ရန်ကုန်​မြို့သစ်​စီမံကိန်းအတွက်​ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျပ်​ ၁၀ ဘီလီယံ ထည့်​ဝင်​ထား =======================

——– စုသက်နှင်း ——–

ရန်​ကုန်​မြို့၏ အ​နောက်​ဘက်​ ခြမ်းတွင်​ အ​ကောင်​အထည်​​ ဖော်​​ဆောင်​ရွက်
မည့်​ မြို့သစ်​စီမံကိန်း အတွက်​ မတည်​​ငွေကို ရန်ကုန်တိုင်း​ဒေသကြီးအစိုးရ 
အဖွဲ့မှ ​ငွေကျပ်​ ၁၀ ဘီလီယံ ထည့်​ဝင်​ထား​ကြောင်း လျှပ်​စစ်​၊စက်​မှုလက်​မှုနှင့်​ လမ်းပန်းဆက်​သွယ်​​​ရေး၊ ​ဆောက်​လုပ်​​ရေးဝန်​ကြီး ​ဒေါ်နီလာ​ကျော်​က 
ပြောကြားလိုက်သည်​။

ရန်​ကုန်​မြို့သစ်​စီမံကိန်း၏ Phase 1 ကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​မည့်​ ဧက​ပေါင်း ၂၀၀၀၀ ​ကျော်​ကို ပထမအကြိမ်​ ကျင်းပပြုလုပ်ခဲ့သည့် တိုင်း
ဒေသကြီးလွှတ်​​တော်​တွင်​ အတည်​ပြုထားပြီးဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ စီမံကိန်းကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရန်​အတွက်​ စီမံကိန်း
နှင့်​ မလွတ်​ကင်းသည့်​ လယ်​ယာ​မြေများကို ၂၀ ရာခိုင်​နှုန်း ပြန်​လည်​​ပေး​အပ်​သွားမည်​ဖြစ်​ပြီ တန်​ဖိုးနည်အိမ်​ယာများကိုပါ တည်​​ဆောက်​​ပေးသွားမည်
ဖြစ်​​ကြောင်း သိရသည်​။

“လုပ်​ငန်းကို အဆင့်​လိုက်​ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရတာဖြစ်​တဲ့
အတွက်​ အ​သေးစိတ်​ အချက်​အလက်​ကို ထုတ်​ပြန်​​ပေးသွားမှာဖြစ်​ပါတယ်​။ စီမံကိန်းကို ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​သွားမှာ ဖြစ်​ပါတယ်​။ ပြီး​တော့ လယ်​ယာ​မြေနဲ့ ပတ်​သက်​ပြီး သီးသန့်​ သတင်းထုတ်​ပြန်​​ပေးသွားမှာဖြစ်​ပါ​တယ်​။ ဒီ စီမံကိန်းကို အရင်​ကတည်းက ​ရေးဆွဲထားတာဖြစ်​ပါတယ်​”ဟု 
ဝန်​ကြီး ​ဒေါ်နီလာ​ကျော်​က ​ပြောသည်​။

အဆိုပါ စီမံကိန်းအတွက်​ ပြည်​တွင်း၊ပြည်​ပကုမ္ပဏီသုံးခုကိုသာ ယှဉ်​ပြိုင်​ခွင့်​ပြုထား​ကြောင်း​၊ ယင်း အပြင်​ ယင်းစီမံကိန်း၌ လျှပ်​စစ်​မီးမြောက်မြားစွာ 
အသုံးပြုရမည်ဖြစ်သည့်အတွက် လက်ရှိတွင် လျှပ်​စစ်​ဝန်​ကြီးဌာနနှင့်​ ညှိနှိုင်း​ဆွေး​နွေးမှု များကို ပြုလုပ်​ထား​ကြောင်း သိရသည်​။

ယင်းစီမံကိန်းကိုဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၀၀ ရာခိုင်နှုန်းအပြည့်ပိုင်ဆိုင်သည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) ကို ဖွဲ့စည်းထူထောင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း မတ် ၃၁ ရက်က ရန်​ကုန်​မြို့ရှိ Lotte Hotel တွင်​ ပြုလုပ်​သည့်​ ရန်​ကုန်​မြို့သစ်​ဖွံ့ဖြိုး​ရေး ကုမ္ပဏီလီမိတက်​ဖွဲ့စည်းထူ​ထောင်​ခြင်း အထိမ်းအမှတ်​ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“NYDC ဟာ အစိုးရ ရာနှုန်းပြည့် ပိုင်ဆိုင်သော်လည်း ဒီကုမ္ပဏီကို အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားလုံးကို ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီ တခုအနေနဲ့ ဆောင်ရွက်သွားဖို့နဲ့ ကြိုးနီစနစ်တွေကို ကျော်လွှားနိုင်ဖို့ တည်ထောင်ပါတယ် “ဟု ယင်းကုမ္ပဏီ ၏ ဒုတိယဥက္ကဋ္ဌ ၊ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ က ပြောသည်။

Credit#AKonThi

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.