ထိုင်းနိုင်ငံမှာ အလွန်ရေပန်းစားနေတဲ့ လိင်အင်္ဂါကို ဖြူအောင်လုပ်ခြင်း

ထိုင်းနိုင်ငံမှာ အလွန်ရေပန်းစားနေတဲ့ လိင်အင်္ဂါကို ဖြူအောင်လုပ်ခြင်း



ဒီကုထုံးကတော့ အမဲရောင်ခြယ်ဆဲတွေကို လေဆာသုံးပြီးဖယ်ရှားတဲ့နည်းလမ်းပါပဲ။
ခွဲစိတ်မှုနဲ့ ပတ်သတ်လာရင်တော့ ထိုင်းနိုင်ငံအကြောင်း မပြောမဖြစ်ပြောရပါလိမ့်မယ်။

ဘာကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံဟာ ရင်သားခွဲစိတ်ပြုပြင်မှုကစပြီးတော့ လိင်ပြောင်းလဲမှုအထိ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုနယ်ပယ်မှာ နာမည်ကြီးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။
ဒီနယ်ပယ်မှာဆိုရင် ထိုင်းနိုင်ငံဟာ အရမ်းကို စိတ်ချရတဲ့ ခွဲစိတ်မှုတွေပြုလုပ်ပေးနိုင်တဲ့နေရာတစ်ခုလည်းဖြစ်တယ် ။
အခု အသစ်ထွက်လာတဲ့ကုထုံးတစ်ခုဖြစ်တဲ့ လိင်အဂါင်္ဖြူစေတဲ့ကုထုံးကိုလည်း ထိုင်းနိုင်ငံမှာအလွယ်တကူဆောင်ရွက်ပေးနေပါပြီ ။ သင်ဖတ်တာမှန်ပါတယ်…။
Lexus ဆေးရုံဟာ အခုဆိုရင် လေဆာကိုသုံးပြီးတော့ အမျိုးသားလိင်အင်္ဂါတစ်ဝိုက်ကရောင်ခြယ်ဆဲလ်တွေကိုဖယ်ရှားပေးပြီး ဖြူဖွေးတဲ့လိင်အင်္ဂါရအောင် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။

ဒီဆေးခန်းဟာ ပေါင်ခြံတစ်ဝိုက်ဖြူချင်တဲ့ အမျိုးသားတစ်ဦးကို အတွက် ဒီနည်းလမ်းကို စတင်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်။
အခုဆိုရင် တစ်လကို အမျိုးသားပေါင်း ၁၀၀ ကျော်လောက်လာရောက် ပြုပြင်နေကြပါပြီ။

Lelus ဆေးရုံရဲ့ အရေပြားနဲ့လေဆာဌာနက မန်နေဂျာဖြစ်တဲ့ Bunthita Wattanasiri ကတော့…
“လူတွေအများကြီး ဒီအကြောင်းကိုလာရောက်မေးမြန်းကြတယ်။
တစ်လကိုတော့ လူတစ်ရာလောက်လာကြပြီး တစ်နေ့ကို ၃ ၄ ယောက်လောက်ပြုပြင်ပေးရပါတယ်” လို့ပြောပါတယ် ။

အများဆုံးလာရောက်ပြုပြင်ကြတဲ့အရွယ်အပိုင်းအခြားဟာ ၂၂ နှစ်ကနေ ၅၅ နှစ်အထိဖြစ်ပြီးတော့ အများစုကတော့ LGBTQ (gay) အဖွဲ့အစည်းမှဖြစ်တယ် ။
“ဒီနေရာဟာ ထိခိုက်လွယ်တဲ့ ဧရိယာတစ်ခုဖြစ်တဲ့အတွက် ကျွန်မတို့သေချာဂရုစိုက်ပြီးလုပ်ဆောင်ပေးရတယ်” လို့သူကပြောပါတယ် ။

Lelux ဆေးရုံဟာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကအဆီကိုအသုံးပြုပြီးတော့ အမျိုးသမီး အင်္ဂါကိုဖူးဖူးလေးဖြစ်စေတဲ့ 3D Vegina အရောင်ချွတ်ခြင်းနဲ့ အဖြူရောင်ဖြစ်အောင်ကုသခြင်းမျိုးဟာ အချိန်ကြာမြင့်စွာလုပ်ကိုင်နေခဲ့တာဖြစ်တဲ့အတွက် အထူးအဆန်းမဟုတ်တော့ပေမယ့် အွန်လိုင်းပေါ်မှာမကောင်းမြင်တဲ့မျတ်ချက်တွေတော့ရှိနေတုန်းပါပဲ ။

“စိတ်ပျက်စရာပဲ..ဒီနေ့ခေတ်လူတွေက ကိုယ့်အသားအရေတောင် ကိုယ်သဘောမကျတော့ပါလား” လို့
Facebook သုံးစွဲသူတစ်ဦးက ဆေးရုံကတင်ထားတဲ့ဓါတ်ပုံအောက်မှာ ကောမက်ပေးထားခဲ့ပါတယ် ။
Parin Ruansati ဆိုတဲ့တစ်ယောက်လည်း “အိုး ဘုရားသခင်..ကမ္ဘာကြီးဘာတွေဖြစ်ကုန်ပြီလဲ” လို့ ကောမက်ရေးထားခဲ့ပါသေးတယ် ။

လိင်အင်္ဂါကို ဖြူဖွေးအောင်လုပ်ချင်တယ်ဆိုရင်တော့ ရောင်ခြယ်ဆဲလ်ဖယ်ရှားမှု ၅ ကြိမ်လောက်ဆောင်ရွက်ရမှာဖြစ်ပြီးတော့ ဒေါ်လာ ၆၈၀ လောက်ကုန်ကျမှာဖြစ်တယ်။
မကြာသေးခင်ကပဲ ဒီနည်းလမ်းကိုအသုံးပြုပြီး ဖြူအောင်လုပ်ပေးခဲ့တဲ့ လူနာတစ်ယောက်ရဲ့ဓါတ်ပုံကို အွန်လိုင်းပေါ်ထုတ်ပြခဲ့ပါတယ်။
ဓါတ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ အလွန်ရေပန်းစားသွားခဲ့ပြီး ထိုင်းတီဗီမှာ ပြတဲ့အဆင့်အထိတောင် ပေါက်သွားခဲ့ပါတယ်။

ကုထုံးလုပ်ပေးတဲ့အတွက်လည်းနာမည်ကျော်ပါတယ်။
“ကျွန်မတို့ရဲ့ ကုထုံးကို အမျိုးသားတွေ အမျိုးသမီးတွေအတွက်ပါ ကမ်းလှမ်းပေးနိုင်မယ်ဆိုရင် ဈေးကွက်ကျယ်ပြန့်လာနိုင်တယ်” လို့ Bunthita ကပြောခဲ့ပါတယ် ။
.
Writer – Min Thu (Daily Hot News)

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.