ဟုမ္မလင်းတွင် ညီအစ်ကိုနှစ်ဦးကို သေနတ်ဖြင့်ပစ်သော ရဲအား လူသတ်မှုဖြင့် ဖမ်းဆီး

———————————-
အိအိမွန်
ဟုမ္မလင်း-ဧပြီ ၁၈

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ရှိ ရေကစားမဏ္ဍပ်မှ ရေကစားပြန်လာသည့် ညီအစ်ကိုနှစ်ဦးသည် ရဲများကိုဆဲဆိုသဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သော ရဲဒုတပ်ကြပ် အား လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်းဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

နှစ်ဆန်းတစ်ရက်နေ့ နေ့လည်ပိုင်းက ရေကစားမဏ္ဍပ်တွင် မူးယစ်ပြီး အမျိုးသမီးနှစ်ဦးနှင့် ရန်ဖြစ်သဖြင့် နေအိမ်သို့ပြန်ရန်ဖြောင်းဖျ ပြောဆိုရင်း ညီအစ်ကို နှစ်ဦးက မချေမငံပြောဆိုခဲ့သည်ဟု ရဲကဆိုသည်။
ရဲအုပ်နှင့် ဒုရဲတပ်ကြပ် နှစ်ဦးအား ညစ်ညမ်းစွာ ဆဲဆိုခဲ့သဖြင့် လိုက်လံဖမ်းဆီးရင်း ခြောက်လှန့်ပစ်ခက်ရာမှ ဦးခေါင်း သေနတ်မှန်ကာ ညီအစ်ကိုနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီမှာက နှစ်ဆန်းတစ်ရက်နေ့ထိ ရေကစားတယ်။ရေကစားမဏ္ဍပ် အနောက်ဘက်မှာ ရန်ဖြစ်တော့ရဲကိုအကြောင်းကြားတာ။ရဲက ဖြန်ဖြေပေးလိုက်တယ်ပေါ့။အဲဒီမှာ ရဲကို ညစ်ညမ်းစွာ ဆဲဆိုတယ်လို့ ပြောပါတယ်။ရဲအုပ်ရဲ့တပည့် ဒုတပ်ကြပ်က ခြိမ်းခြောက်သလို ပစ်လိုက်တာ။အဲဒီရဲကို အမှုဖွင့်ပြီး ဖမ်းဆီးထားပါတယ်။စစ်ဆေးပြီးတာတွေလုပ်ပြီးရင် ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေ လုပ်သွားမှာပါ”ဟု ဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

ရဲများကို မချေမငံပြောဆိုပြီး မောင်းနှင်သွားသဖြင့် လိုက်လံဖမ်းဆီးရာမှ ဖမ်းမိစဉ် ဆဲပြီး ပြန်လည် ထွက်ပြေးသဖြင့် ဒုရဲတပ်ကြပ်က( M 16 )မောင်းပြန် ရိုင်ဖယ် ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ပစ်လိုက်သော သေနတ်ကျည်ဆံသည် ဆိုင်ကယ်အနောက်တွင်ထိုင်နေသည့်အစ်ကို ဖြစ်သူ၏ ဦးခေါင်းကို ဖောက်ကာ ရှေ့မှ ညီဖြစ်သူ၏ ဦးခေါင်းနောက်စေ့ကိုပါ ဆက်မှန်ပြီး သေသွားခဲ့ခြင်းဖြစ်သည်။

‎သေဆုံးသွားသူ နှစ်ဦးမှာ ဟုမ္မလင်းမြို့နယ် ဆာဖာကျေးရွာမှ ဖြစ်ပြီး အသက် ၂၀ကျော် ညီအစ်ကို နှစ်ဦးဖြစ်သည်။

Monywa Gazette

ကားဂိတ်၌ဓါးကိုင်ရမ်းကားသူအားဖမ်းဆီး

ကားဂိတ်၌ဓါးကိုင်ရမ်းကားသူအားဖမ်းဆီး

Myanmar News Online

၁၉•၄•၂၀၁၈ ရက်နေ့၊ နံနက် ၁၁နာရီအချိန်ခန့်တွင်
ကျောက်တန်းမြို့ YBSကားဂိတ်၌ ဓားကိုင်ရမ်းကားနေသူ
တစ်ဦးကိုပြည်သူ့ရဲ့များဖမ်းဆီးသွားသည်ဟု
ကနဦးသတင်းအရသိရှိရသည်။

#SH #သံမဏိ #ကျောက်တန်း #မြင့်ဇော်

View original post

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

Myanmar News Online

ဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူမှု
********************************
၁။ ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့မှစ၍ ဧပြီလ ၁၀ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သို့ ဆက်သွယ်ထားသော အုတ်တွင်း-ပေါက်ခေါင်း ကားလမ်း လမ်းဘေးဝဲ/ယာတွင် ပဲခူးရိုးမ တောအတွင်း ခုတ်လှဲထားသော သစ်ပင်များ ခွဲစိတ်စုပုံထားသည့် သစ်ခွဲသားများနှင့် သစ်ခိုးထုတ်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး တင်ဟန်လင်း ဦးစီး အဖွဲ့၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့နှင့် အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့တို့သည် ရဲတပ်ဖွဲ့ဝင် အင်အား (၁၀+၇၂)ဦးဖြင့် အဖွဲ့ (၃)ဖွဲ့ခွဲကာ အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းမှတဆင့် ပဲခူးရိုးမအတွင်းသို့ တောနင်းရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

။ ထိုသို့ တောနင်းရှာဖွေစစ်ဆေးခဲ့ရာ တရားမ၀င်သစ်ခိုးထုတ်သူ တရားခံ ၇ ဦး၊ တူးမီးသေနတ် (၂)လက်၊ ကျွန်းသစ်လုံး/ခွဲသား ဆိုဒ်စုံ ၂၆.၇၉၈၈ တန်၊ ပျဉ်းကတိုးသစ်လုံး/ခွဲသား ဆိုဒ်စုံ ၁၁.၈၃၁ တန်၊ အခြားသား သစ်လုံး/ခွဲသား ဆိုဒ်စုံ ၃.၀၃၄ တန်၊ မီးသွေးအိတ် ၇၉၇ အိတ်၊ ဖောယာဉ် (၁)စီး၊ ဆိုင်ကယ် (၄)စီး၊ ချိန်းဆော ၅ ခု၊ တဲ ၂၃ လုံး (မီးရှို့ဖျက်ဆီး)၊ မီးသွေးဖို ၂၃ ဖို (မီးရှို့ဖျက်ဆီး) တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

View original post

၂၀၁၈ခုနှစ် ဧပြီလတွင် အစိုးရသစ်၏ တိုးမြှင့်ပေးမည့် လစာနှင့်စရိတ်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) အမှုထမ်း ၂၀% (ခ) အရာထမ်း ၁၀% ထို့ကြောင့် တပ်မတော်သားများအား လစာတိုးမြှင့်ပေးမည်ဆိုပါက ၂၀၁၅ ခုနှစ် ဧပြီလတွင် တိုးမြှင့်ပေးခဲ့သည့် လစာနှင့်စရိတ်နှုန်းထားပေါ် မူတည်၍ တွက်ချက်ရပေမည်။ ထို့ကြောင့်တိုးမြှင့်ပေနိုင်မည့် ခန့်မှန်းလစာနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်လာ နိုင်ပါသည်။ ဒုဗိုလ်မှူးကြီး မူရင်းလစာ ၄၁၀၀၀၀ မူရင်းလစာ၏ ၁၀% ၄၁၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၄၅၁၀၀၀ ဗိုလ်မှူး မူရင်းလစာ ၃၆၀၀၀၀ မူရင်းလစာ၏ ၁၀% ၃၆၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၃၉၆၀၀၀ ဗိုလ်ကြီး မူရင်းလစာ ၃၂၀၀၀၀ မူရင်းလစာ၏ ၁၀% ၃၂၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၃၅၂၀၀၀ ဗိုလ် မူရင်းလစာ ၂၉၀၀၀၀ မူရင်းလစာ၏ ၁၀% ၂၉၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၃၁၉၀၀၀ ဒုဗိုလ် မူရင်းလစာ ၂၈၀၀၀၀ မူရင်းလစာ၏ ၁၀% ၂၈၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၃၀၈၀၀၀ အရာခံဗိုလ် မူရင်းလစာ ၂၁၀၀၀၀ မူရင်းလစာ၏ ၂၀% ၄၂၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၂၅၂၀၀၀ ဒုအရာခံဗိုလ် မူရင်းလစာ ၂၀၀၀၀၀ မူရင်းလစာ၏ ၂၀% ၄၀၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၂၄၀၀၀၀ ခွဲတပ်ကြပ်ကြီး မူရင်းလစာ ၁၈၅၀၀၀ မူရင်းလစာ၏ ၂၀% ၃၇၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၂၂၂၀၀၀ {တပ်ကြပ်ကြီး မူရင်းလစာ ၁၇၀၀၀၀ တကက/စရ မူရင်းလစာ၏ ၂၀% ၃၄၀၀၀ တကက(အစားခန့်)} စုစုပေါင်း မူရင်းလစာ(အသစ်) ၂၀၄၀၀၀ တပ်ကြပ် မူရင်းလစာ ၁၅၅၀၀၀ မူရင်းလစာ၏ ၂၀% ၃၁၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၁၈၆၀၀၀ ဒုတပ်ကြပ် မူရင်းလစာ ၁၄၀၀၀၀ မူရင်းလစာ၏ ၂၀% ၂၈၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၁၆၈၀၀၀ တပ်သား မူရင်းလစာ ၁၂၅၀၀၀ မူရင်းလစာ၏ ၂၀% ၂၅၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၁၅၀၀၀၀ တပ်သားသစ် မူရင်းလစာ ၁၂၀၀၀၀ မူရင်းလစာ၏ ၂၀% ၂၄၀၀၀ စုစုပေါင်း မူရင်းလစာ(အသစ်) ၁၄၄၀၀၀ အထက်ပါခန့်မှန်းတိုးမြှင့်နိုင်မည့် လစာအား မူရင်းလစာပေါ်အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။ အဆိုပါခန့်မှန်းတိုးမြှင့်ငွေထဲတွင် အောက်ပါလစာနှင့် စရိတ်များ ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။ ထို့ကြောင့် မူရင်းလစာပေါ်မူတည်၍ အောက်ပါလစာနှင့်စရိတ်များ ထပ်မံထည့်သွင်း ရန်လိုအပ်ပေသည်။ အရည်အချင်းလစာ(ပညာသည်အုပ်စုလိုက်မတူညီ) – ၆၀၀၀ နှစ်တိုးလစာ(စစ်မှုထမ်းသက်လိုက်မတူညီ) – ၂၀၀၀ – ၁၀၀၀၀

Page ဖွင့်နည်း

ပြန်​မျှ​ဝေ​ပေးတာပါ

Myanmar News Online

Facebook Like Page ထောင်နည်း (အလွယ်ကူဆုံးနည်း)

အလွယ်ကူဆုံး Facebook Page ပြုလုပ်နည်းလေးဖြစ်ပါတယ်။
မသိသေးများအတွက် Facebook Page ပြုလုပ်နည်းကို ScreenShot များဖြင့်လက်တွေ့ ရှင်းပြထားပါတယ်။ ပုံလေးတွေကြည့်ပြီး လေ့လာကြည့်နော်။

share လုပ်ပြီးမျှဝေနိုင်ပါသည်။

View original post

ချစ်သောသူငယ်ချင်းများအတွက်


လူတိုင်းဟာ တချိန်မှာတော့ အခက်အခဲတွေကို ကျော်ဖြတ်ကြရပါတယ်၊ ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ပါဘူး၊ ဒါလေးတွေကို စဉ်းစားကြည့်လိုက်ပါ၊ အကြံခိုင်ဆုံး လူတွေက စိတ်ထိခိုက် အလွယ်ဆုံးလူတွေဆိုတာ သင် သိပါသလား၊ ကြင်နာမှု အပြဆုံး လူတွေက အရင်ဆုံး အနိုင်ကျင့် ခံရတတ်တယ်ဆိုတာ သင် သိပါသလား၊ တခြားသူတွေကို တချိန်လုံး ဂရုစိုက် စောင့်ရှောက်သူတွေက များသောအားဖြင့် ဂရုစိုက် စောင့်ရှောက်မှုကို အလိုအပ်ဆုံးသူတွေ ဖြစ်နေတတ်တာကို သင် သိပါသလား၊ မင်းကို ချစ်တယ်၊ ဝမ်းနည်းပါတယ်၊ ကူညီပါ ဆိုတဲ့ စကား ၃ ခွန်းက ပြောဖို့ အခက်ဆုံးဆိုတာ သင် သိပါသလား၊ တခါတရံ လူတယောက်က ပျော်ရွှင်ပုံ ရနေပေမယ့် သူ့ရင်ထဲမှာ ဘယ်လောက်ထိ ခံစားနေရလဲဆိုတာ သိရအောင် သူ့ရဲ့ အပြုံးကို ကျော်ပြီး မြင်အောင် ကြည့်ရပါတယ်၊ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်နေကြတဲ့ သူငယ်ချင်းတွေ အားလုံးအတွက် ငါတို့ရဲ့ ရည်မှန်းချက်ကို အရှိန်အဟုန်နဲ့ ဖြန့်ကြပါစို့၊ မင်းနာမည်ကို မတွေ့ရင်လဲ ငါ နားလည်ပါတယ်၊ သူငယ်ချင်းတွေ ဘယ်နေရာမှာပဲ ရောက်နေပါစေ ဒီစာကို ကူးပြီး တနာရီလောက် status တင်ပေးထားကြပါ၊ မိသားစု ပြသနာ ရှိနေသူတွေ ကျန်းမာရေးအတွက် ရုန်းကန်နေသူတွေ အလုပ် အခက်အခဲ ဖြစ်နေသူတွေ စိုးရိမ်ပူပန်စရာ ရှိနေသူတွေ ကိုယ့်ကို ဂရုစိုက်သူတွေ ရှိကြောင်း သိဖို့ လိုအပ်နေသူတွေ အတွက် အထောက်အပံ့ ရစေဖို့အတွက်ပါ၊ ငါတို့ အားလုံးအတွက်ပါ၊ အားပေးမှု မလိုအပ်သူ မရှိပါဘူး၊ ဒီစာကို သူငယ်ချင်းအားလုံးရဲ့ wall ပေါ်မှာ တွေ့ဖို့ မျှော်လင့်ပါတယ်၊ စိတ်ဓာတ် အထောက်အကူပေးတဲ့ အနေနဲ့ပေါ့၊ ငါသိပါတယ် တချို့လူတွေကတော့!!!! ဒါကို သူငယ်ချင်းတယောက်အတွက် လုပ်တာပါ၊ မင်းလဲ လုပ်နိုင်ပါတယ်၊

copy and paste လုပ်ပါ၊ share မလုပ်ပါနဲ့၊

(Everyone goes through hard times at some point. Life isn’t easy. Just something to think about. Did you know the people who are the strongest are usually the most sensitive? Did you know the people who exhibit the most kindness are the first to get mistreated? Did you know the ones who take care of others all the time are usually the ones who need it the most? Did you know the three hardest things to say are I love you, I’m sorry, and help me? Sometimes just because a person looks happy, you have to look past their smile to see how much pain they may be in. To all my friends who are going through some issues right now–let’s start an intention avalanche. We all need positive intentions right now. If I don’t see your name, I’ll understand. May I ask my friends wherever you might be, to kindly copy and paste this status for one hour to give a moment of support to all of those who have family problems, health struggles, job issues, worries of any kind and just need to let them know that someone cares. Do it for all of us, for nobody is immune. I hope to see this on the walls of all my friends just for moral support. I know some will!!! I did it for a friend and you can to.

You have to copy and paste this one, NO SHARING.)
credit to original uploader…..

Credit to original uploader & translator