ရန်ု ကုန် မြို့ေ အာက်က လျှို့ ဝှက် ချက် များ ရန်ကုန်မြို့  မြေအောက်မှ မဟာလျှို့ ဝှက်ချက်များ

*****************************************************

အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးရန်ကုန်မြို့ ကို အစိုးရ ရုံးစိုက်ရာ မြို့ အဖြစ်သတ်မှတ်ခဲ့ကြတယ်။မြို့ တော် ကို စနစ်တစ်ကျ မြို့ပြအင်္ဂါရပ်တွေ နဲ့အညီတည်ဆောက်ခဲ့ကြ တယ်။

ပြင်သစ် ကုမ္ပဏီ တွေ ကို ကန်ထရိုက်ပေးပြီး မြေအောက်ရေဆိုး ထုတ် ဥမင် ကွန်ယက် စနစ်တွေကို အင်္ဂလန် အတိုင်း တည်ဆောက်ခဲ့ကြ
တယ်။

အဲ့ဒီ မြေအောက် ဥမင် ကွန်ယက် စနစ်ကြီးကို ရန်ကုန်မြို့တစ်မြို့ လုံးဖြန့်ကျက် ထားနိုင်ခဲ့ကြတယ် ။ မိလ္လာစနစ် တွေ ရေဆိုးထုတ် စနစ်တွေ ကို မြို့တော် လူဦးရေနဲ့ အညီ နိုင်နင်းအောင် ပြု လုပ်ပေးနိုင်ခဲ့တယ်။

ရန်ကုန် မြို့ဟာ တစ်ချိန် က မိုးရွာလျှင် ရေတင် ခြင်း ရေဝပ် ခြင်း မရှိပါ။အဲဒီ ရေမှန် သမျှဟာ ဥမင်တွေ ထဲ ကတစ်ဆင့် ရန်ကုန်မြစ်ထဲ ကျ သွားသောကြောင့်ဖြစ်သည်။အဲဒီ မြေအောက် ဥမင် စနစ်တွေ မှာ ဖုန်းလိုင်းစနစ်တွေ လဲ ပါဝင်ခဲ့သလို ရေသန့်ဖြန်ဝေတဲ့စနစ် တွေ လဲ ပါဝင်ခဲ့ပါတယ်။

မြေအောက် ဥမင် တွေ ဆိုပေမဲ့ အမြင့်ပေ ဟာ 12 ပေ လောက်ထိ မြင့်ပြီး ကားတစ်စီး မောင်း နှင် နိုင် အောင် ကျယ်ပါတယ်။ မြင်အောင်
ရှင်းအောင် ပြောရ လျှင် ဟောလီးဝုဒ် Action ဇတ်ကားတွေ ထဲက မြေအောက် ဥမင် တွေ လို ဖြစ်သည်။

ရန်ကုန်မြို့ရဲ့ လသာ ဗဟန်း တာမွေ နဲ့ မြို့လယ် ဘက်မှာ အဲ့ဒီ
ဥမင်တွေ ထဲကို ဆင်းတဲ့ သံလှေခါးတွေ နဲ့ (Main hole)အပေါက်ကြီး တွေ ရှိပါတယ်။ အဲဒီ အချိန် တုန်းက မြေအောက် ဥမင်တွေဟာ ဒုစရိုက် သမားတွေ အတွက် အမှောင်လောကကြီး ဖြစ်ခဲ့တယ် ။ မှောင်ခိုစီးပွားရေးဈေးကွက် လဲ ဖြစ်ခဲ့သလို ပြည့်တန်ဆာ မူးယစ်ဆေးဝါးနဲ့
အခြားတရားမဝင် ကိစ္စတွေ အခြေ ပြု လူပ် ရှား တဲ့ နေရာလဲ ဖြစ်ခဲ့တယ်။

အင်္ဂလိပ် ခေတ်က တော်လှန်း ရေးသမား တွေ မျိုး ချစ် လူငယ်တွေ
ဦးနေဝင်း ခေတ်က လက်နက်ကိုင် တွေ နိုင်ငံ ရေ သမား တွေ ခိုလူံ ရာ နေရာ တစ်ခု လဲ ဖြစ်ခဲ့တယ်။

ဦးနေဝင်း အစိုးရ လက်ထက် နဂါးမင်း စစ်ဆင်ရေး ကြောင့် တရုတ် ကုလားနဲ့ နိုင်ငံခြားသား တွေ ဟာ ဒီဥမင် တွေ ထဲက တစ်ဆင့် ထွက်ပြေးခဲ့ကြပါတယ်။

ဒီမြေအောက် ဥမင်ကွန်ယက် စနစ်ဟာ ခေတ်မှီလွန်းတဲ့ အတွက် စင်ကာပူ က အတုယူပြီး တစ်ပုံစံ တည်း သူတှိုနိုင်ငံမှာ တည် ဆောက်ခဲ့
ကြတာပါ။

နောက် စစ်အစိုးရ လက်ထက်မှာ အဲဒီ မြေအောက် ဥမင်တွေကို နံရံ တွေ ကာပြီး သံလှေ ကားနဲ့ ဆင်းတဲ့ အပေါက်မှန် သမျှ ကို အသေ
ပိတ်ပြစ်ခဲ့ကြပြီး မြေအောက်ဥမင် ကွန်ယက်စနစ် မြေ ပုံတွေ ကိုစည်
ပင်တွေ ဆီက လုံခြုံ ရေး အကြောင်းပြ ချက် နဲ့သိမ်းယူပြီး ဖျောက်ဖျက် ပစ်ခဲ့ကြတယ်။ ဦးနေဝင်း စစ်အစိုးရဟာ ဒီမြေအောက်ဥမင် တွေ ကို အရေးတစ်ကြီး ပိတ်ပစ် လိုက်တာဟာ အကြောင်း အရင်း ရှိပါတယ်။

တော်လှန်ရေး နေ့မှာ မိန့်ခွန်း ပြောမယ့် ဦးနေဝင်း ကို အကြမ်းဖက် လုပ်ကြံဖို့ ကြံစည်နေတဲ့ကျောင်း သားအုပ်စု တွေ ကို တာမွေ မြေအောက် ဥမင်မှာ ဖမ်းမိခဲ့သလို ကရင် လက်နက်ကိုင် တွေ ကို လဲ ဥမင်တွေ ထဲ မှာ အစုအလိုက် အပြုံ လိုက် ဖမ်းမိ ခဲ့ပါတယ်။

နောက် ပိုဆိုးသွားတာက အာဇာနည် ဗိမ္မာန် ဗုံးခွဲ တဲ့ တရားခံ တွေ ဖြစ်တဲ့ မြောက် ကိုရီးယား ဗိုလ်မှူးတွေဟာ မြန်မာ အစိုးရ ပိတ်ဆို့ ဖမ်းဆီးနေတဲ့ ကြားထဲ ကနေ မြေအောက် ဥမင် တွေ ထဲက တစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက်ကြောင့်ပါ။

အဲဒီနောက်မှာ တော့ မြေအောက် ဥမင် မှန်သမျှ အသေ ပိတ်ပစ်ခဲ့ကြပါတယ် ဦးသန်ရွေ အစိုးရ လက်ထက်မှာ တော့ မြေအောက် ဥမင်တွေကို ပြန်သုံးဖို့လေ့လာခဲ့ကြပေမဲ့ဥမင် တွေ ထဲ မှာ စည်ပိုင်း လောက်ရှိတဲ့ နှစ်ခို့ မြွေ ကြီးတွေ ခိုအောင်းနေတဲ့ အတွက် ကြောင့် ရွေရည်ငွေရည် လောင်းပြီး အပေါက်တွေ ပြန်ပိတ်ခဲ့ရ ပါတယ်။

2012 လောက် က အင်္ဂလန် နိုင်ငံသားတစ်ယောက် ဟာ ရန်ကုန်မြေအောက် ဥမင်ကွန်ယက် စနစ် တစ်ခုလုံးပါတဲ့ မြေပုံ ကို အစိုးရဆီ ကို ဒေါလာ တစ်သန်း နဲ့ ရောင်းဖို့ကမ်း လှမ်း လာခဲ့ပါတယ်။(ဟုတ် မဟုတ် သေချာမသိပါ)

ရန်ကုန်မြေ အောက် ဥမင် စနစ် ကိုသာ ပြန်လည် အသက်သွင်းနို်င် ခဲ့ ရင် ရန်ကုန် မြို့ ဟာ မိုးရွာ တိုင်း ရေမြု ပ်တော့မည် မဟုတ်ပါ ။

မြေအောက် ကို ဆင်းတဲ့ (Main hole) အကြွင်းအကျန် တစ်ချို့  ကို
ရန်ကုန်မြို့ ထဲတွင် တွေ မြင် နိုင်သည်။

လူငယ်တစ်ယောက်ဖြစိတဲ့အတွက် အချက်အလက်များကွဲလွဲနေ လျှင် သည်းခံ ဖတ်ရူ ပေးကြပါ ။

Credit – ထက်မြတ်အောင်
http://bahuthuta.net/archives/5408