လင်မယားနှစ်ယောက် ရန်ဖြစ်နေကြတယ်။
” ကောင်မ နင်က ရန်ကုန်လိုပဲ “
” ရန်ကုန်ဆိုတော့ ဘာဖြစ်လဲ “
” ရန်ကုန် ဆိုတော့ နင်က ဆန်ကုန် တာပဲ အဖတ် တင်တယ်
ဆန်ကုန်မြေလေးမ “
” အံမယ် ရှင်ကသာ မန္တလေး “
” မန္တလေးက ဘာဖြစ်လဲ “
” မန္တလေး ဆိုတော့ အရမ်း ဝေးတယ် ပြောတာ
ရှင့်ကို ငတုန်း လို့ပြောတာ “
” နင်ကသာ လူတကာ ငိုတဲ့ ပူတာအို ကောင်မရဲ့ “
” ရှင်ကသာ စစ်မီးပွား နေတဲ့ မြစ်ကြီးနား အကောင်ရဲ့ “
” အံမယ် ရှင်ကသာ မောင်တော လို အချောင် စားချင်သူတွေ လုပ်စား နေတာ “
” ဟေ့ နိုင်ငံရေး မပါနဲ့ ရန်ဖြစ်တာကွ
ထောင်ထဲတော့ မသွားနိုင်ဘူး
ငါက စစ်တွေလို အချစ်တွေပဲ ထားပြီး
မင်းကို တန်ဖိုးထားခဲ့ တာကွ “
” သူက ပြောရချည်သေး
ကျုပ်ကလည်း ပြွန်တန်ဆာလို အနွံတာ ခံခဲ့ရတာ ရှင်သိရဲ့လား ”
” မတာမ ငါ့ကို အဲ့လိုမနှိုင်းနဲ့ ။
ငါကလည်း နင့်ကို တပ်ကုန်း လို ငတ်ပြီးရုန်းခဲ့ရတာ နင်သိလား “
” သိဒယ် သိဒယ် ရှင်က တောင်ကြီးလို … …
တောင်ကြီး လို … … “
” ဟေ့ ဘာဖြစ်လဲ “
” ကြောင် …… ကြောင်ချီး လုပ်နေတာ သီးမခံနိုင် ဘူးတော့ “
” လာ လာချည်သေး တာချီလိတ်လို အသာရီလိုက်မယ် ။
ငါ့ကို မော်လမြိုင်လို အပျော်ချိုင် ချင်နေတာ ငါသိတယ် “
” သူကများ ကော့သောင်းလို ပျော့ပြောင်း သလိုနဲ့
ဖလမ်း လို အကြမ်းတွေ လာပြောနေတယ် “
” ပြောတယ်ကွာ … … မော်ချီးလို ပျော်ပြီး နေပလိုက်မယ် “
” ဘာ … … ရှင်က တောင်ကုတ်လို စောင်ထုတ်ပြီး ဆင်းချင် နေတယ်ပေါ့ “
” အေး ဟုတ်တယ် … … သံတွဲလို ငါ့အကြံကလည်း မလွဲစေရဘူး မတာမရဲ့ “
” အဲတော့ ရှင်က ပခုက္ကူလို အရှုပ်လိုလူ လုပ်ချင်သပေါ့လေ
လုပ်လိုက်စမ်းဘာ “
” အေးး ရဒယ် ငါကလည်း မိတ္ထီလာလို သိပ်ပြီး ကဗျာမဆန်တော့ဘူး လာလေ “
” ကျုပ်ကလည်း ဝ တွေ လို ချတယ် တွယ်တယ် လာ “
နောင်ဂျိန် နောင်ဂျိန်
ချကြလေပြီ
😁😁😁
Credit : Ko Gyi Kyaw
Welcome{ HERE } GO