ျမန္မာႏိုင္ငံကို ျဖတ္ၿပီး က်ည္ဆံရထားေျပးဆြဲမည္

Zawgyiျဖင့္ဖတ္ရန္

ကာလကတၱားနဲ႔ ကူမင္းၿမိဳ႕ကို ျဖတ္သန္းတဲ့ လမ္းက ျမန္မာကိုျဖတ္မွာပါ။

တ႐ုတ္ႏိုင္ငံ နဲ႔ အိႏၵိယ ႏိုင္ငံကို ဆက္သြယ္ၿပီး က်ည္ဆံရထားေျပးဆြဲဖို႔စီစဥ္ေနၿပီး အဲ့ဒီရထားလမ္းဟာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျဖတ္သြားမွာျဖစ္တယ္လို႔ တ႐ုတ္ေကာင္စစ္ဝန္ကေျပာဆိုလိုက္ပါတယ္။

ၿပီခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔က အိႏၵိယႏိုင္ငံကာလကတၱားၿမိဳ႕မွာ တ႐ုတ္ေကာင္စစ္ဝန္ ဇန္ဝူက မီဒီယာေတြကို ေျပာၾကားမႈကို အိႏၵိယသတင္းဌာနျဖစ္တဲ့ NDTV ကေဖာ္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံကူမင္းၿမိဳ႕နဲ႔ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕ၾကားမွာ ျမန္ႏႈန္းျမင့္သြားႏိုင္မယ့္ ရထားလမ္းတစ္ခုကိုတည္ေဆာက္မယ္လို႔ တ႐ုတ္ေကာင္စစ္ဝန္ကေျပာပါတယ္။

“ကူမင္းနဲ႔ ကာလကတၱားၿမိဳ႕ကို နာရီအနည္းငယ္နဲ႔ေရာက္ရွိႏိုင္ဖို႔အတြက္ လုပ္ေဆာင္တာပါ။ အမွန္တကယ္လုပ္ေဆာင္မယ့္စီမံကိန္းျဖစ္ပါတယ္။”လို႔ သူကထပ္ၿပီးေျပာပါတယ္။

ဒီရထားလမ္းစီမံကိန္းဟာ ၂၈၀၀ ကီလိုမီတာ ရွည္ရွားမွာျဖစ္ၿပီး ရထားလမ္းတေလ်ာက္ စက္႐ုံတခ်ိဳ႕ရွိမွာျဖစ္လို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အတြက္လည္း စီးပြားေရးဖြံ႕ၿဖိဳးဖို႔အတြက္ အေထာက္အကူျပဳႏိုင္မွာျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ဒီစီမံကိန္းကို ၂၀၁၅ ခုႏွစ္ကတည္းက စတင္ေဆြးေႏြးအေကာင္အထည္ေဖာ္ေနတာျဖစ္ၿပီး တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာႏိုင္ငံေတြအတြက္ အာရွပိုးလမ္းမႀကီးလို စီမံကိန္းျဖစ္တယ္လို႔ တ႐ုတ္အရာရွိကေျပာဆိုထားပါတယ္။

Credit:Duwun

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံကို ဖြတ်ပြီး ကျည်ဆံရထားပြေးဆွဲမည်

ကာလကတ္တားနဲ့ ကူမင်းမြို့ကို ဖြတ်သန်းတဲ့ လမ်းက မြန်မာကိုဖြတ်မှာပါ။

တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံကို ဆက်သွယ်ပြီး ကျည်ဆံရထားပြေးဆွဲဖို့စီစဉ်နေပြီး အဲ့ဒီရထားလမ်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သွားမှာဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောဆိုလိုက်ပါတယ်။

ပြီခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံကာလကတ္တားမြို့မှာ တရုတ်ကောင်စစ်ဝန် ဇန်ဝူက မီဒီယာတွေကို ပြောကြားမှုကို အိန္ဒိယသတင်းဌာနဖြစ်တဲ့ NDTV ကဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကြားမှာ မြန်နှုန်းမြင့်သွားနိုင်မယ့် ရထားလမ်းတစ်ခုကိုတည်ဆောက်မယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောပါတယ်။

“ကူမင်းနဲ့ ကာလကတ္တားမြို့ကို နာရီအနည်းငယ်နဲ့ရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်တာပါ။ အမှန်တကယ်လုပ်ဆောင်မယ့်စီမံကိန်းဖြစ်ပါတယ်။”လို့ သူကထပ်ပြီးပြောပါတယ်။

ဒီရထားလမ်းစီမံကိန်းဟာ ၂၈၀၀ ကီလိုမီတာ ရှည်ရှားမှာဖြစ်ပြီး ရထားလမ်းတလျောက် စက်ရုံတချို့ရှိမှာဖြစ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆွေးနွေးအကောင်အထည်ဖော်နေတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတွေအတွက် အာရှပိုးလမ်းမကြီးလို စီမံကိန်းဖြစ်တယ်လို့ တရုတ်အရာရှိကပြောဆိုထားပါတယ်။

Credit:Duwun

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.