မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြား ဌာန ဖွင့်လှစ်ပြီလို့ သမ္မတ ဦးဝင်းမြင့်ပြော

image
image
ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၁၈
တိုင်းပြည်မှာ အလွန်ဆိုးဝါးနေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့ အထူးသတင်းပေး တိုင်ကြားနိုင်တဲ့ဌာန တခုကို သမ္မတရုံးမှာ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။
ဒီနေ့ နေပြည်တော် MICC-2 မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတကိုယ်တိုင် အထက်ပါအတိုင်း ကြေညာလိုက်တာ ဖြစ်ပြီး အခမ်းအနားကို ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဒီနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲမှာ ဆုရသူတွေကို ဆုချီးမြင့်တာ၊ အခမ်းအနားပြီးတော့ ပြခန်းတွေကို ထုံးစံအတိုင်း သမ္မတက လှည့်ပတ်ကြည့်ရှု့တာတွေ ပြုလုပ်ခဲ့ပါတယ်။
Credit-ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာစစ်တပ်က အရေးယူ

image
EU ဥရောပသမဂ္ဂကနေ သူတို့ ဒဏ်ခတ်အရေး ယူ လိုက်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ အရာရှိ ၇ ဦး ရဲ့ အမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာ အဲဒီစာရင်းမှာပါနေတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်း ဆိုင်ရာ အရေးယူလိုက်ကြောင်း မြန်မာစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကြေညာချက်မှာ EU ရဲ့ အရေးယူမှုနဲ့ ပတ်သက်နေတယ်လို့ ဖေါ်ပြထားခြင်းမရှိပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်မှာ ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
တနင်္လာနေ့က ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ ကြေညာချက်အရဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရာမှာ အားနည်းချက်တွေရှိနေ တဲ့အတွက် ၂၀၁၈ခုနှစ် မတ်လ ၆ ရက်နေ့ ကတည်းက တာဝန်ထမ်းဆောင်ခွင့်ကို ရပ်နားထားတာဖြစ်ပါတယ်။ အခုတော့ ကြည်း ၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၈ ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်က ထုတ်ပယ်လိုက်ပြီလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးအနေနဲ့ ၂၀၁၆ အောက်တိုဘာလကနေ ၂၀၁၇ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး အရေးပေါ်ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကြိုတင်စီမံဖို့ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ကွပ်ကဲတဲ့ ကာလအတွင်း စီမံဆောင်ရွက်ချက်တွေမှာ လိုအပ်ချက်တွေရှိခဲ့ သလို အထိုက်အလျောက် တာဝန်ရှိခဲ့သူဖြစ်ပြီး ဒါတွေဟာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် လို့ တွေ့ရှိရတဲ့အတွက် ၂၀၁၈ခုနှစ် မေလ ၂၂ ရက်နေ့ကတည်းက ရာထူးကနေ မိမိဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုထားတာဖြစ်တယ်လို့ တပ်မတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အခုလို မြန်မာစစ်တပ်က သူတို့ရဲ့ အရေးယူမှုပိုင်းဆိုင်ရာကို ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို သုံးသပ်ပါတယ်။
“စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကို ဂရုမစိုက်ဘူးဆိုတာ အလွန်ရှင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ထုတ်ပယ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဒီလို ရာဇ၀တ်မှုကျူးလွန်တာတွေကို ဖုံးကွယ်ဖို့ ပျက်ကွက်ခဲ့တာဖြစ်နိုင်ပါတယ်။ စစ်တပ် လုပ်ခိုင်းတဲ့ အတိုင်းအတာထက် ပိုပြီးအဆမတန် လုပ်မိတာ ဥပမာ ရိုဟင်ဂျာတချို့ကိုပဲ သတ်ဖို့ စစ်တပ်က လိုလားပေမယ့် အများအပြား သတ်လိုက်တာ၊ အကြမ်းဖက်မှု အမြောက်အများကျူးလွန်ခဲ့တာ ဒါမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက ထုတ်ပစ်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေက အလွန်မောက်မာခဲ့တာ ဒါမှမဟုတ် လာဘ်စားခဲ့တာ၊ စစ်ဆင်ရေးကာလအတွင်း နည်းဥပဒေတွေအတိုင်း မဆောင်ရွက်ခဲ့တာ၊ အမိန့်မလိုက်နာတာ စတာတွေဖြစ်နိုင်ပါတယ်။ အပြင်ကလူတွေအနေနဲ့ ဒီဗိုလ်ချုပ်နှစ်ဦးကို ဘာကြောင့်ထုတ်လိုက်သလဲဆိုတဲ့ နောက်ကွယ်အကြောင်းအရင်းကို သိဖို့ခက်ပါတယ်။
ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေအတွက် အခုလို စစ်အရာရှိတွေကို ထုတ်ပယ်လိုက်ရုံနဲ့ကိစ္စ မပြီးသွားဘူးလို့ Brad Adams ကပြောပါတယ်။
“တရားစီရင်ရေးရှိဖို့ လိုအပ်တာပါ။ အခုလို စစ်ဗိုလ်ချုပ် နှစ်ဦးကို ရားထူးတာဝန်က အနားပေးလိုက်ပြီး လွတ်လွတ်လပ်လပ်နဲ့ အပြင်မှာ နေထိုင်ခွင့်ရနေတာဟာ တရားမျှတမှု မရှိပါဘူး။ ဒီလူတွေအနေနဲ့ ပင်စင်တွေ ရကောင်းရနိုင်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုလည်း ထိခိုက်မှု ရှိချင်မှ ရှိမှာပါ။ သူတို့ကို စစ်တပ်က ထုတ်ပယ်လိုက်ရုံသက်သက် ဆိုတဲ့ အခြေအနေကိုတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာတွေပဲဖြစ်ဖြစ် လက်ခံမှာမဟုတ်ပါဘူး။”
EU ရဲ့အရေးယူမှုထဲမှာပါနေတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှု လို့ ဆိုလာတဲ့အတွက် မြန်မာစစ်တပ်ရဲ့ သဘောထားအမြင် ပြောင်းလဲမှုရှိလာတယ်လို့ သုံးသပ်ပါသလားဆိုတဲ့ မေးခွန်းကိုတော့-
“စစ်တပ်ရဲ့ကြေညာချက်ဟာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်နိုင်သလို ဘာမှ မျှော်လင့်လို့မရဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်။ ဒါက အစိုးရနဲ့ စစ်တပ်အပေါ်မှာမူတည်ပါတယ်။ တကယ်လို့ အပြုသဘောဆောင် တိုးတက်တဲ့လက္ခာဏာကို မြင်ရဖို့ဆိုရင်တော့ အစိုးရအနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ခွင့်ပြုသင့်သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ ကိုလည်း နိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုသင့်ပြီး၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြစ်မှုရေးရာ စုံစမ်းမှုတွေကို ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဦးဆောင်သင့်ပါတယ်။”
ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက် အပြုံလိုက်မောင်းထုတ်ခဲ့မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဒဏ်ခတ် အရေးယူတဲ့ စစ်ဘက်နဲ့ လုံခြုံရေးဘက် အရာရှိ (၇)ဦးစာရင်းနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့-
စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ၂ဝ၁၅ ဩဂုတ်ကနေ ၂ဝ၁၇ ခုနှစ်အကုန်အထိ ကြီးကြပ်ခဲ့ရသူ ဖြစ်လို့ အဲဒီ ကာလ အပိုင်းအခြား အတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။
ဒုတိယ အဖြစ် ဖေါ်ပြထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ကာလအတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။
ခြေမြန်တပ်မ ၉၉ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ခြေမြန်တပ်မ ၃၃ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး တို့ဟာ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ရပ်တွေအတွက် တာဝန်ရှိသူတွေဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်ကတော့ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ရပ်တွေမှာ တာဝန်ရှိသူဖြစ်တယ်လို့ ရေးသားထားပါတယ်။
ခုနှစ်ဦးမြောက်ဖြစ်တဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးကတော့ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင် ကွပ်ကဲတဲ့ ခြေမြန်တပ်မ ၃၃ က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့ EU ဒဏ်ခတ်အရေးယူမှုထဲမှာ ထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်။
https://burmese.voanews.com/a/eu-sanction-on-7-myanmar-army-officer-/4454285.html?nocache=1


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ရဲဇာနည် ၏ ဓာတ်ပုံ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား (International Day Against Drug Abuse and Illicit Trafficking)ကို ယနေ့ နံနက်(၀၉၀၀)နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပ သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မိန့်ခွန်း ပြောကြားရာ၌ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာမှာ နိုင်ငံအစိုးရများ၏ နောက်ခံ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာနဲ့ ပထဝီ မြေအနေအထားတို့အပေါ်မှာ အခြေခံပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်နေကြ ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာဟာ ပိုမိုရှုပ်ထွေးကြီးမားလာပြီး ဆေးဝါးသစ်များ ပေါ်ထွက်လာမှု အပါအဝင် ပြည်သူလူထုရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို အမျိုးမျိုးပျက်သုဉ်း စေသလို နိုင်ငံဖြတ်ကျော်မှုခင်းတွေ၊ အကြမ်းဖက်မှုခင်းတွေရဲ့ အကျိုးဆက်ရလဒ်ဖြစ်သည့် နယ်မြေ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ လှိုက်စားလာသည်ကို တွေ့ရှိရပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခေတ်အဆက်ဆက်သော နိုင်ငံတော် အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း (၃)ခုကို အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနဲ့ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မူးယစ်ဗဟိုအဖွဲ့အား အဖွဲ့ဝင်(၁၆)ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဗဟိုအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာ ဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေးရဲ့ လုပ်ငန်းအကြံပြုချက်များကို အခြေခံတဲ့အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်မှာ ဘိန်းစိုက်ပျိုးမှုလျှော့ချရေးနဲ့ မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု လျှော့ချရေးအတွက် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုး ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးအတွက် သုံးစွဲမှုနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနဲ့အညီ ဖြစ်စေရေး စသည့်ကဏ္ဍပေါင်းစုံပါဝင်စေပြီး မူးယစ်ဆေးဝါးပြဿနာ

လျှော့ချစေခြင်းဖြင့် နိုင်ငံသူနိုင်ငံသားများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ဒီမူဝါဒကို အထောက်အကူဖြစ်စေရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေ ကိုလည်း ပြန်လည်သုံးသပ်ခဲ့ပြီး ယင်းပြင်ဆင်သည့်ဥပဒကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၁၇ ခုနှစ် UNODC ရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုင်းတာရေးအစီရင်ခံစာအရ ဘိန်းစိုက်ပျိုးမှုမှာ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုမှာလည်း ၁၄ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးစွဲနေသူများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန် မူးယစ်ဆေးစွဲကုသရေးဌာနကြီး (၂၆)ခု၊ ဌာနငယ်(၄၇)ခုနှင့် မက်သာဒုန်းတိုက်ကျွေးတဲ့ ဌာန(၅၁)ခု တို့ကို ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာဟာ ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းလုံခြုံရေးကဏ္ဍများကို များစွာ ပျက်စီးဆုံးရှုံးစေနိုင်တဲ့အလျောက် ဖြေရှင်းချဉ်းကပ်ပုံ နည်းလမ်းများကလည်း ဘက်ပေါင်းစုံ ဟန်ချက်ညီဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြား လာသည်နှင့်အမျှ အနာဂတ်မှာ ပုခုံးပြောင်းတာဝန်ယူမယ့် လူငယ်လူရွယ်တွေအတွက် လူညွန့်တုံး စေမယ့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို နှိမ်နင်းနိုင်ဖို့ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊ အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုစတဲ့ မူးယစ်ဆေးဝါး ဆက်နွယ်မှုခင်းများနဲ့ပတ်သက်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဖွဲ့စည်းပြီး ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူပြည်သူများနဲ့ လိုအပ်ချက်ရှိသလို တိုးမြှင့်ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ်မှာ ဆုငွေချီးမြှင့်ရေး စနစ်တစ်ခုကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ UN Convention ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်သွားရမှာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်များအတွင်း မူးယစ်ဆေးဝါးအန္တရာယ် ပူးပေါင်းထိန်းချုပ်ရေး ကဏ္ဍပါရှိသည့်အလျောက် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းကိုပါ ထည့်သွင်းစဉ်းစားပြီး ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ အသိပညာပေးရေးများ၊ တားဆီးနှိမ်နင်းရေး များ စတဲ့လုပ်ငန်းစဉ်များကို ဒေသဆိုင်ရာအဆင့်မှ ပြည်ထောင်စုအဆင့်အထိ ပူးပေါင်းရေးဆွဲ

သွားရမှာဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Listen FIRST” ဆိုတဲ့အတိုင်း ဦးစွာနားထောင်ပေးပြီး လူငယ်တွေရဲ့ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကျန်းမာဖို့နဲ့ ဘေးကင်းလုံခြုံဖို့အတွက် ကိုယ်စီတာဝန် ရှိတယ်ဆိုတဲ့ အသိနဲ့ စီမံဆောင်ရွက် ဝိုင်းဝန်းစေလိုကြောင်း တိုက်တွန်းပြောကြားသွားပါသည်။
ထို့နောက် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပြိုင်ပွဲများ ဖြစ်သည့် ဝတ္ထုတို၊ ဆောင်းပါး၊ တေးသီချင်းပြိုင်ပွဲများတွင် ပထမဆုရရှိသူ (၃)ဦးအား ဆုချီးမြှင့်ခြင်း၊ မူးယစ် ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုပြသခြင်း၊ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ပါသည်။
နိုင်ငံတော်သမ္မတနှင့်အတူ တက်ရောက်လာသူများမှ အခမ်းအနား၌ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည့်မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုပါသည်။
ဆက်လက်၍ အခမ်းအနားအားဆက်လက်ကျင်းပရာ မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးမှ Country Manager Mr. Troels Vester က ကုလသမဂ္ဂအ‌ထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပြိုင်ပွဲများဖြစ်သည့် ကဗျာ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲများတွင် ပထမဆု ရရှိသူ (၃)ဦးအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဗဟိုအဖွဲ့ဝင်များနှင့် ဆုရရှိသူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်အတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မူးယစ်ဗဟိုအဖွဲ့အတွင်းရေးမှူး ရဲချုပ်နှင့်အဖွဲ့ဝင်များ၊ မူးယစ်ဗဟိုလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အလားတူပင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် လှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်း၌လည်း တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌ မီးရှို့ဖျက်ဆီးခဲ့၍ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးမှာ မြန်မာကျပ်ငွေ (၂၅၃၂၃၉.၃၃)သန်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို နှစ်ကုန်ပိုင်းတွင် တည်ဆောက်မည်

Hlaing Min Zaw ၏ ဓာတ်ပုံ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Hlaing Min Zaw ၏ ဓာတ်ပုံ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နိုင်ငံတစ်နိုင်ငံ၏ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှင့် နယ်စပ်ဒေသများ ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍပင် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး မြစ်ချောင်း၊ တောတောင်များကို ဖြတ်သန်းရာ တွင်လည်း တံတားနှင့် ဥမင်လိုဏ်ခေါင်း တည်ဆောက်နိုင်ခြင်းသည် အဆိုပါနိုင်ငံ၏ စီးပွားရေး သာမက နိုင်ငံ၏ ဘက်စုံကဏ္ဍဖွံ့ဖြိုးရေးအတွက် အထူးပင်အရေးပါလျက် ရှိရာ နိုင်ငံတိုင်းတွင် ပြည်တွင်းနှင့် နယ်စပ်ဒေသတို့၌ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများ တည်ဆောက်မှုသည် အထူးပင်အရေးပါလျက် ရှိသည်။
ယနေ့မြန်မာပြည်၏ ပင်လယ်ထွက်ပေါက်ကြီး တည်ရှိရာ ရန်ကုန်မြို့တွင် မြစ်ကူးတံတားကြီးများကို တည်ဆောက်ခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်ရန်၊ ဆက်သွယ် ရေးလမ်းကြောင်း ကောင်းမွန်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လျက် စက်မှုဇုန်များနှင့် ရေနက်ဆိပ်ကမ်းတို့မှ သွင်းကုန်၊ ပို့ကုန်ကဏ္ဍများ ပိုမိုးတိုးတက်လာစေရန် မြစ်ကူးတံတားကြီးများကို တည်ဆောက် လျက်ရှိရာ ပဲခူးမြစ်ကူး တံတားတစ်စင်းဖြစ်သော သန်လျင်တံတားအမှတ်(၃) ကို မကြာမီ တည်ဆောက်တော့မည် ဖြစ်သည်။
တည်ဆောက်ရခြင်း ရည်ရွယ်ချက်
အဆိုပါတံတားကြီးကို တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်-သီလဝါ အထူးစီးပွားရေးဇုန်မှ ရန်ကုန်မြို့ရှိ စီးပွား ရေးဇုန်များနှင့် ဆက်သွယ်ရာတွင် အချိန် ကြန့်ကြာမှုနှင့် ယာဉ်ကြောကျပ်တည်းမှု မရှိစေရန်၊ နိုင်ငံတကာအဆင့်မီ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တည်နေရာ
သန်လျင်တံတား အမှတ်(၃)ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ် နှင့် သာကေတမြို့နယ် တို့ကိုဆက်သွယ် တည်ဆောက်မည်ဖြစ်သည်။ သန်လျင် တံတား အမှတ်(၁)၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည် ဖြစ်သည်။
တံတားဆိုင်ရာအချက်အလက်
သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်ထားသော သန်လျင်တံတား အမှတ် (၃) ၏ တံတား အရှည်မှာ ၁၉၂၈ မီတာရှည်လျားပြီး ပင်မတံတား အရှည်မှာ ၁၂၂၄ မီတာရှည်လျား၍ သာကေတ ဘက်ခြမ်းချဉ်းကပ် တံတားအရှည်မှာ မီတာ ၃ဝဝရှိ ကာ သန်လျင်ဘက်ခြမ်းတွင် ၄ဝ၄ မီတာ ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ Flyover Bridge ချဉ်းကပ်တံတား အပိုင်းတွင် သာကေတ ဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာ ရှိပြီး လေးလမ်းသွား ပင်မတံတားအကျယ် မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Flyover Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့် တစ်လမ်းသွား On-ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ အမျိုးအစားအားအပေါ် အထည် Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည် ဖြစ်သည်။ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန် သတ်မှတ်ထားသည်။
တည်ဆောက်ရာတွင်
တံတား၏ပုံစံကို ဂျပန်နိုင်ငံမှ အကူအညီပေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ တည်ဆောက်မည်ဖြစ်ကာ ဆောက်လုပ်ရေးတွင် မြန်မာအင်ဂျင်နီယာအချို့ အားဖြည့်၍ ဂျပန်နိုင်ငံ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းတွင် စတင်တည်ဆောက်မည် ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မတ်လဆန်းတွင် ပြီးစီးမည်ဖြစ်သည်။
ခန့်မှန်းကုန်ကျငွေ
ပဲခူးမြစ်ကူး တံတားဖြစ်သော သန်လျင်တံတားအမှတ်(၃) ကို JICA ချေးငွေဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး အဆိုပါ ချေးငွေမှ ဒေါ်လာ ၂၈၂ ဒသမ ၅၄ဝ သန်းနှင့် ပြည်တွင်းမှ ဒေါ်လာ ၄ဝ ဒသမ ၆၆၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၂ဝ၁၅ သန်းဖြင့် ခန့်မှန်းစီမံကိန်း တန်ဖိုးရေးဆွဲ၍ တည်ဆောက်မည့် တံတားကြီးတစ်စင်း ဖြစ်သည်။
တံတားကြီး၏ အကျိုးကျေးဇူး
အဆိုပါတံတားကြီး ပြီးစီးသွားပါက သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးတက်လာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ စသည့် မြို့နယ်များမှ ပြည်သူတို့၏ လူမှုစီးပွား ဘဝတိုးတက်မှုကို အမြန်ဆုံးဖြည့်ဆည်း နိုင်မည်ဖြစ်သည်။
ထို့အပြင် မိမိနိုင်ငံမြို့ကြီးများ၌ နိုင်ငံတကာအဆင့်မီ တံတားများ ပေါ်ထွန်းလာခြင်းဖြင့် မြို့ပြအင်္ဂါနှင့် အညီ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည်နှင့် အညီ နိုင်ငံတကာမှ ကုန်စည်စီးဆင်းမှုကိုလည်း မြန်ဆန်စွာရရှိစေမည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်သော တံတားဖြစ်သည့်အတွက် တံတား ပုံစံထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်းနှင့် ခေတ်မီနည်းပညာ အတွေ့အကြုံများကို မြန်မာ အင်ဂျင်နီယာများ ရရှိနိုင်ကာ ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွန်း လာပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း မြစ်ကူးတံတား ပေါင်း ၁ဝ စင်းရှိပြီး ယခုနှစ်ကုန် ပိုင်းတွင်တည်ဆောက်မည့် ပဲခူးမြစ်ကူး တံတား(သန်လျင်တံတား အမှတ်-၃)သည် နည်းပညာမြင့်မားစွာဖြင့် တည်ဆောက်မည့် တံတားကြီးဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြစ်ကူး တံတားများတွင် သာကေတမှ သန်လျင်သို့ ဆက်သွယ်ထားသည့် သန်လျင်အမှတ်(၁) တံတားကြီးမှာ အရှည်ဆုံးတံတားတစ်စင်း ဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ရန်လည်းလို
”သန်လျင်တံတား အမှတ်(၃)က နည်းပညာအရ အမြင့်ဆုံး တံတားတစ်စင်း ဖြစ်ပါတယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာ အကူအညီနဲ့ တံတား တွေကို တည်ဆောက်နေ ပါတယ်၊ ဒလ မြစ်ကူးတံတားနဲ့ သန်လျင်အမှတ် (၃)တံတားကို တည်ဆောက်မှာပါ၊ တရုတ် နိုင်ငံမှာဆိုရင် ခေတ်မီတံတားတွေများစွာ တည်ဆောက်တာကို တွေ့ရမှာပါ၊ တောင်တွေကို ကွေ့ပတ်ပြီး မတက်တော့ဘဲနဲ့ တိုက်ရိုက်တံတားထိုးတာ တွေ့ရပါတယ်၊ ကျွန်တော်တို့မှာက ပုံတောင်ပုံညာဆိုရင် မိုးတွင်း ကာလရောက်တာနဲ့ လမ်းတွေ ပျက်လို့ ပြန်ပြင်ရတာ နှစ်တိုင်းဖြစ်တဲ့ အတွက် နှစ်မိုင်နီးပါးရှိတဲ့ တောင်ကို ဥမင်ဖောက်လိုက်မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်စေတဲ့ အပြင် လမ်းပြင်ဆင်စရိတ်လည်း နှစ်စဉ် သက်သာသွားမှာပါ၊ တရုတ်မှ တောင် တွေကိုဖောက်ပြီး ယာဉ်တွေသွားလို့ရအောင် စီမံထားတာဟာ အတုယူစရာပါပဲ၊ ရေရှည်မှာ ထိန်းသိမ်းစရိတ်သက်သာ စေတဲ့အပြင် ခရီးလမ်းပန်း လုံခြုံစိတ်ချမှု ကိုလည်း ရစေတာကြောင့် တိုင်းပြည်အတွက် အကျိုးရှိစေမယ်လို့ ယူဆပါတယ်၊ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ တောင်တစ်လုံးနဲ့ တစ်လုံးကို တံတားထိုးပြီး တည်ဆောက်မှုကြောင့် မိုးရာသီတောင်ပြိုတဲ့ အန္တရာယ်ကင်းဝေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားဖြစ်တဲ့အပြင် ကုန်စည်စီးဆင်းမှုလည်း ရာသီမရွေး မြန်ဆန် စေပါတယ်၊ ထိုင်းနိုင်ငံဆိုရင် မြို့တွင်းလမ်းနဲ့ အဝေးပြေးလမ်းတွေကို ခေတ်မီစွာ တည်ဆောက် ထားတာကို တွေ့ရမှာပါ။ ပြည်သူကလည်း လမ်း၊ တံတားတွေကို မိမိ နိုင်ငံအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လည်း လိုပါတယ်”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ အင်ဂျင် နီယာချုပ် ဦးကျော်လင်းက ပြောကြားသည်။
သက်တမ်းနှစ် ၁ဝဝ သတ်မှတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ကူးတံတားများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တံတား ထိန်းသိမ်းရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တံတားများကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက် ခြင်း၊ လစဉ်တံတားအောက်ခြေ ဘယ်ညာ တိုင်များ စစ်ဆေးခြင်း၊ သံပေါင်များ ဆေးသုတ်ခြင်းတို့ကို ရရှိသောရန်ပုံငွေပေါ် မူတည်၍ လုပ်ဆောင်လျက်ရှိကြောင်း၊ မြစ်ကြောင်း အတွင်းရေတိုက်စားမှုကို တိုင်းတာခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊ ဘုရင့်နောင် အမှတ်(၁) တံတားအောက် ခြေဘယ်ညာတိုင်များ လဲရန်ဆောင်ရွက် လျက်ရှိပြီး ဘုရင့်နောင် အမှတ်(၂) တံတားကိုလည်း စစ်ဆေးမှုများ ဆောင်ရွက်လျက် တံတားသက်တမ်းကို နှစ်(၁ဝဝ) သတ်မှတ်ထားကြောင်း၊ မြန်မာ တစ်ပြည်လုံးရှိ တံတားများကိုလည်း ထိန်းသိမ်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကိုအပေါ်၊ အောက်မကျန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ CCTV များ တပ်ဆင်ရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ၍ မကြာမီအချိန်အတွင်း တပ်ဆင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ တံတားများ CCTV ဖြင့် ထိန်းချုပ်မှုကို ဘုရင့်နောင် အမှတ်(၂) တံတားအောက်ရှိ တံတားတည်ဆောက်ရေးအဖွဲ့ – ၄ တွင် ထားရှိမည် ဖြစ်ကြောင်း၊ တည်ဆောက်ရေးအပြင် ထိန်းသိမ်းရေး တာဝန်ကိုပါ ဆောင်ရွက်လျက်ရှိကာ တံတားများ တည်ဆောက်စဉ်က ရေနှင့် ကင်းလွတ်နယ်မြေအတွင်း သင်္ဘောများ ဖြတ်သန်းနိုင်ရန် တည်ဆောက် ခဲ့ပြီး မြစ်အတွင်း နုန်းမြေများ ပို့ချမှုများလာသည့် အတွက် မြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် မြစ်ရေကြီးလာချိန်တွင် မကွေး၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် အကြံပြုချက်များ ရယူထားပြီး လေ့လာသုံးသပ်၍ တင်ပြနိုင်ရန် ဆောင်ရွက်ထားကြောင်း ၄င်းက ဖြည့်စွက် ပြောကြားသည်။
ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) မှာ ၂ဝ၂၁ ခုနှစ် မတ်လဆန်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါး – မောင်သင်းပျံ့ #MOI

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO