စစ်ဗိုလ် မှ စစ်ဗိုလ်ဆို



ကျောင်းဆရာလူပျိုကြီးနဲ့
ဆရာမအပျိုကြီးတို့က
ကျောင်းနေဖက်ငယ်သူငယ်ချင်း
တွေပါတဲ့။ အလုပ်ကလည်းတူ
တာဝန်ကျတဲ့ကျောင်းခြင်းကတူ
သွားအတူ စားအတူဆိုတော့
သူတို့ကို အိမ်ထောင်ဖက်ပေးချင်
ကြပေမဲ့။ တခါတလေ 
သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်
ဆို ကျောင်းဆရာက ဟေ့ဆရာမ
နင်မှတ်မိလား ဆေးကျောင်းတက်
သွားတဲ့မိခိုင်လေ ငါသူ့ကိုအရမ်းချစ်
တာပဲ ခုချိန်ထိသတိရနေတုန်း
သူက ငါ့ကိုမချစိပါဘုးကွာ
ဆရာမကလည်း
အေးဟ ငါလည်းလေ 
ဗိုလ်သင်တန်းတက်သွားတဲ့
ဟိုတယောက်လေဟာ
နင်မှတ်မိလား
သူက ယောက်ျားပီသတယ်ဟ
အရပ်မြင့်မြင့်လေ  ယူနီဖေါင်းနဲ့
လိုက်တာဟယ် ငါသူ့ကို
ဆယ်တန်းနှစ်ကတည်းကကြိုက်
တာ သူမသိပါဘူး
Aww 
အေးဟ ငါတို့ကံကလည်းဆိုးပါ
တယ်ဟာ
ဟေ့ ဒီတခါ ကျောင်းသားဟောင်း
တွေ တွေ့ဆုံပွဲကြ ငါတို့ကျိုးစား
ကြည့်ကြတာပေါ့ဟ
သူတို့ ရိပ်မိအောင်လေ
အေးကောင်းသား
နင်က ယောက်ျားလေးဆိုတော့
ပြဿနာမရှိဘူး
ငါက ဆရာမဟ တအားကြီးအမူ
အယာပျက်လို့မဖြစ်ဘူး
အေးပါဟ
ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာ
အဲ့တစ်ရက်တော့ဆုံရသားနော်

ဒီလိုနဲ့ ကျောင်းသားဟောင်းတွေ
တွေ့မဲ့နေ့ကို စောင့်နေကြပါတယ်
အဲ့အချိန်မှာပဲ
တခြားဆရာတွေက
ဒီနှစ်ယောက်တော့ပေးစားမှ
ထင်တယ်ဟေ့ဆို သူတို့က
စိတ်ဆိုးပါသတဲ့
ကျုပ်က ဆရာဝန်မလေးကျုပ်ချစ်ရ
သူရှိသဗျ မိခိုင်တဲ့
ဒီနှစ်ဆုံရင်တော့ အောင့်မနေတော့
ဘူးဖွင့်ပြောလိုက်တော့မယ်
တိတ်တခိုးကြိတ်ပိုးကြိတ်ဆွေးခဲ့ရ
တဲ့ နှစ်တွေလည်းကြာပါပြီဗျာ
ဆရာမကလည်း
ကျောင်းဆရာတော့မလိုချင်ပေါင်
တော်။ ကျမက စစ်ဗိုလ်မှကြိုက်တာ
တော့ ဘာပဲဖြစ်ဖြစ်ကျမကိုသူချစ်
ခွင့်မပန်လည်း ဖူးစာပါရင်တနေ့
တော့ဖြစ်လာမှာပါ
ကျမနဲ့ သတိရကြောင်းဖုန်းတော့
ပြောဖြစ်သား။ သူ့အသံကြားတိုင်း
ကျမ ရင်တွေခုန်လိုက်တာရှင်
သူ့ဖုန်းလေးပဲမျော်မိတယ်
ဒီတခါတွေ့ဆုံပွဲကြရင်
အလှဆုံးဖြစ်အောင်ပြင်ဦးမှာ

အထီးကျန်လိုက်တာ
တစ်ယောက်ကလည်းအမ
ကျန်လိုက်တာ

ဒီလိုနဲ့မျော်လင့်စောင့်စားခဲ့ရတဲ့
ရက်ကိုရောက်လာပါတော့တယ်။

ဘယ်နေ့ ဘယ်အချိန် ဘယ်နှစ်နာ
ရီပေါ့  အိုးးးပျော်လိုက်ထှာ
မိခိုင်နဲ့တွေ့ရတော့မယ်

ကျမချစ်သော ဗိုလ်ကြီး ကျော်ကျော်
နဲ့ဆုံရပြီ

အလှဆုံးဖြစ်အောင်ပြင်
ဟေ့ ကျောင်းဆရာ
ဒီပုံစံဝတ်ထားတာမိုက်လား
နင့်ဟာကလည်းဟာ
ဝတ်ထားတာကြီးက
စိတ်မဆိုးကြေး
နင်က မိခိုင်လိုတော့မလှဘူးဟ
မိခိုင်က အိမ်နေရင်းစတိုင်လ်က
တောင်အရမ်းမိုက်

အမလေး ကျောင်းဆရာအခြောက်
ရယ် နင်ကလည်း ငါ့ဘဲကျော်
စစ်ဗိုလ်လောက်ခန့်ရင်အခက်
နင့်လိုမြေဖြူကိုင်တဲ့ကျောင်းဆရာကို
စိတ်မဝင်စားသေနတ်ကိုင်တဲ့
စစ်ဗိုလ်မှ စစ်ဗိုလ်နော် ဟင်းးး

လာ သွားစို့

ဟယ် မိခိုင်ရယ် လှလိုက်တာ

ဟယ် စစ်ဗိုလ်ကြီးရယ် ခန့်လိုက်
တာရှင်

စိတ်ကူးလေးတောင်မယဉ်ရသေး
ဟေးးးကျောင်းဆရာ
ငါတ်ု့မင်္ဂလာဆောင်လာရမနော်
ဟင်မင်းက ဘယ်သူနဲ့ဆောင်မှာလဲ
မိခိုင်နဲ့လေကွာ
ကျောင်းဆရာစကားမပြောနိုင်ပါ
လေတော့ ခေါင်းငိုက်စိုက်ကျ
အေးပါ ဒီပွဲငါလာမိတာကိုက
ငါ့အမှား

မိခိုင်က ဆရာမရေ့
မင်င်္ဂါဆောင်လာရမယ်နော်
ဗိုလ်ကြီးကျော်ကျော်နဲ့လေ

ဟင်နင်တ်ု့က
ဘယ်တုန်းက
အေးဟယ်မပြောဖြစ်ဘူး
တွေ့ဆုံပွဲမှ အားလုံးဖိတ်ရင်း
ပြောမယ်ကြံထားတာ
အေးပါ
ငါဝမ်းသာပါတယ်ဟ
ရင်ထဲကြိတ်ငို ဆွေးလေပေါ့
ကျော်ကျော်ရယ်

တွေ့ဆုံပွဲကအပြန်
ဟေ့ဆရာမ ဒီနေ့ငါအိမ်မပြန်
အရက်ကိုဝအောင်သောက်ရမှ
ကျေနပ်မယ်။
အမယ် ငါလည်း ဆရာမဆိုပေ
မဲ့ တခါတလေ သောက်ဖူးပါတယ်ဟ

ငါတို့နှစ်ယောက်အသည်းကွဲ
ဒီနေ့တော့ဝုန်းဒိုင်းကျဲပြစ်မယ်
ဟင်းးးးငါကျောင်းဆရာကွနော်
ဟားးဟားး ဆရာမမှာလည်း
အသည်းနဲ့ပါ။
ခဲလေသမျှ သဲရေကျ
လိုက်ဖက်ပါတယ်
ဆရာဝန်မနဲ့ စစ်ဗိုလ်တို့
မင်္ဂလာဆောင်တဲ့ပွဲ
င်္ဒီတသက်မလာဘူးဟေ့

လောကကြီးကိုစိတ်နာတယ်
အချစ်အတွက်ကံမကောင်းခဲ့သူပါကွယ်

ဟေ့ ဆရာမ နင့်အိမ်ငါပြန်ပို့ပေးမယ်
ငါတော့အရမ်းမူးနေပြီ ဖြစ်ပါတယ်ဟ
မဖြစ်နဲ့ ပို့ပေးမယ် ပို့ပေးမယ်
တူ့နှယ်တယ့်နှယ့်

မနက်မိုးသောက်အလင်းရောက်
ဆရာမကုတင်ပေါ် ကျောင်းဆရာ
အိပ်ပျော်လို့ ဟဲ့မသာ
သေချင်းဆိုး ကျောင်းဆရာ
အခြောက် နင်ကများရာရာစစ
ငါ့ကုတင်ပေါ်ရောက်
အမလေး

ဟဲ့ ပလုတ်တုတ်
ငါ့ထမီက ဘယ်ရောက်သွားပါလိမ့်

နှစ်ယောက်သားမူးမူးနဲ့အိပ်ပျော်
ညက ဘာဖြစ်သွားပါလိမ့်
ဘာမှမဖြစ်ပါဘူးနော့်
မသိဘူးလေ
ဘာအူကြောင်ကြောင်လုပ်

အိမ်ရှေ့တံခါးညက မပိတ်မိ
တော်ပါသေးရဲ့ သူခိုးမဝင်လို့
စွတ်ရွတ်ပြီး အိပ်ခန်းထဲဝင်လာတဲ့
ကျောင်းအုပ်ဆရာမကြီး
သူတို့နှစ်ယောက်ကိုကုတင်
ပေါ်ငုတ်တုတ်မြင်တော့လန့်အော်
အမလေးးး 
ငါအသံမပေးမိဘူးး
တံခါးကြီးပွင့်နေလို့ငါဝင်လာတာ
နင်တို့ကဒီလိုလား
ဒီနေ့မနက်ချကိတဲ့မုန့်ဟင်းငါး
စားပွဲပေါ်တင်ခဲ့သကွဲ့
ငါသွားပြီဟေ့

ဆရာမမျက်နှာက ဇီးရွက်လောက်
ဒုက္ခပဲ ဘယ်လိုရှင်းရပါ့
ကျောင်းဆရာမျက်နှာစပ်ဖြီးဖြီး
ဘိုမှ ရှင်းမနေနဲ့တော့
ရောချလိုက်တော့
မဟုတ်လည်း ဟိုနှစ်ယောက်က
လက်ထပ် မျော်လင့်မရအတူတူ
ငါတို့ လက်ထပ်လိုက်ရအောင်

ဆရာမမျက်နှာရှက်ပြုံး
ဒါနဲ့ များတော် ဝင်္က ပါပါတ်နေရတယ်
လို့ အစတည်းက ကျုပ်တို့လက်ထပ်
လိုက်ရင်ပြီးရော အချိန်တွေနှမြော
လိုက်တာ
ကျောင်းဆရာ မာန်ပါပါကုတင်ပေါ်
ကအဆင်း မင်းထင်သလို ကျောင်း
ဆရာ အခြောက် မဟုတ်မှန်း သိပြီ
ပေါ့လေ ပုဆိုးပြင်ဝင်ရင်း
ခလုတ်တိုက်
ဆရာမလန့်အော်
အမလေး ဘယ်နားနာသွားသေး
လည်းဟင်
တော်ပါကွာ
ခုမှ အကဲပို
မင်းပဲ အရင်ကတော့
စစ်ဗိုလ် မှ စစ်ဗိုလ်ဆို


==ခရက်​ဒစ်​========================

Mya’Nan Thida Nwe



Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.