ပုန်းမကြည်ရှင်မ ရိုးရာပွဲ (အညာဓလေ့)

.
ကျွန်တော်တို့အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည်တင်တဲ့ပွဲ ရှိပါတယ် တပေါင်းလဆန်း(၃)ရက်နေ့မှာ ပုန်းမကြည်(ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ကိုင်း၊ကျွန်းလုပ်တဲ့လူတွေတိုင်း ပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့
တောင်သူသုံးပစ္စည်း၊အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက် အစရှိတဲ့ဟာတွေကိုကြော်၊နောက်ပြီး
မုန့်ဆီကြော်ကိုကြော်၊ ငါးကြော် လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကို ပူဇော်ပသတဲ့နေ့ဖြစ်ပါတယ်။
.
ပုန်းမကြည်ရှင်မက စပါး၊ပဲ၊နှမ်း၊၀ါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့ နတ်လို့လည်း ယူဆကြပါတယ်“ တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ နယ်မြေဒေသကိုလိုက်ပြီးကွဲပြားမှုတွေလည်း
ရှိကောင်း ရှိမှာပါ။
.
လဆန်း(၁)ရက်နေ့လေတိုက်ရင် မိုးဦးကောင်းမယ်
လဆန်း(၂)ရက်နေ့လေတိုက်ရင်မိုးလယ်ကောင်းမယ်
လဆန်း(၃)ရက်နေ့လေတိုက်ရင် မိုးနှောင်းကောင်းမယ်
ဆိုပြီးတောသူ၊ တောင်သားတွေက မိုးလေ၀သကိုလည်း ခန့်မှန်းကြပါတယ်။
.
ကျွန်တော်တို့ဆီမှာ ကောက်ရိတ်ချိန်နဲ့ ပုန်းမကြည်ဆက်
စပ်ပုံကိုလည်း နည်းနည်းလောက်ပြောအုံးမယ်နော် လယ်
တစ်ခင်းရိတ်လို့ အဲဒီလယ်ခင်းထဲက စပါးပင်မှာ အရုပ်
(ပုန်းမကြည်ရုပ်)နဲ့တူတဲ့၊အဲဒီအရုပ်လေး ပါတဲ့စပါးပင်ကို
ရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင် စပါးတစ်ခွဲ(၈)ပြည် ပေးရပါတယ် အဲဒီအရုပ်လေးကို စပါးကြည်ထဲမှာထည့်ထားရင်
စီးပွားလာဘ်လာဘကောင်းတယ်၊ ဆန်ရေစပါးပေါများ
တယ်ဆိုတဲ့အယူအဆကြောင့်ပါ။
.
ပုန်းမကြည်နတ်တင်တဲ့အခါမှာတော့တင်တဲ့သူတွေက“
ဆန်မုန့်နဲ့ပြုလုပ်ထားတဲ့ဟာတွေကို တင်ပါတယ်၊ မြှောက်ပါတယ်..မုန့်ဆီကြော်လည်းပါပါတယ်၊
လ္ဘက်ဆီဆမ်းလည်းပါပါတယ် ၀ါးပါ၊ စားပါ၊ မြုံ့ပါ။ပြီးရင်လည်း မိုးသုံးချက်၊လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်းအောင်မြင်ဖြစ်ထွန်းအောင်မ,စပါပုန်းမကြည်အရှင်သခင်မ” ဆိုပြီး ဆုတွေတောင်းပါတော့တယ်။
.
ကျွန်တော်တို့ကတော့အရမ်းပျော်တာဗျ။နတ်တင်ပြီးချလာတဲ့မုန့်တွေကိုအ၀ အပြဲစားရလို့ပေါ့ မုန့်ဖြူကို ထန်းလျက်ရည်နဲ့တို့စားပါတယ် မုန့်ဆီကြော်ကိုတော့ဒီတိုင်းစားတာပေါ့။
.
ပုန်းမကြည်နတ် ဘယ်ကစပေါ်လာတယ် ဆိုတာကို နည်းနည်းလောက် သိအောင်ပြောပြရရင် ပုန်းမကြည်နတ်လို့ပြောတာထက် ပုန်းမကြည် ဘီလူးမလို့ပြောလျှင် ပိုမှန်ပါလိမ့်မယ် ထိုပုန်းမကြည်ဘီလူးမသည်
လူသူမရှိသောဆိတ်ငြိမ်သောအရပ်တွင် ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည်အတွက် ပုန်းမကြည်မလို့ခေါ်တွင်
သည်။
.
ပုန်းမကြည်မအကြောင်းပြောရမည်ဆိုလျှင်မြတ်စွာဘုရား
ဟောကြားခဲ့သော
“ကာဠီယက္ခီနီဘီလူးမ၀တ္ထု”အကြောင်းကိုပြောပြရပေမည်
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက ပုဏ္ဏားသူ
ကြွယ်လုလင်တစ်ယောက်သည် မယားတစ်ယောက်ရှိလေသည် အဲဒီမယားကြီးမှာ ကံအကြောင်းမလှ၍ သားသမီးမရနိုင်ဖြစ်ခဲ့လေတော့ပုဏ္ဏားသူကြွယ် လုလင်လေးနေ့စဉ်နှင့်
အမျှ စိတ်မကောင်းဖြစ်နေရတာ ပေါ့ အဲဒီလိုဖြစ်နေတာကို မယားလုပ်တဲ့သူက မျိုးဆက်မပြတ်ရေး နောက်မိန်းမယူဖို့ ယောက်ျားကိုပြောလိုက်တော့ ယော က်ျားလည်း
နောက်မိန်းမယူလိုက်တာပေါ့
နောက်မိန်းမယူပြီးမကြာခင်မှာပဲ မယားငယ်လေးက
ကိုယ်လေးလက်ဝင်ရှိသွားတော့မယားကြီးကစိတ်ပြောင်း
သွားပြီး မယားငယ်ကိုယ်ဝန်ပျက်ဖို့ အမျိုးမျိုးကြံတော့တာပါပဲ။
.
ဗိုက်ကြီးလာလိုက်မယားကြီးကဆေးတိုက်ပြီးဖျက်ချလိုက်နဲ့ (၃)ဗိုက်မြောက်မှာတော့ အသက်ဆုံးရှုံးရပါတယ် အသက်
မဆုံးရှုံးခင် မယားငယ်က ကျိန်စာဆိုသွားပါတယ် ဖြစ်လေရာဘ၀မှာ မယားကြီးနဲ့မယားကြီးကမွေးတဲ့ ကလေးတွေကိုစားရပါလို၏လို့ကျိန်စာဆိုပြီးမှသေသွားတာပါမယားငယ်သေသွားတဲ့အကြောင်းကို ယောက်ျားသိတော့ မယားကြီးကို
ရိုက်နှပ်ဆုံးမပါတယ်

အဲဒီ ဒါဏ်ကြောင့်ပဲမယားကြီးလည်းသေသွားပါတယ် မယားငယ်က အဲဒီအိမ်မှာကြောင်မသွားဖြစ်ပါတယ် မယားကြီးကတော့ကြက်မသွားဖြစ်ပါတယ်သူတို့ ရဲ့
ဆုတောင်းတွေကြောင့်ကြက်မမွေးတိုင်းကြောင်မက
စားပါတယ်။
.
နောက်ပိုင်းကြက်မကလည်းဆုတောင်းပြန်ပါတယ်နောင်ဘ၀မှာကြောင်မမှမွေးသော သားသမီးတိုင်းကိုစားရပါလို၏လို့ဆုတောင်းလိုက်ပါတယ်အဲဒီဆုတောင်းကြောင့်
နောက်ဘ၀မှာကြောင်မက သမင်မသွားဖြစ်ပါတယ်
ကြက်မက ကျားသစ်မဖြစ်ပါတယ် သမင်မမွေးတဲ့
ကလေးတွေကို ကျားသစ်မက အမြဲစားပါတယ် အဲလိုနဲ့
သမင်မသေတော့ နောက်ဘ၀မှာ ကျားသစ်မကိုနိုင်တဲ့သူ
ဖြစ်ပါစေဆိုပြီး ဆုတောင်းပြန်ပါတယ်။
.
သေတော့..နောက်ဘ၀မှာ သမင်မကဘီလူးမဖြစ်သွားပါ
တယ် ကျားသစ်မကတော့ သာဝတ္ထိပြည်မှာ မိန်းမသွားဖြစ်ပါ
တယ် အဲဒီမိန်းကလေးအရွယ် ရောက်တော့အိမ်ထောင်
ကျပြီး မိန်းကလေးမီးဖွားတဲ့အချိန်မှာ ဘီလူးမကလူယောင်
ဆောင်ပြီးကလေးကို စားပါတယ် နှစ်ခါမြောက်မွေးတဲ့အခါမှာလည်း အဲလိုပါပဲ သုံးကြိမ်မြောက်တော့မိန်းမကဘီလူးမကိုမြင်တာနဲ့ မြတ်စွာဘုရား သတင်းသုံးတော်မူတဲ့ ဇေတ၀န်ကျောင်းတော်ထဲသို့ သားလေးကိုပိုက်ပြီးအတင်းဝင်ပြေးလေသည်
မြတ်စွာဘုရားရဲ့ခြေထောက်ပေါ်ကိုတင်ပြီး
“သားငယ်အားလှူဒါန်းပါ၏၊သားငယ်အားအသက်ရှင်ခြင်းကိုပေးသနားတော်မူပါဘုရား”ဟုလျှောက်တင်လေ၏
.
ဘီလူးမကို“အဘယ်ကြောင့် ဤသို့ပြုရပါသနည်း”ဟုမေးပြီး နဟိဝေရေန ဝေရာနိ အစချီသော ဂါထာကိုဟော ကြားတော်မူပါသည် အဓိပ္ပါယ်ကတော့“ရန်ကိုရန်ချင်းမတုန့်နှင်းနဲ့”လို့ ဟောပြီးတဲ့နောက်မှတော့ ဘီလူးမ
ဟာသောတာပန်တည်ပါတယ် ဘီလူးမလည်း ကလေးကို နမ်းလိုက် ငိုလိုက်လုပ်နေတာကို မြတ်စွာဘုရားကသိသွားတော့ ဘီလူးမ သင် အဘယ့်ကြောင့် ငိုကြွေးနေရပါသလဲ မှန်လှပါဘုရား တပည့်တော်မ အရင်တုန်းက သူများရဲ့အသက်ကိုသာသတ်ပြီး စားဖူးပါသည် အခုဘာကိုစားရပါမလဲမသိလို့ ငိုကြွေးမိကြောင်းပါဘုရား။
.
အဲဒီတော့မှမြတ်စွာဘုရားက“ဘီလူးမ အသင်မစိုးရိမ်လင့်” ဟုပြောပြီး
မိန်းမပျိုလေးကိုထမင်းဦး၊ယာဂုစတဲ့အစားအသောက်တွေကိုလုပ်ကျွေးလော့ဟုမိန့်တော်မူပါသည် ဘီလူးမကို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာထားပြီး အမြဲတမ်း ယာဂု၊ထမင်းဦးစသည်တို့ကိုသွားသွားပို့လေသည် အဲလိုပို့ပါများလာတော့
“တစ်ဦးကစေတနာ ၊ တစ်ဦးမေတ္တာ”ဆိုသလိုပါပဲ ဘီလူးမက မိန်းမပျိုအား“ဒီနှစ်မိုးကောင်းမယ် ကုန်းအရပ်ပါစပါးစိုက်ပျိုး၊ဒီနှစ် မိုးခေါင်မယ် ချိုင့်ဝှမ်းတွေမှာ စိုက်ပျိုးဖို့”ပြောပြောပေးတော့ မိန်းမပျိုတို့မိသားစုက
တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။
.
သာဝတ္ထိမြို့သူ၊ မြို့သားတို့သည်လည်း အဲဒီအချိန်က စပြီး ”အစားအသောက်တို့ကို ဘီလူးမဆီကို သွားသွားပို့လေ
သည် ဘီလူးမသည်လည်း အားလုံးကို
ကြည့်ရှုမစ စောင့်ရှောက်ခဲ့သောကြောင့် တစ်မြို့လုံးစည်
ပင်သာယာဝပြောလေတော့သည် အဲဒီအယူအဆကနေပြီး
ပုန်းမကြည်ကို တင်မြှောက်ပူဇော် ပသတဲ့
ဓလေ့ဖြစ်လာတာပါပဲ။

ကျွန်တော်တို့ အမေလည်း ဒီနေ့ဆို ပုန်းမကြည်ရှင်မအတွက် ထမင်း၊ မုန့်ဖြူ၊ မုန့်နီ၊ ငါးကြော်၊လ္ဘက်အစရှိတဲ့အစားအသောက်တွေနဲ့ပူဇော်ပသနေလောက်ရောပေါ့ ကျွန်တော်ကတော့ဒီဓလေ့လေးတွေနဲ့ကင်းကွာနေတာ
တော်တော်ကြာခဲ့ပါပြီလေ….။
.
Credit

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.