ျမန္မာႏိုင္ငံကို ျဖတ္ၿပီး က်ည္ဆံရထားေျပးဆြဲမည္

Zawgyiျဖင့္ဖတ္ရန္

ကာလကတၱားနဲ႔ ကူမင္းၿမိဳ႕ကို ျဖတ္သန္းတဲ့ လမ္းက ျမန္မာကိုျဖတ္မွာပါ။

တ႐ုတ္ႏိုင္ငံ နဲ႔ အိႏၵိယ ႏိုင္ငံကို ဆက္သြယ္ၿပီး က်ည္ဆံရထားေျပးဆြဲဖို႔စီစဥ္ေနၿပီး အဲ့ဒီရထားလမ္းဟာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျဖတ္သြားမွာျဖစ္တယ္လို႔ တ႐ုတ္ေကာင္စစ္ဝန္ကေျပာဆိုလိုက္ပါတယ္။

ၿပီခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔က အိႏၵိယႏိုင္ငံကာလကတၱားၿမိဳ႕မွာ တ႐ုတ္ေကာင္စစ္ဝန္ ဇန္ဝူက မီဒီယာေတြကို ေျပာၾကားမႈကို အိႏၵိယသတင္းဌာနျဖစ္တဲ့ NDTV ကေဖာ္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံကူမင္းၿမိဳ႕နဲ႔ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕ၾကားမွာ ျမန္ႏႈန္းျမင့္သြားႏိုင္မယ့္ ရထားလမ္းတစ္ခုကိုတည္ေဆာက္မယ္လို႔ တ႐ုတ္ေကာင္စစ္ဝန္ကေျပာပါတယ္။

“ကူမင္းနဲ႔ ကာလကတၱားၿမိဳ႕ကို နာရီအနည္းငယ္နဲ႔ေရာက္ရွိႏိုင္ဖို႔အတြက္ လုပ္ေဆာင္တာပါ။ အမွန္တကယ္လုပ္ေဆာင္မယ့္စီမံကိန္းျဖစ္ပါတယ္။”လို႔ သူကထပ္ၿပီးေျပာပါတယ္။

ဒီရထားလမ္းစီမံကိန္းဟာ ၂၈၀၀ ကီလိုမီတာ ရွည္ရွားမွာျဖစ္ၿပီး ရထားလမ္းတေလ်ာက္ စက္႐ုံတခ်ိဳ႕ရွိမွာျဖစ္လို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အတြက္လည္း စီးပြားေရးဖြံ႕ၿဖိဳးဖို႔အတြက္ အေထာက္အကူျပဳႏိုင္မွာျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ဒီစီမံကိန္းကို ၂၀၁၅ ခုႏွစ္ကတည္းက စတင္ေဆြးေႏြးအေကာင္အထည္ေဖာ္ေနတာျဖစ္ၿပီး တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာႏိုင္ငံေတြအတြက္ အာရွပိုးလမ္းမႀကီးလို စီမံကိန္းျဖစ္တယ္လို႔ တ႐ုတ္အရာရွိကေျပာဆိုထားပါတယ္။

Credit:Duwun

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံကို ဖြတ်ပြီး ကျည်ဆံရထားပြေးဆွဲမည်

ကာလကတ္တားနဲ့ ကူမင်းမြို့ကို ဖြတ်သန်းတဲ့ လမ်းက မြန်မာကိုဖြတ်မှာပါ။

တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံကို ဆက်သွယ်ပြီး ကျည်ဆံရထားပြေးဆွဲဖို့စီစဉ်နေပြီး အဲ့ဒီရထားလမ်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သွားမှာဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောဆိုလိုက်ပါတယ်။

ပြီခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံကာလကတ္တားမြို့မှာ တရုတ်ကောင်စစ်ဝန် ဇန်ဝူက မီဒီယာတွေကို ပြောကြားမှုကို အိန္ဒိယသတင်းဌာနဖြစ်တဲ့ NDTV ကဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကြားမှာ မြန်နှုန်းမြင့်သွားနိုင်မယ့် ရထားလမ်းတစ်ခုကိုတည်ဆောက်မယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောပါတယ်။

“ကူမင်းနဲ့ ကာလကတ္တားမြို့ကို နာရီအနည်းငယ်နဲ့ရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်တာပါ။ အမှန်တကယ်လုပ်ဆောင်မယ့်စီမံကိန်းဖြစ်ပါတယ်။”လို့ သူကထပ်ပြီးပြောပါတယ်။

ဒီရထားလမ်းစီမံကိန်းဟာ ၂၈၀၀ ကီလိုမီတာ ရှည်ရှားမှာဖြစ်ပြီး ရထားလမ်းတလျောက် စက်ရုံတချို့ရှိမှာဖြစ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆွေးနွေးအကောင်အထည်ဖော်နေတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတွေအတွက် အာရှပိုးလမ်းမကြီးလို စီမံကိန်းဖြစ်တယ်လို့ တရုတ်အရာရှိကပြောဆိုထားပါတယ်။

Credit:Duwun

ရႈပ္ပြပ္ေနတဲ့ သင့္ဖုန္းရဲ့ဖုိင္အားလံုးကို တစ္ေနရာတည္း သိမ္းဆည္းထားႏိုင္မယ့္ – ES File Explorer Version 4.1.6.9.6 for Android

Android market ထဲ အေကာင္းဆံုး မာေနဂ်ာ အျဖစ္ ရပ္တည္ေနတဲ့ စမတ္ဖုန္းတို႔၏ file ေတြကို အလြယ္ကူဆံုး Menage လုပ္ေပးႏိုင္တဲ့ file manager ေလးကို တင္ေပးလိုက္ပါတယ္ခင္ဗ်ား။
မိမိဖုန္းမွာ ရႈပ္ပြပ္ေနတဲ့ သင့္ဖုန္းရဲ့ဖုိင္အားလံုးကို တစ္ေနရာတည္း သိမ္းဆည္းထားႏိုင္တဲ့ ေဆာ့၀ဲေကာင္းေလးပါ။ ဖုန္း Service သမားေတြလည္း ဒီေဆာ့၀ဲေလးကို အျမဲအသံုးျပဳၾကပါတယ္…။ ဒီေဆာ့၀ဲေလးကို လိုသလိုအသံုးခ်ႏိုင္ပါတယ္…။ ဥပမာ..ဖုန္းတစ္လံုးကို Root လုပ္ၿပီးလို႔…ျမန္မာေဖာင့္အလြယ္တကူ ထည့္ခ်င္တယ္ဆိုရင္…အခ်ိဳ႕ေသာဖုန္းေတြမွာ…ျမန္မာေဖာင့္ apk မ်ားကို ဒီ File Explorer ထဲမွာ ထည့္သိမ္းၿပီး ေျဖရွင္းေလ့ ရွိၾကပါတယ္…။ ကြန္ပ်ဴတာမွာပါလာတဲ့ Explorer ကဲ့သို႔ Select, Cut/Copy/Paste, Move, Create, Delete, Rename, Search, Share, Send, Hide, Create Shortcut, and Bookmark မိ်ဳး အကုန္ အသံုးျပဳႏိုင္ပါတယ္။ ကဲဗ်ာ လိုရာသံုး စမတ္ဖုန္းအားလံုးတို႔ကို မိမိကိုယ္တုိင္ အေကာင္းဆံုး Manage ေလးလုပ္ခ်င္ရင္ ေအာက္ကလင့္ေတြမွာ အဆင္ေျပသလို ေဒါင္းယူႏိုင္ပါၿပီ။ ဖုန္းအားလံုးမွာ အဆင္ေျပပါတယ္။