ဂျူး လူမျိုးများ​အောင်​မြင်​ရခြင်းအ​ကြောင်း

🔳 ဂျူးလူမျိုး တွေ ဘာလို့ အောင်မြင်တာလည်း 🔳✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

ဂျူး ( အစ္စရေး လူမျိုး ) တို့ဟာ အမျိုးမျိုး ဖိနှိပ်ခံခဲ့ ရပြီး တိုင်းပြည်ပျောက် သွားတဲ့အထိ ဆုံးရှုံးခဲ့ ပါတယ်။ အာဏာရှင်များ အကြမ်းဖက်မှု့ကြောင့် ဂျူးလူမျိုး တို့ အသက်ပေါင်း များစွာ စတေး ခဲ့ရ ပါတယ်။ ကမ္ဘာ့ လူဦးရေ ရဲ့ ၀.၂ ရာခိုင်နှုန်းသာ ရှိတဲ့ ဂျူးလူမျိုး ဟာ ကမ္ဘာ့ ဉာဏ် အကောင်းဆုံး လူမျိုးပါ။ နိုဘယ် ဆုရှင် ရဲ့ ငါးပုံ တစ်ပုံ၊ အမေရိကန် တက္ကသိုလ် ပါမောက္ခ ၃၀ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀ မှာ ၁၈ ဦး က ဂျူးလူမျိုးများ ဖြစ်ကြ ပါတယ် ။

ဒီလို အောင်မြင်ရတဲ့ အကြောင်းမှာ ကလေးများကို ပြုစု ပျိုးထောင်ခြင်း ဟာ အဓိက ကြတယ် လို့ သုတေသန များ အရ သိရ ပါတယ်။

ဂျူးလူမျိုး တွေက မိမိ ရင်သွေးငယ်များ ကို အရည်အချင်းပြည့်အောင် ၊ ထူးချွန် ထက်မြက်အောင် အခြားလူမျိုးများနဲ့မတူပဲ မဟာဗျူဟာကျကျ ထိန်းကျောင်း ပျိုးထောင်ပုံများကို လေ့လာကြည့် ရအောင်။

၁ – မိမိ ကိုယ်သာ အားကိုး ရပ်တည် စေခြင်း

ဂျူးစကားပုံ တစ်ခုက “ ကလေး အသက် ၅ နှစ် မှာ အရှင်သခင်၊ အသက် ၁၀ နှစ် မှာ သင့်ရဲ့ကျွန် ၊ အသက် ၁၅ နှစ် မှာ သင်နဲ့ တန်းတူ ” တဲ့။ ဆိုလိုတာက အသက် ၅ နှစ် အရွယ် ကလေး ကို မိဘများ က ချစ်မယ် ပျိုးထောင်မယ် ၊ ၁၀ နှစ် အရွယ် ရောက်ပြီဆို သူနိုင်တဲ့ တာဝန်ကို ပေးမယ် ၊ ၁၅ နှစ် ဆို ကိုယ်ပိုင်ဆုံးဖြတ် တတ်စေရမယ် တဲ့။

ကလေးကို ပိုးမွေးသလိုမျိုး ၊ အချစ်လွန်ကဲ သလိုမျိုး မွေးတာ ကာ ဆန့်ကျင်တဲ့ သဘော ဖြစ်နေတတ်ပါတယ်..

🔳စာအုပ်ချစ်တဲ့ ဓလေ့ မွေးမြူစေခြင်း..

ကလေးများ တတ်သိစအရွယ် မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို နမ်းရှုပ်စေပါတယ်။ စာအုပ် ဆိုတာ အလွန် ချိုမြိန်ကြောင်း နှစ်လိုဖွယ် ရှိကြောင်း သိစေတဲ့ သဘောပါ ။

ဂျူးမိသားစုတိုင်းမှာ ခေါင်းအုံးထက်မှာ စာအုပ်စင်ရှိပါတယ်..

၁၄ နှစ် အထက် ဂျူးကလေးများဟာ တစ်လ အနည်းဆုံး စာအုပ်တစ်အုပ် ပြီးအောင် ဖတ်လေ့ ရှိတယ် လို့ သုတေသန အရ သိရ ပါတယ်။

🔳ဉာဏ်ပညာ ကို အလေးထား ပျိုးထောင်စေခြင်း

မိခင် ဖြစ်သူ က သား ဖြစ်သူ အား “ သား ရဲ့ အိမ်မှာ တစ်ကယ်လို့ မီးလောင်မယ် ဆိုလျှင် ဘာကို ယူပြီး ထွက်ပြေးမလည်း ” လို့ မေးလေ့ ရှိပါ တယ်…

ကလေး က ရွှေတို့ ငွေတို့ ဖြေမယ် ဆိုရင် မိခင် က သေခြာ စဉ်းစားဦး အဲ့ဒီ ပစ္စည်း က အရောင် မရှိဘူး အနံ မရှိဘူး လို့ ပြောပါတယ်….

သား ဖြစ်သူ က ပညာ ဉာဏ် လို့ဖြေတဲ့ အထိ တဖြည်းဖြည်း လမ်းကြောင်း ပေးပါ တယ်…

ဉာဏ်ပညာ သာ အဓိက ကျကြောင်း ကလေး သိစေအောင်ပါ သင်ပြပေးကြ ပါတယ်..

🔳စာအုပ်တွေ အများကြီး တင်ထားတဲ့ “ လား ” မဖြစ်စေလို

ဂျူးလူမျိုးများဟာ ကလေးများကို ငယ်ငယ် ကတည်းက စာဖတ်တတ်အောင် သွန်သင်ပေး ကြတယ်။ စာဖတ်ခြင်းဟာ အတုယူခြင်းသာ ဖြစ်ပြီး ကိုယ်ပိုင် ဖန်တီးခြင်း နှင့်  အမျှော်အမြင် ရှိခြင်း တို့က အဓိက ကြတယ် ယူဆ ထားကြတယ် ။

ဗဟုသုတ ကြွယ်ပြီး ဘာမှာ့ မလုပ်တတ်သူ ကိုတော့ စာအုပ် ဝန်တင်တဲ့ “ လား ” လို့ စကားပုံ နဲ့ ခိုင်းနှိုင်း ကြ ပါတယ်

🔳အမှား ၊ အမှန် ကို စဉ်းစား တွေးခေါ် စေခြင်း

ဂျူးလူမျိုး တွေရဲ့ စကားပုံ တစ်ခုက “ တွေးခေါ်ခြင်း ဆိုတာ သံသယ နှင့် အဖြေ တို့ ပူးပေါင်းပြီး ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်..

ဘယ်သူ ပြောတာပဲ ဖြစ်ဖြစ် သံသယ အရင်ဝင် ခိုင်းတယ်။ သံသယဝင် မှာ့ပဲ အဖြေမှန် ထွက်တဲ့ သဘောသာဖြစ်ပါတယ်…(သံသယကနေ အဖြေရှာနည်း)

ကိုယ် တို့ ဆီက “ နာခံ မှာ့ လိမ္မာမယ် ” ဆိုတဲ့ အယူအဆ နဲ့ ကွဲလွဲ နေပါတယ် …

“ ယနေ့ လူငယ် နောင် အခါ လူကြီး ” ဆိုတဲ့ စကား အတိုင်း နောင်အခါ မှာ ထွန်းလင်း တောက်ပလာမဲ့ ကြယ်ပွင့်လေးများ ကို ထိန်းကျောင်း ပြုပြင်ရာ မှာ အထောက်အကူ ဖြစ်စေ မှာ ဖြစ်ပါတယ်..

Credit Dar Li
Welcome{ ​HERE } ​GO