Facebookရဲ့ commentတွေ မှာ “Up” လို့မန့်ရခြင်းအကြောင်း

Facebookရဲ့ commentတွေ မှာ
“Up” လို့ ဘာကြောင့် မန့်ကြသလဲ
********************************

အင်္ဂလိပ်စာGroup တခုမှာ တယောက်က
မေးထားတယ် ၊ ဖြေတဲ့သူကလည်းဖြေတယ် ။
သို့သော် မေးတဲ့သူက လိုချင်တဲ့ အဖြေကို
အတိအကျ မသိ ရဘူး ဒီတော့
အိပ်မရတာနဲ့ ဒီပို့စ်လေး ရေးဖြစ်ပါတယ် ။

“Up” ဆိုတာရဲ့ အဓိပါယ်ကို အရင်ရှင်းပါမယ်။

up ဆိုတာ အပေါ်မှာ /အပေါ် စသဖြင့်
ဘာသာပြန်လို့ရပါတယ် ။ အမေရိကန်နဲ့ ၊
တခြား ဥရောပနိုင်ငံတွေမှာ BUMP လို့လည်း
မန့်ကြပါတယ်။

B = Bring
U = Up
M=My
P= Post

လို့ အရှည်ကောက်ပြောလို့ရတာပေါ့။

သတိမထားမိလို့ မသိတာပါ ။
ကိုယ်က တယောက်ယောက်ရဲ့ ပို့စ်
တခုခု မှာ မန့်လိုက်တာပဲ ဖြစ်ဖြစ် ၊
Page တခုမှာ တခုခု ဝင် comment
ရေးလိုက်တာပဲဖြစ်ဖြစ် အဲ့ပို့စ်က ကိုယ့်ရဲ့
wall ထိပ်ဆုံးနေရာကို တက်သွားပါတယ် ။
နောက်ပိုစ့်တခု အောက်မှာ
မန့်မယ်ဆိုရင်လည်း ခုနက ပို့စ်က
အောက်ရောက်ပြီး နောက်ဆုံး ပိုစ့်က
အရင်ဆုံးလာပြမ်ပေါ်နေရော။
ထားတော့ ဒါက သိသူ ခင်သူ
ကိုယ်နဲ့ ပြောဆို ဆက်ဆံဖူးသူ တယောက်ယောက်ပို့စ်ဖြစ်နေလို့ ကိုယ်က တခုခု ဝင်ရေးတာ။

ဒါပေမယ့် ကိုယ်နဲ့ မသိတဲ့ ၊
မျက်မှန်းမတန်းမိတဲ့ တယောက်ယောက်က ဗဟုသုတ ဖြစ်စရာ တခုခု တင်ထားတဲ့
အခါကျတော့ အဲ့ပို့စ်လေးကို
သတိတရ ပြန်ရှာဖို့ရာ လွယ်ချင်မှ လွယ်မယ် ။
အဲ့အခါကျ ဒီပို့စ်ကို wall ရဲ့ စစချင်းမှာ
မြင်ရပါစေ ဆိုပြီး တခုခုရေးတဲ့ သဘောနဲ့ up လို့ရေးခဲ့လိုက်တယ်။ ပြောချင်တာက
ကိုယ် comment ရေးတယ် ။
တခြားသူတွေ အဲ့ပို့စ်အောက်
comment ထပ်ရေးတဲ့ အခါ
ကိုယ့်ဆီ Notification ဝင်တယ် ။

ဒီလိုဆိုတော့ ဘယ်သူရေးရေး
ကိုယ်ဆီ Noti ဝင်နေတော့
ကိုယ်ပြန်ရှာဖို့ရာ မခက်တော့ဘူး ။

Up လို့ရေးလို့ အလွယ်တကူ
ပြန်ရှာနိုင်တာ မဟုတ်ပါဘူး ။
တော်တော်များများ နားလည်မှု့
လွဲနေလို့ကို ရှင်းပြမိတာပါ ။
မှားတယ်ဆိုရင်လည်း ထောက်ပြပေးသွားပါ ။

ပြောချင်တာက ကိုယ် Up လို့ပဲ မန့်မန့်
ဘာပဲ ရေးမန့်မန့် နောက်လူတွေ
Comment ရေးတိုင်း ကိုယ်တွေ့ရမယ် ။ Notification တွေ ရမှာဖြစ်တဲ့အတွက်

မ Share ချင်လို့ပဲ ဖြစ်ဖြစ် ၊
ကိုယ့်wall ပေါ် copy & Past
လုပ်ပြီး ပြန်မတင်ရင်ပဲ ဖြစ်ဖြစ်
ဘာစာမှ လည်း ဝင်မရေးသွားချင်ရင်
Up လို့ မန့်ခဲ့လိုက်ပါ။

အဲ့ပို့စ်ကို သင့် wall မှာ
အလွယ်တကူ ပြန်ရှာတွေ့ပါလိမ့်မယ်။

လေးစားစွာဖြင့်

Credit..original

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.