ဖေ့ဘုတ်အမှန်တရားကိုရှာဖွေခြင်း

လူအများမြင်အောင်(Public)မှာ-
^^^^^^^^^^^^^^^^^^^^^^^^^^^

မိသားစုဓာတ်ပုံလေးတွေ
မကြာခဏတင်နေတိုင်း
သာယာတဲ့မိသားစုလို့မထင်လိုက်ပါနဲ့။

*~*~*~*~*~*~*~*~*~*~*

တစ်ယောက်တည်းဓာတ်ပုံတွေ
မကြာခဏတင်နေတိုင်း
လူလွတ်လို့မထင်လိုက်ပါနဲ့။

*~*~*~*~*~*~*~*~*~*~*

ဖွယ်ဖွယ်ရာရာဟင်းခွက်လေးတွေတင်နေတိုင်း
ဟင်းချက်ကောင်းသူလို့မထင်လိုက်ပါနဲ့။

*~*~*~*~*~*~*~*~*~*~*

ဘာသာရေးနဲ့ပတ်သက်တာတွေပဲတင်နေတိုင်း
တရားသိသူလို့မထင်လိုက်ပါနဲ့။

*~*~*~*~*~*~*~*~*~*~*

အမြင်ကတဆင့်အမှန်တရားကို
ရှာဖွေရခက်ခဲသလို
အမြင်မှတဆင့်လွယ်လွယ်မယုံမိပါစေနဲ့။

*~*~*~*~*~*~*~*~*~*~*

ကိုယ့်စိတ်နှလုံးကကြိုက်တာလေးဆို
အသာအယာပဲ like နှိပ်လို့
အင်တာနက်ဒေတာပိတ်တာနဲ့
မေ့ပစ်လိုက်နိုင်အောင်သာကြိုးစားပါ။

*~*~*~*~*~*~*~*~*~*~*

လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုသိဖို့ဆိုတာ
ဒီလူတစ်ယောက်ကိုလက်တွေ့ပေါင်းသင်းကြည့်ပြီးမှသာ
ယုံသင့်မယုံသင့် တိုင်းတာဆုံးဖြတ်ပါ။

*~*~*~*~*~*~*~*~*~*~*

အမှန်တရားဆိုတာက
လက်တွေ့လောကထဲမှာသာတည်ရှိတာကို
မမေ့လိုက်ပါနဲ့။

*~*~*~*~*~*~*~*~*~*~*

#credit

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.