free vpn

ဘယ် VPN ဆော့ဝဲမှ မသုံးနဲ့ free version VPN softwares တွေအားလုံးက speed cut/limited လုပ်ထားတာချည်းဘဲ ၀ယ်နိုင်မှ ကောင်းကောင်းသုံးလို့ရမယ် ၀ယ်လည်းပိုက်ဆံကုန်တယ် အားမပေးဘူး… ကိုယ့်ဘာသာ ကွန်ပျူတာ၊ ဖုန်း တွေမှာ original ပါလာတဲ့ VPN connection ကို username နဲ့ password ကို အခုပြထားတဲ့ site တွေကနေယူပြီးသုံးပါ အလကားအေးဆေး ကပြီးတော့ သုံးလို့ရပါတယ် Site တိုင်းလဲ ၀င်လို့ရပါတယ် Speed ကတော့ အကိုတို့ အမတို့ သုံးနေတဲ့ mobile data/ wifi တွေရဲ့ speed အတိုင်းပါဘဲ… ကျေးဇူးတင်ပါတယ်…
http://www.justfreevpn.com/
http://www.freevpnnetwork.com/
https://freevpn.ninja/
http://www.bestukvpn.com/

KineMaster.apk

K

ineMaster.apk ဆိုတာ လူတိုင်းသိကြမှာပါ။ဖုန်းဖြင့် Video Editor လုပ်တဲ့နေရာမှာတော့ ဘုရင်ပါပဲ။ Watermark ဖျောက်ထားတယ်။ Media လည်းပါပါတယ်။ Chroma Key လည်းပါပါသေးတယ်။ icon လေး နဲနဲပြင်ထားတယ်။ အကြိုက်တွေ့စေမှာပါ။Download Link

Download

Credit-ATH

ဓာတုလက်နက်သုံးရင် ထပ်တိုက်မယ်လို့ အမေရိကန် ကဆို

ဆီးရီးယားကို ဒုံးကျည် ၁၀၅ လုံးနဲ့တ

ိုက်ခိုက်ပြီးနောက် အခြေအနေ ဆက်လက်တင်းမာ
တကယ်လို့ ဆီးရီးယားသမ္မတ မစ္စတာ အာဆတ်က ဓာတုလက်နက် ထပ်မံ သုံးစွဲခဲ့မယ်ဆိုရင် မစ်ဇိုင်းဒုံးနဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဦးမယ်လို့ အမေရိကန် အစိုးရက သတိပေးပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီ ဟေလီကလည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ ကျည်ထိုး မောင်းတင်ထားတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောခဲ့ပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ကလည်း ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက် စက်ရုံတွေရှိရာ နေရာသုံးခုကို နောက်ထပ် ခရုဇ် မစ်ဇိုင်းဒုံး တရာကျော်နဲ့ ချိန်ရွယ် နေရာချထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ တိကျတယ်လို့လည်း ပင်တာဂွန်စစ်ဌာနချုပ်ဘက်က ပြောဆိုပြီး ဒီတိုက်ခိုက်မှုတွေဟာ ဆီးရီးယား အစိုးရရဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို ပစ်မှတ်ထားတိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ ရုရှားက ပြောဆိုနေတာကို လည်း ငြင်းပယ် ပယ်ချခဲ့ပါတယ်။

ရုရှားသံအမတ်ကြီး ဗာဆီးလီး နဗျန်းဇီယာ ကတော့ အမေရိကန်တို့ရဲ့ လုပ်ရပ်ဟာ လမ်းသရဲလုပ်ရပ်မျိုးလို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ဥပေက္ခာပြုတာပဲလို့လည်း သူက ဆိုပါတယ်။

အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်တို့က သူတို့အဆို ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက် စက်ရုံတွေကို မစ်ဇိုင်းဒုံး ၁၀၅ လုံးနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ရုရှားက ပြောဆိုပြီး သူတို့ရဲ့လုပ်ရပ်တွေကို ရှုတ်ချဖို့ ရုရှားက လုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးပေါ်ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အများစုရဲ့ ထောက်ခံမှုကို မရခဲ့ပါဘူး။

လုံခြုံရေးကောင်စီမှာ ရုရှားဘက်က နောက်ထပ် နှစ်နိုင်ငံကသာ ထောက်ခံမဲပေးခဲ့ပါတယ်။

နေတိုးစစ်မဟာမိတ်အဖွဲ့က အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ရဲ့ လုပ်ရပ်ကို အပြည့်အဝထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မနေ့ညက အမေရိကန် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယားရဲ့ ဓာတုလက်နက် စွမ်းအားတွေကို ထိထိရောက်ရောက် အားပျော့သွားအောင် လုပ်နိုင်ခဲ့ကြောင်း ယုံကြည်တယ်လို့လည်း နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တင်ဘာ့ဂ် ဆိုပါတယ်။

ဒါဟာ မှန်ကန်တဲ့လုပ်ရပ်လို့လည်း သူကဆိုပြီး ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ဟန့်တားတဲ့ လုပ်ရပ်လို့လည်း သူကဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ သူ့အခေါ် အန္တရာယ်ကြီးမားတဲ့ အခြေအနေမျိုးမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။