Smartphone တစ်လုံးကို သက်တမ်း ****************************** အကြာကြီးခံအောင် ဘယ်လိုအားသွင်းကြမလဲ?

**********************************
FacebookViberWeChatWhatsAppEmail
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ Smartphone တွေရဲ့ Battery ပမာဏတွေက တဖြည်ဖြည်းပိုပြီး များလာတယ်ဆိုပေမယ့် အနည်းဆုံးတော့ တစ်ရက်ကို တစ်ခါတော့ အားပြန်သွင်းနေရပြီး တစ်ခါတလေ အသုံးများတဲ့သူဆိုရင် တစ်ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်အထိ အားသွင်းနေရပါတယ်။ Smartphone Battery တွေက ပြန်ပြီးအားသွင်းနိုင်တဲ့ အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိတဲ့အတွက် ဘယ်လိုမျိုးအားသွင်းတာက စိတ်ချရပြီး ဖုန်း Battery သက်တမ်းကို ကြာကြာခံစေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းကို 100% ပြည့်တာနဲ့ ဖြုတ်တာမျိုးမဟုတ်ပဲ ညဘက်တစ်ညလုံး (သို့) အချိန်အကြာကြီး အားသွင်းထားတာက ဖုန်း Battery ကို ထိခိုက်စေသလား ?

ကျွန်တော်တို့ လုပ်တတ်တဲ့အကျင့်တစ်ခုက ဖုန်းကို ညအိပ်ချိန်မှာ အားသွင်းပြီး အိပ်တာဖြစ်ပါတယ်။ ဒါက မနက်နိုးတဲ့အချိန်ကြရင် အားအပြည့်ရှိနေစေပေမယ့် ဖုန်းကိုရေရှည်မှာ ထိခိုက်လာနိုင်မှု ရှိ၊မရှိက စဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဖုန်းတွေရဲ့ Battery ဟာလွန်ခဲ့တဲ့နှစ်တွေထဲက အသုံးပြုလာခဲ့ကြတဲ့ Lithium ကို အခြေခံထားတဲ့ Battery တွေဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ Smartphone တွေရဲ့ Power Management ဟာအလွန်ကောင်းမွန်လာပြီး Lithium battery တွေရဲ့အားနည်းချက်ဖြစ်တဲ့ အားပြည့်သွားတဲ့အချိန်မှာ အပူအနေနဲ့ စွမ်းအင်ကိုစွန့်ထုတ်တာမျိုးကို ဖယ်ရှားလိုက်ပြီး ဖုန်းအားပြည့်သွားရင် အားသွင်းမှုကိုဖြတ်တောက်ပစ်လိုက်တဲ့အပြင် အားသွင်းကြိုးကလာတဲ့ Power ကို အဓိက Power source အနေနဲ့ပဲအသုံးပြုတော့တဲ့အတွက် တစ်ညလုံးအားသွင်းထားပြီး မနက်ကြရင်လည်း အားအပြည့်ရှိနေမှာဖြစ်ပါတယ်။

အဲ့ဒီတော့ ညဘက်အားသွင်းထားတာက Battery ကို မထိခိုက်နိုင်ပေမယ့် တစ်ခုရှိတာက Fast Charging ပါတဲ့ဖုန်းတွေဟာ အများအားဖြင့် အားသွင်းနေတုန်းမှာ ဖုန်းကပူလာတတ်ပါတယ်။ အပူချိန်မြင့်မားလာတာဟာ Battery သက်တမ်းကိုတိုစေတဲ့အဓိကအကြောင်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဖုန်းက Fast Charging ပါတယ်ဆိုရင် အားသွင်းရင်းဖုန်းသုံးတာကို လျော့ချသင့်ပါတယ်။ ဒါပေမယ့် OnePlus Dash Charge လို အားသွင်းစနစ်ကတော့ ဖုန်းကို အပူချိန်မတက်စေပဲ Adapter မှာပဲ အပူရှိတဲ့အတွက် အားသွင်းနေရင်းဖုန်းအသုံးပြုချင်တယ်ဆိုရင်လည်း အဆင်ပြေမှာပါ။

နောက်ထပ် သတိထားသင့်တဲ့အချက်တစ်ခုက တစ်ညလုံးအားသွင်းတဲ့အချိန်မှာ အားသွင်းခေါင်းက Original မဟုတ်ပဲ အခြားဈေးသက်သာတဲ့ အားသွင်းခေါင်းတွေနဲ့ အားသွင်းတာ၊ အားသွင်းတဲ့ မီးပလပ်ပေါက်က မီးအားအတက်အကျရှိတတ်တယ်ဆိုရင် အားမသွင်းသင့်ပါဘူး။ ဖုန်းမီးလောင်ပေါက်ကွဲမှုအများစုက ဝါယာရှော့ ဒါမှမဟုတ် Original မဟုတ်တဲ့ အားသွင်းကြိုးတွေနဲ့ အားသွင်းရာကနေ အများဆုံးဖြစ်တတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

ဖုန်း Battery လုံးဝကုန်သွားတဲ့အထိ သုံးပြီးမှ အားသွင်းသင့်သလား ?
**************************************************
ဒီနေရာမှာတော့ အရင်ဆုံးပြောသင့်တာက Li-Ion battery ပဲဖြစ်ဖြစ် Li-Po battery ပဲဖြစ်ဖြစ် အရင်တုန်းက Nickel battery တွေလိုမဟုတ်ပဲ Life Cycle ပိုပြီး ရှည်ကြာတဲ့အတွက် သက်တမ်းကြာကြာခံပါတယ်။ ပုံမှန်အားဖြင့်တော့ Battery Life Cycle ကို ထိန်းသိမ်းနိုင်အောင် ဖုန်းကို 20% အောက်ရောက်တဲ့အထိမသုံးပဲ အားသွင်းတဲ့အချိန်မှာလည်း 100% ပြည့်တဲ့ထိ မထားပဲနဲ့ 80/85% လောက်ထိပဲ အားသွင်းပြီး သက်တမ်းကို အနည်းငယ်ပိုခံအောင်ထိန်းသိမ်းလို့ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဖုန်းကို 100% အထိပြည့်အောင် သွင်းမယ်ဆိုရင်လည်း နှစ်အနည်းငယ်အထိ Battery ရဲ့ Capacity က သိသိသာသာလျော့ကျသွားမှာမဟုတ်ပါဘူး။

တကယ်လို့ ကိုယ့်ဖုန်း Battery ကို ကောင်းမကောင်းစစ်ဆေးချင်တယ်ဆိုရင်တော့ ဖုန်းကို လုံးဝအားကုန်တဲ့အထိ အသုံးပြုလိုက်ပြီး ပါဝါပိတ်လျက်နဲ့ အားသွင်းကြည့်ပါ။ အားပြည့်သွားရင် ဖုန်းကို ပြန်ဖွင့်ပြီး အားလျော့မလျော့ စစ်ဆေးပြီး ကိုယ့်ဖုန်းက Battery ကောင်းသေးလား၊ မကောင်းတော့ဘူးလားဆိုတာကို သိရှိနိုင်ပါတယ်။ ဒီလိုမျိုးအနည်းဆုံး တစ်လကို တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။

Original Charger ကိုပဲ အသုံးပြုရမလား? မီးပလပ်ပေါက်တွေမှာ ပါဝင်လာတဲ့ USB Port ကနေရော အားသွင်းသင့်သလား?

လက်ရှိအချိန်မှာတော့ ဖုန်းကုမ္ပဏီတွေအကုန်လုံးကလည်း ဖုန်းကို အားသွင်းတဲ့အချိန်မှာ နဂိုပါတဲ့ Original Charger နဲ့ပဲ အားသွင်းဖို့ကို အကြံပြုထားကြပါတယ်။ ဒါပေမယ့် အချို့သော Quick Charge 3.0 ကို ဖုန်းကထောက်ပံ့ပေးပေမယ့် Original Charger က Quick Charge 3.0 ကို အထောက်အပံ့မပေးရင် Quick Charge 3.0 ဖြင့်အားသွင်းပေးနိုင်တဲ့ Third Party Charger ကို ဝယ်ယူဖို့လိုအပ်လာပါတယ်။ အဲ့လိုမျိုးဖြစ်လာခဲ့ရင် အကောင်းဆုံးကတော့ အာမခံချက်ပေးနိုင်ပြီး နိုင်ငံတကာမှာပါ နာမည်ရှိတဲ့ Aukey, Anker လို Brand တွေပဲ အသုံးပြုတာက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Original Charger ကိုတော့ မပျောက်မပျက်အောင် ထိန်းသိမ်းပြီး Original Charger နဲ့ပဲ အားသွင်းတာက အကောင်းဆုံးဖြစ်မှာပါ။ အခြား အပြင်ကဈေးပေါတဲ့ Charger တွေကိုတော့ တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ Charger ဈေးပေါတာကို သုံးမိရာကနေ သင့်ဖုန်းပါ ပေါက်ကွဲသွားနိုင်ပါတယ်။

အခုလက်ရှိခေတ်စားလာတဲ့ မီးပလပ်ခုံတွေ၊ Extension Cable တွေမှာ ပါဝင်လာတဲ့ USB Port တွေကနေ အားသွင်းသင့်လားဆိုတာကတော့ အဓိကကခုန Quick Charge Charger တွေလိုပဲ နာမည်ကြီး ယုံကြည်စိတ်ချရတဲ့ Brand ဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Original Charger နဲ့ပဲ အရင်သွင်းပြီး Charger မပါတာပဲဖြစ်ဖြစ်၊ သွင်းဖို့ အဆင်မပြေမှသာ စဉ်းစားသင့်ပါတယ်။

အားသွင်းနေတုန်း ဖုန်းသုံးသင့်သလား ?
****************************
အားသွင်းနေတုန်းကိုတော့ အကောင်းဆုံးကဖုန်းမသုံးပဲ အားပဲပြည့်တဲ့အထိသွင်းထားပါ။ ဘာဖြစ်လို့လည်းဆိုတော့ အခုနကပြောခဲ့သလိုပဲ အားသွင်းရင်း အသုံးပြုတာက Battery ကို မထိခိုက်ဘူးဆိုပေမယ့် အားသွင်းချိန်ကြာလာတာနဲ့အမျှ ဖုန်းကအပူချိန်တက်လာမှာဖြစ်ပါတယ်။ အပူချိန်တက်လာတယ်ဆိုတာက ဖုန်းရဲ့ Battery ကို ထိခိုက်စေမယ့် အကြောင်းရင်းတစ်ခုဆိုတော့ ဖြစ်နိုင်ရင် ဖုန်းအားသွင်းချိန်မှာတော့ ဖုန်းကို အနားပေးလိုက်သင့်ပါတယ်။

OnePlus မှာ ပါဝင်တဲ့ Dash Charge ဟာ အားသွင်းနေစဉ် ဖုန်းအားသွင်းနေလည်း အားသွင်းနှုန်းမကျသွားပဲ ဖုန်းကိုလည်း အပူချိန်မတက်စေတဲ့အတွက် ခြွင်းချက်လို့ပြောလို့ရပါတယ်။

ဒါကတော့ လက်ရှိဖုန်းအားသွင်းတဲ့အချိန်မှာ ဖြစ်တတ်တဲ့ကိစ္စတွေကို ရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်အားသွင်းတာထက် Airplane Mode လုပ်ထားပြီး အားသွင်းတာက အားအဝင်ပိုမြန်ပေမယ့် တစ်ဖက်ကကြည့်ရင် အားသွင်းနေတဲ့အချိန်မှာ ဆက်သွယ်မှုတွေကို ပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် အားသာချက်၊ အားနည်းချက် တစ်ခုစီရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Smartphone တိုင်းရဲ့ Battery တွေအကုန်လုံးဟာ သက်တမ်းတစ်ခုရှိပြီး အပေါ်ကအချက်တွေကို လိုက်နာပြီး ထိန်းသိမ်းမယ်ဆိုရင်တောင် နှစ်ကာလအချိန်တစ်ခုကြာပြီးတဲ့အချိန်မှာ Battery ကို အသစ်လဲလှယ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖုန်းကိုပဲ အသစ်လဲကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
#Credit- wiayan

ဖုန်းမပူအောင်ဘယ်လိုသုံးမလဲ

ဖုန်းအသုံးပြုတဲ့အခါ ဘာကြောင့် ဖုန်းပူတာလဲ????
************************************
ဖုန်းမပူအောင် ဘယ်လိုလုပ်ကြမလဲ???
***************************
ကျနော်တို့ ဖုန်းနှင့် ဂိမ်းကစားတာ/ ဗီဒီယိုကြည့်တာ/ Facebook သုံးတဲ့အခါတွေမှာ ခဏလေးအတွင်း ဖုန်းပူတာမျိုး ဖြစ်တတ်ကြပါတယ်။

ဖုန်းအသုံးပြုတဲ့အခါ ဘာကြောင့် ဖုန်းပူတာလဲ။ ဖုန်းမပူအောင် ဘယ်လိုလုပ်ကြမလဲ။

ကျနော်တို့ ဖုန်းနှင့် ဂိမ်းကစားတာ/ ဗီဒီယိုကြည့်တာ/ Facebook သုံးတဲ့အခါတွေမှာ ခဏလေးအတွင်း ဖုန်းပူတာမျိုး ဖြစ်တတ်ကြပါတယ်။

အဲဒါ ဘာကြောင့် ဖြစ်တာလဲ… ဘယ်လို ဖြေရှင်းနိုင်မလဲ။ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။

အကြောင်းအရင်း(၁) ။ ။

အွန်လိုင်းမှာ သီးချင်းတွေ/ ဗီဒီယိုတွေ ဒေါင်းလုတ်နေစဉ် တခြား ဆော့ဝဲလ်တွေ အသုံးပြုတာဟာ ဖုန်းကို ပူစေတဲ့ အကြောင်းအရင်းတစ်ခုပါ။

ဥပမာ- ဖိုင်ဆိုင်ကြီးတဲ့ ဖိုင်/ ဗီဒီယိုတွေ ဒေါင်းလုတ်နေစဉ်အတွင်းမှာ Facebook သုံးတာက ဖုန်းကို ပူစေပါတယ်။

အဲဒါကြောင့် အွန်လိုင်းမှာ တစ်ခုခု ဒေါင်းလုတ်တဲ့အခါ တခြားဘာမှမလုပ်တာ အကောင်းဆုံးပါ။

အကြောင်းအရင်း(၂) ။ ။

ဖုန်းကို အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ/ ဂိမ်းကစားတာ/ ဖုန်းခေါ်တာ/ ဗီဒီယိုကြည့်တာမျိုးပါ။

အဲဒီလုပ်တာဟာ… ဖုန်းကို ပူနွေးလာစေတဲ့အကြောင်းအရင်းကြီး တစ်ခုပါ။ဖုန်းရဲ့ ဘက်ထရီစနစ်ကိုလည်း ထိခိုက်စေပါတယ်။

ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း မြန်မြန်ပျက်စီးစေနိုင်ပါတယ်။အဒါကြောင့်… ဖုန်းအားသွင်းနေစဉ် ဘာမှ မလုပ်ပါနှင့်။

အကြောင်းအရင်း(၃) ။ ။

သင့်ဖုန်းမှာတပ်ထားတဲ့ ဖုန်းကာဗာပါ။ တကယ်တော့ တစ်ချို့ဖုန်းကာဗာတွေဟာ ဖုန်းကိုယ်ထည်ကို ပူနွေးလာစေနိုင်ပါတယ်။

အဒါကြောင့် ဖုန်းသုံးနေရင်း ဖုန်းကိုယ်ထည် ပုံမှန်ထက် ပိုမိုပူနွေးလာပါလာတယ်ဆိုရင် သင့်ဖုန်းမှာတပ်ထားတဲ့ ဖုန်းကာဗာက ဖုန်းကို ပူစေတဲ့ကာဗာမျိုးလာဆိုတာ စစ်ဆေးကြည့်ပါ။

အကြောင်းအရင်း(၄) ။ ။

သင်ဖုန်းကို အားသွင်းတဲ့အခါ ဆိုဖာ၊ မွေ့ယာ၊ ခေါင်းအုံး စတဲ့ အပူကိုစုပ်ယူ သိုလှောင်ထားနိုင်တဲ့ နေရာမျိုးမှာ ထားတာက ဖုန်းကိုပူစေတဲ့ အကြောင်းအရင်းတစ်ခုပါ။

အဲဒါကြောင့် ဖုန်းအားသွင်းတဲ့အခါ မာကျောမှုရှိတဲ့ မျက်နာပြင်ဖြစ်တဲ့ သစ်သားခုံ၊ စားပွဲ လိုမျိုး အေးတဲ့နေရာတွေမှာ ထားပြီး အားသွင်းပါ။

အကြောင်းအရင်း(၅) ။ ။

ဖုန်းကို တစ်ညလုံးအားသွင်းတာမျိုးဟာ ဖုန်းကို ပုံမှန်ထက် ပူနွေးစေနိုင်ပါတယ်။အဲဒါကြောင့် ဖုန်းတစ်ညလုံး အားသွင်းပြီး မအိပ်ပါနှင့်။

အကြောင်းအရင်း(၆) ။ ။

ဖုန်းမှာ ထည့်ထားတဲ့တစ်ချို့ဆော့ဝဲလ်တွေက ဖုန်းရဲ့ ပါဝါပိုင်းကို ပုံမှန်ထက်ပိုမို အသုံးပြုတတ်ကြပါတယ်။

ဥပမာ- ဖုန်းရဲ့ background မှာ အလုပ်လုပ်နေတဲ့ Battery App၊ အင်တာနက် မြန်စေတဲ့ App၊ Task Killer၊ Speed Tester၊ ဖုန်းVirus App၊ ဖုန်းမြန်စေတဲ့ App တွေဟာ ဖုန်းရဲ့ ပါဝါကို အများကြီး သုံးစွဲတဲ့ အရာတွေပါ။

အဲဒါတွေကို မဖွင့်ရင်တောင် အလိုအလျောက် အလုပ်လုပ်နေတဲ့အတွက် ဖုန်းအားကိုမြန်မြန်ကုန်စေနိုင်ပြီး ဖုန်းကိုလည် ပူစေနိုင်ပါတယ်။

အဲဒါကြောင့် အဲဒီဆော့ဝဲလ်တွေကို Unstallလုပ်ပြီး ပိတ်ထားလိုက်ပါ။

အကြောင်းအရင်း (၇) ။ ။

ဖုန်းကို နေရောင် တိုက်ရိုက်ကျတဲ့ နေရာမှာ ဖုန်းထားခြင်း၊ ဖုန်းအားသွင်းခြင်း၊ဖုန်းအသုံးပြုခြင်းဟာ ဖုန်းကို ပူနွေစေတဲ့ အကြောင်းအရင်းတစ်ခုပါ။

ဒီလို လုပ်တာဟာ နေရောင်ခြည်ပြင်းအား များတဲ့အခါ ဖုန်းကို ပျက်စီစေနိုင်ပါတယ်။အဒါကြောင့် ဖုန်းရဲ့ ကိုယ်ထည်ကို ပလပ်စတစ်နဲ့ သတ္တုစပ်ပြီး လုပ်ထားတာ ဖြစ်လို့ ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ ဖုန်းအသုံးပြုတာ ရှောင်ပါ။

အဒါက သာမန်ထက် ဖုန်းကို ပူနွေးစေပြီး ပျက်စီစေနိုင်ပါတယ်။

အကြောင်းအရင်း(၈) ။ ။

နောက်ဆုံးအချက်တစ်ခုက ဖုန်းအားသွင်းကြိုးနှင့် ဖုန်းဘက်ထရီပါ။

တစ်ချိုသူတွေက ဖုန်းအားသွင်းကြိုးမကောင်းတာ၊ ဖုန်းဘက်ထရီမကောင်းတာမျိုး ဖြစ်တဲ့အခါ ဖုန်းရဲ့အော်ရီဂျင်နယ်မဟုတ်တဲ့ ဈေးပေါပေါနှင့် အလွယ်တကူ ဝယ်လို့ရတဲ့ ဖုန်းအားသွင်းကြိုး၊ဖုန်းဘက်ထရီတွေကို ဝယ်သုံးတတ်ကြပါတယ်။

တစ်ချို့ကြတော့ ဖုန်းအားသွင်းတဲ့အခါ တွေ့သမျှ ဖုန်းအားသွင်းကြိုးနှင့် အားသွင်းတတ်ကြပါတယ်။

အဒီလိုမျိုး လုပ်တာဟာ ဖုန်းကို ပူစေနိုင်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တစ်ချို့ဖုန်းအားသွင်းကြိုးတွေဟာ ဖုန်းမော်ဒယ် တစ်မျိုးတည်းအတွက်ပဲ ထုတ်လုပ်ထားတဲ့ ဖုန်းအားသွင်းကြိုးတွေ ရှိပါတယ်။

တကယ်လို့ အဲဒီလိုမျိုး ဖုန်းအားသွင်းကြိုးမျိုးကို အသုံးပြုမိ့မယ်ဆိုရင် ဖုန်းကို ပျက်စီးစေနိုင်..ဖုန်းအပူတွေ မြင့်တက်လာနိုင်ပါတယ်။

အဒါကြောင့် ဖုန်းအားသွင်းကြိုး ပျက်တဲ့အခါ အော်ရီဂျင်နယ် ဖုန်းအားသွင်းကြိုးကိုပဲ ဝယ်သုံးပါ။

ဖုန်းဘက်ထရီ ပျက်တဲ့အခါမှာလည်း အော်ရီဂျင်နယ်ပဲ ဝယ်သုံးပါ။ ဖုန်းအားသွင်းတဲ့အခါမှာလည်း တွေ့သမျှအားသွင်းကြိုးနှင့် -ထိုးမထည့်ပါနှင့်။

Credit-ဝေယံ

ကိုယ်ဟာလူရိုးလေးပါ☺ ☺ ☺ ☺

သူ့မိန်းမ အမြင်မှာ ကိုချစ်ပိုတစ်ယောက်ဟာ အေးလွန်းတယ်။

မနက်ရုံး သွား ၊ရုံးအဆင်း ကြက်တောင် ကလပ် မှာ ကြက်တောင်ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ် မနက်ရုံးသွား ဒါနဲ့ပဲ သံသရာလည်နေတယ်။

ကိုချစ်ပို၊ ရှင့် မလဲ အေး လိုက်တာ၊ ယောက်ကျားပီပီသသ ဘီယာလေး ဘာလေး တစ်ခါတစ်လေ သောက် စင်တင်လေး ဘာလေးသွား ကောင်မလေးတွေ သီချင်ဆိုတာတွေသွား ကြည့်ပါလားဆိုတော့
ကိုချစ်ပိုက.. အိုကွာ မင်းသိသားနဲ့ဒါ တွေ က ငါနဲ့ လားလား မှမအပ်စပ် ပြဒါး တစ်လမ်း သံတစ်လမ်း ငါ့ဟာ ငါ အေးအေးနေ ပါရစေ။

မိန်းမလဲ မဖြစ်ချေ ဘူး၊ ဒင်းကိုငါကိုယ်တိုင် ပို့ ပေးမှ ဆိုပီး တစ်ညနေ ကိုချစ်ပို ကြက်တောင်ရိုက်အပီး စောင့်ပြီး ကြက်တောင်ကလပ်ဘေး ကပ်လျှက်က
စင်တင် ဘီယာဆိုင်ကို ခေါ် သွားတယ်။

ထိုင်ရုံရှိသေး ဘာမှမမှာရသေး ဝိတ်တာ တစ်ယောက်က မြန်မာဘီယာတစ်လုံး တန်း လာချသွား တော့ ကိုချစ် ပို က သူ့မိန်းမကိုပြောတယ်၊

ငါတို့ ကြက်တောင်ကလပ်က တစ်ခြား လူတွေ
ဒီဆိုင် လာရင် မြန်မာဘီယာတစ်မျိုးပဲ
သောက်ကြတယ် ပြောသံကြား ဘူး တယ်ကွ။

ငါ့ လဲ ဒီကြက်တောင်ကလပ်ကပဲ ဆိုပီး မြန်မာဘီယာကို မမေးပဲ တန်းချသွားတာဖြစ်မယ်တဲ့။

မကြာပါဘူး ကန်ဇွန်းပလိန်း တစ်ပွဲ တန်း လာ ချ သွားပြန်ရော။ ကိုချစ်ပို က ပြောပြန်ရော။ မြန်မာဘီယာက ဒီဆိုင်မှာ promotion လုပ်နေတယ် ပြောတယ်၊ မြန်မာဘီယာ သောက်သူတိုင်း ကို ကန်ဇွန်းပလိန်းတစ်ပွဲ free ပေး တယ် လို့ ပြောတယ် ၊ လက်စသပ် တော့ ကလပ် က ကောင်တွေ ဒီဆိုင်ပဲလာလာ နေကြတာ ဒါ့ကြောင့် ကိုး ၊ ဟားဟားဟား။

သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး။

ခဏနေတော့ စင်တင်စတိတ်ရှိုးက သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ဝိုင်းနား ရောက်လာတယ်၊

ထိုင်နေတဲ့ကိုချစ်ပိုကို ခုံအနောက်ကနေသိုင်းဖက်ပြီး၊
ကိုချစ်ပိုကြီး သမီးကို ပန်းကုံးမချတာ ၃ ရက်ရှိပီနော၊
ဒီနေ့ တော့ သမီးကို ပန်းကုံး များများ ချ ရမယ် နော်
ဧည့်သည်လဲပါး လို့ပါ ခု ဘယ်ဆိုင်က စော်ကြီး ခေါ်လာထိုင်တာတုန်း ဆိုပြီး ကိုချစ်ပို ပါးကိုလိမ်ဆွဲပြီး ထွက်သွား ကရော။

မိန်းမ လဲပေါက်ကွဲပြီး လာစမ်း သေနာ၊ ပြဒါးတစ်လမ်း သံတစ်လမ်းကြီး အိမ်ကျမှ ကောင်းကောင်းသိမယ် ဆိုပီး ကိုချစ်ပို ကို နားရွက်က ဆွဲ ဆိုင်အရှေ့ တွေ့တဲ့ taxi ကား ပေါ်တက်ပြီး တစ်လမ်းလုံး ဆဲဆိုလာ တာ ကို ကြား တော့ taxi ဒရိုင်ဘာ က နောက်လှည့် ပြောတယ်။
ကိုချစ်ပို ကြီး ဘယ်လိုဖြစ်တာလဲ၊ အရင်စော်တွေလို မဟုတ်ဘူး၊ ခင်ဗျား ဒီနေ့ မ, လာ တဲ့ စော်ကြီး က ကြမ်း လိုက် တာ တဲ့။

Crd—