သိကောင်းစရာ မြန်မာနိုင်ငံတွင်း မော်တော်ယာဉ်နံပါတ်ပြားများအကြောင်း

သိကောင်းစရာ မြန်မာနိုင်ငံတွင်း မော်တော်ယာဉ်နံပါတ်ပြား အမှတ်အသားများ (သံရုံး)
– အမေရိကန် သံ/၁
– ဗြိတိသျှ သံ/၂
– အိန္ဒိယ သံ/၃
– ပြင်သစ် သံ/၎
– ပါကစ္စတန် သံ/၅
– သီရိလင်္ကာ သံ/၆
– ထိုင်း သံ/၇
– အင်ဒိုနီးရှား သံ/၈
– တရုတ် သံ/၉
– ရုရှား သံ/၁ဝ
– ယူရိုဆလပ် သံ/၁၁
– အစ္စရေး သံ/၁၂
– ဂျပန် သံ/၁၄
– ဂျာမဏီ သံ/၁၅
– သြစတြီးလျား သံ/၁၆
– လာအို သံ/၁၇
– အီဂျစ် သံ/၁၈
– ဖိလစ်ပိုင် သံ/၁၉
– နီပေါ သံ/၂ဝ
– ချက်ကိုစလို သံ/၂၁
– အီတလီ သံ/၂၂
– မလေးရှား သံ/၂၃
– ဘင်္ဂလားဒေ့ရှ် သံ/၂၄
– ဗီယက်နမ် သံ/၂၅
– စင်္ကာပူ သံ/၂၆
– ကိုရီးယား သံ/၂၇
– ဘရူနိုင်း သံ/၂၈
– ကမ္ဘောဒီးယား သံ/၂၉

( အထက်ပါ နံပါတ်ပြားတပ်ဆင်ထားတဲ့ ကားများနဲ့ ပတ်သက်ပြီး အကြောင်းတစုံတရာ ရှိပါက သက်ဆိုင်ရာ သံရုံးတွေကို ချိတ်ဆက်ရ အဆင်ပြေစေရန်အတွက်ပါ )

Credit-Original Uploader

ကွန်ပျူတာRun box အတွင်းမှ အသုံးတည့် Search key များ

မင်္ဂလာပါ

………….
………

အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ

2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။

3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ

4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။

5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။ Search မှာ ရိုက်လို့မရပါ။

6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ

7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။

8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။

9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk (check disk) ကိုသုံးခြင်းဖြစ်ပါတယ်။

11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက် cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။

13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က Comp Mgmt Launcher ဖြစ်ပါတယ်။

15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk Cleanup ပေါ်ပါတယ်။

17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့ရိုက်ထည့်ပါ။

18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။

19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool လည်းဖြစ်ပါတယ်။

20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization > Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။ အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။

21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။

22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box) ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ Forgetten Password Wizard သာပေါ်ပါတယ်။

24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။ DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။

25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။

27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။

29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း ရပါတယ်။

30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။

31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။

32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။ အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။ Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။

33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့ Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or keyboard’ ပေါ်လာပါမယ်။

34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။

35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။

36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့ သင်မြင်လိုက်ရမယ်မဟုတ်ပါ။

37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့်နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့ iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box) ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။

39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box) ပေါ်လာပါမယ်။

40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff ဖြစ်သွားပါလိမ့်မယ်။

41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။

42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command အသ်စတစ်ခုဖြစ်ပါတယ်။

43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ် ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။

45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ် မဟုတ်ပါ။

46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။ ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။

47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့ရိုက်ထည့်ပါ။

48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box) ပေါ်လာမှာပါ။

50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။

51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။

52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။

55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။

57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့် နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။

59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။

60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။

61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့ ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။

62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။

63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။

65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင် မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။

68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။

69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။

70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့ မြင်ရမယ် မဟုတ်ပါ။

72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။

73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။

74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break ကီးများနှိပ်ရင်လည်း ရပါတယ်။

75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။ Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။

77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။

78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင် ‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။

79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး ၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့ ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။

80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။

81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2 လို့ ရိုက်ထည့်လည်း ရပါတယ်။

82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။

86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊ ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။

87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။

89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။

91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။

Crd:Information & Network Academy

Office2010 for pc

Office 2010 For pc
…..
…..

For 32–bit

Office 2010 For pc

…..
…..

For 32–bit

https://www.mediafire.com/download/s5f21d4c125p7f1

For 64-bit

https://www.mediafire.com/download/6uw17a6i9987485

Activate

https://www.dropbox.com/s/tx3c8kahunvbk9m/Microsoft_Toolkit.zip?dl=0

Credit By : Saw EhLor

ပွဲကျောင်း

မြန်မာ့သမိုင်းမှာ တခန်းတကဏ္ဍပါဝင်ခဲ့တဲ့ ဘာသာရေးနွယ်သောအဖွဲ့အစည်းတခု၊ ခေတ်အလိုက် အင်အားကြီးကြီးမားမား နဲ့ကျယ်ပြန့်ခဲ့တာရှိသလို ဖိနှိပ်ခံသုတ်သင်ရှင်းလင်းခံရတာတွေလည်းအကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ သို့ပေမယ့် အသွင်သဏ္ဍန်မျိုးစုံနဲ့ ရပ်တည်တာလာ ယနေ့ခေတ်အထိရှိနေဆဲပါ။
ပွဲကျောင်းအစကို လက်လှမ်းမီသလောက် ပုဂံအရည်းတွေအထိသာ အစပြုပြောနိုင်ပေမယ့် တကယ့်အရင်းအမြစ်လိုက်ရင် ဒုတိယသင်္ဂါယနာတင်အပြီး ဂိုဏ်းကွဲခဲ့တဲ့ မြောက်ပိုင်း မဟာယန(မဟာသံဃိက) ဂိုဏ်းကမြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။
မဟာသံဃိကဂိုဏ်းရဲ့ လောကိတေသရ ဘုရားလောင်းနတ်သားဟာ ဟိန္ဒူဝာဒရဲ့ ဗိဿနိုးနတ်မင်းနည်းတူ လောကကိုစောင့်ရှောက်တယ် လို့ယုံကြည်ကြလို့ ဘုရားလောင်းနတ်သားကို အဆိုအက ၊ အတီးအမှုတ်တွေနဲ့ ပူဇော်ပသခြင်းစတဲ့ ဟိန္ဒူဝါဒရဲ့လွမ်းမိုးမှုတွေအတော်များများရှိကြောင်းတွေရပါတယ်။ ထို့အတူ ဣရုဝေဒ (သို့မဟုတ်) ရိဂဝေဒကျမ်း၊ ယဇုဝေဒကျမ်း၊ သာမဝေဒကျမ်း၊ အာထဗ္ဗဏ (သို့မဟုတ်) အတ္ထာရဝဝေဒ စတဲ့ ဟိန္ဒူဝေဒကျမ်းတွေရဲ့ လွမ်းမိုးမှုကြောင့် အင်းအိုင်လက်ဖွဲ့ ၊ဂါထာမန္တရာ ၊ ယဇ်ပူစော်မှု၊ ကာယသိဒ္ဒိ ပီယသိဒ္ဒိ အစရှိတဲ့ ထေရဝါဒစံလွဲ အယူအစတွေ ထည့်သွင်းကျင့်သုံးကြ၏။
သို့ပေမယ့် မဟာယနတွေဟာ ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှာပဲ ရှိနေခဲ့ ရှိနေဆဲဖြစ်သည်။

အဓိပ္ပါယ်
ပွဲ ဟူသည်ကာ စည်ကားသော၊ ကျောင်းဟူသည်ကာ အတတ်ပညာများသင်ပေးရာနေရာ ဖြစ်သည်။ ပွဲကျောင်း ဟူသည်ကာ အတတ်ပညာများကို သင်ကြားပေးသည့် စည်ကား သော်နေရာဟု အဓိပ္ပါယ်ရသည်။ ဂါမ၀ါသီ ကာ ရပ်ရွာဟုအဓိပ္ပါယ်ရသည်။ အရည၀ါသီ ဟူသည်ကာ တောအရပ်ဟု အဓိပ္ပါယ်ရသည်။

ဂါမ၀ါသီပွဲကျောင်း
ဂါမ၀ါသီပွဲကျောင်းနှင့် အရည၀ါသီပွဲကျောင်းသည် အဓိပ္ပါယ်ကွဲသလို ပညာရပ်များလဲ ကွဲပါသည်။ ဂါမ၀ါသီပွဲကျောင်းသည် လူတို့၏ ရပ်ရွာကိုအခြေခံ၍ အင်း၊ ယတြာ၊ အဆောင်၊ စုန်းပရောဂ၊ ကဲ့သို့ ပညာရပ်များ၊ကိုအဓိကထားခဲ့ကြသည်။ ဆေးပညာတွင်လည်း ကာမဆန္ဒအားဆေး၊ ရုပ်ပျိုကိုယ်နုဆေး အစရှိသည့် ဆေးပညာရပ်များကို သင်းကြားရသည်။ သိုင်းပညာတွင် လည်း ရုပ်ပိုင်း ဆိုင်ရာလေ့ကျင့်မှုဖြင့်အနိုင်ယူနိုင်အောင် သင်ကြား၊ လေ့ကျင့်ရသည်။ (ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုသည်မှာ ခန္ဒာကိုယ်အား အထိုးခံနိုင်အောင်၊ သန်မာအောင် ခန္ဒာကို ကြီးမာအောင်၊ ကြံ့ခိုင်အောင် ကျင့်စဉ်များကိုကျင့်ခြင်းဖြစ်သည်။)

အရည၀ါသီပွဲကျောင်း
အရည၀ါသီပွဲကျောင်းသည် တောကိုအခြေခံသဖြင့် နက္ခတ်ဗေဒင်ပညာ၊ နက္ခတ်အမြင်၊ တောထဲတွင်ရှိသည့် သစ်မြစ်၊ သစ်ဥတို့ဖြင့် ရောဂါများကိုကုသသည့် ဆေးပညာများ တော၏ ပရိယာယ်၊ တော၏မာယာတို့ အကြောင်း၊ သစ်ပင်တို့အကြောင်း၊ သစ်ပင်တက်နည်း၊ သစ်ပင်တွင်လင့်စင်ထိုးနည်း၊ ထောင်ချောက်ဆင်နည်း တို့ကိုအဓိကထားသင်ကြားသည်။ သိုင်းပညာရပ်တွင်လည်း ရုပ်ပိုင်းဆိုင်ရာထက် ရန်သူ၏ အားသာချက်၊ အားနည်းချက် အလေ့အကျင့်တို့ကို သိအောင်သင်ကြားပေးသည်။ ထို့အပြင် ရန်သူအား ဥာဏ်ကိုသုံး၍ တိုက်ခိုက်တတ်အောင်သင်ကြားရသည်။ အဘယ်ကြောင့် ထိုသို့ သင်ရခြင်းဟူမူ လူသည်ဘယ်လောက်မာမာ ဆင်လောက်မမာနိုင်ပါ။ ထိုသို့ ဆင် ကဲ့သို့သော် ရန်သူကို ခွန်အားနှင့်အနိုင်ယူ၍မရပါ ဥာဏ်နှင့်သာ အနိုင်ယူ တိုက်ခိုက်နိုင်သည်။ ပင်းယခေတ်မှစ၍ ပွဲကျောင်းများသည် အရည၀ါသီပညာရပ်များကို သာသင်ကြားပေးခဲ့သည်။ ဂါမ၀ါသီပွဲကျောင်းပညာရပ် များကို သင်ကြားခြင်းမပြုတော့ပါ။ ယနေ့တွင် ဂါမ၀ါသီပွဲကျောင်းမှပညာရပ်များ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

အဆင့်သတ်မှတ်ပုံ
ပွဲကျောင်းသိုင်းပညာတွင် ခါးပတ်ဖြင့်သတ်မှတ်ခြင်းမရှိပါ၊ အဆင့် ၅ ဆင့်ဖြင့် ခွဲခြားထားသည်။ ပွဲကျောင်းသားတစ်ဦးသည် အခြေခံပထမအဆင့်အနေဖြင့် ၀ိုင်းဝင်၊ ၀ိုင်းထွက်ဖြေရသည်။
၃ ယောက်ဝိုင်းအောင်မှ ၅ ယောက်ဝိုင်းဖြေရသည်။ ထိုအဆင့်အောင်ပါက အခြေခံအဆင့်အောင်မြင်ပြီဟု သတ်မှတ် သည်။ ခန်းဝင်၊ ခန်းထွက် (လူ ၁၂ ယောက်) အောင်ပါက ဒုတိယအဆင့်ကျောင်းသားဟု သတ်မှတ်သည်။ ရွာဝင်၊ ရွာထွက် (လူအယောက် ၅၀ ) အောင်ပါက တတိယအဆင့် ကျောင်းသားဟု သတ်မှတ် ခံရသည်။ မြို့ ဝင်၊ မြို့ ထွက် (လူအယောက် ၁၀၀) ကိုအောင်မြင်ပါက စတုတ္ထအဆင့် အဖြစ်သတ်မှတ်သည်။ တောဝင်၊ တောထွက် (တောတစ်ခုထဲတွင် အချိန် ၃ လ မှ ၆ လ) နေထိုင်၍ အန္တရာယ်များအားလုံးကို ကျော်လွှားနိုင်ပါက တ်ပဉ္စမအဆင့်သတ်မှသည်။ ထိုအဆင့်ကို ရသေ့၊ ရဟန်းများသာ အောင်မြင်ကြသည်။ လူပုဂ္ဂိုလ်ထဲမှအောင်မြင်သူအလွန်နည်းပါသည်။
ပုဂံခေတ် ပွဲကျောင်းတွေရဲ့သမိုင်းဟာ ဝိဝါဒကွဲပြားတာတွေရှိနေတာကြောင့် ဖတ်မိတာလေးပြောရမှာတောင်ခပ်လန့်လန့်ဖြစ်ရပါတယ် ။ ဒေါက်တာသန်းထွန်းက ပုဂံခေတ်အရည်းတွေနဲ့ပါတ်သတ်ပြီး
-အရည်းကြီးဂိုဏ်းဟာ လူအများ ပြောသလောက်မဆိုး၊ အရည၀ါသီတွေဖြစ်တယ်။

-အရည်းကြီးကို ဘယ်ပုဂံမင်းကမှ မနှိပ်ကွပ်။

-”ပန်းဦးလွှတ်” တယ်ဆိုတဲ့ စကား ကျောက်စာမှာ မတွေ့ (the right of first wedding-night ဆိုတာ အလယ်ခေတ် ဥရောပတချို့နိုင်ငံတွေမှာတော့ ရှိတယ်။ )

-ပုဂံခေတ်နောက်ပိုင်းနဲ့ ပုဂံပျက်တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ (အရည်းကြီးတွေဟာ) ခေါင်းဆောင် တွေဖြစ်တယ်။

-ဓမ္မစေတီခေါ် ရာမာဓိပတိလက်ထက် အေဒီ ၁၄၈၈ မှာ ရှင်ဘုရင်က အာဏာစက်နဲ့ အားပေးလို့ သီဟိုဠ်ပြန် ဘုန်းကြီး တွေ အနိုင်ရပြီး အရည်းကြီးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ ဖြစ်တယ်။

-ဒါကြောင့် ၁၆ ရာစုနှစ်မှာ ရေးတဲ့ ရာဇ၀င်တွေမှာ မလိုလား တဲ့ အရည်းကြီးတွေကို အင်မတန်အဆိုးဖြစ်အောင် ရေးကြတာ ဖြစ်တယ်။

-အရည်းကြီးတွေကို အပြစ်ပြောမယ်ဆိုရင် ပြောစရာ တစ် ချက်ပဲရှိတယ်။ စိုက်ပျိုးဖို့ မြေယာတွေ ၀ယ်ယူပြီးရင် ‘သေသားစားသောက်ပွဲ’ ကျင်းပတာပဲ။ တခြား အပြစ်ပြောစရာ ဘာမှ မတွေ့ရ။
လို့ပြောဖူးကြောင်းမှတ်သားဖူးသလို ….
အနော်ရထာမင်းက အရည်းတွေကိုနှိမ်နှင်းခဲ့ကြောင်းသက်သေ သက္ကာရနဲ့ပြောကြရေးကြတာလည်းမနည်းမို့..
အနော်ရထာမင်းစော အရည်းတွေကိုနှိမ်တဲ့အယူအဆနဲ့ပဲပြန်ကောက်ရရင် –

အနော်ရထာမင်းသည်ရှင်အရဟံ(ဓမ္မဒဿီ) မထေရ်မြတ် နှင့် တွေ့၍ ထေရ၀ါဒဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ပြီးနောက် ထိုအရည်းကြီးတို့အား နှိမ်နင်းခဲ့ပါသည်။ ငယ်ရွယ်သော အရည်း ကြီးတို့ကိုလူဝတ်လဲစေပြီး ဆင်ထိန်း၊ မြင်းထိန်းပြုလုပ် စေသည်။ အသက်အရွယ်ကြီးကုန်သော အရည်းကြီးတို့ကိုမူ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။

အရည်းကြီးအချို့သည်ရှမ်းပြည်နယ်ဘက်သို့ထွက်ပြေးကြကုန်၏တချို့မှာပုပ္ပားတောင်ခြေတစ်ဝိုက်၌ လည်းကောင်း၊ ပုဂံအနီး သမထီးရွာ၌လည်းကောင်း ခိုအောင်းနေကြပါသည်။

ဤသို့နှိမ်နင်းခဲ့ပါသော်လည်း အရည်းကြီးတို့သည် လုံးလုံး လျားလျား ပျောက်ကွယ်မသွား။ ခေတ္တတိမ် -ငုပ်သွားခြင်း မျိုးသာ ဖြစ်လေသည်။ ကျန်စစ်မင်းကြီးသည် ငရမန်ကန်းရန်ကို ခုခံကာကွယ်ရာ၌ ပုပ္ပားအရပ်၊ သမထီးအရပ်မှ အရည်းကြီးများ ကိုပြန်လည်ခေါ်ယူ၍ အကူအညီတောင်းရခြင်းက သက်သေ ပြနေပါသည်။

ထိုအရည်းကြီး အဆက်အနွယ်တို့သည် ပုဂံမင်းဆက် နရပတိစည်သူမင်းလက်ထက် နောက်ပိုင်းတွင် ပြန်လည် အင်အားကောင်းလာပါသည်။ တောကျောင်းဂိုဏ်းဟုပင် ဂိုဏ်းသီးခြား ခွဲထောင်ကြကုန်၏။
တောကျောင်းဂိုဏ်းသားတို့သည် နေ့ညမဟူအမဲသား၊ ငါးစား ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ အိန္ဒိယ တန္တရ၀ါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သောနတ်ဘုရား၊ နတ်ဘုရားမ(သူရဿတီ) ပူဇော်ခြင်း၊ မန္တန်ရွတ်ခြင်း၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့စီရင်ခြင်း စသည့်ဂန္ဓာရီကျင့်စဉ်များကို အကောင် အထည်ဖော်ခဲ့ကြသည်။

ဂိုဏ်းသားတို့၏ ၀တ်စားဆင်ယင်ပုံမှာတမုတ်ဆိုး၊ တိန်းညက် ဆိုး၊ ပေါက်ပွင့်ဆိုး၊ နနွင်းဆိုးတို့ကိုဝတ် ဆင်ကြသည်။ ခြေနင်းဦး လန်စီးသည်။ ဖော့နားတောင်းတပ်သည်၊ နားပန်းဆံထားသည်။ ဦးထုပ်ဖျား၌မြွေစိမ်း ခေါင်း၊ မိုးကြိုးသွား၊ စွန်းမြီး၊ လင်းနို့တောင်၊ ဆွမ်းကော်ယောက်မတို့ကိုတပ်ဆင်ကြသည်။ ဦးထုပ်ဒေါက်ချာ များ ကိုဆောင်းကြသည်။
ဂိုဏ်းတည်ထောင်သူမှာ ရှင်ကဿပဖြစ်သည်။ ရှင်ကဿပ သည် အနိမ့်တောကျောင်းမှနေ၍ အရည်းကြီး ၀ါဒများကို ပြန့်ပွားအောင် ပြန်လည်တည်ထောင်သူ ဖြစ်သည်။
ရှင်ကဿပ မရှိသည့်နောက်၌လည်း တပည့်များက ဆက်လက် ဆောင်ရွက်ကြသောကြောင့် ပုဂံခေတ် ကုန်ခါနီးတွင် တော ကျောင်းဂိုဏ်း အထွတ်အထိပ်သို့ရောက်ခဲ့သည်။
ပင်းယခေတ် သက္ကရာဇ်၇၀၂-ခုနှစ်၊ ဥဇနာမင်းလက်ထက်တွင်
ထို ဂိုဏ်းမှ ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းကို အတုလိုက်၍လောကီအတတ်ပညာများဖြစ်သောဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ ဆင်စီး၊ စစ်ဆင်မှု၊ စက်သွင်းလှဲထိုး စသည် များ သင်းကြားပေးကြကုန်၏။
ထို ကျောင်းသို့ ကလေးလူကြီး များစွာဝင်ထွက်သွား လာကြသည် ဖြစ်ရာပွဲတမျှစည်ကား သည်ကိုရည်ရွယ်၍ “ပွဲကျောင်း” ဟုခေါ်ဆိုကြသည်။ ထို့နောက်ကျောင်းများ၊ သံဃာ များ တိုးတက်များပြား လာသောအခါ ပွဲကျောင်းဂိုဏ်း ဟု ခေါ်တွင် ထင်ရှားလာပေသည်။
ညောင်ရမ်းခေတ် နောက်ဆုံးမင်းဖြစ်သော ဟံသာဝတီရောက် မင်းလက်ထက်တွင် ရွှေစေတီ ဆေးရေးကျောင်းနေ ဥာဏသာဂရမည်သော ရဟန်းကို နန်းတော်သို့ မပြတ်ပင့်၍ အဝင်အထွက်များသည့်အတွက် မင်းဧကရာဇ်မှူးတော် မတ်တော်တို့နှင့် အကျွမ်းတဝင်ရှိသည်။ သေရည်ကိုများစွာသောက်စား၍ မူးယစ်လာလျှင် ဟစ်ကြွေး ကြော်ငြာကခုန်သည်။ လူမှူးမတ်ကဲ့သို့ ပြုမူသည်။ ဟံသာဝတီရောက်မင်းက ရှင်ဥာဏသာဂရကို ဘွဲ့တံဆိပ်များ ဆက်ကပ်ရာ ဓမဟာဥာဏသာဂရကို မဟာဥာဏသာဂရ သဒ္ဓမ္မဂုရု၊ ” မဟာသမဏ မင်းပျံချီ” ၊ “ဗေဒင်ပညာ ငါသာထိပ်မိုး အခေါင်စိုး”၊ “မင်းကြီး ကျော်ဟိုး မင်းခေါင်မိုး”၊ “ခေါင်မိုး ဆရာတော်”၊ “မဟာဇိနာဘိသေကအတုလစိန္တေယျံ”၊ လောကခေါင်မိုး၊ “တန်ခိုးတေဇာ ကြေညာသိမ်းယူ ဘုန်းညွန့်လူ” ဟူသော ဘွဲ့များဖြစ်သည်။ ရွှေ ဦးထုပ် ရွှေသင်္ကန်းလည်း ပေးတော်မူသည်။ အရက်မူးယစ်၍ နန်းတော်မှ ပြန်မကြွနိုင်လျှင် ဝေါနှင့် ပို့သည့်အခါ ပို့ရသည်။ ဆင်နှင့်ပို့သည့်အခါ ပို့ရသည်တို့အကြောင်းကို အတွင်းဝန် လက်ဝဲနော်ရထာစီရင်သော အလောင်းမင်းတရားကြီး အရေးတော်ပုံတွင်တွေ့ရကြောင်း လှေ သင်းအတွင်းဝန် မဟာဇေယျ သင်္ခယာက တဇ္ဇတ္ထဒီပနီတွင် ဖော်ပြထားပါသည်။ ထို့ကြောင့် ထန်းရည် ခါးပင်ချ၊ ချဉ်ပြုံးပြုံးကို ရဟန်းကြီးကြိုကဟူ၍ ယခုတိုင် ခေါ်ဆောင်ကြသော ထုံးစံရှိကြောင်းလည်း ဖော်ပြသည်။
ဆက်စပ်နှီးနွှယ် မှတ်တမ်းတစ်ခုကိုလည်း ဖော်ပြလိုပါသည်။ အင်းဝခေတ်တွင် ထင်ရှားသော “ပေလေး ပင်ရှင်လေးပါး” အပါအဝင် ရှင်ဥတ္တမကျော် အကြောင်းဖြစ်သည်။ ရှင်ဥတ္တမကျော်ဆိုလျှင် တောလား ရေးဖွဲ့သော စာဆိုအဖြစ်အများ သိကြသည်။ ငယ်စဉ်ကပင် ဥာဏ်ရည်ထက်မြက်၍ စာပေကျမ်းဂန် တတ်မြောက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြချက်ရှိသည်။ တဇ္ဇတ္ထဒီ ပနီတွင် ရှင်ဥတ္တမကျော်နှင့်ပတ်သက်၍ ထူးခြားသော မှတ်ချက်တစ်ခုကို စိတ်ဝင်စားဖွယ် တွေ့ရသည်။ ” ရှင်ဥတ္တမကျော်မှာ ရဟန်းသာမဏေတို့ စာပေသင်လို၍ စာဝါတောင်းလာလျှင် အရက်တစ်ပုလင်းနှင့် ကြက်တစ်ခုပါမှ စာဝါပေးကြောင်းကိုလည်း စာဟောင်းအမှတ် အသားနှင့် ပြောသည့်စကား ယခုတိုင်ရှိသည်” ဟူသော မှတ်ချက်ဖြစ်ပါသည်။ ကျမ်းပြုသူ လှေသင်းအတွင်းဝန်သည်၊ မုံရွေးဆရာတော် ၏ တပည့်ရင်းဖြစ်ပြီး စာပေကျမ်းဂန်များ ပြုစုသည့် ပညာရှင်တစ်ဦးဖြစ်သည်။ မုံရွေးဆရာတော်အပါအဝင် ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ ပြောဆို ချက်များကိုလည်း အလေးအနက် မှတ်တမ်းတင်ထားလေ့ရှိသူဖြစ်သည်။ ထို့ကြောင့် လှေသင်းအတွင်းဝန် မှတ် တမ်းတင်ထားသောအကြောင်းအရာများသည် ဂရုပြုမှတ်သားဖွယ်၊ အသိအမြင်တိုးပွားဖွယ်အကြောင်းအရာများဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်၌ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။
ဘိုးတော်ဘုရားသည် ထိုပွဲကျောင်းဂိုဏ်းက သင်ပေးသော ပညာဖြင့် နိုင်ငံတော်ကို ပုန်ကန်သည်ဟု အကြောင်းပြ၍ ဖျက်သိမ်းခြင်းဖြစ်သည်။ သို့သော်ပြည်သူနှင့် ရဟန်းသံဃာ တချို့မကျေနပ်မှုများ ပေါ်ပေါက်လာ သဖြင့်ပြန်လည်ဖွင့်လှစ် ရန်ခွင့်ပြုရသည်။ ပွဲကျောင်း အများအပြား ပျက်စီးကုန်ပြီဖြစ် ရကား အချို့လောက်သာ ဖွင့်လှစ်နိုင်တော့သည်။

ထိုပွဲကျောင်းများ ပြန်လည်စည်ကားစပြုချိန်မှာ မင်းတုန်းမင်းနန်း တက်ချိန်ဖြစ်သည်။ သက္ကရာဇ်၁၂၁၇- ခုနှစ်တွင် မင်းတုန်းမင်း သည်ပွဲကျောင်းများကိုလုံးဝဖျက်သိမ်းလိုက်သည်။ ကိုလိုနီခေတ်တလျှောက်တွင်လည်း အင်္ဂလိပ်အစိုးရက သိုင်းပညာသင်ယူခြင်းကိုဖိနှိပ်ခဲ့သောကြောင့်ပွဲကျောင်း ရိုးရာနဲ့သိုင်းပညာသည်လည်း နလံမထူသလောက်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ပွဲကျောင်းများ နှင့်ပွဲကျောင်းပညာရပ်များသည်လည်း မီးခဲပါဖုံးဘဝရောက်ရတော့သည်။
ယခင်လအတွင်း online media တွင်ရေပန်းစားခဲ့သော ကရင်ပြည်နယ်မှ တလာခုံး(တလာကူ) ရသေ့တွေဟာ ပွဲကျောင်းဂိုဏ်းအဆက်အနွယ်တွေဖြစ်နိုင်လား ၊ မဖြစ်နိုင်လား သုံးသပ်ကြည့်ပါအုံး ခင်ဗျာ ။

အချက်အလက်များကို
ဒေါက်တာသန်းထွန်း၏
-မြန်မာထွေထွေရာရာသမိုင်း
-မြန်မာ့ ထီးမူနန်းရာ
-အမိန့်တော်ပေါင်းချုပ်
-ပုဂံလွန် နှစ်တစ်ရာ
-တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ
-နယ်လှည့်ရာဇဝင် ပ-ဒု-တ တွဲ ၊

တကောင်း -သရေခေတ္တရာ – ပုဂံ – အင်းဝ- အမရပူရ – မန္တလေး နှင့် ခေတ်သစ် ၊ဆင်ယင်ထုံးဖွဲ့မှု- ရွှေကိုင်းသား
နှစ် ၆၀၀ ပြည့် အင်းဝ၊ အင်းဝခေတ်ပြန်လည်သုံးသပ်ချက် ၊ ရွှေကိုင်းသား

ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ၊ ဦးမောင်မောင်တင်၊

ကုန်းဘောင်ခေတ် စစ်တမ်းများ ၊ ဒေါက်တာရီရီ ။
-မြန်မာ့ရက်စဉ်သမိုင်း ပ-ဒု-တ တွဲ၊
ဓနုဖြူမောင်ခင်မင်၏.. ဘုရားထီးတင်မည်ဆိုသောကိုရင် ဆောင်းပါး
များနှင့်အခြားသိုင်း၊လောကီရေးရာစာစုများမှ
ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Creditဗဟုသုတအဖြာဖြာ

Pyidaungsu Font Download One Click installer

🇲
1⃣ One Click installer ယူရန် ( Font, Keyboard နွင့် စာရိုက္နည်း ပါဝင်ပါတယ် )
👉 www.unicodetoday.org
➖➖➖➖➖➖➖➖➖➖➖
2⃣ Font သီးသန့် ယူရန်
👉 www.unicodetoday.org/fonts-download/
➖➖➖➖➖➖➖➖➖➖➖
3⃣ Keyboard သီးသန့် ယူရန်
👉 www.unicodetoday.org/keyboards-download/

အဆင်ပြေကြပါစေ

Creditပေးပါတယ်

ONE LIFE, MANY MEMORIES Myanmar Zip Code မြန်မာနိုင်ငံ၏ Zip Code ( Postal Code )

ONE LIFE, MANY MEMORIES
Myanmar Zip Code မြန်မာနိုင်ငံ၏ Zip Code ( Postal Code )များကိုဖော်ပြပေးလိုက်ပါတယ်

(၁) တိုင်းဒေကြီး များ၏ Postal Code များ

ဧရာဝတီတိုင်းဒေသကြီး
(၁) ဟင်္သာတခရိုင်
Hinthada ( ဟင်္သာတ) 170201
Ingapu ( အင်္ဂပူ) 170206
Kyangin ( ကြံခင်း )170205
Lemyethna 170203
Myanaung ( မြန်အောင်) 170204
Zalun ( ဇလွန်) 170202

(၂) လပွတ္တာခရိုင်
Labutta ( လပွတ္တာ )170303
Mawlamyinegyun ( မော်လမြိုင်ကျွန်း ) 170305

(၃)မအူပင်ခရိုင် Danubyu ( ဓနုဖြူ )170404 Maubin ( မအူပင် )170401 Nyaungdon ( ညောင်တုန်း )170403 Pantanaw (ပန်းတနော် ) 170402

(၄)မြောင်းမြခရိုင်
Einme ( အိမ့်မဲ့ ) 170302
Myaungmya (မြောင်းမြ )170301
Wakema (ဝါးခယ်မ)170304

(၅) ပုသိမ်ခရိုင်
Kangyidaunt (ကန်ကြီးထောင့်)170102
Kyaunggon (ကျောင်းကုန်း)170107
Kyonpyaw (ကျုံပျော်)170105
Ngapudaw ( ငပုတော) 170104
Pathein ( ပုသိမ် )170101
Thabaung (သာပေါင်း )170103
Yegyi (ရေကြည်) 170106

(၆) ဖျာပုံခရိုင်
Bogale ( ဘိုကလေး )170502
Dedaye (ဒေးဒရဲ) 170504
Kyaiklat (ကျိုက်လတ်)170503
Pyapon (ဖျာပုံ ) 170501

ပဲခူးတိုင်းဒေသကြီး

(၁) ပဲခူးခရိုင်
Bago ( ပဲခူး ) 70101
Daik-U ( ဒိုက်ဦး ) 70107
Kawa 70103
Kyauktaga (ကျောက်တံခါး )70106
Nyaunglebin ( ညောင်လေးပင်) 70105
Shwegyin ( ရွှေကျင် )70108
Thanatpin ( သနပ်ပင် )70102
Waw ( ဝေါ) 70104

(၂) ပြည်ခရိုင်
Padaung ( ပတောင်း ) 80103
Paukkhaung ( ပေါက်ခေါင်း ) 80102
Paungde (ပေါင်းတည် ) 80104
Pyay ( ပြည် ) 80101
Shwedaung ( ရွှေတောင် ) 80106
Thegon ( သဲကုန်း ) 80105

(၃) တောင်ငူခရိုင်
Htantabin ( ထန်းတပင် ) 70206
Kyaukkyi ( ကျောက်ကြီး ) 70203
Oktwin ( အုတ်တွင်း ) 70205
Phyu ( ဖြူး ) 70204
Taungoo ( တောင်ငူ ) 70201
Yedashe ( ရေတာရှည် ) 70202

(၄) သာယာဝတီခရိုင်
Gyobingauk ( ကြို့ပင်ကောက် ) 80208
Letpadan ( လက်ပံတန်း) 80202
Minhla ( မင်းလှ ) 80203
Monyo 80207
Nattalin ( နတ်တလင်း ) 80206
Okpho ( အုတ်ဖို ) 80204
Thayarwady ( သာယာဝတီ ) 80201
Zigon ( ဇီးကုန်း) 80205

မကွေးတိုင်းဒေသကြီး

(၁) ကန့်ကော်ခရိုင်
Gangaw ( ကန့်ကော်) 90501
Saw 90503
Tilin (ထီးလင်း )90502

(၂) မကွေးခရိုင် Chauk ( ချောက် ) 90103
Magway ( မကွေး ) 90101
Myothit ( မြို့သစ် ) 90105
Natmauk ( နတ်မောက် ) 90106
Taungdwingyi ( တောင်တွင်းကြီး ) 90104 Yenangyaung ( ရေနံချောင်း ) 90102

(၃) မင်းဘူးခရိုင်
Minbu ( မင်းဘူး ) 90201
Ngaphe ( ငဖဲ ) 90203
Pwinbyu 90202
Salin ( စလင်း ) 90204
Sidoktaya 90205

(၄) ပခုက္ကူ ခရိုင်
Myaing ( မြိုင် ) 90403
Pakokku ( ပခုက္ကု ) 90401
Pauk ( ပေါက် ) 90404
Seikphyu ( ဆိတ်ဖြူ) 90405
Yesagyo ( ရေစကြို ) 90402

(၅) သရက်ခရိုင်
Aunglan ( အောင်လံ) 90305
Kamma ( ကံမ ) 90304
Mindon ( မင်းတုန်း ) 90303
Minhla ( မင်းလှ ) 90302
Sinbaungwe ( ဆင်ပေါင်ဝဲ ) 90306
Thayet ( သရက်မြို့ ) 90301

မန္တလေး တိုင်းဒေသကြီး

(၁) ကျောက်ဆည်ခရိုင်
Kyaukse ( ကျောက်ဆည် ) 100301
Myittha (မြစ်သာ ) 100303
Sintgaing ( စဉ့်ကိုင် ) 100302
Tada-U ( တံတာဦး ) 100304

(၂) မန္တလေးခရိုင်
Amarapura ( အမရပူရ ) 100106
Aungmyaythazan ( အောင်မြေသာဇံ ) 100101 Chanayethazan ( ချမ်းအေးသာဇံ ) 100102 Chanmyathazi ( ချမ်းမြသာစည် ) 100104 Mahaaungmyay ( မဟာအောင်မြေ ) 100103 Patheingyi ( ပုသိမ်ကြီး ) 100107 Pyigyitagon ( ပြည်ကြီးတံခွန် ) 100105

(၃) မိတ္တီလာခရိုင် Mahlaing ( မလှိုင် ) 100702 Meiktila ( မိတ္တီလာ ) 100701 Thazi ( သာစည် ) 100703 Wundwin ( ဝမ်းတွင်း ) 100704

(၄) မြင်းခြံခရိုင် Kyaukpadaung ( ကျောက်ပန်းတောင်း ) 100404 Myingyan ( မြင်းခြံ ) 100401 Natogyi ( နွားထိုးကြီး ) 100403 Ngazun 100405 Taungtha ( တောင်သာ ) 100402

(၅) နေပြည်တော်ခရိုင် Lewe ( လယ်ဝေး ) 100605 Pyinmana ( ပျဉ်းမနား )100604 Tatkon ( တပ်ကုန်း) 100603

(၆) ညောင်ဦးခရိုင် Nyaung-U ( ညောင်ဦး ) 100501

(၇) ပြင်ဦးလွင်ခရိုင် Madaya 100202 Mogoke ( မိုးကုတ် ) 100204 Pyinoolwin ( ပြင်ဦးလွင် ) 100201 Singu ( စဉ့်ကူး ) 100203 Thabeikkyin ( သပိတ်ကျင်း ) 100205

(၈) ရမည်းသင်းခရိုင် Pyawbwe ( ပျော်ဘွယ် ) 100602 Yamethin ( ရမည်းသင်း ) 100601

စစ်ကိုင်းတိုင်းဒေသကြီး

(၁) ခန္တီးခရိုင် Hkamti ( ခန္တီး ) 50801 Homalin ( ဟုမ္မလင်း ) 50802 Lahe 50804 Lay Shi 50803 Nanyun 50805

(၂) ကလေးခရိုင် Kale ( ကလေး ) 50501 Kalewa ( ကလေးဝ ) 50502 Mingin 50503

(၃) ကသာခရိုင် Banmauk 50404 Indaw ( အင်းတော်) 50402 Katha ( ကသာ ) 50401 Kawlin ( ကောလင်း ) 50405 Pinlebu ( ပင်လဲဖြု ) 50407 Tigyaing 50403 Wuntho ( ဝက်ထို ) 50406

(၄) Mawlaik ခရိုင် Mawlaik 50701 Paungbyin 50702

(၅) မုံရွာခရိုင် Ayadaw ( အရာတော် ) 50303 Budalin ( ဘုတလင် ) 50302 Chaung-U ( ချောင်းဦး ) 50304 Kani 50306 Monywa ( မုံရွာ ) 50301 Pale 50308 Salingyi ( ဆားလင်းကြီး ) 50307 Yinmabin ( ယင်းမာပင် )50305

(၆) စစ်ကိုင်းခရိုင် Myaung 50103 Myinmu ( မြင်းမူ ) 50102 Sagaing ( စစ်ကိုင်း ) 50101

(၇) ရွှေဘိုခရိုင် Kanbalu ( ကန့်ဘလူ ) 50204 Khin-U ( ခင်ဦး ) 50202 Kyunhla ( ကျွန်းလှ ) 50205 Shwebo ( ရွှေဘို ) 50201 Tabayin ( ဒီပဲယင်း ) 50207 Taze ( တန့်ဆည် ) 50208 Wetlet ( ဝက်လက် ) 50203 Ye-U ( ရေဦး ) 50206

(၈) တမူးခရိုင် Tamu ( တမူး ) 50601

တနင်္သာရီတိုင်းဒေသကြီး

(၁) ထားဝယ်ခရိုင် Dawei 60101 Launglon 60102 Thayetchaung 60103 Yebyu 60104

(၂) ကော့သောင်းခရိုင် Bokpyin ( ဘုတ်ပြင်း ) 60302 Kawthoung ( ကော့သောင်း ) 60301

(၃) မြိတ်ခရိုင် Kyunsu ( ကျွန်းစု ) 60201 Myeik ( မြိတ် ) 60202 Palaw ( ပလော ) 60203 Tanintharyi ( တနင်္သာရီ ) 60204

ရန်ကုန်တိုင်းဒေသကြီး

(၁) ရန်ကုန်အရှေ့ပိုင်းခရိုင် Botahtaung ( ဗိုလ်တထောင် ) 130209 Dagon Myothit (East) ( ဒဂုံမြို့သစ် ( အရှေ့ ) 130212 Dagon Myothit (North) ( ဒဂုံမြို့သစ် ( တောင် ) 130211 Dagon Myothit (Seikkan) ( ဒဂုံမြို့သစ် ( ဆိပ်ကမ်း) 130213 Dagon Myothit (South) ( ဒဂုံမြို့သစ် ( မြောက် ) 130210 Dawbon ( ဒေါပုံ ) 130206 Mingalar Taung Nyunt ( မင်္ဂလာတောင်ညွန့် ) 130214 North Okkalapa ( တောင်ဥက္ကလာပ ) 130204 Pazundaung ( ပုဇွန်တောင် ) 130208 South Okkalapa ( မြောက်ဥက္ကလာပ ) 130203 Tamwe ( တာမွေ ) 130207 Thaketa ( သာကေတ ) 130205 Thingangyun ( သင်္ဃန်းကျွန်း ) 130201 Yankin ( ရန်ကင်း ) 130202

(၂) ရန်ကုန်အနောက်ပိုင်းခရိုင်
Ahlone ( အလုံ ) 130405
Bahan ( ဗဟန်း ) 130412
Dagon ( ဒဂုန် ) 130411
Hlaing ( လှိုင် ) 130408
Kamayut ( ကမာရွတ် )130409
Kyauktada ( ကျောက်တံတား ) 130401

Kyeemyindaing ( ကြည့်မြင်တိုင် ) 130406

Lanmadaw ( လမ်းမတော် )130403
Latha ( လသာ ) 130404
Mayangone ( မြေနီကုန်း ) 130410
Pabedan ( ပန်းဘဲတန်း ) 130402
Sanchaung ( စမ်းချောင်း ) 130407
Seikkan ( ဆိပ်ကမ်း ) 130413

(၃) ရန်ကုန်တောင်ပိုင်းခရိုင်
Hlaing Thar Yar ( လွိုင်သာယာ )130108
Hlegu ( လှည်းကူး ) 130104
Hmawbi ( မှော်ဘီ ) 130103
Htantabin ( ထန်းတပင် ) 130106
Insein ( အင်းစိန် ) 130101
Mingaladon ( မဂင်္လာဒုံ ) 130102
Shwe Pyi Thar ( ရျွှေပည်သာ ) 130107
Taikkyi ( တိုက်ကြီး ) 130105

(၄) ရန်ကုန်မြောက်ပိုင်းခရိုင်
Cocokyun 130310
Dala ( ဒလ ) 130308
Kawhmu ( ကော့မွူး ) 130306
Kayan ( ခရမ်း ) 130304
Kungyangon ( ကွမ်းခြံကုန်း) 130307
Kyauktan ( ကျောက်တန်း ) 130302

Seikgyikanaungto ( ဆိတ်ကြီးခနောင်တို ) 130309

Thanlyin ( သံလျင် ) 130301
Thongwa (သုံးခွ ) 130303
Twantay ( တွံတေး ) 130305
Credit By: Zin Ko Aung

Command Prompt(Cmd) ဖြင့် Partition ပိုင်းနည်း

Command Prompt(Cmd) ဖြင့် Partition ပိုင်းနည်း တင်ပေးပါလို့ ပြောနေတဲ့ မိတ်ဆွေများအတွက်

က

ွန်ပျူတာကို Super User,Advanced User အဖြစ်အသုံးပြုဖို့
စိတ်ကူးထားသူတွေအတွက် Cmd ကနေ Partition ပိုင်းနည်းလေး
ရေးတင်ပေးလိုက်ပါတယ်။ပုံမှန်လို Graphic User Interface(GUI)
ကနေ Partition ပိုင်းနည်းကတော့ ကွန်ပျူတာနဲ့မစိမ်းသူတိုင်း ပိုင်း
တတ်မယ်လို့ထင်ပါတယ်။ Run Box မှာ diskmgmt.msc ကိုရိုက်
ထည့်၊ သို့မဟုတ် Computer-Thic PC ကို Right Click\Manage\
Disk Management ထဲကိုနှိပ်ဝင်ပြီး ခွဲချင်သည့် Partition အပေါ်
Right Click\Shrink Volume\ ပိုင်းချင်သလောက် Size ထည့်ပေး၊
Next နှိပ်၊ Drive နာမည်ပေးပြီး ပိုင်းနိုင်ပါတယ်။

Partition ပိုင်းတာကို Super User,Advanced User အနေဖြင့်
ပိုင်းချင်တယ်ဆိုရင် Run Box မှာ Cmd ကိုရိုက်ထည့်ပြီးCmd ကို
Admin Right နဲ့ဖွင့်ဖို့ OK ကိုမနှိပ်သေးပဲ Ctrl+Shift+Enter ကို
တွဲနှိပ်လိုက်ပါ။ သို့မဟုတ် Search box မှာ cmd ကို ရိုက်ရှာ၊
Right Click\Run As Admin ကို နှိပ်ဖွင့်ပါ။ ကွန်ပျူတာမှာ Drive,
Partition ဘယ်နှစ်ခုရှိလဲကြည့်ဖို့၊စစ်ဆေးဖို့ Cmd Prompt မှာ
diskpart ကို ရိုက်ထည့်ပါ။ ပြီးရင် list volume ကို ရိုက်ထည့်ပါ။
External HDD ကို ပိုင်းချင်တယ်ဆိုရင် list volume ကို မရိုက်
ထည့်သေးပဲ list disk ကို အရင်ထည့်ကြည့်ပါ။ Internal &
External HDD နှစ်ခု တွေ့ရပါမယ်။ ဒီနေရာမှာ စဉ်းစားစရာ
တစ်ခုရှိတာက HDD တစ်ခုလုံးထဲကနေ ပိုင်းမှာလား၊ HDD မှာ
ရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေပြန်ပိုင်းမှာလား။

HDD တစ်ခုလုံးထဲကနေ ပိုင်းမယ်ဆိုရင် ပိုင်းချင်တဲ့ HDD ကိုရွေးရမယ်။
အဲ့ဒါကြောင့် list disk ကိုရိုက်ထည့်ပြီး ပိုင်းချင်တဲ့ disk နံပါတ်ကို မှတ်ထားပါ။
နောက်တစ်ကြောင်းမှာ select disk 1 ကို ရိုက်ထည့်ပါ။ (1) နေရာမှာ ပိုင်း
ချင်တဲ့ disk နံပါတ်ကိုထည့်ပါ။ များသောအားဖြင့် HDD နှစ်ခု စက်မှာ တပ်
ထားတယ်ဆိုရင် Disk 0, Disk 1 လို့ပြပါတယ်။ ပိုင်းချင်တဲ့ disk ကို
ရွေးပြီးပြီဆိုရင် အောက်ပါ command ကို ရိုက်ထည့်ပါ။

create partition primary size=51300

1GB မှာ 1024 MB ရှိတာတော့ သိထားရမယ်။ အပေါ်မှာ ပြထားတဲ
51300 MB ဆိုရင် 50 GB ကျော်ဖြစ်သွားပါမယ်။ 50 GB ဆိုရင် 51200 MB
တိတိပါ။ ဒါပေမယ့် တကယ်တမ်း Partition ပိုင်းပြီးသွားတဲ့အခါမှာ 49.78 GB
လောက်ပဲ ထွက်လာပါမယ်။ အဲ့ဒါကြောင့် 50GB အတိကျ ပိုင်းချင်တယ်၊ဖြစ်ချင်တယ်
ဆိုရင် 100 MB ပိုထည့်ရမယ်။ ကိုယ်ပိုင်းချင်သလောက် MB Size ကိုရွေးထည့်ပါ။
ပိုင်းချင်တဲ့ GB Size ကို 1024 MB နဲ့ မြှောက်ပါ။ Partition ပိုင်းပြီးသွားပြီဆိုရင်
Drive Letter ပေးဖို့လိုပါတယ်။ Drive Letter မပေးခဲ့ရင် Unallocated ဖြစ်နေပြီး
Partition အနေနဲ့  Explorer မှာ ပေါ်လာမှာမဟုတ်ပါ။ နောက်ပြီးတော့ Drive Letter
ပေးထားရုံးတင်မဟုတ်သေးဘူး။ File System,Format Type တစ်မျိုးကို ရွေးချယ်
အသုံးပြုရမယ်။ အဲ့ဒါကြောင့် Drive Letter အရင်ပေးဖို့ အောက်ပါ Command ကို
ရိုက်ထည့်ပါ။ assign letter F (F)နေရာမှာ ပေးချင်တဲ့ Letter ပေးပါ။ Successfully
ဖြစ်သွားရင် နောက်တစ်ကြောင်းမှာ FORMAT FS=NTFS QUICK ကိုရိုက်ထည့်ပါ။
100% Completed Successfully ဖြစ်သွားရင် 50GB ကို F နာမည်နဲ့ပိုင်းပြီးသွားပါပြီ။

ပိုင်းပြီးသား Parition ကို ပြန်ဖျက်ချင်ရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
delete partition
ဒါဆိုရင်တော့ 50GB K ကို ဖျက်ပြီးသွားပါပြီ။

HDD မှာရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေ Extend Patition
ပိုင်းချင်တယ်ဆိုရင် Cmd Prompt မှာ diskpart ကိုရိုက်ထည့်ပါ။ ပြီးရင် list volume ကို
ရိုက်ထည့်ပါ။ အဲ့ဒီမှာ ဘယ် Partition,Drive တစ်ခုကို ထပ်ပိုင်းချင်သလဲ၊ ပိုင်းချင်တဲ့
Volume နံပါတ်ကိုမှတ်ထားပါ။ နောက်တစ်ကြောင်းမှာ select volume 3 ကိုရိုက်ထည့်ပါ။
(3) မှာ ပိုင်းချင်တဲ့ Volume No ကိုထည့်ပါ။ ပြီးရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
extend size=25700
50GB ထဲကနေ 25GB ထပ်ခွဲလိုက်တာပါ။ ပြီးသွားရင် list volume ကိုရိုက်ထည့်ကြည့်ပါ။
ပြီးသွားရင် ပိုင်းလိုက်တဲ့ အပိုင်းကို Select မှတ်၊ Drive Letter ပေးလိုက်ပါ။ Cmd ကနေ
Disk Managemet ဆိုင်ရာတွေ ဒီထက်မက များစွာကျန်ပါသေးတယ်။

Credit#NetComplus