လူကြိုက်များလာတဲ့ ရုရှား လူမှုကွန်ရက် VK (VKontakte) Apk

လူကြိုက်များလာတဲ့ ရုရှား လူမှုကွန်ရက် VK (VKontakte) Apk ကို
ဖုန်းမှာ ဘယ်လို Download ဆွဲမလဲ..(PLAYSTKRE) မရသူများအတွက်.
+++++++++++++++++++++++++
ရုရှားနိုင်ငံမှာသာမက ကမ္ဘာ့အနှံ့အပြားမှာပါ VK (VKontakte) ကို တွင်ကျယ်စွာ အသုံးပြုနေပြီး ကမ္ဘာ့ လူကြိုက်အများဆုံး Social Network၁၀ ခုထဲမှာ ၁ ခုအပါအ၀င်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်က လူတော်တော်များများလည်း VK (VKontakte) ကို အသုံးပြုနေကြပါပြီ။Facebook နဲ့ Features တွေ သိပ်မကွာတဲ့အပြင် သုံးရတာမခက်ခဲဘဲအလွန်လွယ်ကူပါတယ်။ VK (VKontakte) ကို ဘယ်လို Download ဆွဲမလဲဆိုတာ အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။

၁- မိမိဖုန်းရဲ့ Browser တစ်ခုခုမှာ apkpure.com လို့ရိုက်ရှာလိုက်ပါ။apkpure.com သို့ရောက်သွားမှာဖြစ်ပါတယ်။ (ဒီနေရာမှာ ပုံ ၁ ရဲ့ ညာဘက်ထောင့်လေးမှာ အနီရောင်လေးထောင့်ကွက်လေးကတော့
apkpure ဖုန်း application လေးပဲဖြစ်ပါတယ်။ playstore လိုပဲ
apk များ ဒေါင်းလို့ရလို့ လိုချင်လျှင် ဒေါင်းထားလိုက်ပါ။)

၂- apkpure.com သို့ရောက်သွားပါက ပုံပါအတိုင်း Search Box မှာVK လို့ရိုက်ရှာလိုက်ပါ။

၃-ပုံ ၃ မှာပြထားတဲ့အတိုင်း အပြာရောင်နောက်ခံနဲ့ VK ဆိုတဲ့အဖြူရောင်စာလုံးပါတဲ့ VK apk ကိုတွေ့မှာ ဖြစ်ပါတယ်။
(ပုံထဲက အနီရောင်ပြထားတဲ့ Apk ဖြစ်ပါတယ်။)

၎-နောက်ဆုံးမှာတော့ Download ဆွဲဖို့နေရာကို ရောက်သွားမှာ ဖြစ်ပါတယ်။ download ဆွဲပြီး Sign in/Sign up လုပ် သုံးနိုင်ပါပြီ။
ထူးခြားချက်ကတော့ အကောင့်သစ်မဖောက်ချင်ရင် Facebook Accountနဲ့ ချိတ်ဆက်ပြီး Log in ၀င် အသုံးပြုနိုင်ပါတယ်။

VK အကြောင်းဗဟုသုတ

+ကမ္ဘာ့အကောင်းဆုံး Website ၁၀ ခုထဲက တစ်ခုဖြစ်။
+သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိ။
+ ဘာသာစကား ၈၆ မျိုးထိ Support ပေးထားလို့ မြန်မာလိုမမြင်ရ
မရိုက်ရ မှာ လုံးဝစိတ်မပူပါနဲ့။
+ Voice and Video Call တွေလည်း တစ်ဝကြီးပြောလို့ရ။
+Photo and Video ဖိုင်များအပြင် Audio Mp3 ဖိုင်တွေလည်း တင်လို့ရ။
+မိမိ အကောင့်ပေါ်မှာတင် Graffiti များ ရေးဆွဲပြီး တင်နိုင်သလို Document ဖိုင်များလည်း တင်နိုင်ပါတယ်။
+Note များ ရေးသားနိုင်ယုံသာမက Article တွေပါ မိမိအကောင့်မှာ ရေးသားနိုင်တဲ့ Tool တွေထည့်ထားပေးပါတယ်။
+Personal Account မှာတင် Poll များ လုပ်နိုင်သလို ၊ ဈေးရောင်းချင်သူတွေအတွက်လည်း မိမိ Product ကို ကြော်ငြာနိုင်ဖို့
Page ထောင်ပြီး Promote လုပ်စရာမလိုဘဲ မိမိ Account မှာတင်
အလွယ်တကူကြော်ငြာနိုင်ပါတယ်။အကောင့်ဖွင့်ရတာလည်းအရမ်းလွယ်ပါတယ်
လိုအပ်သူများအောက်မှာဒေါင်းပါ-
Add caption

#VK

မှတ်ချက်++ဒီအကြောင်းအရာလေးကို လူသိများအောင် ကြိုက်သလောက်ပြန်ရှယ်နိုင်ပါတယ်။
Credit-Ko




Welcome{ ​HERE } ​GO


Welcome{ ​HERE } ​GO