စွပ်စွပ်စွဲစွဲဗျာ

ယနေ့အကြိုက်ဆုံး ဟာသ
==============
“စွပ်စွပ်စွဲစွဲ”
ကိုကျေးညို အရက်မူးပြီး ကားမောင်းလာတယ်။ခဏနေတော့ ရဲကားတစ်စီး လိုက်လာပြီး သူ့ကို အရပ်ခိုင်းတယ်ယာဉ်ထိန်းရဲနှစ်ယောက် ဆင်းလာပြီး သူ့ကိုစစ်ဆေးတယ်… …
‘လူကြီးမင်း အရက်သောက်လာသလား’
‘သောက်ပါဝူးဂျ’
‘ဒါဆို အောက်ခဏဆင်းပြီး လမ်းလျှောက်ပြပါ’
‘ရတာပေါ့’… ဆိုပြီး လမ်းလျှောက်ပြတယ်
အဲဒီအချိန်မှာဘဲ သူတို့နဲ့မလှမ်းမကမ်းမှာ ဝုန်းဒိုင်း ဆိုပြီး ယာဉ်တိုက်မှု ဖြစ်ပါလေရော…သူ့ကိုစစ်နေတဲ့ ရဲတွေလည်း ပြသနာပိုကြီးတဲ့အဲဒီနေရာကို ပြေးတော့တာပေါ့တော်တော်ကြာတဲ့အထိ အဲဒီရဲတွေ ပြန်ပေါ်မလာတာနဲ့ ကိုကျေးညိုလည်း ဆက်စောင့်မနေတော့ဘဲ ကားပေါ်တက် မောင်းထွက်ခဲ့တယ်။နောက်ရက်မနက် အိမ်တံခါးလာခေါက်လို့ ကြည့်လိုက်တော့ မနေ့ကရဲနှစ်ယောက် ဖြစ်နေတယ်မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်….
‘ဘာကိစ္စလဲ ဗျာ’
‘မနေ့ညက အရက်မူးပြီး ကားမောင်းမိပါသလား’
‘ကားမောင်းပါတယ်၊ အရက်လုံးဝမသောက်ပါဘူး’
ဟွင်း ငြင်းလို့ရပြီလေ ခုချိန်ကျမှ ဘာနဲ့မှ စစ်လို့မရတော့ဘူးရဲက ဆက်ပြောတယ်… …’မနေ့ညက ကျနော်တွေ့တာတော့ တော်တော်မူးနေသလားလို့’
‘စွပ်စွပ်စွဲစွဲဗျာ’
‘လူကြီးမင်း မနေ့ညက မောင်းလာတဲ့ ကားရော’
‘ဂိုထောင်ထဲမှာ ရှိပါ့’
‘ကြည့်လို့ ရမလား’
‘ရတာပေါ့’
ကားကို ဆယ်ခါပြန်တောင် စစ်လို့ရတယ်ကျေးညိုပါနော် မှတ်မိတယ် မနေ့က ဘယ်မှ မတိုက်ခဲ့ဘူး
ခပ်တည်တည်ဘဲ ဂိုထောင်တံခါးကို ဖွင့်ပြလိုက်တာ
အထဲမှာ ရပ်ထားတာက… …ရဲကားကြီးတစ်စီးအမိုးပေါ်က မီးလေးတွေတောင် တဖျပ်ဖျပ်နဲ့ ရှိနေဆဲ။

Credit-သန်၎ကို

ချမ်းသာချင်တယ်ဆိုရင်

သင်တကယ် ချမ်းသာချင်တယ်ဆိုရင် ငွေများများသုံးပါ။

ချမ်းသာချင်ရင် ငွေသုံးပါ ။ နဲနဲချမ်းသာ ချင်ရင် နဲနဲသာ သုံးပါ။ များများ ချမ်းသာချင် ရင် များများ သုံးပါ။

သင် ထူးဆန်းအံ့ဩသွားလား? ကျနော်တို့က ချမ်းသာချင်ရင် ပိုက်ဆံများ များစုနိုင်မှ ရမယ်ထင်ခဲ့တယ်။

သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ မိတ်ဆွေ။

သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။

ကျနော်တို့ သာမာန်အလုပ်သမားဘဝ တွေကို ကြည့်လိုက်စမ်းပါ မိတ်ဆွေ။

ကျနော်တို့တွေဟာ ဆင်းရဲပြီးရင်း ဆင်းရဲနေကြ တယ်။

ဘာဖြစ်လို့လဲလို့ နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားခဲ့ဖူးလား?

ကျနော်တို့လို သာမာန်အလုပ်သမားတွေ ရဲ့ဝင်ငွေဟာ ကျနော်တို့ရဲ့ အသုံးစရိတ် ပြန်ဖြစ်သွားတယ်။

ဒါပေမဲ့ သူဌေးတွေရဲ့အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ မိတ်ဆွေ။

Workers spend what they get, Rich men get what they spend… တဲ့

အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်

သူဌေး = အသုံးစရိတ် to ဝင်ငွေ

ဒါဆို သူဌေးတွေ ဘယ်လိုဘယ်ပုံတွေနဲ့ ပိုက်ဆံသုံးနေကြတာလဲ?

သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့အတွက် ပိုက်ဆံ သုံးကြတယ်။

သူတို့ရဲ့ ပိုက်ဆံတွေကို
1) စီးပွားရေးတိုး တက်ဖို့
2) လုပ်ငန်းတွေချဲ့ထွင်ဖို့
3) ပညာသစ်တွေရဖို့အတွက် သုံးစွဲကြ တယ်။

ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်။

များများသုံးလေ၊ များများဝင်ငွေရလေ။

ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်း ချမ်းသာတော့တာပဲ။

သာမာန်အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ?

ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်။

လစာလေးရပြီဆိုပါစို့….အဝတ်အစားလေးပြေးဝယ်…. ဆိုင်ကောင်းလေးပြေးထိုင်

အရက်လေးသောက်၊ ဖုန်းအသစ်လေး ကိုင်။

သာမာန်အလုပ်သမားတွေဟာ ဝင်ငွေကို ဘယ်လိုသုံးမလဲဘဲ စဉ်းစားတယ်။

အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင်လုပ်မလဲ မစဉ်းစားကြဘူး။

ဒီလိုနဲ့ ဆင်းရဲပြီးရင်း ဆင်းရဲလာတာပေါ့။

သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်။

အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ ရှာတယ်။

သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်။ (များများသုံး.. များများချမ်းသာ)

အလုပ်သမားတွေရဲ့ ဝင်ငွေဟာ သူတို့အတွက် အသုံးစရိတ်ဘဲ ပြန်ဖြစ်သွားတယ်။ (များများသုံး … များများဆင်းရဲ) ။ ဒါနဲ့ ဒီပုံစံအတိုင်း သံသရာကို လည်နေတော့တာပဲ ။

ဒီိမှာ မိတ်ဆွေ

မင်းရဲ့ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား? ချမ်းသာဖို့အတွက် သုံးမလား?

ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့ မင်းလိုချင် တာတွေ လျှောက်ဝယ်ပါ။

ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ရင်နှီးမြုပ်နှံပါ။

ကောက်နုတ်ချက်။ ။ ချမ်းသာကြွယ်ဝနေ သူတွေမှာ ၀င်ငွေရလမ်းကြောင်း ဘယ်နှစ်ခု ရှိနေလဲ?

Credit: Leonine King

ဖုန်းလေးလံရခြင်းအကြောင်း

မင်္ဂလာပါ
ဖုန်းတွေဘာကြောင့်နှေးကွေးလေးလံနေလဲ?
သွက်လက်ပေါ့ပါးလာအာင်ဘယ်လိုဖြေရှင်းမလဲ?

နည်းလမ်း ၁၆ မျိုး

No(1) Cync ကိုပိတ်ပါ
sync ဖွင့်ထားခြင်းဖြင့် ဖုန်းနောက်ကွယ်ကနေ အချိန်ပြည့် run နေတဲ့ အခါ Ram မှာအလုပ်ပိုလုပ်နေရတဲ့ အတွက်ဖုန်းလေးစေနိုင်ပါသည်။
(2)live wallpaper များပိတ်ပါ widgets များအများအစားမထားသင့်ပါ။ဖန်ဝဲကိုဗားရှင်းမြှင့်ပေးပါ
(3)မန်မီုရီကဒ် gb အမြင့်မသုံးပါနဲ့ သူဟာနဲ့သူ
နိုင်ယုံပဲသုံးပါ
(4) မလိုအပ်တဲ့ app တွေကိုuninstall လုပ်ပါ
မလိုအပ်တဲ့ app တွေကိုinstall တင်ထားတဲ့ အတွက် Ram လျော့စေသည်သာမက internal memory ကိုလည်းလျော့နည်းစေသည့်အတွက်
ဖုန်းလေးစေနိုင်ပါသည်။
(5)Data cache ကိုတစ်ပတ်တစ်ခါလောက်ရှင်းလင်းပါ
ဒါကတော့ရှင်းပါတယ်ကျွန်တော်တို့နေထိုင်တဲ့နေရာမှာတောင် အမှိုက်တွေရှုပ်နေရင် စိတ်ရှုပ်မှာပါပဲ။
(6)ဖုန်းကိုညတိုင်းpower off ပြီးအိပ်ပါ
အိပ်ချိန်မှာpower on ထားတာ ဖုန်းရဲ့သက်တန်းတိုစေပါသည်။၎နှစ်ခံမဲ့ဖုန်းဟာ ၂နှစ်နဲ့ပျက်ပါလိမ့်မည်။
(7)တကယ်လို့အရမ်းလေးနေသေးရင်မူရင်းပါလာတဲ့ App များမှာကိုယ့်အတွက်အသုံးမလိုရင်
ဖျက်လိုက်ပါ လုံးဝပျောက်သွားမည်မဟုတ်ပါ
Factory Mod ဝင်၍ပြန်ယူနိုင်သည်
မှတ်ချက်= Root လိုသည်
(8)Factory Restart ချခြင်းဖြင့်လဲ ဖုန်းမှာဝယ်စထဲကအတိုင်းဖြစ်၍ သွက်လက်လာပါလိမ့်မည်။
မှတ်ချပ်=Factory Restart ချလျှင် ဖုန်းထဲမှာရှိတာမှန်သမျှ ပျက်စီးစေလိမ့်မည်
SD ကဒ်ထည့်သို့ပြောင်းရွှေ့ပါ ဖုန်းနံပတ်များSim ထဲပြောင်းပါ အာ့ဆိုရင်မပျက်တော့ပါဘူး။
(9)တစ်ချို့သောဖုန်းများမှာ ဖုန်းကဒ်ထည့်၍ အင်တာနက်သုံးလျှင်ပိုလေးသည်။ဖုန်းသက်တမ်းကြာလာ၍ Ram လျော့နည်းသွားခြင်းဖြစ်သည်။
ဖြေရှင်းရန်နည်းလမ်းနှစ်မျိုးသာရှိသည်
နံပတ်(1) မိမိမှာဖုန်းနှစ်လုံးရှိခဲ့လျှင်ဖုန်းတစ်လုံးမှအင်တာနက်ကို hospot ဖြင့်မျှယူ၍ သုံးစွဲပါ
နံပတ်(2)Custom Romတင်ပါ သူကတော့ စက်ရုံကRom မဟုတ်တော့ မလိုအပ်တဲ့ ဟာတွေရှင်းပြီးသားဖြစ်သလို နောက်ဆုံးပေါ်
update တွေသုံးထားတဲ့ အတွက် တကယ်ကိုသွက်လက်မြန်ဆန်လာမှာပါ။
(10) အားသွင်းနေစဉ် ဖုန်းလုံးဝ မသုံးပါနဲ့အထူးသဖြင့် Huawei ဖုန်းများ မှန်ပြင်ကိုကြောင်စေနိုင်ပါသည်။
Battery ကိုလဲသက်တန်း တိုစေနိုင်သည်။
(ပြောစရာမလိုလောက်ပါဘူး Note 7 ဆိုရင်)
(11)အင်တာနက်အလွန်အကျွန်သုံးလာရင်ဖုန်းပူလာပါလိမ့်မယ် အာ့ဆိုရင် တဆက်ထဲဖုန်းလဲလေးလာပါလိမ့်မည်။
အရေးမကြီးလျှင် ဖုန်းအေးလာအောင် power offလိုက်ပါ
အရေးကြီးရင်တောင် Reboot (or) Restart တခါလောက်တော့ချပေးလိုက်ပါ ပြန်လည်သွက်လာပါလိမ့်မယ်။
(12)မြန်မာဖေါင့်Changer သုံးခြင်းကို အတက်နိုင်ဆုံးရှောင်ပါ။
Myanmar Font Changer များသည် ဖန်ဝဲလ် ကျတက်စေရုံမက ဖုန်းကိုလည်း အလွန်းဟန်းစေပါသည်။ မယုံရင် ဖုန်းအဟောင်းများမှာ ထည့်ကြည့်ပါ။
ဒါပေမဲ့ အခုနောက်ထွက်တွေကတော့ ဆရာများရဲ့ကြိုးစားမှုကြောင့် error တွေကင်းလာပါပြီ။ ဖုန်းဟန်းသော App များသုံးခြင်းကိုလဲရှောင်ပါ။
(13)ads (or) Virus(ကြေငြှာပါသော)App များအတက်နိုင်ဆုံးရှောင်ပါ။
Ads Virus ဝင်မိလျှင် sex app တွေရောဘာတွေရော
အင်တာနက်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း
သူဘာသာ အလိုလျှောက်ဒေါင်းနေပါလိမ့်မယ်
ဘေ လဲထည့်မလောက်ဖြစ်ပါလိမ့်မည်။
(14)Root ဖေါက်သော App များRoot ရလျှင် ပြန်ပြီuးninstall လုပ်ပါ Root ဖေါက်တဲ့ Applaction မှန်သမျှ Virus နဲ့ လုပ်ထားတာတွေပါ Virus ကြောင့်ပဲ Root ပေါက်ရတာပါ။
မှတ်ချက်= User app မဟုတ်ဘူးနော်
(15)နံပတ်15နဲ့နံပတ်16ကတော့အဓိကအကျဆုံးအချက်တွေပါ ဖုန်းမှာပါလာတဲ့ Ram ကိုကြည့်ပါ
Ram 1Gb ပါလာရင်အနည်းဆုံး Ram 300 mb ထိကျန်သင့်ပါတယ် 300mb ထိကျန်မှသာသင့်ဖုန်းဟာအမြဲတမ်းသွက်လက်ပေါ့ပါးနေမှာဖြစ်ပါတယ် သူထက်လျော့နေမယ်ဆိုရင်သင့်ဖုန်းဟာသေချာပေါက်လေးနေပါလိမ့်မည်။
အလယ်က home key ကိုကြာကြာလေးဖိလိုက်ပါ
ဘယ်ဘက်က သုံးထားတာကိုပြလိမ့်မယ် ညာဘက်က ကျန်တာကိုပြပါလိမ့်မယ်
တကယ်လို့သင့်ဖုန်းဟာ Ram 1Gb တောင်မပါခဲ့ဘူးဆိုရင် အသစ်ဝယ်လိုက်ပါ။
(16)ဖုန်းသည် ကွန်ပျူတာမဟုတ်ပါ။ ကွန်ပျူတာလိုသုံး၍ အဆင်မပြေနိုင်ပါ။

အားလုံးပဲအဆင်ပြေကြပါစေ

Credit