Window 7 login password ဖြုတ်​နည်း

Windows 7 ရဲ့ Login Password ကို ဘယ်လို Hack ကြမလဲ

Windows 7 ရဲ့ Login Password ကို ဘယ်လို Hack ကြမလဲ
====================================

 Post ခေါင်းစဉ်ကိုတော့ စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ ကျွန်တော်လဲ Post အသစ်မတင်တာနဲနဲကြာသွားပါတယ်။ ဒီတစ်ခါတော့ Windows 7 Login Password ကို ဘာ External Tool မ မှ မလိုဘဲ ဖြုတ်တဲ့ နည်းလေးတင်ပေးလိုက်ပါတယ်။

    Windows 7 ရဲ့ Login Password ကို Hack တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တော်တော်များများ ကတော့ External Tool တစ်ခုခုကို သုံးကြရတာပါပဲ။ ဥပမာ Kon Boot, Hirens Boot Disk အစရှိတာတွေကို သုံးကြရပါတယ်။ ဒီနည်းလေး ကတော့ ဘယ် External  Tool လေးကိုမှ သုံးစရာမလိုပဲ Windows 7 ရဲ့ ဟာကွက် ကိုအသုံးချပြီးတော့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Windows 7 ကို ၂၂ရက်၊ ဇူလိုင်လ၊ ၂၀၀၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Windows XP ရဲ့ Login Password ကိုကောင်းကောင်းကြီးကျော်နိုင်ပေမယ့် Windows 7 မှာတော့မရတာကိုတွေ့ခဲ့ရပါ တယ်။ Windows XP မှာလို Administrator ကို ဖွင့်မထားတော့ ပြဿနာတက်သွား တာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် Windows XP မှာ မရခဲ့ လို့ အသည်းအသန် လိုက်ခဲ့ရဘူးပါတယ် အဲဒီတုန်းက Internet တွေက အခုလောက် တွင်တွင်ကျယ်ကျယ်မရှိသေးတော့ ဒုက္ခရောက်တာပေါ့။ Internet ဆိုင်မှာတစ်နေကုန်နီးပါး Loading လုပ်နေလို့ အ၀ိုင်းလည်နေတာကိုပဲ ထိုင်ကြည့်ပြီး ရအောင် ယူခဲ့ရတာပါ။ အခုခေါတ်မှာတော့ မြန်ဆန်တဲ့ Internet လိုင်းတွေကို Mobile Phone တွေကနေတဆင့် အလွယ်တကူ ရနေကြပြီဆိုတော့ မြန်မာနိုင်ငံက နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေ Chatting လောက်ပဲထိုင် မသုံးပဲနဲ့ အကျိုးရှိရှိ နည်းပညာ Website တွေကို ၀င်လေ့လာစေချင်ပါတယ်။ ဒီနည်းလေးကို ကျွန်တော် 2009 ခုနှစ် ဒီဇင်ဘာလ လောက်မှာ Internet မှာဝင်မွှေနှောက်ရှာဖွေနေရင်း The Hacker News မှာရှာတွေ့ခဲ့တာပါ။ ဟုတ်ပါပြီနိဒါန်းက ရှည်နေတာ နဲ့ပဲ အဓိကအကြောင်း အရာကိုမရောက်ပဲဖြစ်နေပါပြီ။ တစ်ခုပြောချင်တာတော့ ဒီနည်းလေးကို သုံးပြီး သူမျာရဲ့ စက်တွေကို လိုက်ပြီးမလုပ်စေချင်ပါဘူး။ကျွန်တော်ရည်ရွယ်တာက Hacking နည်းပညာကိုအမှန် တကယ်လိုလား သူတွေ၊ Login Password ကိုတစ်ကယ်မေ့သွားသူတွေအတွက် ကိုပဲရည်ရွယ်ထားပါတယ်။ အောက်မှာ တော့ ကျွန်တော် အတတ်နိုင်ဆုံး နားလည်အောင် ပုံလေးတွေနဲ့ တစ်ကွ ရှင်းပြထားပါတယ်။

အဆင့် – ၁

ဒီလိုမျိုး Windows Login Screen မှာထည့်လိုက်တဲ့ Password မှားနေတယ်ဆိုကြပါစို့ အရင် ဆုံး ဘာလုပ် သင့်သလဲဆိုတော့ Password ကို Hack ဖို့မကြိုးစားပါနဲ့ဦး Ctrl + Shift ကိုနှိပ်ပြီး မြန်မာလို ရိုက်နေတာ လား English Font နဲ့ ရိုက်နေတာလား သိအောင် ပြောင်းပြီးတော့ စမ်းကြည့်ပါ အများအားဖြင့် Zawgyi  Font နဲ့ ရိုက်နေပြီး Password မှားတယ်ဆိုပြီး Windows Login Password ကို Reset လုပ်နေကြမှာစိုးလို့ပါ။

အဆင့် – ၂

ဟုတ်ပါပြီ Font ကလဲ English Font ပါ Password ကလဲ အမှန်အတိုင်းရိုက်ပေမယ့် မှားနေတယ် ဆိုရင်တော့  Login Password ကို Bypass လုပ်ဖို့ Hack ကြရတော့မှာပါ။  အပေါ်က ပုံမှာ ပြထားတဲ့   အတိုင်းပဲ အောက်နားမှာရှိတဲ့ Shutdown Button လေးမှာ Up Arrow လေးပါပါ တယ်။ အဲဒီ Up Arrow ကိုနှိပ်လိုက်ပြီး  Computer ကို Restart ချလိုက်ပါ။

အဆင့်- ၃

 အဆင့်- ၂ မှာပြထားခဲ့ သလို Restart ချပေးလိုက်ပြီ ဆိုရင် အပေါ်ကလို Windows ပြန်ပြီးတော့ တက်လာပါလိမ့်မယ်။ အဲဒီလို တက်လာရင်တော့ Computer က Power Button ကို ကြာကြာလေး ဖိထား ပြီးတော့ Computer ကို ရုတ်တရက် Shutdown ချလိုက်ရမှာဖြစ်ပါတယ်။ (ဒီလို Windows Boot လုပ်နေ တုန်းမှာ ရုတ်တရက် Shutdown  ချတာဟာ ကောင်းတဲ့ အကျင့်တော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Hard Disk က Arm ဟာ Data Loading Region မှာပဲရှိပြီး အလုပ်လုပ်နေ တုန်းမို့ပါ။ ဒီလို ရုတ်တရက် Shutdown ကျသွားခြင်းကြောင့် Arm ဟာ Parcking မထိုးလိုက်ရပဲ
  ရပ်သွားတာဖြစ်လို့ Hard Disk ကို Bad Sectors တွေ များလာစေပါတယ်)။ အဲဒီလိုပိတ်ပြီးသွားရင် တော့ Coputer ရဲ့ Power Button ကိုနှိပ် ပြီး ပြန်ဖွင့်လိုက်ပါ။

အဆင့်- ၄  

 အဆင့်- ၃ မှာတုန်းက ရုတ်တရက် Power ကိုပြန်ပိတ်လိုက်တာဖြစ်လို့  နောက်တစ်ခါ PC ကို ပြန်ဖွင့်လိုက်တဲ့အခါမှာ အပေါ်ကပုံအတိုင်း Startup Repair လုပ်ခိုင်းပါလိမ့်မယ်။ Microsoft က Windows Vista ကနေ စတင်ပြီး အသုံးပြုတဲ့ User တွေအခက်အခဲ မဖြစ်စေရအောင်လို့ အခုလို Startup Repair Options ကို ထည့်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒါကို ခုတုံး လုပ်ပြီး Windows 7 ရဲ့ Login Password ကို Hack ကြရမှာဖြစ်ပါတယ်။ ပုံထဲကအတိုင်းပဲ Launch Startup Repair (recommended) ကို Select လုပ် ပြီး Enter နှိပ်လိုက်ပါ။ 

  အဆင့်- ၅  

 ဒါဆိုရင်တော့ Windows က လိုအပ်တဲ့ Files တွေကို အပေါ်မှာပြထားတဲ့ ပုံအတိုင်း Loading လုပ် နေပါလိမ့်မယ်။ Loading လုပ်နေတာပြီးသွားအောင်ပဲ စောင့်ရပါဦးမယ်၊ ဘာမှ လုပ်ပေးစရာ မလို အပ်သေးပါဘူး။

    
  အဆင့်- ၆  

  ဒီအဆင့်မှာတော့ Windows က Error တွေကို လိုက်စစ်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်သွား တာက Startup မှာ ရုတ်တရက် Shutdown ဖြစ်သွားတာဆိုပေမယ့် Windows ကတော့ System ထဲမှာရှိ သမျှ Errors တွေကို လိုက်စစ်ဆေးနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့် မှာတော့ စိတ်ရှည်ရှည်နဲ့ စောင့် ပေးရမှာဖြစ်ပါတယ်။ မိမိရဲ့ System Performance အပေါ်မူတည်ပြီး  မိနစ် ၃၀ မှ  ၁ နာရီအထိ ကြာနိုင်ပါ တယ်။ 

  အဆင့်- ၇  

 ဒါကတော့ System Restore လုပ်မလားလို့မေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က Windows Login Password ကို Hack မှာဆိုတော့ Restore မလုပ်တော့ပဲ ပုံထဲမှာပြထားတဲ့ အတိုင်း Cancel ကို ပဲနှိပ်လိုက်ရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ Restore ပြန်လုပ်လိုက်ရင်ကော မရနိုင်ဘူးလားလို့မေးစရာ ရှိပါတယ်။ ရတယ်လို့ပြောလို့ရသလို၊ မရဘူးလို့လဲ ပြောလိုလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Login Password မခံထားခဲ့တဲ့ အချိန်က Restore Point ရှိခဲ့တယ်လို့ ကျိန်းသေပြောလို့မရပါဘူး။ Login Password ကို Hack လုပ်မည့် စက်တိုင်းမှာ Restore Point ရှိမနေနိုင်ပါဘူး။

  အဆင့်- ၈ 

   Restore Point ကို ပြန်မသွားဘူးလို့ ငြင်းလိုက်တဲ့အတွက် ကျန်ရှိနေသေးတဲ့ အပိုင်းတွေကို Windows မှ ထပ်စစ်နေပါလိမ့်ဦးမယ်။ ဒီအဆင့်မှာလဲ ဘာကိုမှ ထပ်နှိပ်စရာ၊ လုပ်စရာမရှိသေးပါဘူး။ သူဟာသူ စစ်လို့ပြီးသွားတဲ့ အထိ ထိုင်စောင့်နေရုံပါပဲ။

  
  အဆင့်- ၉ 

   အထက်ကပုံ အတိုင်းပေါ်လာရင်တော့ Error တွေ Search လုပ်လို့ပြီးသွားပါပြီ။ ပုံမှာပြထားတဲ့ အတိုင်းပဲ အောက်ကို ပြထားတဲ့ မြှားလေးကို နှိပ်လိုက်ပါ။   

  
အဆင့်- ၁၀  

 ဒီပုံကတော့ အဆင့်- ၉ က အတိုင်း လုပ်လိုက်ရင်ထပ်မံ ပေါ်လာမည့် ပုံပါ။ အပေါ်က ပုံမှာ ပြ ထားသလိုပဲ ညာဘက်က Scroll Bar ကို အောက်ဆုံးထိရောက်အောင် ဆွဲချပေးလိုက်ပါ။  

  
အဆင့်- ၁၁  

 ဒီပုံကတော့ Scroll Bar ကိုအောက်ဆုံးထိဆွဲချလိုက်ရင် မြင်တွေ့ရမည့် ပုံပါ။ အဲဒီပုံမှာ link နှစ်ခု ပါဝင်ပါတယ်။ အထက်က link ကတော့ ဖြစ်နေတဲ့ Error ကို Online မှာရှာပြီး ပြန်လည်ဖြေရှင်းပေးတဲ့  link ဖြစ်ပါတယ်။ အောက်က X:\windows\system32\en-US\eroflps.txt ဆိုတဲ့ မျဉ်းသားထားတဲ့ link ကတော့ Online မချိတ်ထားဘူးဆိုရင် ဘာ Error တွေတက်နေတာလဲဆိုတာကို ကြည့်လို့ရ  အောင် ပေးထားတဲ့ link လေးဖြစ်ပါတယ်။ အဲဒီ အောက်က link ကိုပဲ နှိပ်လိုက်ရမှာဖြစ်ပါတယ်။

  အဆင့်- ၁၂  

 အဆင့်- ၁၁ ပုံထဲကအတိုင်း ဒုတိယ link ကိုနှိပ်လိုက်ရင် ယခုပုံကဲ့သို့ Notepad နဲ့ Event တွေ ကိုပြသပေးမှာဖြစ်ပါတယ်။ ကျွန်တော်တော်တို့က Event တွေကို လိုက်ဖတ်နေဖို့မလိုအပ်ပါဘူး။ အဓိက က Notepad စ Run ပေးဖို့ဖြစ်ပါတယ်။ အဲဒီ Run လာတဲ့ Notepad  Software ကိုပဲ အသုံး ချပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုပြုလုပ်သွားရမှာဖြစ်ပါတယ်။  

  အဆင့်- ၁၃  

အပေါ်ကပုံမှာပြထားသလို Notepad ရဲ့ File Menu ကို နှိပ်လိုက်ပါ။    

  အဆင့်- ၁၄  

 အဲဒီနောက် Open ကို ထပ်မံ နှိပ်ပေးလိုက်ပါ။    

  အဆင့်- ၁၅  

 ဒါဆိုရင်တော့ အပ်ါကပုံ အတိုင်း Computer ထဲကိုရောက်သွားလိမ့်မယ်။ အဲဒီမှာ Computer ကို နှစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ။  

  အဆင့်- ၁၆  

 ဒီအဆင့်မှာတော့ Windows Install လုပ်ထားတဲ့ Partition အပိုင်းကိုရှာပါလိုက်ပါ။ ကျွန်တော် ကတော့ Windows ဆိုတဲ့ နံမည်နဲ့ Drive D: မှာ Windows တင်ထားပါတယ်။ ဒါကိုတော့ ပုံသေမမှတ် ကြပါနဲ့ ဘာလို့လဲဆိုတော့ ဒီ ပုံထဲကအတိုင်း Partitions တွေ ပိုင်းထားမှာ မဟုတ်သလို၊ ဒီပုံထဲကလို ပဲ D: မှာ Windows တင်ထားမှာမဟုတ်ပါဘူး။ အလွယ်ဆုံးနည်းပြောရရင်တော့ Partition တစ်ခု ရဲ့ အောက်မှာ Windows, Program Files, Documents and Settings အစသဖြင့် ရှိနေရင်တော့ အဲဒီ Partition မှာ Windows ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ လွယ်အောင် ပြောလိုက်တာပါ။ ပုံသေ ကားချပ်ကြီးတော့မမှတ်ပါနဲ့။

  အဆင့်- ၁၇  

  ပြီးသွားရင်တော့ Windows ဆိုတဲ့ Folder ထဲကိုသွားလိုက်ပါ။ အထက်မှာ ကျွန်တော်ပြော ထား ခဲ့သလိုပေါ့ Windows တင်ထားတဲ့ Partition ကိုတော့ သေချာရွေးတတ်ရပါမယ်။   

  အဆင့်- ၁၈  

  Windows Folder ထဲကိုရောက်သွားပြီဆိုရင်တော့ Scroll bar ကိုအောက်နားရောက်အောင် နဲနဲလေးဆွဲပေးလိုက်ပါ။   

  အဆင့်- ၁၉  

  ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း System32  Folder ထဲကို ထပ်ပြီးတော့ ၀င်လိုက်ပါ။    

  အဆင့်- ၂၀ 

  သတိထားမိမယ် ထင်ပါတယ် အခုက ကျွန်တော်တို့ Notepad Software ကိုသုံးပြီးတော့ Windows\system32 အောက်ကိုရောက်နေတာဖြစ်ပါတယ်။ Notepad Software ဆိုတော့ သူနဲ့ ပါတ် သက်တဲ့ .Txt ဖိုင်တွေကိုပဲ Recommend ပေးထားပါလိမ့်မယ် အထက်က ပုံမှာပြထားတဲ့ အတိုင်းပဲ Files of type: မှာ All Files type  ဖြစ်အောင် ပြောင်းလိုက်ရမှာဖြစ်ပါတယ်။  

  အဆင့်- ၂၁  

 ဒီလို Files of tye: မှာ All Files ဖြစ်အောင်ပြောင်းပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် မြင်နေရ တဲ့မြင်ကွင်းမှာ စောစောကထက် ပိုပြီးတော့ Files တွေပိုမိုများလာမှာကို တွေ့ရပါလိမ့်မယ်။  

  အဆင့်- ၂၂ 


 နောက်ထပ်တစ်ခါ ထပ်လုပ်ရမှာကတော့ Folder အသစ်ဆောက်လိုက်ရမှာပဲဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း Create New Folder  Button လေးကိုနှိပ်ပြီးတော့ New Folder တစ်ခုကို တည် ဆောက်လိုက်ပါ။ 

 
  အဆင့်- ၂၃  

ရလာတဲ့ Folder ကို မိမိစိတ်ကြိုက်နံမည်ပေးလိုက်ပါ။ ကျွန်တော်ကတော့ Files တွေကို Backup လုပ်ချင်တာဖြစ်လို့ Backup လို့နံမည်ပေးလိုက်ပါတယ်။   

  အဆင့်- ၂၄  

အသစ်ဆောက်လိုက်တဲ့ Folder ကို နံမည်ပေးပြီးသွားရင်တော့ အဲဒီ System32  Folder ထဲမှာ cmd ဆိုတဲ့ နံမည်နဲ့ ဖိုင်တစ်ခုကိုလိုက်ရှာပါ။ အားလုံးသိပြီးသားဖြစ်မှာပါ။ အနက်ရောင်ပုံလေးနဲ့ ပါ။ အထက်ကပုံမှာတော့ မြှားနဲ့ ပြထားပါတယ်။   

  အဆင့်- ၂၅  

အဲဒီ cmd File လေးကိုတွေ့ပြီဆိုရင်တော့ ကျွန်တော် အပေါ်ကပုံမှာ ပြထားတဲ့ အတိုင်း Right Click နှိပ်ပြီးတော့ Copy လုပ်လိုက်ပါ။   

  အဆင့်- ၂၆  

cmd ကို copy ကူးပြီးသွားရင်တော့ စောစောက ကျွန်တော်တို့အသစ်လုပ်ထားခဲ့ တဲ့ Folder မှာ Right Cick လုပ်ပြီး Paste လုပ်လိုက်ပါ။ တစ်ကယ်တော့ အဲဒီ Backup Folder ထဲကိုဝင်ပြီးရင် Right  Click နှိပ်ပြီးတော့ Paste လုပ်ရင်လဲ ရပါတယ်။ ကျွန်တော်က မြင်သာအောင်လို့ လုပ်ပြထားတာဖြစ်ပါ တယ်။  

  အဆင့်- ၂၇  

Cmd ကို ကူးပြီးသွားရင် နောက်ထပ် ကူးရဦးမည့် ဖိုင်ကတော့ sethc ဆိုတဲ့ File ပဲဖြစ်ပါတယ်။ သူ့ကိုလဲ စောစောက cmd ကို ကူးခဲ့သလိုပဲ Backup Folder ထဲကိုကူးပေးလိုက်ပါဦး။ ဒါတွေကတော့ ကျွန်တော်တို့ Login Password ကို မ Hack ခင်မှာ ကြိုတင်ပြီးတော့ Backup လုပ်ထားတဲ့ သဘော ပဲဖြစ်ပါတယ်။ Password ကို ဖြုတ်ပြီးသွားရင်တော့ အဲဒီဖိုင်တွေကို နဂိုမူလအတိုင်း ပြန်လည် Restore ပြုလုပ်ပေးရမှာဖြစ်ပါတယ်။  

  အဆင့်- ၂၈  

ကျွန်တော်တို့ sethc ကော cmd ကော နှစ်ခုစလုံး ကို Backup Folder ထဲကို Copy ကူးပြီးသွား ပြီဆိုရင်တော့ အထက်က ပုံထဲကအတိုင်း sethc ဆိုတဲ့ File ကို Delete လုပ်လိုက်ရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ သိထားရမှာက System32  Folder ထဲက sethc ဆိုတဲ့ File တစ်ခုတည်းကိုသာ ဖျက်ပစ် လိုက်ရမှာဖြစ်ပါတယ်။ အကယ်၍များ မဖျက်ပစ် ချင်ဘူးဆိုရင်လဲ နံမည်ပြောင်းပေးထားပါ။ ဥပမာ sethc-org စသဖြင့်ပေါ့။ 

  အဆင့်- ၂၉ 

sethc ကို Delete သို့ Rename လုပ်ပြီးသွားပြီဆိုရင်တော့ cmd ဆိုတဲ့ ဖိုင်ကို ထပ်ရှာလိုက်ပါ။ တွေ့ရင် အဲဒီ cmd ဆိုတဲ့ File ကို sethc လို့ နံမည်ပြောင်းလိုက်ပါ။ အထက်မှာ cmd ကို sethc လို့ နံမည်ပြောင်းနေတဲ့ ပုံကို ပြထားပါတယ်။   

  အဆင့်- ၃၀

 ဒါကတော့ cmd ကို sethc  လို့ နံမည်ပြောင်းပြီးသွားတဲ့ ပုံပါ။    

  အဆင့်- ၃၁ 


 ပြီးသွားရင်တော့ Cancle Button ကိုနှိပ်ပြီး ပိတ်လိုက်ပါ။ ကျွန်တော်တို့က Notepad ကိုဖွင့်ပြီး File တစ်ခုခုကို ပြင်မှာမဟုတ်ပါဘူး။ အဓိက အသုံးပြုတာက ကိုယ်လိုချင်သလို File တွေကို နံမည် ပြန် ပြောင်းပေးလိုက်တာဖြစ်ပါတယ်။   

  အဆင့်- ၃၂ 

Notepad ကို ညာဘက် အပေါ်ထောင့်က ကြက်ခြေခတ်ကို နှိပ်ပြီးပိတ်လိုက်ပါ။    

  အဆင့်- ၃၃ 


 ဒီအဆင့်မှာလဲ ဘာကိုမှ ထပ်လုပ်စရာမလိုတော့ပါဘူး။ ဒါကြောင့် ပြထားတဲ့ Message Box ကို ကြက်ခြေခတ်နှိပ်ပြီး ပိတ်လိုက်ပါမယ်။   

  အဆင့်- ၃၄ 


 နောက်ဆုံးအနေနဲ့ Startup Repair Option ကို Finish Button ကိုနှိပ်ပြီး အဆုံးသတ်ပေးလိုက် ပါ။ ဒါဆိုရင်တော့ Computer က Restart ထပ်ကျသွားမှာဖြစ်ပါတယ်။   

  အဆင့်- ၃၅ 


ဒီတစ်ခါတော့ ပုံမှန်အတိုင်းပဲ Windows က တက်လာပါလိမ့်မယ်။ ပြီးရင်တော့ Windows Login Screen မှာ ရပ်နေပြီး Password ထည့်ပေးတာကို စောင့်နေပါလိမ့်မယ်။ စောစောက Files တွေကို နံမည် ပြောင်းပြီး ဟိုရွှေ့ဒီရွှေ့ လုပ်နေတာတွေက ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။ တကယ်တမ်း Login Password ကို မဖြုတ်ရသေးပါဘူး။ အခုမှ Login Password ကို ဖြုတ်ရတော့မှာပါ။ 

  အဆင့်- ၃၆ 


Shift key ကို ခြောက်ခါလောက် ဆက်တိုက်နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် တော့ ပုံထဲကအတိုင်းပဲ Commend Prompt ပေါ်လာပါလိမ့်မယ်။ ပုံမှန်မှာတော့ အဲဒီလို Shift key ကို ခြောက်ခါလောက် ဆက်တိုက်နှိပ်လိုက်ရင် Sticky Keys Function တက်လာပါလိမ့်မယ်။ အခုကတော့ cmd ကို sethc ဆိုပြီး Sticky key Function ဖြစ်အောင်ပြောင်းထားလိုက်လို့ Commend Prompt တက်လာတာဖြစ်ပါ တယ်။

  အဆင့်- ၃၇ 

 ပေါ်လာတဲ့ Commend Prompt က System က Run တဲ့ Permission အတိုင်းရနေတာဖြစ်တဲ့ အတွက် သင့် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ ဒီမှာတော့ကျွန်တော်တို့က Login Password ကို ဖြုတ် ပစ်လိုက်မှာဖြစ်တဲ့ အတွက် ဒီလို ရိုက်ပြီး Enter ကို နှိပ်ပါမယ်။ net user “YawHackka” *                (net[space]user[space]”????”[space]*) အဲဒီမှာ ပြထားတာက ???? ဆိုတာတွေက မိမိပြောင်းချင်တဲ့ User ရဲ့ Name ပါပဲ။ ပုံထဲမှာတော့ ကျွန်တော်က YawHackka ဆိုတဲ့ User Account ကို Password ဖြုတ်မှာဖြစ်တဲ့ အတွက် ???? တွေ  
  ရဲ့နေရာမှာ YawHackka လို့ ရိုက်လိုက်တာဖြစ်ပါတယ်။ ဒီ “” နှစ်ခုကတော့ မပါလဲရပေမယ့် တစ်ချို့ Space ခြားပြီး နံမည်ပေးထားတဲ့ သူတွေဆိုရင်တော့ အဲဒီ “” နှစ်ခုကြားမှာထည့်ပေးမှ အလုပ်လုပ်ပါ လိမ်။ ဥပမာ “Yaw Hackka”

အဆင့်- ၃၈ 


 Net User commend ကို မှန်ကန်စွာရိုက်ပြီး Enter နှိပ်လိုက်တာနဲ့ ဒီလိုပေါ်လာမှာဖြစ်ပါတယ်။ Type a password for the user: ဆိုတာရဲ့နောက်မှာ မိမိပြောင်းချင်တဲ့ Password ကို ရိုက်ထည့် ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ မိမိက Password ကိုဖြုတ်ချင်တယ်ဆိုရင်တော့ ဘာမှမရိုက်ထည့် ပဲ Enter ကိုသာနှိပ်ပေးရမှာဖြစ်ပါတယ်။

  
အဆင့်- ၃၉ 

 ဒီပုံကတော့ Password ကို သေချာအောင်လို့ ထပ်ရိုက်ခိုင်းတာပါ။ အပေါ်မှာ ရိုက်ခဲ့တဲ အတိုင်း မှန်အောင်ပြန်ရိုက်ပေးရမှာဖြစ်ပါတယ်။ အကယ်လို့ အပေါ်မှာ ဘာမှ မရိုက်ပဲ Enter ပဲ နှိပ်ခဲ့တယ်ဆို ရင်လဲ ဒီမှာ Enter ကိုပဲ ထပ်နှိပ်ပေးရမှာဖြစ်ပါတယ်။  

  အဆင့်- ၄၀ 

ကျွန်တော်ပြောခဲ့တဲ့ command တွေကို မှန်မှန်ကန်ကန် ရိုက်ထည့်ပေးသွားမယ်ဆိုရင်တော့ ဒီလို The command complete successfully. ဆိုပြီးတော့ ပြပါလိမ့်မယ်။ ဒါဆိုရင်တော့ သင်ရိုက်ထည့် လိုက်တဲ့ command တွေအတိုင်းပဲ ပြုလုပ်ပြီးသွားပြီလို့ပြောတာဖြစ်ပါတယ်။   

  အဆင့်- ၄၁ 

အားလုံးပြီးသွားပြီဆိုရင်တော့ ပုံမှာပြထားတဲ့ အတိုင်းပဲ Password ထည့်ခိုင်းတဲ့ Input Box ဘေးက မြှားကိုနှိပ်ပြီး ၀င်လို့ရပါပြီ။ အကယ်၍ မိမိက New Password ပေးခဲ့မယ်ဆိုရင်လဲ အဲဒီ ပေးခဲ့ တဲ့ New Password ကို ရိုက်ထည့်ပြီး ၀င်လို့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ Password ကို ဖြုတ် ခဲ့တာဖြစ်လို့ ဒီအတိုင်းပဲ ၀င်လိုက်တာဖြစ်ပါတယ်။

အဆင့် – ၄၂

 ဒါကတော့ နောက်ဆုံးအဆင့်ပါ။ ပုံမှာပြထားတဲ့အတိုင်းပဲ မြားလေးကို နှိပ်လိုက်တာနဲ့ Password ရိုက်စရာ မလိုပဲ Logon ၀င်သွားပါလိမ့်မယ်( Cmd မှာ စာမရိုက်ပဲ Enter ပဲရိုက်ခဲ့တယ်ဆိုရင်ပေါ့နော်၊ စာ ရိုက်ခဲ့တယ်ဆိုရင်တော့ အဲဒီစာကို ရိုက်ပြီး Enter နှိပ်လိုက်တာနဲ့ Logon ၀င်သွားပါလိမ့်မယ်။)

ဒါကတော့ Logon ၀င်သွားပြီး Desktop ပေါ်ရောက်သွားတဲ့ ပုံပါ။

  ကဲ Login Password ကိုတော့ Bypass လုပ်လို့ပြီးသွားပြီ ဒါပေမယ့် လုပ်စရာကျန်နေသေးတာက ကျွန်တော်တို့ နံမည် ပြောင်းထားခဲ့တဲ့ File တွေကို ပြန်ပြီးတော့ Restore ပြန်လုပ်ပေးရ ဦးမှာဖြစ်ပါတယ်။ အစောက ကျွန်တော် တို့ Backup လုပ်ထားတဲ့ cmd နဲ့ sethc File နှစ် File ကို System32 Folder ထဲကို ပြန်ပြီးတော့ ကူးပေးထားလိုက်ပါ။ ဒါမှသာ Shift key ကိုနှိပ်ရင် Sticky key Function တက်မှဖြစ် ပါတယ်။ကဲအားလုံးနားလည်အောင်ပုံတစ်ပုံချင်းစီအသေးစိတ်နီးပါး ရှင်းပြပေးထားတာဖြစ်လို့ နားလည် သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ ထပ်မံ ပြောကြားလိုတာကတော့ ဒီနည်းကို အသုံးပြုပြီးသူများ စက်တွေကိုဒုက္ခမပေးဖို့တောင်းပန်ပါတယ်။ဒီနည်းလေးကိုတင်ပေးရင်ကောင်းမလား၊ မတင်ပဲနေရင်
  ကောင်းမလား စဉ်းစား ပါသေးတယ်။ ကောင်းတဲ့ သူတွေရှိသလို မကောင်းတဲ့ သူတွေလဲ ရှိနေတာ ကြောင့် အခက်တွေ့နေတာ ဖြစ်ပါတယ်။ အကယ်၍ တစ်နေရာရာမှာလွဲပြီး အခက်အခက်ဖြစ်နေခဲ့မယ် ဆိုရင်လဲ http://yawstar.blogspot.com မှာမေးမြန်းနိုင်ပါတယ်။ အားလုံးပဲ နည်းပညာနဲ့ ပတ်သက် ပြီး ပိုမိုသိရှိနားလည် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 
                                                                                                               CD-   ယောဟက္က (ယောစတား)


https://accounts.google.com/o/oauth2/postmessageRelay?parent=https%3A%2F%2Fyawstar.blogspot.de&jsh=m%3B%2F_%2Fscs%2Fapps-static%2F_%2Fjs%2Fk%3Doz.gapi.en_GB.3YQuGa3yr_8.O%2Fm%3D__features__%2Fam%3DAQE%2Frt%3Dj%2Fd%3D1%2Frs%3DAGLTcCP3VA1V0ZkbGVTYo8vXUE3TAbnrwg#rpctoken=1609573894&forcesecure=1

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.