ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

Myanmar News Online

ဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူမှု
********************************
၁။ ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့မှစ၍ ဧပြီလ ၁၀ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သို့ ဆက်သွယ်ထားသော အုတ်တွင်း-ပေါက်ခေါင်း ကားလမ်း လမ်းဘေးဝဲ/ယာတွင် ပဲခူးရိုးမ တောအတွင်း ခုတ်လှဲထားသော သစ်ပင်များ ခွဲစိတ်စုပုံထားသည့် သစ်ခွဲသားများနှင့် သစ်ခိုးထုတ်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး တင်ဟန်လင်း ဦးစီး အဖွဲ့၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့နှင့် အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့တို့သည် ရဲတပ်ဖွဲ့ဝင် အင်အား (၁၀+၇၂)ဦးဖြင့် အဖွဲ့ (၃)ဖွဲ့ခွဲကာ အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းမှတဆင့် ပဲခူးရိုးမအတွင်းသို့ တောနင်းရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

။ ထိုသို့ တောနင်းရှာဖွေစစ်ဆေးခဲ့ရာ တရားမ၀င်သစ်ခိုးထုတ်သူ တရားခံ ၇ ဦး၊ တူးမီးသေနတ် (၂)လက်၊ ကျွန်းသစ်လုံး/ခွဲသား ဆိုဒ်စုံ ၂၆.၇၉၈၈ တန်၊ ပျဉ်းကတိုးသစ်လုံး/ခွဲသား ဆိုဒ်စုံ ၁၁.၈၃၁ တန်၊ အခြားသား သစ်လုံး/ခွဲသား ဆိုဒ်စုံ ၃.၀၃၄ တန်၊ မီးသွေးအိတ် ၇၉၇ အိတ်၊ ဖောယာဉ် (၁)စီး၊ ဆိုင်ကယ် (၄)စီး၊ ချိန်းဆော ၅ ခု၊ တဲ ၂၃ လုံး (မီးရှို့ဖျက်ဆီး)၊ မီးသွေးဖို ၂၃ ဖို (မီးရှို့ဖျက်ဆီး) တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

View original post

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.