ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကိုအပြောင်းအရွှေ့ပြုလုပ်

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကိုအပြောင်းအရွှေ့ပြုလုပ်၊ရဲအရာ
ရှိလေ့ကျင့်ရေးကျောင်း ယာယီရဲမှူးချပ်မျိုးမင်းထိုက်အား 
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ်တာဝန်ပေး
==================
==================
ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးသည် ပြည်ထဲရေး
ဝန်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကို
အပြောင်းအရွှေ့ပြုလုပ်ခဲ့ပြီး လက်ရှိ ရဲမှူးချုပ်ဝင်းနိုင်နေရာသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ယာယီရဲမှူးချုပ်မိုးမင်းထိုက် 
နှင့် နှင့် အစားထိုး ခန့်အပ်တာဝန်ပေးခဲ့သည်။
ဇူလိုင် ၃၀ရက်နေ့ အမိန့်ကြေငြာချက် ၉၆၁/၂၀၁၈ ဖြင့် 
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကို မူးယစ်ရဲတပ်ဖွဲ့မှူး၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း ယာယီရဲမှူးချုပ်မိုးမင်းထိုက်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ်တာဝန်ပေးခဲ့သည်။
အလားတူ ဧရာဝတီတိုင်းရဲတပ်ဖွဲမှူးနေရာကိုပါ ကြေငြာချက် ၉၆၃/၂၀၁ဂဖြင့် အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။
လက်ရှိ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်ကို ရဲအရာရှိအတတ်သင်ကျောင်း ကျောင်းအုပ်ကြီး၊မှုခင်းဌာန၊ရဲဦးစီးဌာနကြီးညွှန်ကြားရေးမှူး ရဲမှူးကြီးရွှေသောင်း ကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး အဖြစ်လည်းကောင်းပြောင်းရွှေ့ခန့်ထားခဲ့သည်။
ထို့အပြင် ရဲအရာရှိအတတ်သင်ကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးလူလူသန်းကို ရဲမှူးချုပ် အဖြစ်ရာထူးတိုးကာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းအုပ်ကြီးအဖြစ်သို့ ပြောင်းရွှေ့ခဲ့သေးသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ဒုတပ်ဖွဲ့မှူး၊အမြန်လမ်းရဲတပ်ဖွဲ့မှူး၊အမှတ်၁နယ်ခြားစောင့် ဒုကွပ်ကဲရေးမှူး၊အမှတ်၂နယ်ခြားစောင့်ဒုကွပ်ကဲရေးမှူး၊အမှတ်၎ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ဒုကွပ်ကဲရေးမှူး ၊နေပြည်တော်ဒုရဲတပ်ဖွဲ့မှူး ၊သစ်တောရဲတပ်ဖွဲ့အစရှိသည့်နေရာတို့ကိုလည်း အပြောင်းအရွှေ့၊အစားထိုးမှု များပြုလုပ်ခဲ့ကြောင်းသိရသည်။
ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးသည် ဒုတိယ
ရဲဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပြီးနောက်ပိုင်း ရဲအရာရှိကြီးများ၏ အပြောင်းအရွှေ့အား ၂ကြိမ် တိုင် ပြုလုပ်ခဲ့ပြီး
 ဖြစ်သည်ဟု သိရသည်။
PN-051
===========
Popular News Journal
နေပြည်တော်၊ဇူလိုင်၃၁
#ဖေအောင်

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.