Zawgyiဖြင့်ဖတ်ရန်
Credit:BBC Burmese
Unicodeဖြင့်ဖတ်ရန်
ဖခင်က အရမ်းချစ်တဲ့ လင်ပါသမီးကို အုပ်စုနဲ့ အဓမ္မပြုကျင့်ခိုင်းတဲ့ မိထွေးby Taw Thu in နိုင်ငံတကာ
လင်ပါသမီးကို အုပ်စုနဲ့ အဓမ္မပြုကျင့်ခိုင်းတဲ့ မိထွေးကို ဖမ်းဆီး
အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ ၉ နှစ်အရွယ် မိန်းကလေးတယောက်ကို အုပ်စုဖွဲ့ပြီး အဓမ္မကျင့်မှု၊ သတ်ဖြတ်မှုတွေနဲ့ လူ ၆ ယောက်ကို ဖမ်းထားပါတယ်။
မိန်းကလေးရဲ့ မိထွေးဖြစ်သူက ၁၄ နှစ် အရွယ် သူ့သားနဲ့ တခြားလူ ၃ ယောက် ကို မိန်းကလေးကို မတရားကျင့်ဖို ညွှန်ကြားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
သူ့ရှေ့မှာတင် ပြုကျင့်ခိုင်းတာလို့လည်း ဆိုပါတယ်။
ဘာရာမြူလာ ခရိုင်က တောအုပ်တခုထဲမှာ မိန်းကလေး အလောင်းကို တနင်္ဂနွေနေ့က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်မှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး အက်ဆစ်နဲ့ ရှို့ထားတာလည်း တွေ့ရတယ် လို့ ပြောပါတယ်။
မိန်းကလေးကို သူ့ဖခင်က အချစ်သည်းတာကို မိထွေးက မကျေနပ်ဘူးလို့လည်း ဆိုကြပါတယ်။
အလောင်းမတွေ့ခင် ၁ဝ ရက်လောက်ကတည်းက ဒီမိန်းကလေး ပျောက်နေတာလည်း ဖြစ်ပါတယ်။
ဒီမိန်းကလေးရဲ့ အမေနဲ့ ကလေးတွေကို မိထွေးက မကျေလည်တာ ကြာပြီလို့လည်း ရဲအရာရှိ မီရာ ဟူစိန်က သတင်းဌာနတခုကို ပြောကြားပါတယ်။
ကလေးမလေးကို အုပ်စုဖွဲ့ မတရားကျင့်ပြီးနောက် ပုဆိန်နဲ့ ခုတ်သတ်တာလို့လည်း ဟူစိန်က ဆိုပါတယ်။ သတ်တဲ့သူတွေထဲမှာ ပါတဲ့ ၁၉ နှစ်သားက မိန်းကလေး ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကက်ရှ်မီးယားမှာ လပိုင်းအတွင်း မုဒိမ်းကျင့် သတ်ဖြတ်မှု ဒုတိယ တကြိမ် ဖြစ်ခဲ့တာပါ။ ဧပြီလကလည်း ၈ နှစ်သမီးကို အုပ်စုနဲ့ ပြုကျင့်ပြီး သတ်တာ ဖြစ်ခဲ့ပါတယ်။ မုဒိမ်းမှုနဲ့ မသင်္ကာသူတွေကို ထောက်ခံပွဲကို ဟိန္ဒူ ဘီဂျေပီ ပါတီက ဝန်ကြီး ၂ ယောက် တက်ခဲ့ပြီးနောက် တနိုင်ငံလုံး ဒေါသထွက်ခဲ့ကြပါတယ်။
မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆို
၂ဝ၁၂ နောက်ပိုင်း အိန္ဒိယမှာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို ပိုပြီး ဖိဖိစီးစီး အရေးယူလာ ခဲ့ပါတယ်။
အဲဒီနှစ်က ဒေလီမှာ ၂၃ နှစ် အရွယ် ကျောင်းသူတယောက်ကို ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ ပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုကြောင့် တနိုင်ငံလုံး တုန်လှုပ်သွားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ရက်တွေနဲ့ချီ ဖြစ်ခဲ့ပြီး မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုတာတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးနဲ့ ကလေးတွေကို ကျူးလွန် စော်ကားတာတွေ အိန္ဒိယနိုင်ငံအနှံ့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
Credit:BBC Burmese
Zawgyiဖြင့်ဖတ်ရန်
KO
Ref: Sanook
Unicodeဖြင့်ဖတ်ရန်
ပျောက်ဆုံးသွားတဲ့ MH370 လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ်တစ်စီးပုံ ကို ကမ္ဘောဒီးယားနိုင်ငံတောနက်ထဲမှာ တွေ့ရှိ
လွန်ခဲ့တဲ ၄နှစ်ကျော်က ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း လိုင်းရဲ့လေယာဉ်ခရီးစဉ်အမှတ် MH370ရဲ့လေယာဉ်နဲ့ထပ်တူနည်းပါး ဆင်တူနေတဲ့လေယာဉ်ပုံတစ်ခု ဂူဂဲလ်မြေပုံပေါ်မှာတွေ့ရတယ်လို့သတင်းများထွက်ပေါ်နေကြောင်းသိရပါတယ်။
အင်္ဂလန်နိုင်ငံသားနည်းပညာကျွမ်းကျင်သူ အီယန် ဝီလဆင် ဆိုသူက ဂူဂဲလ်မြေပုံပေါ်မှာ အချက်အလက်ရှာဖွေနေတုန်း ထူးဆန်တဲ့ပုံတစ် ပုံတွေ့ရှိ ခဲ့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့၄နှစ်ကျော်ကထူးဆန်း စွာပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ်ရဲ့ပုံဖြစ်လိမ်မယ်လို့ ယူဆ ကြောင်း သူကပြော ဆိုပါတယ်။
အဆိုပါ ပုံရိပ်ကို တွေ့ရှိ့ခဲ့ရာနေရာကတော့ ကမ္ဘောဒီးယားနိုင်ငံကတော နက်ထဲမှာဖြစ်ကြောင်းသိရပါတယ်။ ဂူဂဲလ်မြေပုံပေါ်မှာ တွေ့ရတဲ့ ထူး ဆန်းတဲ့ပုံရိပ်ကို တိုင်းတာကြည့်ရာမှာတော့မီတာ၇၀အရှည်ရှိတယ်လို့ အီယန် ဝီလဆင် ကပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ MH370လေယာဉ်ကတော့ ၆၃. ၇မိတာအရှည်ပဲ ရှိပါတယ်လို့သိရပါတယ်။ နောက်တစ်ကြိမ်ထပ်ပြီး စစ်ဆေးကြည့် ရာမှာတော့ လေယာဉ်ဦးပိုင်းနဲ့အမြီးပိုင်း ကြားမှာကွာဟနေတာကို တွေ့ရပါတယ်။ ဒီလိုမျိုးကွာဟနေတာကြောင့်အတိုင်းအတာကပိုရှည် သွားတာဖြစ်နိုင်ကြောင်း လည်း သူကပြောပါတယ်။
နောက်ဆုံးသတင်းတွေအရကတော့ MH370 လေယာဉ်ဟုတ်မဟုတ် သေချာအောင်သွားရောက် ရှာဖွေဖို့စီစဉ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်သက်သေအထောက်အထားခိုင်မာချက်မရှိတဲ့အတွက် ကမ္ဘောဒီးယားအာဏာပိုင်တွေက ဒီအဆိုကိုငြင်းပယ်ခဲ့ပါတယ်။
အဆိုပါသတင်းကမှန်ကန်နေခဲ့ရင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ် တဲ့အတွက် မလေးရှားလေကြောင်းအာဏာပိုင်တွေက ငြိမ်နေမှာ မဟုတ်ပဲ ကမ္ဘောဒီးယားကို မလွှဲမသွေဆက်သွယ်လာမှာ ဖြစ်တယ် လို့ဆိုတဲ့အကြောင်းပြပြီး ငြင်းပယ်လိုက်ပါတယ်။ ဒါ့အပြင် ကမ္ဘော ဒီးယားနိုင်ငံအတွင်းက တောနက်ထဲမှာလေယာဉ်ပျံရှိနေရင်လည်း မလေးရှားဖက်က ရှာဖွေ့ဖို့အစီအစဉ်မရှိတော့ဘူးလို့ ထက်မံပြော ဆိုခဲ့ပါတယ်။
MH370လေကြောင်းလိုင်းရှာဖွေးရေးကို ဒီနှစ်အစောပိုင်းကပဲ ရပ်နား ထားခဲ့တာဖြစ်ပါတယ်။ ၅ နှစ်နီးပါးကာလာအတွင်း အိန္ဒိယသမုဒ္ဒယာရေပြင် အကျယ် အဝန်း ၁၂၀၀၀၀စတုရန်းမီတာအထိဖြန့်ကျက် ရှာဖွေခဲ့ တာဖြစ်ပြီး အောင်မြင်မှုမရခဲ့တဲ့ ရှာဖွေရေးတစ်ခုဖြစ်ခဲတယ်လို့သိရ ပါတယ်။
KO
Ref: Sanook
Credit:Popular News Journal
The post ပျောက်ဆုံးသွားတဲ့ MH370 လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ်တစ်စီးပုံ ကို ကမ္ဘောဒီးယားနိုင်ငံတောနက်ထဲမှာ တွေ့ရှိ