အနုပညာရှင်တစ်ဦးအနေနဲ့ ပြောမထွက်ခဲ့တဲ့ စကားတွေကို ရင်ဖွင့်ခဲ့တဲ့ သက်မွန်မြင့်

===================
April 2, 2018 Upto Date

သရုပ်ဆောင်ပိုင်းမှာ အပီပြင်ဆုံး၊ တိတိကျကျပြောရရင်တော့ ပရိသတ်အတွက်တာဝန်အကျေဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေး သက်မွန်မြင့်ကတော့ အနုပညာရှင်တွေတိုင်းမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရင်ဖွင့်ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။ သူမကတော့ သားသမီးတွေနဲ့ပတ်သတ်လာရင် သာမန်လူတစ်ဦးအနေနဲ့နေချင်မိတဲ့ အချိန်တွေရှိကြောင်း ကိုတော့ “ကိုယ်ပြောချင်ပေမယ့် ပြောမထွက်တဲ့ စကားတွေ! အနုပညာရှင်များဟာ ကိုယ်အမူရာ နှုတ်အမူရာ သိပ်ဆင်ခြင်ရပါတယ် ဒီတိုင်း ကွကိုယ်နေရင်တောင် မာနကြီးတယ် အပြောခံရတာပါ.. ကိုယ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ထိန်းချုပ်နိုင်ပေမယ့် ကလေးနဲ့ပတ်သက်ရင် သာမန်မိဘတွေရဲ့ခံစားချက်တွေထက် မလျော့တဲ့စိုးရိမ်မှုတွေနောက်မှာ မပြောရဲ မတားရဲတဲ့ခါ ရင်ထဲမှာ မိဘကောင်းမပီသဘူးဆိုတဲ့ ခံစားချက်နဲ့အတူ နာကျဉ်ရပါတယ် သက်မွန်အနေနဲ့ သာမန်လူလို သိပ်ဖြစ်ချင်တဲ့ အချိန် ၂ ချိန်ရှိပါတယ်တချိန်က ဘုရားဖူး ဘုရားရှိခိုးတဲ့ချိန်ပါ ဘုရားကို အာရုံပြုပြီး အေးချမ်းစွာ ဘုရားစာရွတ် ဆုတောင်းချင်ပါတယ်.နောက်တချိန်က- ကလေးတွေနဲ့ နေတဲ့အချိန်ပါစိတ်မဖုပဲ နားလည်ပေးနိုင်ကြပါစေနော် ချစ်တယ်” ဆိုပြီးတော့ ပရိသတ်တွေကို နားလည်ပေးကြဖို့လည်း ချစ်စဖွယ်တောင်းဆိုထားပါသေးတယ်နော်။

မိမိအနေနဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် အနေရကျဉ်းကြပ်တာ ကိစ္စမရှိပေမယ့် သားသမီးတွေအတွက်ကတော့ အနည်းနဲ့အများသက်ရောက် မှုတွေရှိနေတာပါ။ ဒီလိုကိစ္စတွေကြောင့်လည်း နိုင်ငံအချို့ကအနုပညာရှင်တွေဟာ သူတို့ရဲ့မိသားစုအကြောင်းကို public မှာချပြလေ့မရှိကြတာပဲ ဖြစ်ပါတယ်။

ကလေးနှစ်ယောက်မေမေတစ်ဖြစ်လဲ မင်းသမီးချောလေးသက်မွန်မြင့်ကတော့ အခုအချိန်ထိကို ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိနေဆဲပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာဘုဏ်းသိုက် ခံစားပုံဖော်နေတဲ့ “စားကျက်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် အောင်ပန်းမြို့သို့ရောက်ရှိနေတာပါ။ ချစ်ပရိသတ်တွေလည်း အနုပညာရှင်တွေတိုင်းခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြထားတဲ့ မေမေသက်မွန်မြင့်ကိုနားလည်တယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Thet Mon Myint’s Facbook

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.