Facebook Page ကို Boost လုပ်နည်း

အဆင်ပြေကြပါစေ
Facebook Page မှာ Boot လုပ်ဖို့ ဒီနည်းလေးက ရိုးရှင်းပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမဲ့ မြို့ ကွာရင် နည်းနည်းလေး ပုံစံကွာနိုင်ပါတယ်။(Bank မှာ ကြုံရမှာကို ဆိုလိုတာပါ။) နောက်တစ်ချက်က….Boost အတွက် ငွေဖြည့်တဲ့ အခါ Visa card သုံးလို့ အဆင်ပြေနိုင်သလို Master Card အသုံးပြုလို့လဲ ရနိုင်ပါတယ်။ ဒီCard နှစ်မျိုးစလုံးက Bank မှာ အဆင်ပြေပြေလုပ်လို့ ရနိုင်ပါတယ်။(နောက်ဆုံးပုံမှာ အသုံးပြုလို့ ရတဲ့ Card လေးမျိုးပုံလေးကို ပြပေးထားပါတယ်။)
အသုံးပြုပုံ ပြုနည်းကတော့ အောက်မှာ Copy Post လေးထဲမှာ ကောင်းကောင်းကို ရှင်းပြထားပါတယ်။……Boost တင်တိုင်းတော့ မဟုတ်သေးပေမဲ့
Boot တင်မှ Pageက ထိရောက်မှာပါ။ ဒါပေမဲ့ ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းလေးတွေ၊ ငွေမဖြည့်ခင် ကြိုလုပ်ထားသင့်တဲ့ အချက်လေးတွေ လည်းရှိသေးပါတယ်။ ကြုံတဲ့ အခါ Post လေး တင်ပြီး ရှင်းပြပေးပါမယ်။
အဆင်ပြေကြပါစေ။
***********************************************
Facebook Boost က ဘာအကျိုးရှိစေလဲ ?
ယနေ့ခေတ်မှာ Facebook အသုံးပြုသူပေါင်းဟာ လူဦးရေ သန်း ၇၀၀၀ မှာ သန်း ၁၂၀၀ ရှိနေပါတယ်။ မြန်မာပြည်မှာတင် Facebook ပေါ်ကနေ စီးပွားရေး လုပ်နေသူပေါင်း ၆ သိန်း ကျော် ရှိကြပါတယ်။

နေ့စဉ် Facebook ပေါ်ကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊ ကြော်ငြာတွေ ၁၅ သန်းမျှ အထိ တက်နေပါတယ်။
ဒီလိုအခြေအနေမှာ မိမိလုပ်ငန်းအကြောင်းအရာဟာ အခြားလုပ်ငန်းတွေကြားထဲမှာ မြုပ်မနေစေဖို့အတွက် Facebook မှာ သာမန် Post တင်နေရုံနဲ့ မလုံလောက်တော့ပဲ Facebook ကို ပိုက်ဆံပေးပြီး Boost လုပ် ၊ ကြော်ငြာ လာရပါတယ်။
Boost ဆိုတာ အမြဲတမ်းလုပ်နေစရာတော့ မလိုပါဘူး။ ကိုယ်သိစေချင်တဲ့ အချက်အလက်တွေကို အချိန်တိုတိုနဲ့ လူများများ သိစေချင်တဲ့ အချိန်ရောက်မှသာ Boost လုပ်ဖို့ လိုပါတယ်။

Boost လုပ်ခြင်းဖြင့်� မိမိလုပ်ငန်းအကြောင်း လူပိုသိလာမယ်။
 အချိန်တိုတို ငွေနည်းနည်းနဲ့ ကြော်ငြာပြီးသား ဖြစ်မယ်။
 မိမိလုပ်ငန်း ဝင်ငွေပိုများလာမယ်။
 မိမိဖောက်သည်များနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့အတွက် လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်။
Boost လုပ်ရန် အခြေခံ လိုအပ်ချက်များ Facebook Page ရှိရမယ်။ (Account မဟုတ်ရပါ။)
Visa Card ရှိရမယ်။ Boost လုပ်တတ်ရမယ်။

Facebook Page ပြုလုပ်ရန် ညာဘက်ထောင့်စွန်းက ခလုတ်လေးကို နှိပ်ပါ။

Create Page ဆိုတာကို နှိပ်ပါ။ ပြီးလျှင် GET STARTED ကို နှိပ်ပါ။

• မိမိတည်ထောင်လိုသော Page အမည်ကို ရိုက်ထည့်ပါ။
* အမည်တူရှိပါက အနီရောင်စာများ ပေါ်လာပါမည်။ �
* အခြားအမည် ပြောင်းပါ။ �
• လုပ်ငန်းအမျိုးအစား Category ရွေးချယ်ပါ။
• NEXT နှိပ်ကာ ခိုင်းသလို ဆက်လက်လုပ်ဆောင်ပါ။

VISA Card ပြုလုပ်ရန်� CB Bank, KBZ Bank, AYA Bank များသို့သွားပါ။
 Visa Card လုပ်ချင်ပါသည် ဟု ပြောလျှင် အဆင်ပြေစွာ ဆောင်ရွက်ပေးပါလိမ့်မည်။

VISA Card ပြုလုပ်ရန်
ဘဏ်သို့သွားလျှင်
 မှတ်ပုံတင်မူရင်း နှင့် မိတ္တူ� မိဘ မှတ်ပုံတင် နံပါတ်� ဒေါ်လာ ၅၀ အနည်းဆုံး� Card အတွက် မြန်မာငွေ(ယခုပေါက်ဈေးနှင့်တွက်ယူသွားပါ) ကျပ် စသည်တို့ ယူဆောင်သွားပါ။

*  အမေရိကန် ဒေါ်လာ လက်ထဲ မရှိလျှင် ဘဏ်တွင် ပေါက်ဈေးဖြင့် တွက်၍ မြန်မာငွေဖြင့် ပေးသွင်းနိုင်ပါသည်။ �
*  VISA Card ကို အချို့ဘဏ်များက သုံးသူအမည် ထိုးပေးပါသည်။ �
*  Card ရရန် တစ်ရက် စောင့်ရပါသည်။ �
*  Card အသုံးပြုပုံများကို ဘဏ်မှ ရှင်းပြပါမည်။ �(Facebook အပြင် အခြားသော နေရာများတွင်လည်း သုံး၍ ရနိုင်သောကြောင့် ဖြစ်ပါသည်။) �

Boost လုပ်ရန်� မိမိ Page မှ တင်သော Post
များကိုကြည့်ပါ။
 ညာဘက်အောက်ခြေတွင် Boost Post ဟူသော ခလုတ်တွေ့ရပါမည်။
 Post တိုင်း Boost လုပ်ရန် မလိုပါ။
 မိမိလုပ်လိုသော Post ကိုသာ ရွေးချယ် Boost လုပ်ပေးပါ။

Boost Post ခလုတ်ကိုနှိပ်ပါ။
• ဖော်ပြထားသော အဝါနုရောင်မျဉ်းကြောင်းသည် မိမိ Post ကို Boost မလုပ်မီတွင် သဘာဝအလျောက် မြင်ရသော အနေအထား ဖြစ်ပါသည်။
• လူ ၆၀၀၀ ကျော် မြင်ပြီးသော်လည်း Like ၆ ခု သာ ရသေးကြောင်း သတိပြုမိမှာပါ။

* မိမိစိတ်ကြိုက် ရွေးချယ်၍ ကြော်ငြာလိုသူကို သတ်မှတ်ပါ။ �
* မိမိ Page ကို တစ်ခါမှ မတွေ့ဖူးသူလဲ မိမိကြော်ငြာကို တွေ့ပါလိမ့်မည်။ �
* ကြော်ငြာလိုသော နေရာရွေးပါ။ ဤခလုတ်ကို နှိပ်ပါ။ �
* ကြော်ငြာကို တွေ့စေလိုသူ အသက်နှင့် ကျားမ အပိုင်းအခြား သတ်မှတ်ပါ။ �

* အောက်ဆက်ဆင်းလာပါ က ကြော်ငြာမည့် ငွေပမာဏ သတ်မှတ်သည့် နေရာကို တွေ့ရပါမည်။ �
* မိမိစိတ်ကြိုက် ပမာဏ ရွေးချယ်နိုင်ပါသည်။ �
* Like များများရရန် ငွေများများ သုံးရပါမည်။ �
* 81.3 k = 81300 လူဦးရေကို �ရည်ညွှန်းပါသည်။ �
* နမူနာအနေဖြင့် $200 ရွေးပြထားပါသည်။ �
• •

ဘယ်နှစ်ရက် ကြော်ငြာမလဲ ရွေးလို့ရပါတယ်။
Total Budget ကို $200 ရွေးထားလို့ ၃ ရက် ကြော်ငြာရင် တစ်ရက်ကို $66 ကျသင့်မှာပါ။
အနည်းဆုံး တစ်နေ့ $1 ကနေ စကြော်ငြာလို့ ရပါတယ်။

*  သင်၏ VISA Card ကို စတင်သုံးရမည့် နေရာဖြစ်ပါသည်။ �
*  ပထမဆုံး စသုံးလျှင် Card တွေ ရွေးစရာ ပေါ်လာပါမည်။ �
*  VISA ကိုသာ ရွေးပါ။ �

• ထို့နောက်တွင် သင်၏ VISA Card အရှေ့ဘက်မှ နံပါတ်များကို ရိုက်ထည့်ပါ။

* ပြီးလျှင် Confirm လုပ်ရန် Security Code ဆိုတာ တောင်းပါမည်။ �
* သင်၏ VISA Card အနောက်ဘက်မှ နံပါတ်ကို ရိုက်ထည့်ပါ။ �

အထူး သတိပြုရန်
သင်၏ VISA Card ၏ ရှေ့နှင့် နောက်မှ နံပါတ်များကို အခြားသူ ပေးမသိပါနှင့်။
ထိုနံပါတ်များ ရသွားလျှင် သင်၏ Card သင့်လက်ထဲမှာ ရှိနေလျက်နှင့်ပင် သင်၏ငွေကို သင်မသိဘဲ သုံးလို့ရပါသည်။
ထ့ေို ကြာင့် သတိရှိပါ။

အားလုံးအဆင်ပြေ သွားလျှင် အောက်ပါအတိုင်း သင်၏အမည်နှင့် သင်၏ VISA Card ရှေ့နံပါတ်များ၏ နောက်ဆုံး ဂဏန်း ၄ လုံးပေါ်လာမည် ဖြစ်ပါသည်။

အားလုံး ကျေနပ်ပြီဆိုလျှင် Boost for $ အပြာရောင်ခလုတ်ကို နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။

*  သင် Boost လုပ်ငန်းစဉ် ပြီးဆုံးသွားပါက Facebook ၏ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရန် ၁၅ မိနစ် မျှ ကြာမြင့်မည် ဖြစ်ပါသည်။ �
*  ခွင့်ပြုလျှင် သင့်ထံသို့ ထပ်မံ အသိပေး Notify လုပ်မည် ဖြစ်ကာ Boost စတင်မည် ဖြစ်ပါသည်။ �

Location/ Region/ Address ဘယ်လို ရွေးမလဲ
• ကြော်ငြာလိုသော နေရာရွေးပါ။ ဤခလုတ်ကို နှိပ်ပါ။

* မိမိ ကြော်ငြာလိုသော နေရာကို ရိုက်ထည့်၍ ရွေးချယ်နိုင်ပါသည်။ �
* ဥပမာအနေဖြင့် Mandalay ကို ရှာပြထားပါသည်။ �

* မိမိကြော်ငြာလိုသော သူများ �စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများကို ဦးစားပေး ရွေးချယ်ပါ။ �
* ဥပမာ – Business, Customer Service စသဖြင့် ဖြစ်ပါသည်။ �
* အခြားလည်း များစွာ ရှိပါသည်။ �
* စိတ်ဝင်စားသည့် အကြောင်းအရာ Interest ကို ၄ ခု မှ ၁၀ ခု အထိ ရွေးနိုင်ပါသည်။ �
* ပြီးလျှင် Done ကို နှိပ်ပါ။ �

Page တစ်ခုလုံးကို ကြော်ငြာလိုလျှင်
* Promote ကိုနှိပ်ပါ။ �
* အထက်ပါဖော်ပြခဲ့သော နည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ �
* Page တစ်ခုလုံးကို ကြော်ငြာခြင်းသည် သာမန်ထက် ဈေးပိုများတတ်ပါသည်။ �

#Crd

Facebook Official Certified ပညာရှင်မှ စီစဉ်ရေးသားပေးပါသည်။

ချမ်းမြေ့ပါစေ…
အဆင်ပြေရင် Like & Share လုပ်ဖို့မမေ့နဲ့နော်

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.