ချွးပေါက်ကျဉ်းစေမယ့်_သဘာဝနည်းလမ်းများ


+++++++++++++++++++++++++%

*ချွေးပေါက်ကျဉ်းစေဖို့ ခောတ်မီတဲ့ အလှပြင်ပစ္စည်းတွေ ဘာလို့အသုံးပြုနေတော့မှာလဲ။ သဘာဝပစ္စည်းလေးတွေနဲ့ ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းတွေအများကြီးပါပဲ။

*ဒီနည်းလမ်းတွေက မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တာမို့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမှာပါ။

#ရေနဲ့မုန့်ဖုတ်ဆိုဒါ

ရေနဲ့ မုန်တ်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းဆီကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်မျက်နှာပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ မုန့်ဖုတ်ဆိုဒါခြောက်သွေ့ပြီး အရေပြားတင်းလာပြီဆိုရင် ရေအေးနဲ့ ဆေးချပါ။

#ကြက်ဥအကာနဲ့သံပုယိုသီး

သံပုယိုသီး ၁ လုံးကို အရည်ညစ်ပြီး ကြက်ဥအကာနှစ်လုံးနဲ့ရောပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ မျက်နှာသစ်ချပါ။ ချွေးပေါက်ကျည်းစေနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အဆီပျံတာကို သက်သာစေပါတယ်။

#ခရမ်းချည်သီးနဲ့သံပုရာသီး

သံပုယိုသီး ၄ စက်လောက်ကို ခရမ်းချဉ်သီးအနှစ်နဲ့ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းပေးထားပါ။ ပြီးရင်ရေအေးနဲ့ မျက်နှာသစ်ချပါ။

ချွေးပေါက်ကျဉ်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

#သံပုယိုသီးနဲ့နာနတ်သီး

သံပုယိုသီး တစ်ဝက်ကို အရည်ညစ်ပြီး နာနတ်သီးအရည် ခွက်တစ်ဝက်လောက်နဲ့ ရောပြီးပါ။ ပြီးရင် မျက်နှာပေါ်မှာလမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေအေးနဲ့မျက်နှာသစ်ပါ။

မေတ္တာဖြင့်…

CREDIT – MyFood Myanmar

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.