❝ မိမိကားလိုင်စင် မှန် – မမှန်သိရှိနိုင်မယ့် ဆော့ဝဲ ❞

https://platform.twitter.com/widgets.js

✔ မြန်မာတစ်နို်င်ငံလုံးရှိကားရဲ့ နံပါတ်ကိုသိတာနဲ့ အသေးစိတ်အချက်အလက်များကိုသိရှိနိုင်မယ့် ဆော့ဝဲကောင်းလေးပါ။ လိုအပ်သူများ ဒေါင်းယူသွားပါ။

↪ဒီမှာဒေါင်းပါ – ဒီမှာဒေါင်းပါ


✔သင့်မိတ်ဆွေသူငယ်ချင်းများအတွက် ရှဲပေးလိုက်ပါဦး၊၊ ✅

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

သီချင်း​လေး​တွေကိုစုစည်းလို့APP လေးလုပ်ပြီး ချစ်သူ သူငယ်ချင်းလက်ဆောင်ပေးချင်သူများအတွက် music ဖန်​တီးapp​လေးနဲ့ပြုလုပ်နည်း





အောက်​မယ်​အရင်​​ဒေါင်းယူလိုက်​ပါ

 App ကိုဖွင့်​ပါ။
Add song ​နေရာကိုကလစ်​ပြီး ကြိုက်​ရာသီချင်းကို ကြိုက်​သ​လောက်​ထည့်​ပါ။
Art ​နောကလည်းထည့်​​ပေါ့။
အ​ပေါ်မယ်​က သီချင်းapk ရဲ့ ​နောက်​ခံပုံထည့်
Icon ​လေး၂ခုပါမယ်​။ ဘယ်​ဖက်​က icon မိမိစိတ်​ကြိုက်​ပုံထည့်​။
အာ့​လေးက app logo အ​နေနဲ့​ပေါ်မှာပါ။ညာဖက်​ icon ​လေးက
Gif or image ကြိုက်​ရာထည့်​ပါ။
သီချင်း ပုံ အားလုံးစိတ်​တိုင်းကျထည့်​ပြီးရင်
ဖုန်းရဲ့ ဘယ်​ ဒါမှမဟုက်​ညာဖက်​ကီး တချို့ဘယ်​ညာမတူလို့ပါ။
Run app ဆိုတာကိုနိပ်​လိုက်​ပါ။
Creating app ဆိုပြီး လုပ်​​နေပါမယ်​။
ပြီးရင်​​တော့ သင့်​ဖုန်းရဲ့ SD card or enternal store မယ်
Present app or song apk ဆိုပြီး icon အလန်း​လေးနဲ့ မြင်​ရပါလိမ့်​မယ်​။
Install လုပ်​ပါ။
သင်​နား​ထောင်​လို့ရသလို့ ချစ်​သူ သူငယ်​ချင်းလက်​​ဆောင်​​ပေးလို့ရပြီ​ပေါ့။

အဆင်​​ပြေပါ​စေ ။
Credit


ဒီမှာဒေါင်းပါ


Welcome{ ​HERE } ​GO


Welcome{ ​HERE } ​GO

သူများထက် ခေါင်းတစ်လုံးသာစေမယ့် နည်း ၅ မျိုး


လူတွေ ခဏခဏ ပြောကြတာက သူများထက် ခေါင်းတလုံးသာချင်တယ်ဆိုတဲ့ အကြောင်းပါ။ သူများထက် လုပ်ချင်တယ်၊ ကိုင်ချင်တယ်၊ ပိုတော်ချင်တယ်၊ ပိုအောင်မြင်ချင်တယ် ပေါ့ဗျာ။ အခြားလူတွေထက် ပိုတော်အောင်၊ ပိုထက်အောင် လုပ်ချင်ရင်တော့ သူများတွေ မလုပ်တဲ့ နည်းလမ်းတွေကို ကျင့်သုံးတတ်ဖို့ လိုပါတယ်။ ကျွန်တော် ဖတ်မှတ်လို့ရသမျှ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။

၁။ လက်ရှိအခြေအနေကို သိပါ။

ကိုယ့်ဘဝဟာ ပကတိဘယ်လိုအခြေအနေမှာ ရောက်နေတယ်၊ ကိုယ့်စိတ်ဟာ လက်ရှိ ဘယ်လို အခြေအနေ ရှိတယ်၊ ကိုယ့်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ကိုယ် ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ မသိခဲ့ဘူးဆိုရင် ဘယ်အခြေအနေထိ ရောက်အောင် ဆက်သွားရမယ်၊ ဘယ်လောက်ကြိုးစား အားထုတ်ရမယ်ဆိုတာလည်း သိမှာမဟုတ်ပါဘူး။ ဘယ်လောက် ဆက်သွားရမယ်ဆိုတာ မသိရင် အခြားသူတွေထက် ကိုယ်သာမသာဆိုတာလည်း တိုင်းတာလို့မရတော့ပါဘူး။ ခေါင်းတလုံးသာဖို့ မဆိုနဲ့ဦး၊ ကိုယ်တောင်မှ ဘယ်ရောက်မှန်းမသိ ဖြစ်နေမှာပါ။ ဒီတော့ ကိုယ် ဘယ်အခြေအနေ၊ ဘယ်အဆင့်အတန်း၊ ဘယ်ရာထူး၊ ဘယ်လောက်လစာ၊ ဘယ်လောက်သုံးငွေ၊ ဘယ်လောက်စုငွေ စတာတွေကို သိထားဖို့လိုပါတယ်။ ဒါတွေသိထားရင် ဘယ်လောက်ဆက်သွားရမယ်ဆိုတာ ပေါ်လာပါပြီ။  နောက်တခုက လက်ရှိ စိတ်အခြေအနေပါ။ ကိုယ့်ရဲ့ စိတ်အခြေအနေက အတိတ်(သို့) အနာဂတ်မှာ ပဲရှိပြီး လက်ရှိအချိန်ကို စိတ်မကပ်နိုင်ရင်တော့ အာရုံစူးစိုက်ဖို့ ခက်ပါလိမ့်မယ်။ အာရုံမှ မစူးစိုက်နိုင်ရင် အောင်မြင်အောင် ကြိုးစားဖို့ဆို ပိုခက်ပါလိမ့်မယ်။ သူတပါးထက် သာချင်ရင် လက်ရှိ စိတ်အခြေအနေကို လက်ရှိအနေအထားနဲ့ ကိုက်ညီအောင် ထားတတ်ဖို့ လိုပါတယ်။

နောက် အရေးကြီးတာကတော့ အိပ်မက်ပန်းတိုင်ပါ။ ကိုယ်ဘဝမှာ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ သေသေချာချာ မသိထားရင် ကိုယ်သူများထက် ခေါင်းတလုံးသာအောင် ကြိုးစားလည်း အချည်းနှီးပါပဲ။ မလိုအပ်တဲ့ နေရာမှာ ခေါင်းတလုံးသွားသာသလို ဖြစ်နေမှာပါ။ ကိုယ်က Engineer ဖြစ်ချင်ပြီး ဆေးပညာမှာ သူတပါးထက် တော်အောင်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ အချို့က ဝန်ထမ်းဘဝမှာ လစာနဲ့ ရာထူးတက်ဖို့အတွက်ပဲ ဦးစားပေးနေကြပါတယ်။ အချိန်နှောင်းတော့မှ ကိုယ်လုပ်ချင်တာ မလုပ်ဖြစ်ခဲ့လို့ နောင်တရတတ်ကြပါတယ်။ ကျွန်တော့်ကို စာဖတ်မိတ်ဆွေတွေက ဘဝ အခက်အခဲတွေ မေးကြရင် အများဆုံး မေးတာတခုက “ဆရာ၊ ကျွန်တော် ဘယ်အလုပ် လျှောက်ရမလဲ။ ဆရာ၊ ကျွန်မ ဘယ်သင်တန်း တက်ရမလဲ” စသဖြင့် မေးတတ်ပါတယ်။ ဒီလို မေးတိုင်း ကျွန်တော်ကတော့ ကိုယ်ဘာဖြစ်ချင်သလဲ အရင်ပြန်မေးပါတယ်။ ပြီးမှ တက်သင့်တဲ့ သင်တန်းတွေ၊ အလုပ်တွေ အကြံပေးဖြစ်ပါတယ်။ လူတော်တော်များများ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ အမှန်တကယ် ရှင်းရှင်းလင်းလင်း မသိတာ များပါတယ်။ တခါတလေကျတော့လည်း သိပေမယ့် ထုတ်မပြောတာကြာတော့ ပြောထွက်ဖို့ ဆွံ့အနေတတ်ပါတယ်။ ဒီတော့ သူတပါးထက် သာချင်ရင် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ အရင်ရှင်းရှင်းလင်းလင်း သိပြီးမှ သာဖို့ ဆက်ကြိုးစားပါ။

၂။ သင်ယူလေ့လာပါ။

လေ့လာခြင်း၊ သင်ယူခြင်းဟာ သူတပါးထက် သာဖို့ အရေးကြီးတဲ့ အချက်ပါ။ ကိုယ်မလေ့လာ မသင်ယူပဲနဲ့ အခြားသူထက် သာမသွားပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီဆိုရင် ဘယ်ဟာကို လေ့လာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်။ ဒီအရာတွေကို အချိန်ပိုပေးပြီး လေ့လာလိုက်ပါ။ စမ်းစစ် လေ့လာသူတွေကတော့ ပညာရပ်တခုခုကို နာရီ ၁ သောင်းကျော် လေ့လာရင် ကမ္ဘာ့အဆင့်မှီ ပုဂ္ဂိုလ်တစ်ယောက် (သို့) ဒီပညာရပ်မှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ပါ။ ကိုယ်သင်ယူရမယ့် အရာတွေကို တကယ်အချိန်ပေးပြီး သင်နေရဲ့လား။
သူများထက် မသာသေးဘူးလို့ထင်နေရင် ကိုယ်သင်ယူတာ နာရီ ၁ထောင်တောင် ရှိရဲ့လား ပြန်မေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို ပံ့ပိုးနိုင်တဲ့ စာအုပ်တွေ ၁ပတ်ကို ၁အုပ်နှုန်းဖတ်ပါ။ အနည်းဆုံး ၁လကို ၁အုပ်တော့ ရအောင်ဖတ်ပါ။ ကိုယ်ဘာတွေကို လေ့လာရမလဲ ဆုံးဖြတ်ပါ။ ပြီးရင် တကယ်လေ့လာပါ။ အခြားသူတွေဆီက သင်ယူစရာရှိရင် သင်ယူပါ။

လူအတော်များများက ဒီလို ရှင်းရှင်းလင်းလင်း မသတ်မှတ်ဘဲ သူများဖတ်တာလိုက်ဖတ်၊ သူများသင်တာလိုက်သင် လုပ်တတ်ကြပါတယ်။ တောထဲကို မြေပုံမပါဘဲ အတင်းရောက်ချင်ဇောနဲ့ ဇွတ်တိုးဝင်နေသလိုပါပဲ။ အခြားလူတွေက မြေပုံအသီးသီးနဲ့ ရှေ့ဆက်သွားလို့ တောနက်လာတဲ့အခါ၊ ကိုယ်က တောထဲမှာပဲ တဝဲလည်လည် ကျန်ခဲ့ပြီး၊ ဘာလုပ်ရမှန်းမသိ၊ ဘာသင်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ ဒီတော့ ကိုယ်သူပါးထက်သာဖို့ဆို သေသေချာချာ သင်ယူ လေ့လာဖို့ လိုအပ်ပါတယ်။

၃။ ခွန်အားစိုက်ထုတ်ပါ။

ကိုယ်က အခြားလူထက်သာချင်ရင် အခြားလူထက်သာတဲ့ ခွန်အားစိုက်ထုတ်မှုမျိုးရှိရပါမယ်။ ကိုယ်က ဆယ်ဆသာချင်နေရင် ဆယ်ဆခွန်အားစိုက်ထုတ်မှုမျိုးရှိနိုင်ရပါမယ်။ ဆယ်ဆတော့ အောင်မြင်ချင်ပြီး နဂိုအတိုင်းလေးပဲ လုပ်နေရင်တော့ လိုချင်တဲ့ ပန်းတိုင်က ဟိုးအဝေးကြီးမှာပဲ ရှိပါသေးတယ်။ ပန်းတိုင်က ရွေ့သွားတာတော့ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်က မရွေ့သေးတာပါ။ တကယ်လုပ်တယ်ဆိုတာ မလိုအပ်တဲ့ အခြား အနှောက်အယှက်တွေကို ဖယ်ရှားတာကိုလည်း ဆိုလိုပါတယ်။ ကိုယ့်အိပ်မက်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်ခြင်း၊ ပျော်ပါးနေခြင်းတွေဟာလည်း တိုးတက်ဖို့အတွက် အနှောင့်အယှက်တွေပါပဲ။ ဒီနှောင့်ယှက်မှုတွေကို ဂရုတစိုက် ဖယ်ရှားနိုင်ရပါမယ်။ ကိုယ်က သူများအတင်းတွေ၊ သတင်းတွေကို ရှာဖွေ ဖတ်ရှုနေပြီး တိုးတက်အောင်မြင်နေချင်ရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က ဒီလို အတင်းတွေ၊ သတင်းတွေ ရှာဖွေ ဖော်ပြဖို့ အတွက်က ဘဝရဲ့ ရည်မှန်းချက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။


၎။ အကူအညီယူပါ။

ကိုယ်လေ့လာမယ်ဆိုရင် တကယ်လေ့လာလိုက်ပါ။ တကယ်ခွန်အားစိုက်ထုတ်လိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ကို သင်ပေးနိုင်တဲ့ ဆရာတွေဆီ ချည်းကပ်ပါ။ နည်းယူပါ။ လေ့ကျင့်ပါ။ ကျွန်တော်တို့မှာ ကိုယ်ဖာသာကိုယ်သင်ယူနိုင်တဲ့ အကန့်အသတ်ဆိုတာ ရှိကြပါတယ်။ ဒီအကန့်အသတ်ရောက်လာရင် ကိုယ့်ဖာသာကိုယ် သင်နေလို့ ဆက်မတိုးတက်နိုင်တော့ပါဘူး။ အခြား သိသူ၊တတ်သူ တွေဆီက အကြံဥာဏ်တောင်းရင်တောင်း၊ တပည့်ခံရင်ခံ လုပ်ရပါမယ်။ ဒီလိုမှ ကျွန်တော်တို့ ဘဝတွေ ခွန်အား စိုက်ထုတ်သလောက် အကျိုးများပြီး သူများတွေထက် သာလွန်မှာပါ။

၅။ ပြောတဲ့အတိုင်း လုပ်ပါ။

ကိုယ် အောင်မြင်အောင် လုပ်မယ်ဆိုရင် အောင်မြင်အောင် တကယ်လုပ်ပါ။ ကိုယ်ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် တကယ်ပြီးအောင်ဖတ်ပါ။ ကိုယ်ဒီအလုပ်ကို လုပ်မယ်ဆိုရင် တကယ်ထိထိမိမိဖြစ်အောင် လုပ်ပါ။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို ထပ်တူကျပါစေ။ ဒီလို လုပ်နိုင်ရင် ကိုယ်လည်း ကိုယ့်ကိုယ်ကို အားရကျေနပ်ပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ တခုပြီးတခုလုပ်နိုင်ရင် သူတပါးထက် သာလွန်လာပါလိမ့်မယ်။

တခုမှတ်ထားရမှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အကန့်အသတ်ကို အတိတ်ပေါ်မူတည်ပြီး ပုံမချထားပါနဲ့။ အရင်က မလုပ်ဖူးလို့ မလုပ်တတ်ဘူးဆို အခုလုပ်ကြည့်ပါ။ အရင်က မသင်ဖူးလို့ မသိဘူးဆို အခုသင်ကြည့်ပါ။ ကိုယ်က ဒီ့ထက် ဆက်လက် ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကို မမေ့ပါနဲ့။ ဒီလိုလေး အတွေးထဲရှိထားရင် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ကြံစည်ပါလိမ့်မယ်။ ကြံစည်တဲ့အတိုင်း လိုက်လုပ်နိုင်ရင် တကယ်ဖွံ့ဖြိုးလာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။ သူများထက်သာလွန်လာပါလိမ့်မယ်။

ကဲ…ဒီ အချက်လေးတွေ မှတ်သားပြီး ဒီနေ့ပဲ သူတပါးထက် သာလွန်အောင် ကျင့်ပြီး၊ သူတပါးထက် အမြဲခေါင်းတလုံးသာတဲ့သူအဖြစ် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါတော့ဗျာ။…

Success Upsize





Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

4K Video Downloader

we heart bitcoin

4K Video Downloaded 64bit ပါရုပ်ထွက်အရမ်းကောင်းတဲ့မူဗီတွေကိုရရှိနိုင်မှာဖြစ်ပါတယ်လိုအပ်သူများအောက်မှာဒေါင်းယူပါ

ဒေါင်းရန်. ဒီကိုနှိပ်ပါ

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO

မိမိကွန်ပျူတာကိုပေါ့ပါးသွက်လက်စေပြီးvirusရန်မှာကာကွယ်ပေးမဲ့ဆော့ဝဲ


ဒီ​ကောင်​လည်းအ​တော်​​ကောင်းတယ်​ စက်​​လေး​နေလျှင်​ ​ပေါ့သွားတာပဲ အပ်​ဒိတ်​​တော့မလုပ်​နဲ့​ပေါ့ အက်​တစ်​ဗစ်​တာနဲ့တင်​ထားတာရှိတယ်​ မီးလျှံကလက်​မခံဘူး ဒါကိုသုံးကြည့်​​ပေါ့။😄😃😊
ဒီမှာဒေါင်းပါ

နောက်​ဆုံးအပ်​ဒိတ်​လိုချင်​လျှင်​​တော့ အက်​တစ်​ဗစ်​တာကလိုအပ်​လျှင်​ Windows Defender ပိတ်​ထားဖို့လိုမယ်​။
ကွန်​ပျူ တာ​ပေါ့ပါးသွက်​လက်​​စေရန်​ ​ဆောင်​ထားသင့်​တယ်​။
မှတ်ချက်~ဖျက်မဲ့ဟာတွေအရမ်းမဖျက်ပါနဲ့ Recovery လုပ်ထားပါ မှားသွားလျှင် Driver တွေပျောက်ပြီး အသံပျောက် ဝိုင်ဖိုင်ပျောက် တတ်ပါသည်။

အင်စတောလုပ်တဲ့အခါ အင်တာနက်ပိတ်ထားရန်
အင်​စ​တောပြီးတဲ့အခါ အမှန်​ခြစ်​ ၂ခုကိုဖြုတ်​ပြီး အက်​တစ်​ဗစ်​လုပ်​ပါ။
ဆော့ဝဲ
https://www.wisecleaner.com/wise-care-365.html

အက်​တစ်​ဗစ်​တာဆော့ဝဲ
ဒီမှာဒေါင်းပါ

Credit -SawElLor




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် ယနေ့တွင် အတည်ပြုခန့်အပ်





Tuesday, September 11 , 2018

နိုင်ငံတော်သမ္မတ သည် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် အတည်ပြု ခန့်အပ်ကြောင်းယနေ့တွင် ကြေညာသည်။

ကြေညာစာထဲတွင် အစမ်းခန့်ကာလ ၁နှစ်ပြည့်မြောက်သည့်နေ့မှ စ၍ အတည်ပြု ခန့်အပ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလက နိုင်ငံတွင် လစ်လပ်နေသည့် ရဲချုပ်နေရာ ၌ ထိုစဉ်က ယာယီ ရဲချုပ် ဖြစ်သော ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို ရဲချုပ် အဖြစ် နိုင်ငံတော်သမ္မတ က အစမ်းခန့်အပ်ခဲ့သည်။

ယခုမှ သမ္မတက အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ်အဖြစ် ယနေ့မှစကာအတည်ပြုခန့်အပ်တာဝန်ပေးခြင်း ခံလိုက်ရသော ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ၂၀၁၇ မေလ ၁ရက်နေ့မှစတင်ကာ ၂၀၁၇ စက်တင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ တာဝန်ပေးချက်အရ ယာယီရဲချုပ်အဖြစ် ရဲတပ်ဖွဲ့ဌာနချုပ်ကို တာဝန်ယူခဲ့ရသူဖြစ်သည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် သည် ရဲချုပ်အဖြစ် အစမ်းခန့်တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး၊တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ၎င်း ကို ရဲချုပ်အဖြစ် ခန့်အပ်သင့်သည်ဟု မှတ်ယူပြီး အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးသည် စစ်တက္က သိုလ် အမှတ်စဉ် (၂၆)ဆင်းဖြစ်ပြီး တပ်မတော်မှနေ၍ ရဲတပ်ဖွဲ့သို့ကူးပြောင်းခဲ့ကာCID တပ်ဖွဲ့မှူး၊ ဒုတိယရဲချုပ်၊ယာယီရဲချုပ်အစရှိသည့်တာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

Credit -Popular

Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO

မန္တလေးမြို့ ကျွဲဆည်ကန်ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း အသစ်တည်ဆောက်ရန် ကားဂိတ်များ တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားဝင်းသို့ ပြောင်းရွှေ့မည်




M-Development Corporation (Myanmar) Co.,Ltd. မှ အသစ်ပြန်လည်တည်ဆောက်မည့် မန္တလေးမြို့ ကျွဲဆည်ကန်ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း၏ ဒီဇိုင်းပုံစံကို သဘောတူညီမှုရရှိပြီးဖြစ်သောကြောင့် လက်ရှိကားကြီးဝင်းအတွင်းမှ ကားဂိတ်များကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားဝင်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

အသစ်တည်ဆောက်မည့် ကားကြီးဝင်း၏ ဒီဇိုင်းအတည်ပြုချက်များကို ကားဝင်းတည်ဆောက်မည့် ကုမ္ပဏီ၊ ဂိတ်ပိုင်၊ ကားပိုင်များနှင့် ကားကြီးဝင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က စက်တင်ဘာ ၃ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇိုင်းသစ်ကို သဘောတူညီမှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

”အကြမ်းအားဖြင့် ဆောက်လုပ်ဖို့ဆွဲထားတဲ့ ဒီဇိုင်းကို တင်ပြတဲ့အခါမှာ ဂိတ်ပိုင်ရှင်တွေက သဘောတူညီတဲ့အတွက် လုပ်ငန်းစတင်နိုင်အောင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးထားပြီး ယာယီကားဝင်းကို ရွှေ့ပြောင်းနိုင်အောင်လုပ်မယ်၊ အသစ်ဆောက်မယ့် ဒီဇိုင်းအတိုင်းပဲ ၂ဝ၂ဝ ပြည့်နှစ်အတွင်းမှာ ချမ်းမြရွှေပြည်ကားဝင်းအသစ်မှာ နေရာချနိုင်အောင်လုပ်ဖို့ သဘောတူတယ်၊ ယာယီကားဝင်းက မန္တလေးမြို့ရဲ့ တောင်ဘက်အထွက် တံခွန်တိုင်အဝိုင်းရဲ့ မြောက်ဘက်မှာ ရှိပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ကားဝင်းအသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် ဂိတ်ပိုင်၊ ကားပိုင်ကိုယ်စားလှယ် ၂ဝ ပါဝင်သည့်အဖွဲ့နှင့် ကားဝင်းတည်ဆောက်မည့်  ကုမ္ပဏီတို့မှ တစ်လလျှင်တစ်ကြိမ် ပုံမှန်ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အသစ်ပြန်လည်တည်ဆောက်မည့် ချမ်းမြရွှေပြည်ကားကြီးဝင်း ကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာအဆင့်မီ ခရီးသည်နားနေခန်းများ၊ လက်မှတ်အရောင်းကောင်တာများ၊ ဈေးဆိုင်ခန်းနှင့် စားသောက်ဆိုင်များပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။                            
Credit -မန်းကိုကို
#TheMandalayNewsJournal



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO