြင်း လုပ်ငန်းစဉ်များအတွက် PayPal Balance ထဲသို့ ငွေကြိုထည့်ထားစရာ မလိုအပ်ပါ။ ၃၃။ လူကြီးမင်းအနေဖြင့် Virtual VISA Card ဖြင့် ချိတ်ဆက်ပြီး ဖြစ်ပါ၍ လူကြီးမင်း၏ Card အတွင်းမှ ငွေအား PayPal မှ အလိုအလောက် နုတ်ယူသွားပါလိမ့်မည်။ ၃၄။ ထိုသို့ပြုလုပ်ရာတွင် လူကြီးမင်း၏ Virtual Visa Card အတွင်းတွင် ငွေလုံလောက်စွာ ရှိရပါမည်။ အနည်းဆုံး မိမိအသုံးပြုလိုသော ငွေထက် $2 USD လောက် ပိုရှိနေဖို့ လိုအပ်ပါသည်။ ဥပမာ- လူကြီးမင်း PayPal ဖြင့် အသုံးပြုသော ငွေပမာဏသည် $80 ဆိုပါက Virtual VISA Card အတွင်းတွင် အနည်းဆုံး $82 USD လောက် ရှိရန် လိုအပ်ပါသည်။ ၃၅။ သို့သော် Paypal အကောင့်အချင်းချင်း ငွေလွှဲခြင်း (Send Money) လုပ်ဆောင်ချက်နှင့် Online မှ ငွေလက်ခံခြင်း (Receive Money) လုပ်ဆောင်ချက်များအား ဆောင်ရွက်၍ မရသေးပါ။ ထိုလုပ်ဆောင်ချက်များအား ဆောင်ရွက်လိုပါက ဆက်လက်၍ Complete Verify ဆက်လုပ်ရန် လိုအပ်ပါသည်။ ၃၆။ ထို Complete Verify ပြုလုပ်ရန်အတွက် လူကြီးမင်း၏ ShweMoney Virtual VISA Card Statement အား www.shwemoney.com သို့ ဆက်သွယ်၍ Check Statement ပြုလုပ်ပါ။ Check Statement ပြုလုပ်ရန်အတွက် www.shwemoney.com/check-statement တွင် သွားရောက်၍ Statement Request ပြုလုပ်နိုင်ပါသည်။ ၃၇။ သတိပြုရန်မှာ – Paypal code သည် လူကြီးမင်း၏ Card Statement အတွင်းသို့ အနည်းဆုံး ၂-၃ ရက်စောင့်ပြီးမှ ရောက်ရှိလာမည် ဖြစ်ပါသည်။ ၃၈။ ShweMoney Virtual VISA Card ၀န်ဆောင်မှုမှ လူကြီးမင်း၏ Card Statement အား Email ဖြင့် ပေးပို့ပေးပါလိမ့်မည်။ ထို Statement တွင် PayPal Code ပါလာပါလိမ့်မည်။ ၃၉။ လူကြီးမင်းအနေဖြင့် PayPal Code ရရှိပြီးပါက လူကြီးမင်း၏ PayPal အကောင့်ထဲသို့ Login ၀င်ပါ။ ၄၀။ ထို့နောက် ညာဖက်ထောင့်ရှိ “Confirm my credit card” အား နှိပ်ပေးပါ။

ခရက်ဒစ်-မောင်ရွှေရိုး

Welcome{ HERE } GO