ဇော်ဂျီ ယူနီသုံးလို့အဆင်ပြေတဲ့ManicKeyboard

Manic Keyboard ဟာ တကယ်တော့ သူသူကိုယ်ကိုယ်ကီးဘုတ်တွေလိုမျိုး စာရိုက်ကီးဘုတ်တစ်ခုပါပဲ။ ဒါပေမယ့် ပြည်တွင်း Developer တစ်ယောက်က ရေးသားတာဖြစ်တဲ့အတွက် ပြည်တွင်းကအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေ၊ တုံ့ပြန်သံတွေကို နားထောင်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ အတတ်နိုင်ဆုံး ထပ်တူကျအောင် ဖန်တီးပေးထားတာဖြစ်လို့ စတင်ထုတ်ဝေတဲ့အချိန်ကစပြီး အချိန်တိုအတွင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။ နောက်ပြီ သူ့အရင်ထွက်ခဲ့ဖူးသမျှ ကီးဘုတ်တွေရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို နမူနာယူပြီး ရေးသားထားတာဖြစ်လို့ အကောင်းတွေချည်းစုနေတဲ့သဘောမျိုးလည်း ဖြစ်သွားပါတယ်။

ကဲ….. ကီးဘုတ်ကို အမွှန်းတင်နေတာလည်း တော်လောက်ပြီ။ အောက်မှာ သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို တစ်ခုချင်းစီ ကျွန်တော်လက်လှမ်းမီသလောက် ရှင်းပြထားပါတယ်။ အသုံးပြုပုံလက်စွဲလို့ပြောမယ်ဆိုရင်လည်း ရတာပေါ့။

အားသာချက်များ

၁။ အသုံးပြုရလွယ်ကူခြင်း
Manic Keyboard ဟာ အရင့်အရင်က ထွက်ခဲ့ဖူးသမျှကီးဘုတ်လက်ကွက်တွေနဲ့ လက်ကွက်အခင်းအကျင်းဟာ သိပ်ပြီးကွဲပြားခြားနားမှုရှိတာ မဟုတ်တဲ့အတွက်ကြောင့် ကီးဘုတ်အသစ်ဆိုပေမယ့် အဟောင်းကို သုံးနေရသလိုမျိုး ခံစားချက်ပဲ ဖြစ်နေမှာပါ။ နောက်ပြီး မြန်မာလိုရေးနေရင်းနဲ့ အင်္ဂလိပ်လို ပြောင်းလဲရေးသားလိုတဲ့အခါမှာလည်း အရင်သုံးခဲ့ဖူးတဲ့ ကီးဘုတ်တွေလိုမျိုး ဘာသာစကားပြောင်းတဲ့ခလုတ်ကို နှိပ်စရာမလိုဘဲ ကီးဘုတ်ပေါ်မှာပဲဖြစ်ဖြစ်၊ Spacebar ပေါ်မှာပဲဖြစ်ဖြစ် ဘယ်ဘက်ကနေ ညာဘက်ကို ပွတ်ဆွဲပေးလိုက်ရုံနဲ့တင် မြန်မာလိုနဲ့ အင်္ဂလိပ်လို အပြန်အလှန်ပြောင်းလဲရေးသားနိုင်တာဖြစ်လို့ အသုံးပြုရတာ အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။

၂။ နှစ်ချက်နှိပ်စနစ်ပါဝင်ခြင်း
ကီးဘုတ်တိုင်း ကီးဘုတ်တိုင်းမှာ လက်ကွက်အခင်းအကျင်းက မျက်နှာပြင် (၂) ခု (သို့မဟုတ်) သုံးလေးခုလောက် ရှိတတ်ကြပါတယ်။ အဓိကမျက်နှာပြင်ရဲ့အောက်က စာလုံးတွေကို ရေးသားဖို့အတွက် Shift ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ရေးသားရပါတယ်။ Manic Keyboard မှာ Shift ခလုတ်ကိုနှိပ်ပြီးရေးရမယ့်စာလုံးတွေအတွက် သက်ဆိုင်ရာစာလုံးကို နှစ်ချက်ဆက်တိုက် ခပ်မြန်မြန်လေးပုတ်လိုက်ရုံနဲ့ ရေးသားနိုင်ပါတယ်။ ဒါကြောင့် စာရေးရာမှာ ပိုမိုလျင်မြန်စေပါတယ်။ ဒါပေမယ့် နောက်ထွက်မယ့်အပ်ဒိတ်အသစ်မှာတော့ သူ့အရင် နာမည်ကြီးလူကြိုက်များနေတဲ့ Gboard – the Google keyboard ရဲ့လက်ကွက်အခင်းအကျင်းအတိုင်း ပြုလုပ်ထားတဲ့လက်ကွက်တစ်ခုပါ ပါဝင်လာမှာဖြစ်ပြီး Gboard ကို အသုံးပြုသကဲ့သို့ နှစ်ချက်နှိပ်စနစ်မပါဘဲ ခလုတ်ကြာရှည်စွာဖိနှိပ်ခြင်းဖြင့် Shift key တွေကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Gboard ကနေ ပြောင်းလဲသုံးစွဲသူတွေအနေနဲ့လည်း ကီးဘုတ်အသစ်ပြောင်းလဲအသုံးပြုရသလို ခံစားချက်မျိုး ဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။

၃။ ကွန်ဗာတာ (စာပြောင်းစနစ်) အသင့်ပါရှိခြင်း
ဇော်ဂျီဖောင့်ဖြင့် ရေးသားထားသော စာများကို ကူးယူဖတ်ရှုဖို့အတွက် အရင်ကတည်းက ကွန်ဗာတာတွေ အများအပြား ထွက်ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အက်ပ်ကို သီးသန့်သွင်းယူပြီး စနစ်နောက်ကွယ်မှာအလုပ်လုပ်နိုင်အောင် ခွင့်ပြုချက်တွေ ပေးထားရပါတယ်။ Manic Keyboard မှာတော့ ကွန်ဗာတာကို ကီးဘုတ်ပေါ်မှာတင် ထည့်သွင်းပေးထားတဲ့အတွက် သီးသန့်အက်ပ်အနေနဲ့ ထည့်သွင်းစရာမလိုတော့ဘဲ ထည့်သွင်းအသုံးပြုနေတဲ့ ကွန်ဗာတာတွေကိုတောင် ဖြုတ်ပစ်လို့ရတဲ့အထိ အသုံးပြုရတာ ရိုးရှင်းလွယ်ကူလှပါတယ်။ ဇော်ဂျီဖောင့်နဲ့ရေးသားထားတဲ့စာတွေကို ဖတ်ရှုဖို့အတွက်ရော၊ မိမိရေးသားထားတဲ့ ယူနီကုဒ်စနစ်နဲ့စာတွေကိုပါ ဇော်ဂျီစာသားအဖြစ် ပြောင်းလဲဖော်ပြဖို့အတွက်ပါ အသုံးပြုနိုင်တာဖြစ်လို့ အရမ်းပဲအသုံးဝင်တယ်လို့ ဆိုရပါမယ်။ ကွန်ဗာတာကို အသုံးပြုမယ်ဆိုရင် အရင်ဆုံးဖွင့်ပေးထားဖို့လိုပါတယ်။ (တကယ်က အက်ပ်ကိုသွင်းပြီး ဖွင့်လိုက်တာနဲ့ ကွန်ဗာတာကိုပါ Default အနေနဲ့ ဖွင့်ပေးထားပြီးသားပါ။) ဖွင့်ဖို့အတွက်က Manic keyboard>> Language>> Myanmar Assistant>> Zawgyi Reader ကို On ပေးလိုက်ရုံပါပဲ။ ဒါက ဇော်ဂျီဖောင့်နဲ့စာတွေကို ကူးယူလိုက်တာနဲ့ ယူနီကုဒ်စနစ်နဲ့ ပြောင်းလဲဖတ်ရှုနိုင်အောင်လို့ပါ။ ပြောင်းလဲဖော်ပြထားတဲ့ ယူနီကုဒ်စနစ်နဲ့စာတွေကို ကူးယူချင်တယ်ဆိုရင် ဖုန်းမျက်နှာပြင်ရဲ့ ညာဘက်ကနေ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ရုံနဲ့ ကူးယူပြီးသားဖြစ်သွားပါပြီ။ မိမိနှစ်သက်ရာမှတ်စုအက်ပ်ထဲမှာ ပြန်ပြီးကူးထည့်လိုက်ရုံပါပဲ။ အရမ်းကို လွယ်ပါတယ်။ မကူးယူချင်လို့ ကွန်ဗာတာကို ပိတ်လိုက်မယ်ဆိုရင် ဘယ်ဘက်ကနေ ညာဘက်ကိုပွတ်ဆွဲလိုက်ရုံပါပဲ။ အကယ်၍များ ဇော်ဂျီနဲ့ရေးထားတဲ့စာသားတွေကို ကူးယူလိုက်တဲ့အချိန်မှာ ပြောင်းပြီးဖော်ပြတဲ့ Pop-up Box လေး မပေါ်လာခဲ့ရင် အောက်ကပုံလေးထဲကအတိုင်း Show as system alert ဆိုတာလေးကိုပါ ဖွင့်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ရေးသားဖို့အတွက်ကတော့ အောက်မှာရှိတဲ့ Converter ဆိုတဲ့ ခေါင်းစဉ်အောက်က Show Converter Button ကို ဖွင့်ပေးလိုက်ပါ။ ဒါဆိုရင် ကီးဘုတ်ရဲ့ အပေါ်ဆုံးအတန်းရဲ့ ညာဘက်ထောင့်လေးမှာ မြှားလေးနဲ့ခလုတ်လေး ပေါ်လာမှာဖြစ်ပြီး
(က) မြှားလေးကို တစ်ချက်နှိပ်လိုက်ရင် မိမိရေးသားထားတဲ့ ယူနီကုဒ်စနစ်နဲ့စာတွေကို ဇော်ဂျီစာသားအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်၊
(ခ) မြှားလေးကို ခပ်ကြာကြာနှိပ်ထားရင် မိမိရေးသားထားတဲ့ ယူနီကုဒ်စနစ်နဲ့စာတွေကို ယူနီကုဒ်စနစ်နဲ့ရော ဇော်ဂျီဖောင့်နဲ့ပါ နှစ်မျိုးစလုံးအနေနဲ့ တွဲဖက်ပြောင်းလဲပေးနိုင်ပါတယ်။ Manic Keyboard မှာပါတဲ့ ကွန်ဗာတာရဲ့ ကောင်းကွက်တစ်ခုက ရေးထားတဲ့စာတွေကို ပြောင်းဖို့အတွက် Select မှတ်စရာမလိုပါဘူး။ ခလုတ်လေးတစ်ချက်နှိပ်ရုံ၊ ကူးယူလိုက်ရုံနဲ့တင် စာသားတွေကို အလိုရှိရာ ပြောင်းလဲဖော်ပြပေးနိုင်တာဖြစ်လို့ အရမ်းကို လွယ်ကူမြန်ဆန်ပါတယ်။

၎။ သင်းမ်များ ပြောင်းလဲအသုံးပြုနိုင်ခြင်း
ကီးဘုတ်ထဲမှာတင် Built-in Theme တွေ (၁၀) မျိုးနဲ့အထက် ပါဝင်ပြီးသားဖြစ်လို့ မိမိစိတ်တိုင်းကျသင်းမ်တွေနဲ့ ကီးဘုတ်ကို အလှဆင်ပြီးအသုံးပြုနိုင်ပါတယ်။

၅။ အီမိုဂျီများစွာပါဝင်ခြင်း
ဒိနေ့ခေတ်ကြီးထဲမှာ လူမှုကွန်ယယ်ပေါ်က မိမိသူငယ်ချင်းတွေနဲ့ စာရေးသားပေးပို့ရာမှာ စိတ်ခံစားချက်ကိုပြတဲ့ အီမိုဂျီလေးတွေကိုပါ တွဲဖက်ရေးသားပြောဆိုတတ်ကြပါတယ်။ Manic Keyboard ထဲမှာ အဲလိုအီမိုဂျီလေးတွေကို စုံစုံလင်လင် ထည့်သွင်းပေးထားတဲ့အပြင် မိမိသိပ်အသုံးမပြုတဲ့အီမိုဂျီတွေကို မပေါ်အောင်ပါ ဖြုတ်ထားလို့ရတဲ့လုပ်ဆောင်ချက် ပါဝင်ပါတယ်။ ဒါကြောင့် ကောင်းကွက်အနေနဲ့ မိမိရှာလိုတဲ့အီမိုဂျီကို ပိုပြီးလျင်လျင်မြန်မြန် ရှာဖွေအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

၆။ အထွေထွေ
အပေါ်မှာပြောခဲ့တာတွေက Manic Keyboard ရဲ့ အခြားကီးဘုတ်တွေထက်အားသာတဲ့ အချက်တွေပါ။ အဲဒီဟာတွေအပြင်ကို ကီးဘုတ်ရဲ့အမြင့်ကိုချိန်ညှိတာ၊ ပွတ်ဆွဲလက်ဟန် (Gesture) လေးတွေနဲ့ မိမိအလိုရှိတဲ့လုပ်ဆောင်ချက်ကို လျင်လျင်မြန်မြန် အသုံးပြုနိုင်တာ၊ နှစ်ချက်နှိပ်စနစ်ရဲ့အမြန်နှုန်း၊ ခလုတ်ကြာရှည်စွာဖိနှိပ်မှုကြာချိန် (Long press delay time) တွေကို မိမိစိတ်ကြိုက် ချိန်ညှိနိုင်တာ၊ ဖုန်းကို Portrait position (ဒေါင်လိုက်အနေအထား) နဲ့ Landscape (ရေပြင်ညီအနေအထား)မှာ Full screen keyboard အနေနဲ့ အသုံးပြု/မပြု သတ်မှတ်နိုင်တာ၊ Website URL, Message input field, Password input field, Email input field တွေလိုမျိုး အထူးပြုနေရာတွေအတွက် လုံခြုံရေးလုပ်ဆောင်ချက်ထည့်ပေးထားတာ၊ စသည်ဖြင့် လုပ်ဆောင်ချက်တွေ အတော်လေးစုံအောင် ပါဝင်ပါသေးတယ်။

၇။ အသုံးဝင်တဲ့ Utility keyboard ပါဝင်ခြင်း
Manic Keyboard မှာ ကီးဘုတ်ပေါ်မှာတင် Swipe up (အပေါ်ဘက်ကို ပွတ်ဆွဲ) လုပ်ရုံနဲ့ စာစာသားတွေ ကူးယူ၊ ကူးထည့်၊ ဖြတ်ထုတ်တာတွေလုပ်နိုင်တဲ့ Utility Keyboard တစ်ခုပါ ပါဝင်ပါတယ်။ နောက်ပြီး စာရေးနေရင်းနဲ့ မှားပြီးဖျက်လိုက်မိတဲ့ လတ်တလောရေးနေတဲ့စာတွေကို ပြန်ခေါ်တာ၊ စာသားအားလုံးကို Select မှတ်တာ၊ ကာဆာကို အပေါ် အောက် ဘယ် ညာ ရွှေ့တာ၊ လက်တစ်ဖက်တည်းမုဒ် (One handed mode) ဖွင့်တာ၊ ပိတ်တာ စတဲ့လုပ်ဆောင်ချက်တွေကိုပါ Utility Keyboard ပေါ်မှာတင် ပြုလုပ်ပေးနိုင်ပါတယ်။

၈။ ကျွန်တော်အကြိုက်ဆုံးအချက်ပါ။ အခမဲ့ရယူအသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ကဲ….. အားသာချက်များစွာနဲ့ သုံးလို့ကောင်းတဲ့ Manic Keyboard ကီးဘုတ်လေးကို ရယူအသုံးပြုလိုတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ ပလေးစတိုးပေါ်ကလင့်ခ်ကနေ အခမဲ့ ဒေါင်းလုဒ်ရယူအသုံးပြုနိုင်ပါပြီခင်ဗျာ။ ဖိုင်အရွယ်အစားကလည်း ၅ မီဂါဘိုက်နီးပါးပဲ ရှိပါတယ်။

https://play.google.com/store/apps/details?id=com.lmkhant.android.manickeyboard

အဲ့ဒီတော့ အကြမ်းဖျဉ်အားဖြင့် ချုံပြောမယ်ဆိုရင် ဒီ Manic Keyboard လေးဟာ ထွက်ခဲ့ဖူးသမျှ ယူနီကုဒ်စနစ်နဲ့အသုံးပြုနိုင်တဲ့ ကီးဘုတ်တွေထဲမှာ အကောင်းဆုံး၊ သဘောအကျဆုံးကီးဘုတ်လေး ဖြစ်တယ်ဆိုတာပါပဲ။ သူ့မှာပါတဲ့လုပ်ဆောင်ချက်တွေက သာမာန်သုံးစွဲသူတစ်ယောက်အတွက်ဆိုရင် ပြည့်စုံရုံမက ကျော်လွန်နေပြီလို့တောင် ပြောလို့ရပါတယ်။ ကျွန်တော်လည်း အရင်က Gboard ကိုပဲ စွဲစွဲမြဲမြဲသုံးစွဲခဲ့တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီကီးဘုတ်လေးထွက်လာတဲ့အချိန်မှာ စမ်းပြီးသုံးကြည့်ရင်းနဲ့ သဘောကျနှစ်သက်သွားတဲ့အတွက်ကြောင့် ဒီကီးဘုတ်လေးကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုဖြစ်နေပါပြီ။

Original post link
http://myanmarmiunicode.blogspot.com/2018/05/manic-keyboard.html

Latest beta version link
https://drive.google.com/file/d/1-0RkEwbe5kYd_3pNcG_mFGVydq9lcZPs/view?usp=drivesdk

EaseUS Data Recovery Wizard 12.0

EaseUS Data Recovery Wizard 12.0လေး
တင်ပေးဖို့ စိတ်ကူးနေတာ ကြာပါပြီ။
တွေ့တဲ့ဖိုင်တွေက Full မဖြစ်၊ All Fine မဖြစ်တာနဲ့
ကြန့်ကြာနေခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် မိမိ HDD, Memory Stick
များမှ ဆုံးရှုံးသွားသော Data များကို ပြန်လည်ရယူနိုင်မည့်
ဆော့ဖဝဲဖြစ်ပါသည်။
အဆင်ပြေကြပါစေ။

Download Here

Credit-နဒီဧရာ
http://www.nadierra.com

Samsung ဖုန်းများအတွက် All In One မြန်မာဖောင့်ဆော့ဝဲ

Samsung ဖုန်းတွေအားလုံးတွက် မြန်မာစာနှင့် ကီးဘုတ်
ကို လွယ်လင့်တကူထည့်သွင်းနိုင်တဲ့ Samsung All In One Font မိဘိုင်းApplicationလေးကိုတင်ပေးလိုက်ပါ
တယ်။တကယ်ကိုအသုံးဝင်တဲ့App လေးတစ်ခုပါ။

Samsung ဖုန်းအသစ်တွေကို မြန်မာစာသွင်းတဲ့အချိန်
ရောက်ရင် ဒီကောင်းလေးကို Install လုပ်လိုက်တာနဲ့ သူ့ ထဲမှာ Font တွေ Keynboard တွေကိုဖုန်းထဲသို့ အလွယ်
တကူသွင်းနိုင်ပြီဖြစ်ပါတယ်။

ကိုယ့်သူငယ်ချင်းတွေကိုလည်း မြန်မာဖောင့်သွင်းပေး
ချင်တယ်ဆိုရင်တော့ဒီကောင်းလေးကိုဆောင်ထားလိုက်ပါ။နမူနာပုံလေးတွေကြည့်သုံးနိုင်ပါတယ်။ အသုံးပြုရန် Root မလိုအပ်ပါ။

✔ ဒီမှာဒေါင်းပါ ↪Download Here

အဆင်ပြေပါစေ
Credit-ညီလတ်ထွန်း-နည်းပညာ

မြန်မာ-အင်္ဂလိပ် အလေးချိန်အခေါ်များ

ရှယ်ထား ပါ ၊ တစ်ချိန်အသုံးဝင်လာမယ်။

ဒါလေးတွေသင့်ဖုန်းထဲမှာရှိနေရင် ဘယ်သူ့ကိုမှ လိုက်မေးစရာမလိုတော့ဘူး။

Credit

ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး

.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ

အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်

ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊

မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.

ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်

ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် ဖခင်တို့၏အပေါ်၌

ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ

ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်

ကျိုးကြောင်းပြ၍ဆုံးမတတ်သော ဆရာတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊

ပညာဂုဏ်တို့ကိုဆည်းပူးကျင့်လျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌

ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ

ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

တရားဓမ္မတို့ကိုဟောပြောပြတတ်ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ

သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍

ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ထမင်းတလုပ် ရေတစ်မှုတ်

စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ

သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍

ရှိခိုးပါ၏မြတ်စွာဘုရား။

………………………………………………………………………………..

ခင်ပွန်းကြီးဆယ်ပါး..အကျိုးများ.
°´°´°´°´°”””””°´°´°´°´°´´
လောကီ လောကုတ္တရာ နှစ်ဖြားသောအကျိုးအတွက် အဆွေခင်ပွန်းကောင်းဆိုတာ မရှိမဖြစ်လိုအပ်လှပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရား ပွင့်ထွန်းပေါ်ပေါက်လာတဲ့အတွက်ကြောင့် သတ္တ၀ါတွေဟာ ဒီဟာတွေကတော့ ကုသိုလ်ပဲ.. ဒီဟာတွေကတော့ အကုသိုလ် ပဲလို့ ကွဲကွဲပြားပြား သိရတာပါ ..
ဒါကြောင့်…
၁.. ဘုရားရှင်တော်မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလဲ ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ..။

၂….. ဘုရားရှင်တော်ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူ့ပေ ….ဟု စပ်ဆိုထားပါတယ်..။

အလွန်ကိုနတ်ရှိုင်းတဲ့ မေတ္တာ ဓာတ်တွေနဲ့ သတ္တ၀ါတွေရဲ့ အပေါ် . သားသမီးတွေရဲ့အပေါ်မှာ ကောင်းကျိုးမှန်သမျှ ဆောင်ရွက်ပေးတော်မူခဲ့ကြတဲ့ ဘုရားရှင်နှင်တကွ မိဘတွေဟာ ကျေးဇူ့ရှင်တွေပဲ..။ လောကမှာ ကျေးဇူ့တင်ထိုက်တဲ့ ကျေးဇူ့ဆပ်ထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်ရှိတယ် ။ ခင်ပွန်းကြီးဆယ်ပါး လို့လဲခေါ်တယ် ။

၁… ဗုဒ္ဓ.. . သမ္မာသမ္ဗု ဒ္ဓဘုရား
၂… ပစ္စေကဗုဒ္ဓ.. ဘုရားငယ်
၃… အရဟန္တ …… ရဟန္တာ
၎… အဂ္ဂသာဝက ဘုရားရှင်၏တပည့်ကြီး..
၅ … မာတာ.. အမိ
၆…. ပိတာ….. အဖ
၇… ဂုရု… အလေးအမြတ်ပြုအပ်သောဆရာ..
၈… သတ္တာ ဆုံးမစကားပြောကြားအပ်သောဆရာ..
၉… ဓမ္မဒေသက. တရားဟော.တရားပြသူ..
၁၀… ဒါယကာ.. ပေးကမ်းသောသူ.

ဤဆယ်ယောက်ကို ကျေးဇူ့အထူးရှိတဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲခေါ်တယ်..။

မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲ ခေါ်တယ်..။

ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူ့တရားများကိုလဲ ပြန်လည် ပေးဆပ် သင့်လှပေတယ်..

ကျေးဇူ့တရားကို သိ၍ ကျေးဇူ့ပြန်လည်ဆပ်သူကို သူတော်ကောင်းဟုခေါ်တယ်..
✏ အရှင်တေဇောသာရ.. ပဲခူး.

“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်”
******************************
(အကျဉ်း)

((((နေ့စဉ်ရွတ်သင့်သည်))))

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း၊

(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း၊

(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

(၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

(၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍့ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏။

ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ
ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။

***** လောကီလောကုတ္တရာ…..
် နှစ်ဖြာအကျိုးအတွက် ခင်ပွန်းကြီးဆယ်ပါး နှင့် တွေ့ခွင့်ရသော.. မိမိကိုယ်ကိုယ် ခင်ပွန်းကြီးဆယ်ပါး ထဲတွင် ပါဝင်နိုင်သော. .. ကျေးဇူ့ပြုခံထိုက်သူများ ဖြစ်အောင် ကြိုးစားကြဖို့.. အထူးပင်တိုက်တွန်းချင်ပါတယ်..
ကျေးဇူ့အထူးကို ပြန်လည်ပေးဆပ်နိုင်သော သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေလို့.. ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်..

★ မြတ်ဗုဒ္ဓ၏သာသနာpage ★

…………………………………………………………………………………..

ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် သင့်တတ်တဲ့ ဒါဏ်ဆယ်ပါး
…………
သွေးအန်ဖြစ်လွယ် l
ရောင်းဝယ်ရှုံးခြင်း l
ချို့ယွင်းအင်္ဂါ l
နူနာကုဌ l
ရူးကြဖေါက်ပြန် l
မင်းဒါဏ်သင့်ခဏ်း l
ကြမ်းတမ်းစွပ်စွဲ l.
သေကွဲသားချင်း l
ပျက်ခြင်းစည်းစိမ် l
နေအိမ်မီးလောင် l
ဒုက္ခကောင်သည် l
လူ့ ဘောင်ဒိဌ l
တွေ့ကြုံရ၍ l
သေကငရဲ l
ကမ္ဘာစွဲ၏။
ဤဒါဏ်ဆယ်ပါးအပြင်
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုလည်း တားနိုင်ပါသည်။

Credit….