Social Networkများကိုဆရာကျ​အောင်​အထာကျ​အောင်​သုံးနည်း

နန္ဒာဘုန်းမြင့်
(၂၀၁၆ ဇန်နဝါရီလမှာ ရေးခဲ့တာ ဖြစ်ပြီး ဧရာဝတီ သတင်းဌာနကလည်း ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။)
Facebook ဆိုတာ Social Network ပါ
Social ဆိုတာ လူမှုရေးရာ Network ဆိုတာ ကွန်ရက် အသိုင်းအဝိုင်းဆိုတော့ Social Network ဆိုတာ ခပ်လွယ်လွယ်ပြောရရင်တော့ လူမှုကွန်ရက်ပါ။ ဒီလူမှုကွန်ရက် ပါဝင်ပြီဆိုရင်တော့ သူ့အရပ်သူ့ဇာတ် သူ့အထာလေးတွေရှိတယ်။
အဲ့ဒီ အထာလေးတွေကို အထာကျပြီဆိုမှ လူမှုကွန်ရက်ထဲကို ဝင်လာပါ။ မဟုတ်ရင်တော့ လူရယ်စရာ ဖြစ်ပြီး ဂွမ်းစိန် ဖြစ်ပါလိမ့်မယ်။
၁။ ပထမဆုံးက လူမှုကွန်ရက်လောကနဲ့ လက်တွေ့ဘဝကို ခွဲခြားထားပါ
ဘာလို့လဲဆိုတော့ လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ဖြစ်ပေမဲ့ လူမှုကွန်ရက်မှာ လူလတ်ပိုင်းလုပ်လို့ရတယ်။
အပြန်အလှန်ပဲ လူကြီးပိုင်းအရွယ် ဖြစ်ပေမဲ့ လူငယ် လူလတ်ကြိုက်တဲ့ဘဝကို ရွေးလို့ရတယ်။
လက်တွေ့မှာ အလုပ်အကိုင် မရှိသော်လည်း လူမှုကွန်ရက်မှာ ရာထူးကြီးကြီး ယူထားလို့ရတယ်။
ဆိုလိုချင်တာကတော့ လူမှုကွန်ရက်ကို ရောက်လာတဲ့လူ အားလုံးဟာ တန်းတူအခွင့်အရေးရှိတယ်။
လူငယ် လူလတ် လူကြီး ဆင်းရဲ ချမ်းသာ အလုပ်မရှိ ရာထူးကြီး ဘာညာ သာရကာ ဘာမှမရှိဘူး။ လူမှုကွန်ရက်ရဲ့အထာမသိဘဲ လာဖြဲရင် ဂွမ်းစိန်ဖြစ်မယ် ဒါပဲ။
၂။ ကိုယ့်ရဲ့လူမှုကွန်ရက်မိတ်ဆွေကို အရင်ရွေးပါ
ကိုယ့်မိတ်ဆွေတွေဟာ လူမှုကွန်ရက်က သတင်းစုံကို အချိန်နဲ့အမျှ သတင်းဖြန့်ချိသူ ဖြစ်ဖို့လိုပါတယ်။
ဒါမှ ဒီနေ့ ဘာသတင်းထူးလဲဆိုတာ ကိုယ်က အစောဆုံးသိမှာပါ။ ဥပမာ- အဖုကိစ္စ၊ ပြက္ခဒိန်တို့လိုပေါ့။
လက်တွေ့ဘဝက ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ပဲဆိုရင် ဝါးလုံးခေါင်းထဲ လသာနေသလို ဖြစ်နေမှာပါ။
အဲ့ဒီတော့ လူမှုကွန်ရက်မှာ ဆယ်လီဖြစ်နေတဲ့ သူတွေကို following လုပ်ထားပါ၊ ဒါမဟုတ် ဆယ်လီဖြစ်နေတဲ့ Page တွေကို like လုပ်ထားပါ။ ဒါမှသာ လူမှုကွန်ရက်ရဲ့ အထာကို အမြန်ဆုံးနားလည်မှာပါ။
၃။ အထာညက်အောင် လေ့လာပါ
လူမှုကွန်ရက်ရဲ့ အထာညက်ဖို့က လေ့လာသင်ယူရတာပါပဲ။
အဲ့လိုမှ မလေ့လာရင် ထပ်ပြီးဂွမ်းစိန်ဖို့က သေချာနေပါပြီ။ လေ့လာနည်းက အလွယ်လေးပါ။
ဆဲတာလေ့လာချင်ရင် နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်တဲ့ ပို့စ်က comment တွေ ဖတ်လိုက်ရင်ရပါတယ်။
အပြောင်အပျက်တွေ လေ့လာချင်ရင် ရယ်စရာတို့ ဟာသကမ္ဘာတို့က comment တွေဖတ်ရင် ရပါတယ်။
အလွယ်ဆုံးက လူမှုကွန်ရက်က ဆယ်လီတွေရဲ့ ပို့စ်က comment ကိုဖတ်ရင် ဆဲတာရော ပြောင်တာရော အားလုံးသင်ပြီးသား ဖြစ်ပါတယ်။
၎။ အထာကျဖို့ လေ့ကျင့်ပါ
ပွဲမဝင်ခင် အပြင်မှာ လေ့ကျင့်ရပါတယ်။ လေ့ကျင်တာကတော့ မခက်ခဲပါဘူး။ သူများတွေလို like လုပ်ကြည့်မယ်၊ comment ရေးမယ်၊ share လုပ်မယ်၊ ဒါပါပဲ။ လွယ်မယ်လို့ထင်ရပေမဲ့ လူမှုကွန်ရက်ရဲ့ အထာမကျရင် ဂွမ်းစိန်ဖြစ်နိုင်မို့ လေ့ကျင့်သားပြည့်ဖို့ လိုပါတယ်။ ဒီအဆင့်ဟာ လူမှုကွန်ရက်ရဲ့ နက်နဲတဲ့အပိုင်းလို့ ဆိုရမှာပါ။
like လုပ်တာက သူများတင်တဲ့ပို့စ်ကို အားပေးတာ၊ သဘောကျတယ်လို့ လွယ်လွယ်နဲ့ အသိပေးတာ၊ comment ကတော့ ကိုယ်ရဲ့ရပ်တည်ချက်ကို တရားဝင် အသိပေးတာ၊ ဒီနေရာမှာ comment ရဲ့ အထာတွေနှပ်ဖို့လိုပါတယ်။ သူများက ပြောင်တာလား၊ နောက်တာလား သိရပါတယ်။ အများဆုံးသုံးတဲ့ stiker အကြောင်းလည်း သိထားဖို့ လိုသလို လူမှုကွန်ရက်ရဲ့ စကားလုံး ဝေါဟာရတွေကိုလည်း လေ့လာရပါမယ်။
stiker ကတော့ smile emoticon ဒါဆိုရင် အတည်အခန့် ပြောတဲ့နေရာမှာ သုံးပါတယ်၊ tongue emoticon ဒါဆိုရင် နောက်ပြောင်တဲ့ နေရာမှာသုံးပါတယ်၊ grin emoticon ဒါဆိုတော့ လှောင်တာပါ၊ unsure emoticon ဆိုရင် ရွဲ့တာ ငေါ့တာ ထေ့တာ၊ like emoticon ဆိုရင် ကြိုက်တယ် like တယ် စသဖြင့်ပေါ့။
ဝေါဟာရတွေမှာလည်း ခေး၊ ကွီး၊ ညေး၊ စမီး၊ ဘွ၊ အာ့၊ ကွကိုယ်၊ နိုးမ စသဖြင့် အများကြီးရှိပါတယ်။ လေ့လာရင်တော့ မကုန်နိုင်ပါဘူး။ comment ကတော့ အပေါ်က ပို့စ်တင်တဲ့ အကြောင်းအရာနဲ့ သက်ဆိုင်ပြီး reply ကတော့ comment ရေးထားတဲ့လူနဲ့ သက်ဆိုင်တာပါ။ အဲဒီ အထာတွေ မကျရင်တော့ အဂွမ်းတကာ့ အဂွမ်းစိန်ဖြစ်မှာပါ။ ဒါကြောင့် များများလေ့ကျင့်ပါမှဖြစ်မှာပါ။ share ကတော့ ကိုယ်ကြိုက်တာ မကြိုက်တာကို ကိုယ့်ရဲ့သဘောထား ရပ်တည်ချက်ကို ပြသတဲ့ အထာပါ။
၅။ လက်တွေ့ဘဝ ထဲကိုခေါ်မလာပါနဲ့
ဒါကအရေးကြီးတဲ့ အချက်ပါ။ လူမှုကွန်ရက်ဟာ သီခြားဘဝပါ။ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် ကွိုင်ပူးတတ်ပါတယ်။ ပျော်စရာရှိရင်၊ ရယ်စရာရှိရင်၊ လူမှုကွန်ရက်ပေါ်မှာပဲ ရယ်လိုက်၊ ပျော်လိုက်ပါ။ စိတ်ဆိုးဒေါသထွက်ရင်လည်း ထိုနည်တူပါပဲ။ လူမှုကွန်ရက်ပေါ်က emotion တွေ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် လွတ်ကြောင်ဖြစ်တာမို့ အထူးသတိထားရမှာ။
၆။ အရည်ထူဖို့ ကြိုးစားပါ
လူမှုကွန်ရက်ကို စတင်သုံးစွဲပြီဆိုတာနဲ့ အရည်ထူဖို့ ကြိုးစားပါ။ ချီးမွမ်းတာ ကဲ့ရဲ့တာ သရော်တာ လှောင်ပြောင်တာ အားလုံးကို ခံနိုင်ရည် ရှိဖို့လိုပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကဲ့သို့ ကျင့်ကြံနေထိုင်နိုင်အောင် ကြိုးစားရမယ်။
၇။ ကျော်တတ် လှော်တတ်အောင် နေထိုင်ပါ
လူမှုကွန်ရက်မှာ အလွှာစုံက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လူမှုကွန်ရက်ကို သုံးစွဲနေသူတွေ အများကြီးပါ။ တင်သမျှပို့စ်တွေဟာ အမှန်တွေလည်း ဖြစ်နိုင်သလို ယောင်ရွှီးတွေလည်း အများကြီးပါ။ ယောင်ရွှီးတွေကို ကျော်နိုင်ရမှာ ဖြစ်သလို ကိုယ့်ကိုလာပြီ စနိုက်လုပ်ရင်လည်း လှော်တတ်ဖို့လည်း လိုပါတယ်။ ကျော်တတ် လှော်တတ်ပါမှ ရေတိမ်မနစ်မှာပါ။
လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ အထာလေးတွေ မျှဝေတာမို့ ဆြာကျတယ်လို့ မမှတ်ယူဖို့ တောင်းဆိုပါတယ်။ လူမှုကွန်ရက်မှာ အထာကျကျနဲ့ ဆြာကျနိုင်ကြပါစေ။
မှတ်မိ သတိရသမျှ အထာလေးတွေမျှဝေတာမို့ လိုအပ်တာရှိရင်ဆောရီးပါ။
Credit-မူရင်း



Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

အင်းသားလူမျိုးစုများအကြောင်း

ဥာဏ်ကောင်းဆက် / ဓာတ်ပုံ-ဌေးအောင် /ကြေးမုံသတင်းစာ
လှေကို လက်ဖြင့်မလှော်ဘဲ ခြေဖြင့်လှော် သည့် ယဉ်ကျေးမှုတစ်ရပ်ကြောင့် အင်းသား လူမျိုးစုများကို လူသိများကြသည်။ ထို့အတူ ¤င်းတို့နေထိုင်ရာဒေသရှိ အင်းလေးကန်နှင့် အင်းလေး ဖောင်တော်ဦးဘုရားများကြောင့် လည်းလူသိပိုများခြင်းဖြစ်သည်။ အင်းသား လူမျိုးစုအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်ဝန်းကျင် တွင် အဓိကနေထိုင်ကြပြီး ရပ်စောက်၊ တောင်နီ၊ ဘီလူးချောင်းမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံ ဒေသများတွင်လည်း ပျံ့နှံ့နေထိုင်ကြောင်း သိရသည်။
သမိုင်းကြောင်း
ပါးစပ်ရာဇဝင်များအရ အင်းသားလူမျိုးစု များသည် ထားဝယ်အဆက်အနွှယ်များဖြစ်ပြီး အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ မှ အင်းလေးဒေသသို့ ရောက်ရှိခဲ့ရာတွင် နောက်တော်ပါ ထားဝယ်သားအချို့ကို ဤဒေသ၌ နေရာချထားခဲ့ရာတွင် နန်းသဲ၊ ဟဲယာရွာမ၊ ရွာကြီးပန်းပုံနှင့် နန်းပန် နောင်တော ဟူသော ရွာလေးရွာကို စတင် တည်ထောင်နေရာချထားပေးခဲ့သည်။ ထိုမှ အင်းလေးရွာဟု ခေါ်တွင်ခဲ့ကြသည်။
ခေတ်သစ် သမိုင်းသုတေသီများကမူ အင်းသားလူမျိုးစုများသည် ပုဂံသား မြန်မာ များဖြစ်ကြောင်း၊ ၉ ရာစုလောက်မှစပြီး မြန်မာပြည်မြေပြန့်ဒေသဘက်သို့ ဆင်းလာကြ သော တိဘက်မြန်မာမျိုးကွဲ အာသံမြန်မာ လူမျိုးစိတ်အစု ခြောက်စုအနက် မြန်မာအစု တွင်ပါဝင်သော လူမျိုးစုများဖြစ်ကြောင်း၊ မြေပြန့်သို့ဆင်းလာရာတွင် လိုက်ပါမလာကြဘဲ အင်းလေးဒေသဘက်သို့ ထွက်ခွာနေရစ်ခဲ့ရာမှ အင်းသားလူမျိုးများအဖြစ် ပေါ်ပေါက်လာ ကြောင်း ပြောဆိုကြသည်။ သမိုင်းကမည်သို့ပင် ဆိုသော်လည်း အင်းသားလူမျိုးစုများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသား အစုတွင်ပါဝင်သော တိုင်းရင်းသားမျိုးနွယ်စု များဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ ရှိသော တိုင်းရင်းသားများပင်ဖြစ်သည်။
အင်းသားလူမျိုးစုများသည် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာကြောင်း သိရသည်။ ”အင်းလေး ဒေသမှာ လက်မှုလုပ်ငန်းအနေနဲ့ ပန်းပဲ လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်းဟာ လူသိများ တယ်၊ အဓိကတော့ ငွေပန်းထိမ်လုပ်ငန်းဖြစ် ပါတယ်၊ နောက်တစ်ခုက အင်းလေးဒေသမှာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလို့ ပြောရ မယ့် ကျေးရွာအလိုက် လက်မှုလုပ်ငန်းတွေ ရှိပါတယ်၊ ဥပမာ – ဟဲယာရွာမဆိုရင် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ နမ့်ပန်ရွာကဆိုရင် လက်သမားလုပ်ငန်း (အဓိကလှေလုပ်ငန်း)၊ အင်းပေါခုန်ဆိုရင် ပိုးထည်လုပ်ငန်းနဲ့ ဆီဆုံမြို့ နယ် အနီးတစ်ဝိုက်မှာဆိုရင် ချည်ထည် လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်၊ တခြား ခြံလုပ်ငန်း၊ ရေခြံလုပ်ငန်းတွေလည်း လုပ်ကိုင် ကြပြီး ကျွန်းမျောပေါ်မှာ စိုက်တဲ့စိုက်ပျိုးရေးလုပ်ငန်းကလည်း အင်းလေးဒေသရဲ့ ထူးခြား တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ကျွန်းမျော ပေါ်မှာ ခရမ်းချဉ်၊ ပန်းစသည်ဖြင့် စိုက်ပျိုးကြ ပါတယ်”ဟု အင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသောင်းရွှေ၏ပြောကြားချက်အရ သိရသည်။
အင်းသူအင်းသားတို့၏ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုအမွေအနှစ်များမှ အင်းရိုးရာ စည်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အင်းရိုးရာစည်တွင် ဝင်စည်၊ ထွက်စည်၊ သီတင်းစည်၊ ဧည့်ခံပွဲထိုင်စည်၊ အိုးစည်ကူး ဟူ၍ စည်အမျိုးအစားများရှိသည်။
ဝင်စည်မှာ ဖောင်တော်ဦးမြတ်စွာဘုရား များ ဒေသစာရီကြွချီရာတွင် တီးခတ်သော စည်ဖြစ်သည်။ ပင်မစည်ကြီးတစ်လုံးဖြင့် အရန်စည်ငယ်နှစ်လုံးကို အခေါ်အလိုက် အအုပ်အခံချယ်သ၍ တီးခတ်ရခြင်းဖြစ်သည်။ ထွက်စည်ကို ဘုန်းကြီးပျံအန္တိမဈာပန အခမ်း အနားများတွင် တီးခတ်ကြသည်။ ဘုန်းကြီးလွန်စည်ဟုလည်းခေါ်ကြောင်း သိရသည်။သီတင်းစည်မှာ အဖိတ်၊ ဥပုသ်နေ့များ တွင် သီတင်းသီလဆောက်တည်နိုင်ရန် ဗုဒ္ဓ ဘာသာဝင်များအား နှိုးဆော်ရာတွင် တီးခတ် သော စည်ဖြစ်သည်။ အဖိတ်စည်ဟုလည်း ခေါ်ကြောင်း သိရသည်။ ဧည့်ခံစည်ခေါ် လံစည်ကို အလှူမင်္ဂလာပွဲများ၊ ကဆုန် ညောင်ရေသွန်းပွဲများ၊ ဆွမ်းတော်ကြီးကပ်လှူ ပွဲများတွင် တီးခတ်ကြောင်း သိရသည်။
အင်းသားအိုးစည်ကြီးအကနှင့် မီးဆုခံအက
အင်းသားတိုင်းရင်းသားတို့က အိုးစည်ကူး အကဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ဤအက တွင် ထိပ်ဝမျက်နှာပြင် အကျယ်နှစ်ပေခွဲ၊ အရှည်လူတစ်ရပ်ခန့်ရှိ အိုးစည်ကြီးနှင့်အတူ လင်းကွင်းတစ်စုံ၊ မောင်းကြီးတစ်လုံးတို့နှင့် တွဲဖက်တီးမှုတ်ကကြရသည်။
ညောင်ရွှေနှင့် အင်းလေးဒေသတွင် ရိုးရာ ဓလေ့ထုံးစံအရ ကျင်းပသော ပွဲလမ်းသဘင် များတွင် ယခုထိတိုင် အင်းသူအင်းသားများ ကိုယ်တိုင် ပါဝင်တီးခတ် ကခုန်ကြသည်။ ကိုယ်ဟန်ယိမ်းနွဲ့ကာ လက်ကို ညင်သာစွာ မြှောက်၍ နွဲ့နှောင်းသွဲ့ပျောင်းစွာ ပါဝင်ကပြ လေ့ရှိသည်။ အင်းသားအမျိုးသားများက မိမိတို့တတ်မြောက်ထားသည့် ဗန်တို၊ ဗန်ရှည် သိုင်းပညာကို အနုပညာဟန်ဖြင့် ဖြည်းညင်းစွာ သရုပ်ဆောင်ကပြကြသည်။
ယခုကပြသည့် အိုးစည်ကြီးအကကို ညောင်ရွှေမြို့ ကံသာရပ် အင်းသားအမျိုးသား များက တီးခတ်သရုပ်ဖော်ပြီး ကံသာသူ အမျိုးသမီးငယ်လေးများက ယိမ်းနွဲ့ကာဖြင့် အိုးစည်၊ မောင်း၊ လင်းကွင်းတို့၏ စည်းချက် နှင့်အတူ ကပြဖျော်ဖြေတင်ဆက်ကြသည်။

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO