အေျဖရွာမရတဲ့ ကမာၻေက်ာ္ေသဆုံးမႈ တစ္ခုအေၾကာင္း (႐ုပ္သံ)

အေျဖရွာမရတဲ့ ကမာၻေက်ာ္ေသဆုံးမႈ တစ္ခုအေၾကာင္း (႐ုပ္သံ)



(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္႐ႈပါရန္)
၂၀၁၃ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၉ရက္ေန႔မွာ Elisa Lam ဆိုတဲ့ေကာင္မေလးရဲ႕ အသက္မရွိေတာ့တဲ့ အဝတ္မဲ့ခႏၶာကိုယ္ကို ဟိုတယ္ရဲ႕ အေပၚဆုံးထပ္ ေရစည္ထဲက ရွာေတြ႕ခဲ့ပါတယ္။
Elisa Lam ဟာ ကေနဒါႏိုင္ငံ Vancouver ၿမိဳ႕မွာေနထိုင္ၿပီး British Columbia တကၠသိုလ္က ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး မေသဆုံးခင္က ေလာ့အင္ဂ်လိၿမိဳ႕လယ္က Cecil ဟိုတယ္မွာ တည္းခဲ့တာပဲျဖစ္ပါတယ္။

သူမဟာ ဇန္နဝါရီလကုန္ေလာက္တည္းက ေပ်ာက္ဆုံးသြားခဲ့တာပါ။
ဘာေၾကာင့္ေပ်ာက္ဆုံးသြားတယ္ဆိုတာကို အားလုံးမသိခဲ့ၾကပါဘူး။
သူမရဲ႕ မိဘေတြဟာ ရဲေတြကို အကူအညီေတာင္းကာ ရွာခိုင္းခဲ့ေပမယ့္ ရွာမေတြ႕ခဲ့ပါဘူး။

ေနာက္ပိုင္းမွာ ဟိုတယ္မွာေနတဲ့သူတခ်ိဳ႕က ေရအနံ႔ နဲ႔ အရသာတစ္မ်ိဳးျဖစ္ေနတယ္လို႔ ကြန္ပလိန္းတက္ၾကတဲ့အတြက္ ဟိုတယ္ဝန္ထမ္းေတြ ဟာ ေရစည္ကို စစ္ေဆးၾကည့္တဲ့အခါမွာမွ သူမရဲ႕အေလာင္းကို ေရစည္ထဲက ေတြ႕တာပဲျဖစ္ပါတယ္။
ထူးထူးျခားျခားလကၡဏာေတြ ၊ ေဆးဝါး အရက္သုံးစြဲမႈ လုံး၀ မရွိလို႔ ရဲဌာနက စစ္ေဆးအၿပီးမွာေတာ့ Elisa Lam ေသဆုံးမႈကို ေရစည္ထဲျပဳတ္က်ကာ ေရနစ္ေသဆုံးမႈလို႔ပဲ ေခါင္းစဥ္တပ္လိုက္ပါတယ္။

သာမန္ၾကည့္လိုက္ရင္ ဘာမွမထူးဆန္းဘူးလို႔ ဆိုရေပမယ့္ သူမ မေသဆုံးမီ ဓာတ္ေလွကားမွာရွိခဲ့တုန္းက႐ိုက္ခဲ့တဲ့ CCTV ဗီဒီယိုဖိုင္ထြက္လာတဲ့အခါမွာေတာ့ သူမရဲ႕ေသဆုံးမႈဟာ ထူးဆန္းမႈေတြနဲ႔ ျပည့္ေနတယ္လို႔အားလုံး သိလိုက္ၾကပါတယ္။
ဗီဒီယိုထဲမွာ သူမဟာ ဓာတ္ေလွကားထဲကို ပုံမွန္အတိုင္းပဲ ဝင္လိုက္ၿပီး ခလုပ္ႏွိပ္လိုက္ပါတယ္။

(သူမေရာက္ေနတဲ့ အထပ္ဟာ အေပၚဆုံးထပ္ ျဖစ္မယ္ထင္ပါတယ္)။
ဒါေပမယ့္ ဓာတ္ေလွကားက ပိတ္မသြားပါဘူး။
တစ္စုံတစ္ေယာက္ ရွိတယ္လို႔ ထင္တာေၾကာင့္ သူမေခ်ာင္းၾကည့္ပါတယ္။

ဘယ္သူမွ ဝင္လာတာ မေတြ႕တဲ့အခါ သူမဟာေၾကာက္လန႔္ၿပီး နံရံမွာ ကပ္ပုန္းေနတာကို ေတြ႕ရပါတယ္။
ဓာတ္ေလွကားက မပိတ္ပါဘူး ဒီအတိုင္းအလုပ္မလုပ္ပဲ ေနတုန္းပါ။
သူမ အျပင္ကို ထြက္ၾကည့္ၿပီး CCTV ျမင္ကြင္းထဲက ေပ်ာက္သြားပါတယ္။

ဒါေပမယ့္ ျပန္ေပၚလာတဲ့အခါမွာေတာ့ သူမရဲ႕ အမူအရာဟာ ထူးျခားေနပါၿပီ။
ပုံမွန္လူတစ္ေယာက္မဟုတ္ေတာ့သလို ေျခေတြလက္ေတြဟာေကာက္ေကြးေနၿပီး တစ္စုံတစ္ေယာက္နဲ႔ စကားေျပာေနဟန္ အမူအရာေတြေျပာင္းလဲကုန္ပါတယ္။
အဲဒီေနာက္ေတာ့ သူမ CCTV ကင္မရာကေန လုံးဝေပ်ာက္သြားပါတယ္။

ထူးျခားတာကေတာ့ သူမေပ်ာက္သြားတဲ့အခ်ိန္မွာမွ ဓာတ္ေလွကားဟာ ပုံမွန္အလုပ္လုပ္တာပဲျဖစ္ပါတယ္။
ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာကေတာ့ သူမရဲ႕ ေသဆုံးမႈ အေပၚအမ်ိဳးမ်ိဳးခန႔္မွန္းခဲ့ၾကပါတယ္။
ရဲဌာနဟာ ဒီအမႈကို လေပါင္းမ်ားစြာ စစ္ေဆးခဲ့ပါတယ္။

သူမဟာေသဆုံးစဥ္က အရက္ေဆးဝါးသုံးစြဲထားျခင္း မရွိသလို ၊ စိတ္ပိုင္းဆိုင္ရာ ျပစ္ခ်က္ေတြလဲ မရွိ ၊ တစ္စုံတစ္ေယာက္အၾကမ္းဖက္ထားမႈလည္းမရွိတာေၾကာင့္ ျပဳတ္က်ၿပီးေရနစ္ေသဆုံးတယ္လို႔ပဲ ဆုံးျဖတ္လိုက္ၾကပါတယ္။
Elisa Lam ဟာ သူမမေသဆုံးခင္က မိန္းမတစ္ေယာက္သူမေနာက္ကို လိုက္ေနသလိုခံစားရေၾကာင္း ၊ စကားေျပာသံရယ္သံေတြကိုလည္း သူမနားထဲမွာ မၾကာခဏၾကားေနရေၾကာင္း သူငယ္ခ်င္းမ်ားထံ မတ္ေဆ့မ်ားပို႔ခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ထူးျခားခ်က္တစ္ခုကေတာ့ အေပၚဆုံးထပ္ရဲ႕ ေရစည္တံခါး ေနရာကို သာမန္လူေတြသြားခြင့္မရွိပါဘူး။
ေသာ့ခတ္ထားၿပီး လ်ိဳ႕ဝွက္ကုဒ္မ်ားခံထားတဲ့အတြက္ ဝန္ထမ္းတစ္ခ်ိဳ႕ပဲသြားလို႔ရတာပါ။
သူမဟာ အေပၚကို ဘယ္လိုတက္ခဲ့ပါသလဲ။

အေပၚဆုံးထပ္ကို တစ္စုံတစ္ေယာက္တက္တာနဲ႔ သိေစမယ့္ Alarm ေတြကိုတပ္ထားပါတယ္။
ဒါေပမယ့္ သူမတက္စဥ္မွာ Alarm သံကိုမၾကားရတာဘာေၾကာင့္ပါလဲ။
ေရစည္ရဲ႕အျမင့္ဟာ ၁၀ေပျမင့္ပါတယ္။

ေလွကားကိုလည္း ဝန္ထမ္းက ဖြက္ထားတာေၾကာင့္ ေလွကားမရွိပါဘူး။
၁၀ ေပ အျမင့္ရွိတဲ့ ေရစည္ေပၚကို ဘယ္လိုတက္ခဲ့ပါသလဲ။
သာမန္လူတစ္ေယာက္ဖြင့္ဖို႔ မလြယ္တဲ့ ေရစည္အဖုံးကို ဘယ္လိုဖြင့္ခဲ့ပါသလဲ။

ေရထဲကိုက်တဲ့အခါ သူမရဲ႕အေလးခ်ိန္ေၾကာင့္ ေရစည္က အခ်က္ေပး Alarm က ျမည္ရမွာျဖစ္ေပမယ့္ ဘာေၾကာင့္မျမည္ရပါသလဲ။
စတဲ့စတဲ့ အေျဖရွာမရတဲ့ ေမးခြန္းေတြနဲ႔ျပည့္ေနပါေတာ့တယ္။
သူမရဲ႕ ေသဆုံးမႈဟာ သူမမေသခင္က ထြက္ရွိထားတဲ့ ဓာတ္ေလွကားထဲက သရဲက မိန္းကေလးတစ္ေယာက္ကိုေရႏွစ္သတ္တဲ့ သရဲကားတစ္ခုနဲ႔ ခြၽတ္စြတ္တူေနတာကလည္း အံၾသစရာပါ။

သူမေသဆုံးခဲ့ရာ Cecil ဟိုတယ္ကလည္း ထူးထူးဆန္းဆန္းေသဆုံးမႈ တခ်ိဳ႕ျဖစ္ခဲ့တဲ့ သမိုင္းဝင္ဟိုတယ္ပဲျဖစ္ပါတယ္။
ထူးဆန္းတာကေတာ့ ပထမေသဆုံးခဲ့တဲ့ အထဲကတစ္ေယာက္ရဲ႕ နာမည္ဟာ LAM-ELISA ျဖစ္ပါသတဲ့။
သူမရဲ႕ေသဆုံးမႈအေပၚ တစ္စုံတစ္ေယာက္က သတ္ျဖတ္တာ ၊ စိတ္မူမမွန္တာ ၊ elevator game ကစားတာေၾကာင့္ျဖစ္တာ စတဲ့ ခန႔္မွန္းမႈမ်ိဳးစုံျဖစ္ခဲ့ေပမယ့္ ရဲဌာနကေတာ့ မေတာ္တဆေရနစ္ေသဆုံးမႈလို႔သာ သတ္မွတ္ခဲ့ၿပီး အေျဖရွာမရတဲ့ ကမာၻေက်ာ္ေသဆုံးမႈ တစ္ခုျဖစ္ခဲ့ပါေတာ့တယ္။
Credit: Thutazone
(Unicode)

အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုအကြောင်း (ရုပ်သံ)


(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ Elisa Lam ဆိုတဲ့ကောင်မလေးရဲ့ အသက်မရှိတော့တဲ့ အဝတ်မဲ့ခန္ဓာကိုယ်ကို ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် ရေစည်ထဲက ရှာတွေ့ခဲ့ပါတယ်။

Elisa Lam ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာနေထိုင်ပြီး British Columbia တက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်ပြီး မသေဆုံးခင်က လော့အင်ဂျလိမြို့လယ်က Cecil ဟိုတယ်မှာ တည်းခဲ့တာပဲဖြစ်ပါတယ်။
သူမဟာ ဇန်နဝါရီလကုန်လောက်တည်းက ပျောက်ဆုံးသွားခဲ့တာပါ။

ဘာကြောင့်ပျောက်ဆုံးသွားတယ်ဆိုတာကို အားလုံးမသိခဲ့ကြပါဘူး။
သူမရဲ့ မိဘတွေဟာ ရဲတွေကို အကူအညီတောင်းကာ ရှာခိုင်းခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။
နောက်ပိုင်းမှာ ဟိုတယ်မှာနေတဲ့သူတချို့က ရေအနံ့ နဲ့ အရသာတစ်မျိုးဖြစ်နေတယ်လို့ ကွန်ပလိန်းတက်ကြတဲ့အတွက် ဟိုတယ်ဝန်ထမ်းတွေ ဟာ ရေစည်ကို စစ်ဆေးကြည့်တဲ့အခါမှာမှ သူမရဲ့အလောင်းကို ရေစည်ထဲက တွေ့တာပဲဖြစ်ပါတယ်။
ထူးထူးခြားခြားလက္ခဏာတွေ ၊ ဆေးဝါး အရက်သုံးစွဲမှု လုံး၀ မရှိလို့ ရဲဌာနက စစ်ဆေးအပြီးမှာတော့ Elisa Lam သေဆုံးမှုကို ရေစည်ထဲပြုတ်ကျကာ ရေနစ်သေဆုံးမှုလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။

သာမန်ကြည့်လိုက်ရင် ဘာမှမထူးဆန်းဘူးလို့ ဆိုရပေမယ့် သူမ မသေဆုံးမီ ဓာတ်လှေကားမှာရှိခဲ့တုန်းကရိုက်ခဲ့တဲ့ CCTV ဗီဒီယိုဖိုင်ထွက်လာတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်လို့အားလုံး သိလိုက်ကြပါတယ်။
ဗီဒီယိုထဲမှာ သူမဟာ ဓာတ်လှေကားထဲကို ပုံမှန်အတိုင်းပဲ ဝင်လိုက်ပြီး ခလုပ်နှိပ်လိုက်ပါတယ်။
(သူမရောက်နေတဲ့ အထပ်ဟာ အပေါ်ဆုံးထပ် ဖြစ်မယ်ထင်ပါတယ်)။
ဒါပေမယ့် ဓာတ်လှေကားက ပိတ်မသွားပါဘူး။

တစ်စုံတစ်ယောက် ရှိတယ်လို့ ထင်တာကြောင့် သူမချောင်းကြည့်ပါတယ်။
ဘယ်သူမှ ဝင်လာတာ မတွေ့တဲ့အခါ သူမဟာကြောက်လန့်ပြီး နံရံမှာ ကပ်ပုန်းနေတာကို တွေ့ရပါတယ်။
ဓာတ်လှေကားက မပိတ်ပါဘူး ဒီအတိုင်းအလုပ်မလုပ်ပဲ နေတုန်းပါ။
သူမ အပြင်ကို ထွက်ကြည့်ပြီး CCTV မြင်ကွင်းထဲက ပျောက်သွားပါတယ်။
ဒါပေမယ့် ပြန်ပေါ်လာတဲ့အခါမှာတော့ သူမရဲ့ အမူအရာဟာ ထူးခြားနေပါပြီ။

ပုံမှန်လူတစ်ယောက်မဟုတ်တော့သလို ခြေတွေလက်တွေဟာကောက်ကွေးနေပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေဟန် အမူအရာတွေပြောင်းလဲကုန်ပါတယ်။
အဲဒီနောက်တော့ သူမ CCTV ကင်မရာကနေ လုံးဝပျောက်သွားပါတယ်။
ထူးခြားတာကတော့ သူမပျောက်သွားတဲ့အချိန်မှာမှ ဓာတ်လှေကားဟာ ပုံမှန်အလုပ်လုပ်တာပဲဖြစ်ပါတယ်။
ကြည့်ရှုသူ သန်းပေါင်းများစွာကတော့ သူမရဲ့ သေဆုံးမှု အပေါ်အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်။

ရဲဌာနဟာ ဒီအမှုကို လပေါင်းများစွာ စစ်ဆေးခဲ့ပါတယ်။
သူမဟာသေဆုံးစဉ်က အရက်ဆေးဝါးသုံးစွဲထားခြင်း မရှိသလို ၊ စိတ်ပိုင်းဆိုင်ရာ ပြစ်ချက်တွေလဲ မရှိ ၊ တစ်စုံတစ်ယောက်အကြမ်းဖက်ထားမှုလည်းမရှိတာကြောင့် ပြုတ်ကျပြီးရေနစ်သေဆုံးတယ်လို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။

Elisa Lam ဟာ သူမမသေဆုံးခင်က မိန်းမတစ်ယောက်သူမနောက်ကို လိုက်နေသလိုခံစားရကြောင်း ၊ စကားပြောသံရယ်သံတွေကိုလည်း သူမနားထဲမှာ မကြာခဏကြားနေရကြောင်း သူငယ်ချင်းများထံ မတ်ဆေ့များပို့ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထူးခြားချက်တစ်ခုကတော့ အပေါ်ဆုံးထပ်ရဲ့ ရေစည်တံခါး နေရာကို သာမန်လူတွေသွားခွင့်မရှိပါဘူး။
သော့ခတ်ထားပြီး လျို့ဝှက်ကုဒ်များခံထားတဲ့အတွက် ဝန်ထမ်းတစ်ချို့ပဲသွားလို့ရတာပါ။
သူမဟာ အပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။

အပေါ်ဆုံးထပ်ကို တစ်စုံတစ်ယောက်တက်တာနဲ့ သိစေမယ့် Alarm တွေကိုတပ်ထားပါတယ်။
ဒါပေမယ့် သူမတက်စဉ်မှာ Alarm သံကိုမကြားရတာဘာကြောင့်ပါလဲ။

ရေစည်ရဲ့အမြင့်ဟာ ၁၀ပေမြင့်ပါတယ်။
လှေကားကိုလည်း ဝန်ထမ်းက ဖွက်ထားတာကြောင့် လှေကားမရှိပါဘူး။

၁၀ ပေ အမြင့်ရှိတဲ့ ရေစည်ပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။
သာမန်လူတစ်ယောက်ဖွင့်ဖို့ မလွယ်တဲ့ ရေစည်အဖုံးကို ဘယ်လိုဖွင့်ခဲ့ပါသလဲ။

ရေထဲကိုကျတဲ့အခါ သူမရဲ့အလေးချိန်ကြောင့် ရေစည်က အချက်ပေး Alarm က မြည်ရမှာဖြစ်ပေမယ့် ဘာကြောင့်မမြည်ရပါသလဲ။
စတဲ့စတဲ့ အဖြေရှာမရတဲ့ မေးခွန်းတွေနဲ့ပြည့်နေပါတော့တယ်။

သူမရဲ့ သေဆုံးမှုဟာ သူမမသေခင်က ထွက်ရှိထားတဲ့ ဓာတ်လှေကားထဲက သရဲက မိန်းကလေးတစ်ယောက်ကိုရေနှစ်သတ်တဲ့ သရဲကားတစ်ခုနဲ့ ချွတ်စွတ်တူနေတာကလည်း အံသြစရာပါ။
သူမသေဆုံးခဲ့ရာ Cecil ဟိုတယ်ကလည်း ထူးထူးဆန်းဆန်းသေဆုံးမှု တချို့ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဟိုတယ်ပဲဖြစ်ပါတယ်။

ထူးဆန်းတာကတော့ ပထမသေဆုံးခဲ့တဲ့ အထဲကတစ်ယောက်ရဲ့ နာမည်ဟာ LAM-ELISA ဖြစ်ပါသတဲ့။
သူမရဲ့သေဆုံးမှုအပေါ် တစ်စုံတစ်ယောက်က သတ်ဖြတ်တာ ၊ စိတ်မူမမှန်တာ ၊ elevator game ကစားတာကြောင့်ဖြစ်တာ စတဲ့ ခန့်မှန်းမှုမျိုးစုံဖြစ်ခဲ့ပေမယ့် ရဲဌာနကတော့ မတော်တဆရေနစ်သေဆုံးမှုလို့သာ သတ်မှတ်ခဲ့ပြီး အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုဖြစ်ခဲ့ပါတော့တယ်။



Credit: Thutazone
​Welcome{ ​HERE } ​GO

​Welcome{ ​HERE } ​GO

​Welcome{ ​HERE } ​GO

​Welcome{ ​HERE } ​GO

​Welcome{ ​HERE } ​GO

​Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.