Facebook ရဲ့ Online Operations အတွက် အိုင်ယာလန်အခြေစိုက် Facebook ရုံးမှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာဝန်ထမ်းတွေ ခေါ်ယူနေ

မြန်မာနိုင်ငံ Operation ကိုကိုင်တွယ်ဖို့ အိုင်ယာလန် အခြေစိုက် Facebook ရုံးမှာ တာဝန်ထမ်းဆောင်နိုင်မယ်arket Specialist, Community Operations နေရာ နဲ့ Operations Manager, Community Operations နေရာတွေအတွက် ခေါ်ယူနေတာဖြစ်ပါတယ်။

Market Specialist ရာထူးအတွက် လျှောက်ထားလိုသူတွေဟာ အနည်းဆုံးအရည်အချင်းအဖြစ် Bachelor ဘွဲ့ရ (သို့မဟုတ်) Master ဘွဲ့ရ (သို့မဟုတ်) ၄င်းဘွဲ့တွေနဲ့ ညီမျှတဲ့ ပညာအရည်အချင်း ရှိရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ ရေးတတ်၊ ပြောတတ်ရပါမယ်။ ပြောဆိုဆက်ဆံရေးကောင်းပြီး စာအရေးအသားကောင်းသူဖြစ်ရပါမယ်။ Excel နဲ့ SQL သုံးတဲ့ အတွေ့အကြုံရှိရပါမယ်။ အလုပ်ခေါ်စာအသေးစိတ်ကိုhttps://www.facebook.com/careers/jobs/a0I1H00000LCX6MUAX/?q=Burmese&location=dublin မှာ ဖတ်ရှုနိုင်ပြီး ဒီရာထူးကိုစိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်https://www.facebook.com/careers/resume?req=a0I1H00000LCX6MUAX ကနေတဆင့် လျှောက်ထားနိုင်ပါတယ်။

Operations Manager ရာထူးအတွက် လျှောက်ထားလိုသူတွေဟာ အနည်းဆုံးအရည်အချင်းအဖြစ် BA/BS ဘွဲ့ရဖြစ်ရပါမယ်။ စီမံခန့်ခွဲမှု အတွေ့အကြုံရှိရပါမယ်။ ပြဿနာတွေကို ဖန်တီးမှုရှိရှိနဲ့ ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ရပါမယ်။ ပြောဆိုဆက်ဆံရေးကောင်းပြီး စာအရေးအသားကောင်းသူဖြစ်ရပါမယ်။ Analytical tools တွေ ဖြစ်တဲ့ Excel, SQL (သို့မဟုတ်) R တွေကို အသုံးပြုတတ်ရပါမယ်။ အလုပ်ခေါ်စာအသေးစိတ်ကိုhttps://www.facebook.com/careers/jobs/a0I1H00000LCIi7UAH/?q=Burmese&location=dublin မှာ ဖတ်ရှုနိုင်ပြီး ဒီရာထူးကိုစိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်https://www.facebook.com/careers/resume?req=a0I1H00000LCIi7UAH ကနေတဆင့် လျှောက်ထားနိုင်ပါတယ်။

Facebook ဟာ အကြမ်းဖက်မှုဆိုင်ရာ Contents တွေကို ဖယ်ရှားနိုင်ဖို့ မြန်မာစကားကျွမ်းကျင်တဲ့ ဝန်ထမ်းပေါင်းများစွာ ခန့်ထားတယ်လို့ ဆီးနိတ်လွှတ်တော်မှာ ကြားနာခဲ့စဉ်က ဖြေကြားခဲ့ဖူးပြီး မကြာသေးခင်က မြန်မာနိုင်ငံတွင်းက NGO တွေကလည်း Facebook ရဲ့ အမုန်းစကား ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ ကန့်ကွက်စာတွေပို့ခဲ့ကြပါတယ်။ အခုတော့ Facebook ရဲ့ CEO မက်ခ်ဇူကာဘတ်ဟာ မြန်မာနိုင်ငံအတွင်း အမုန်းစကားပြန့်နှံ့မှု အခြေအနေတွေ ထိန်းချုပ်ဖို့ အတွက် အခုလို မြန်မာစကားကျွမ်းကျင်သူ ဝန်ထမ်းတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.