MM-ALL-MOVIE APK(18+)

ဒီတစ်ခါတင်ပေးတဲ့ဆော့ဝဲလေးကတော့ MM-ALL-MOVIE ဆိုတဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ် 18+ဆောဝဲဖြစ်တာကြောင့် အမျိုးသမီးများနဲ့အ့သက်မပြည့်သေးသူများဒေါင်းရန်မသင့်တော်ပါဘူး ဝါ သနာတူဘော်ဘော်တွေအောက်ကလင့်မှာဒေါင်းနိုင်ပါတယ်

👉ဒီနေရာကိုနှိပ်ပြီး👈

ဒေါင်းယူနိုင်ပါတယ် အဆင်ပြေကြပါစေ

NCA MYANMAR FREENET FOR OOREEDO

N.C.A Myanmar Freenet 
for ooredoo fb Unlimited and 1mb 1ks
အော်ရီဒူးအတွက်ပါစမ်းသပ်အသုံးပြုချင်သူများအောက်မှာဒေါင်းပါ
လိုင်းစချိတ်တာက နည်းနည်းတော့ကြာနိုင်ပါကြောင်း
Credit -NCA

Welcome{ ​HERE } ​GO

Welcome{ ​HERE } ​GO လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

N.C.A Myanmar Freenet for ooredoo fb Unlimited and 1mb 1ks

N.C.A Myanmar Freenet

for ooredoo fb Unlimited and 1mb

1ks

အသုံးပြုလိုသူများအောက်မှာဒေါင်းပါ

ဒေါင်းရန်နှိပ်ပါ

လိုင်းစချိတ်တာက နည်းနည်းတော့ကြာနိုင်ပါကြောင်း

အဆင်ပြေပါစေ

Credit -NCA

လှိုင်သာယာတွင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အဖွဲ့မှ ငါးဦးကို လက်နက်များနှင့်အတူ ဖမ်းမိ

======================
26-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၆

လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာတွင် ယနေ့ နံနက်ပိုင်းက အသက် ၅၆ နှစ်အရွယ် ဝါးကြီး (ခ) ခင်မောင်လွင်ဆိုသူကို သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့သည့်အဖွဲ့မှ အမျိုးသားငါးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားကြာင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လူသတ်ပြီး ကားနဲ့ ထွက်ပြေးတဲ့အဖွဲ့က ကားသမားကို လှိုင်သာယာမှာ ဖမ်းမိခဲ့တယ်။ စက်လှေနဲ့ ထွက်ပြေးတဲ့သူတွေကို တွံတေးဘက်မှာ ထပ်ဖမ်းမိထားပြီး သေနတ်အရှည်တစ်လက်၊ အတို တစ်လက်ကိုပါ သိမ်းဆည်းရမိထားတယ်။ လက်တလော အမှုဖြစ်စဉ်က စစ်ဆေးနေတုန်း”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

“အကြွေးကိစ္စနဲ့ပတ်သက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ ကြားမိတယ်။ သေဆုံးသူကလည်း ဇိုးတစ်ယောက်ပဲ။”ဟု အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ဦးခေါင်းနောက်စေ့နှင့် နားထင်တွင် ကျည်မှန်ဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးခဲ့သူ အသက် ၅၆ နှစ် ဝါးကြီး (ခ) ခင်မောင်လွင်၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားသည်။

S-03

#The Voice

သိန်း ၃၅၀ အကြွေးမဆပ်လို့ဆိုပြီး လှိုင်သာယာနေ လူတစ်ယောက်သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ချေးထားတဲ့ ပိုက်ဆံ သိန်း ၃၅၀ ပြန်မဆပ်လို့ဆိုပြီး လှိုင်သာယာမြို့နယ်နေ လူတစ်ဦးကို လူအချို့ကသေနတ်နဲ့လာရောက်ပစ်သတ်မှု ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းအဖြစ် သိရပါတယ်။

လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေမှာရှိတဲ့ အပြင်ပဒံကျေးရွာ ဆန်စက်လမ်းအတွင်း နေအိမ်တစ်ခုရှေ့ကို ဒီကနေ့ နေ့လည်မှာ ကားတစ်စီးနဲ့ လူအချို့ရောက်ရှိလာပြီး အိမ်ထဲဝင်ကာ ခင်မောင်လွင်(ခ)၀ါးကြီး ဆိုသူကို သေနတ်နဲ့ပစ်သတ်သွားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်အတွင်းမှာရှိတဲ့နေတဲ့ သူတစ်ဦးကိုလည်း အဆိုပါ လူတစ်စုက ကားပေါ်တင်ခေါ်ဆောင်သွားကြောင်း ကနဦးသတင်းအဖြစ်သိရပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ ခင်မောင်လွင်(ခ)၀ါးကြီးဆိုသူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဆိုပါတယ်။

အဲဒီ ခင်မောင်လွင်(ခ)၀ါးကြီး ဆိုသူဟာလည်း လှိုင်သာယာနယ်မြေမှာ လူမိုက်တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

အခုရက်ထဲမှာပဲ ကျင်းပနေဆဲရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်က လှိုင်သာယာမှာ မှုခင်းတွေဖြစ်ပွားနေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတဲ့မေးခွန်းတစ်ခုကိုမေးခဲ့ပါသေးတယ်။

သတင်းအပြည့်အစုံ သိရှိရရင် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

PN
Photo – TheinKha Yaza facebook page

မန္တလေးတိုင်းဒေသကြီးအစိုးရဟောင်းက အစိုးရသစ်ထံသို့ သန်းငါးရာ စဆပ်

မန္တလေး စက်တင်ဘာ ၂၆

အရင်အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီးအစိုးရဟောင်း ပြန်လည်ပေးသွင်းရမယ့်ကြွေးမြီကျပ်သန်းပေါင်းသုံးထောင်နီးပါးနဲ့ပတ်သက်ပြီး အရစ်ကျပြန်ပေးဖို့ နှစ်ဘက်သဘောတူထားတာမှာ စက်တင်တာ ၅ ရက်နေ့က ပထမအရစ်အဖြစ် သန်းငါးရာပေးဆပ်သွားပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ပထမအရစ်သန်းငါးရာရပြီးပါပြီ၊ သူတို့က ၄ ရစ်ခွဲဆပ်မယ်ဆိုလို့ ဒါက ပထမအရစ်အနေနဲ့ သန်းငါးရာပါ၊ နောက်နှစ်အပြီးဆပ်သွားမယ်လို့လည်း သဘောတူထားပါတယ်” လို့ဝန်ကြီးချုပ်ကပြောပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့၉.၆.၂၀၁၇ ရက်စွဲပါစာအမှတ်-စဆ/စီမံ-၀၀၃(၀၇၈/၂၀၁၇)တာဝန်ပေးအပ်ချက်အရမန္တလးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိခဲ့တဲ့ အရင်မန္တလေးတိုင်းဒေသကြီးအစိုးရက လက်ရှိမန္တလေးတိုင်းဒေသကြီးအစိုးရဆီ ပြန်လည်ပေးသွင်းရမယ့် ကြွေးမြီနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲကနေ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာမှာ အရင်အစိုးရဟောင်းဝန်ကြီးချုပ်ဦးရဲမြင့်ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခုနဲ့ ပြန်တုန့်ပြန်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ အစိုးရဟောင်းတာဝန်ရှိသူတွေဘက်က အရစ်ကျပေးဆပ်ဖို့ ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၅ ရက်ကစလို့ ပထမအရစ်စတင်ပေးသွင်းလိုက်တာဖြစ်ပါတယ်။

“သူတို့က လေးရစ်ခွဲသွင်းမယ်ပြောလာတယ်၊ အခုလဆန်းပိုင်းကသန်းငါးရာသွင်းတယ်၊ ၂၀၁၉ ခုနှစ် မတ်လထဲအပြီးသွင်းသွားမယ်လို့ကတိပေးလာပါတယ်” လို့လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ပြန်လည်ရရှိလာမယ့်ငွေတွေကိုတော့ မန္တလေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသုံးစွဲသွားဖို့ ပြည်ထောင်စုအစိုးရဆီ ၀န်ကြီးချုပ်ကတောင်းခံထားတယ် လို့သိရပါတယ်။

Credit စောထွေး
#Popular news

စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစား ( ၅ ) မျိုး

အချို့သော ငါးအမျိုးအစားတွေက ခန္ဓွာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ငါးစားသုံးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဓာတ် တွေကို ပေးစွမ်းစေနိုင်ပါတယ်။

ဒါပေမယ့် အချို့သော ငါးအမျိုးအစားတွေကတော့ ခန္ဓွာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်တာ ကြောင့် စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ငါးကင်ဆိုင်တွေမှာ အများဆုံး အသုံးပြုပြီး တလားဗီးယားလို့ လူသိများကြတဲ့ ငါးဟာ ပရိုတိန်းပါဝင်မှု နည်းပါး သလို Omega 3 Fatty Acid လည်း မပါဝင်သလောက်ကို နည်းပါးပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့် များများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) အရွယ်အစား ကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာ ကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေ အမြောက်အများ ကျွေး ပြီး မွေးမြူထားတာ ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ သဘာဝ ငါးခူတွေ မှာသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် သဘာဝ ငါးခူမျိုးကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။

(၃) ငါးရှဥ့်ဟာ သူ့သဘာဝကိုက ညစ်ပတ်တဲ့ နေရာတွေမှာ ကျက်စားတာ ဖြစ်တာကြောင့် ပြဒါးဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အဆီဓာတ် မပါဝင်ဘဲ ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာ ပါဝင်တာကြောင့် ချင့်ချိန်စားသုံးသင့်ပါတယ်။

(၄) ဆူရှီပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဒေါ်လာငါး အမျိုးအစားတွေမှာ ဖယောင်းဓာတ် အများအပြားပါဝင်တာကြောင့် အစာအိမ်ရဲ့အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အစာအိမ် ရောဂါရှိသူတွေ စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားပဲဖြစ်ပါတယ်။

(၅) မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ်မှာတော့ သဘာဝတူနာငါးမျိုးကို တွေ့ဖို့ခဲယဉ်းသွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံတိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။

Ref ; steptohealth.com
ဟယ်လ်သင်
ဧရာဝတီ
#Lwin Oo