အလြန္အဖိုးတန္ေသာ ျမန္မာ့ေဆးျမီးတိုနည္းမ်ား

အလြန္အဖိုးတန္ေသာ ျမန္မာ့ေဆးျမီးတိုနည္းမ်ား



ေရေႏြးပူ၊ မီးပူ၊ ဆီပူမ်ားေလာင္လွ်င္
အပူေလာင္လွ်င္ ေရေႏြးပူ၊ မီးပူ၊ ဆီပူမ်ားေလာင္လွ်င္ ၾကက္ဥတစ္လံုးကို ေဖာက္၍ ၾကက္ဥအကာျဖင့္ အပူေလာင္သည့္ဒဏ္ရာေပၚကို သုတ္လိမ္းေပးပါက ခ်က္ခ်င္းသက္သာေစျပီး အမာရြတ္၊ ဒဏ္ရာ၊ အေရၾကည္ဖုမ်ား လံုး၀မေပၚပဲ ေပ်ာက္ကင္းေစပါသည္။
ၾကြက္ႏို႔ေပါက္လွ်င္
ၾကြက္ႏို့ေပါက္လွ်င္ ခ်င္းတက္ကို ထိပ္မွ ဓါးျဖင့္ လွီးျဖတ္၍ ၄င္းျဖတ္ထားေသာေနရာမွာ ထံုးျဖဴ သုတ္လိမ္း၍ ၾကြက္ႏို့ေပၚကို ျဖည္းျဖည္းခ်င္း ပြတ္တိုက္ေပးပါ။ ခ်င္းႏွင့္ထံုးတို့၏ အပူရွိန္ျဖင့္ ၾကြက္ႏို့အျမွစ္ျပတ္ေအာင္ တိုက္စားသြားပါလိမ့္မည္။
ေညာင္းညာကိုက္ခဲေနလွ်င္
ကိုက္ခဲေညာင္းညာေနလွ်င္ မိႆလင္ႏွင့္ခ်င္း(ဂ်င္း)တို့ကို ဆတူေရာၾကိတ္၍ (ညက္ေနေအာင္ ေထာင္း၍) မီးေတာက္အရက္ေခၚ အရက္ဦးရည္ႏွင့္ ပုလင္းတစ္လံုးထဲတြင္ ထည့္၍ အဖံုးကို ေသခ်ာလံုေအာင္ပိတ္၍ စိမ္ထားပါ။ ၃ ပတ္ခန့္ စိမ္ထားျပီးလွ်င္ စတင္၍ လိမ္းႏိုင္ပါျပီ။ လႏွင့္ခ်ီ၍ စိမ္ထားကာ ကိုက္ခဲေညာင္းညာသည့္ေနရာတို့တြင္ အနည္းငယ္ ပြတ္လိမ္း၍ ႏွိပ္နယ္ေပးပါက အေညာင္းအညာ သက္သာေပ်ာက္ကင္းေစပါသည္။
ဆီးေအာင့္ ဆီးနာျဖစ္လွ်င္
ဆီးေအာင့္၊ ဆီးနာျဖစ္လွ်င္ ဇာတိပၹိဳလ္သီးကို ၅ ပံု ၁ ပံုခန့္ ေသြး၍ ၾကံရည္တစ္ခြက္ထဲ ထည့္ေမႊ၍ ေသာက္လွ်င္ ဆီးေအာင့္၊ ဆီးနာေရာဂါမ်ား ခ်က္ခ်င္း သက္သာေပ်ာက္ကင္းေစပါသည္။
ေခ်ာင္းဆိုး၊ တီဘီျဖစ္လွ်င္
ေခ်ာင္းဆိုး၊ တီဘီေရာဂါျဖစ္လွ်င္ မိုးတြင္းအခါတြင္ အေလ့က်ေပါက္သည့္ အပြင့္၀ါ၍ အသီးမွာ ေလးညွင္းႏွင့္တူေသာ ေတာေလးညွင္းပင္ကို အျမွစ္ပါေအာင္ ႏွဳတ္ယူ၍ ေရစင္ေအာင္ ေဆးေၾကာကာ ေရ ၃ ခြက္ ၁ ခြက္တင္္ေအာင္ က်ိဳ၍ တစ္ေန့ကို မနက္၊ ည တစ္ခြက္စီ ေသာက္ပါ။ ၃ ရက္ခန့္ ေသာက္ပါက ေခ်ာင္းဆိုး ေပ်ာက္ပါသည္။
တီဘီေရာဂါဆိုလွ်င္ ၄င္းေဆးရည္ကို ေရရွည္စြဲေသာက္ပါက ေရာဂါေပ်ာက္ကင္းေစႏိုင္ပါသည္။
ေစာႏြဲ့ေနဆိုင္ (ပူတာအို)
ကိုးကား ။ ။ ရိုးရာေဆးျမီးတိုမ်ား၊ ျမန္မာ့ေဆးက်မ္းမ်ား က်န္းမာေရးသတင္းမ်ား
(Unicode)

အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတိုနည်းများ


ရေနွေးပူ၊ မီးပူ၊ ဆီပူများလောင်လျှင်
အပူလောင်လျှင် ရေနွေးပူ၊ မီးပူ၊ ဆီပူများလောင်လျှင် ကြက်ဥတစ်လုံးကို ဖောက်၍ ကြက်ဥအကာဖြင့် အပူလောင်သည့်ဒဏ်ရာပေါ်ကို သုတ်လိမ်းပေးပါက ချက်ချင်းသက်သာစေပြီး အမာရွတ်၊ ဒဏ်ရာ၊ အရေကြည်ဖုများ လုံးဝမပေါ်ပဲ ပျောက်ကင်းစေပါသည်။
ကြွက်နို့ပေါက်လျှင်
ကြွက်နို့ပေါက်လျှင် ချင်းတက်ကို ထိပ်မှ ဓါးဖြင့် လှီးဖြတ်၍ ၎င်းဖြတ်ထားသောနေရာမှာ ထုံးဖြူ သုတ်လိမ်း၍ ကြွက်နို့ပေါ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ချင်းနှင့်ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့အမြှစ်ပြတ်အောင် တိုက်စားသွားပါလိမ့်မည်။
ညောင်းညာကိုက်ခဲနေလျှင်
ကိုက်ခဲညောင်းညာနေလျှင် မိဿလင်နှင့်ချင်း(ဂျင်း)တို့ကို ဆတူရောကြိတ်၍ (ညက်နေအောင် ထောင်း၍) မီးတောက်အရက်ခေါ် အရက်ဦးရည်နှင့် ပုလင်းတစ်လုံးထဲတွင် ထည့်၍ အဖုံးကို သေချာလုံအောင်ပိတ်၍ စိမ်ထားပါ။ ၃ ပတ်ခန့် စိမ်ထားပြီးလျှင် စတင်၍ လိမ်းနိုင်ပါပြီ။ လနှင့်ချီ၍ စိမ်ထားကာ ကိုက်ခဲညောင်းညာသည့်နေရာတို့တွင် အနည်းငယ် ပွတ်လိမ်း၍ နှိပ်နယ်ပေးပါက အညောင်းအညာ သက်သာပျောက်ကင်းစေပါသည်။
ဆီးအောင့် ဆီးနာဖြစ်လျှင်
ဆီးအောင့်၊ ဆီးနာဖြစ်လျှင် ဇာတိပ္ဖိုလ်သီးကို ၅ ပုံ ၁ ပုံခန့် သွေး၍ ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍ သောက်လျှင် ဆီးအောင့်၊ ဆီးနာရောဂါများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
ချောင်းဆိုး၊ တီဘီဖြစ်လျှင်
ချောင်းဆိုး၊ တီဘီရောဂါဖြစ်လျှင် မိုးတွင်းအခါတွင် အလေ့ကျပေါက်သည့် အပွင့်ဝါ၍ အသီးမှာ လေးညှင်းနှင့်တူသော တောလေးညှင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးကြောကာ ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ တစ်နေ့ကို မနက်၊ ည တစ်ခွက်စီ သောက်ပါ။ ၃ ရက်ခန့် သောက်ပါက ချောင်းဆိုး ပျောက်ပါသည်။
တီဘီရောဂါဆိုလျှင် ၎င်းဆေးရည်ကို ရေရှည်စွဲသောက်ပါက ရောဂါပျောက်ကင်းစေနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးကျမ်းများ ကျန်းမာရေးသတင်းများ

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.