ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး

.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ

အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်

ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊

မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.

ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်

ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် ဖခင်တို့၏အပေါ်၌

ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ

ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်

ကျိုးကြောင်းပြ၍ဆုံးမတတ်သော ဆရာတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်

ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊

ပညာဂုဏ်တို့ကိုဆည်းပူးကျင့်လျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌

ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ

ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော

တရားဓမ္မတို့ကိုဟောပြောပြတတ်ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ

သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍

ရှိခိုးပါ၏မြတ်စွာဘုရား။
.
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ထမင်းတလုပ် ရေတစ်မှုတ်

စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏အပေါ်၌ ကာယကံ၊၀စီကံ၊ မနောကံ

သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍

ရှိခိုးပါ၏မြတ်စွာဘုရား။

………………………………………………………………………………..

ခင်ပွန်းကြီးဆယ်ပါး..အကျိုးများ.
°´°´°´°´°”””””°´°´°´°´°´´
လောကီ လောကုတ္တရာ နှစ်ဖြားသောအကျိုးအတွက် အဆွေခင်ပွန်းကောင်းဆိုတာ မရှိမဖြစ်လိုအပ်လှပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရား ပွင့်ထွန်းပေါ်ပေါက်လာတဲ့အတွက်ကြောင့် သတ္တ၀ါတွေဟာ ဒီဟာတွေကတော့ ကုသိုလ်ပဲ.. ဒီဟာတွေကတော့ အကုသိုလ် ပဲလို့ ကွဲကွဲပြားပြား သိရတာပါ ..
ဒါကြောင့်…
၁.. ဘုရားရှင်တော်မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလဲ ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ..။

၂….. ဘုရားရှင်တော်ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူ့ပေ ….ဟု စပ်ဆိုထားပါတယ်..။

အလွန်ကိုနတ်ရှိုင်းတဲ့ မေတ္တာ ဓာတ်တွေနဲ့ သတ္တ၀ါတွေရဲ့ အပေါ် . သားသမီးတွေရဲ့အပေါ်မှာ ကောင်းကျိုးမှန်သမျှ ဆောင်ရွက်ပေးတော်မူခဲ့ကြတဲ့ ဘုရားရှင်နှင်တကွ မိဘတွေဟာ ကျေးဇူ့ရှင်တွေပဲ..။ လောကမှာ ကျေးဇူ့တင်ထိုက်တဲ့ ကျေးဇူ့ဆပ်ထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်ရှိတယ် ။ ခင်ပွန်းကြီးဆယ်ပါး လို့လဲခေါ်တယ် ။

၁… ဗုဒ္ဓ.. . သမ္မာသမ္ဗု ဒ္ဓဘုရား
၂… ပစ္စေကဗုဒ္ဓ.. ဘုရားငယ်
၃… အရဟန္တ …… ရဟန္တာ
၎… အဂ္ဂသာဝက ဘုရားရှင်၏တပည့်ကြီး..
၅ … မာတာ.. အမိ
၆…. ပိတာ….. အဖ
၇… ဂုရု… အလေးအမြတ်ပြုအပ်သောဆရာ..
၈… သတ္တာ ဆုံးမစကားပြောကြားအပ်သောဆရာ..
၉… ဓမ္မဒေသက. တရားဟော.တရားပြသူ..
၁၀… ဒါယကာ.. ပေးကမ်းသောသူ.

ဤဆယ်ယောက်ကို ကျေးဇူ့အထူးရှိတဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲခေါ်တယ်..။

မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲ ခေါ်တယ်..။

ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူ့တရားများကိုလဲ ပြန်လည် ပေးဆပ် သင့်လှပေတယ်..

ကျေးဇူ့တရားကို သိ၍ ကျေးဇူ့ပြန်လည်ဆပ်သူကို သူတော်ကောင်းဟုခေါ်တယ်..
✏ အရှင်တေဇောသာရ.. ပဲခူး.

“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်”
******************************
(အကျဉ်း)

((((နေ့စဉ်ရွတ်သင့်သည်))))

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊

(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း၊

(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း၊

(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

(၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊

(၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍့ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏။

ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ
ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။

***** လောကီလောကုတ္တရာ…..
် နှစ်ဖြာအကျိုးအတွက် ခင်ပွန်းကြီးဆယ်ပါး နှင့် တွေ့ခွင့်ရသော.. မိမိကိုယ်ကိုယ် ခင်ပွန်းကြီးဆယ်ပါး ထဲတွင် ပါဝင်နိုင်သော. .. ကျေးဇူ့ပြုခံထိုက်သူများ ဖြစ်အောင် ကြိုးစားကြဖို့.. အထူးပင်တိုက်တွန်းချင်ပါတယ်..
ကျေးဇူ့အထူးကို ပြန်လည်ပေးဆပ်နိုင်သော သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေလို့.. ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်..

★ မြတ်ဗုဒ္ဓ၏သာသနာpage ★

…………………………………………………………………………………..

ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် သင့်တတ်တဲ့ ဒါဏ်ဆယ်ပါး
…………
သွေးအန်ဖြစ်လွယ် l
ရောင်းဝယ်ရှုံးခြင်း l
ချို့ယွင်းအင်္ဂါ l
နူနာကုဌ l
ရူးကြဖေါက်ပြန် l
မင်းဒါဏ်သင့်ခဏ်း l
ကြမ်းတမ်းစွပ်စွဲ l.
သေကွဲသားချင်း l
ပျက်ခြင်းစည်းစိမ် l
နေအိမ်မီးလောင် l
ဒုက္ခကောင်သည် l
လူ့ ဘောင်ဒိဌ l
တွေ့ကြုံရ၍ l
သေကငရဲ l
ကမ္ဘာစွဲ၏။
ဤဒါဏ်ဆယ်ပါးအပြင်
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုလည်း တားနိုင်ပါသည်။

Credit….

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.