♪ Hacker တို့၏ထိုးဖောက်နည်းများနှင့် Hacker အန္တရယ်ကာကွယ်နည်းများ ♫

Hacking အကြောင်းကိုစိတ်ပါဝင်စားသူများနဲ့ လေ့လာနေသောသူငယ်ချင်းများအတွက် အသုံးဝင်စေမယ့် စာအုပ်လေးတစ်အုပ်ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီစာအုပ်လေးထဲမှာတကယ့်ကို Hacking ပညာရပ်တွေ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်ဗျာ။ Hacking ဆိုတာတနည်းအားဖြင့်တော့ Security လို့ လည်းသတ်မှတ်နိုင် ပါတယ်ဗျာ။ ဒီစာအုပ်လေးကိုတော့ အဆိုးဖက်ကနေမသုံးပဲ မိမိနဲ့ပတ်ဝန်းကျင်အတွက် အကျိုးရှိရှိအသုံး ချနိုင်ပါစေဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. “5sec”. လောက်စောင့်ပေးပါ။
**  Step-3. “  <>   “.ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


   Download

Download Certified Ethical Hacker (CEH) v.9 – EBOOKS

What is CEH ??

CEH = Certified Ethical Hacker . International Council of E-Commerce Consultants ကနေ ကြီးမှူးကျင်းပပေးတဲ့ Security Training Program တစ်ခုပါ။ CEH ဆိုတာ Hacking နဲ့ သက်ဆိုင်တဲ့ Basic Concept တွေကို နားလည်အောင် သင်ကြားပေးတဲ့ Training Programပါ။ သူ့ရဲ့ ဆောင်ပုဒ်က Hackers are here . . Where are you? တဲ့ဗျ။ သိထားရမှာက CEH က Hacker သင်တန်းမဟုတ်ပါဘူး။ Hacking နဲ့ပတ်သတ်ပြီး Educate လုပ်ပေးတဲ့နေရာပါ။ Ethic, Tech , Idea တွေ အစုံအလင် ပါဝင်ပါတယ်။ CEH V.9 ထွက်တာ ကြာနေပါပြီ။ စိတ်ပါဝင်စားတဲ့သူတွေ လေ့လာလို့ရအောင် ပြန်တင်ပေးလိုက်တာပါ။ PDF + Tool အနေနဲ့ လာတာဆိုပေမယ့် လောလောဆယ် PDF တွေပဲ ပြန်တင်ထားပါတယ်။ 😀 

Download Link => 
  1. CEHv9  – Module 00.unlocked
  2. CEHv9 –  Module 00.unlocked_2
  3. CEHv9 – Module 01 Introduction to Ethical Hacking 
  4. CEHv9 – Module 02 Footprinting and Reconnaissance
  5. CEHv9 – Module 04 Enumeration
  6. CEHv9 – Module 05 System Hacking
  7. CEHv9 – Module 06 Malware Threats
  8. CEHv9 – Module 07 Sniffing
  9. CEHv9 – Module 08 Social Engineering
  10. CEHv9 – Module 09 Denial-of-Service
  11. CEHv9 – Module 10 Session Hijacking
  12. CEHv9 – Module 11 Hacking Webserver
  13. CEHv9 – Module 12 Hacking Web Applications 
  14. CEHv9 – Module 13 SQL Injection 
  15. CEHv9 – Module 13 SQL Injection 2 
  16. CEHv9 – Module 14 Hacking Wireless Networks 
  17. CEHv9 – Module 15 Hacking Mobile Platforms
  18. CEHv9 – Module 16 Evading IDS, Firewalls, and Honeypots
  19. CEHv9 – Module 17 Cloud Computing
  20. CEHv9 – Module 18 Buff Overflow
  21. CEHv9 – Module 19 Cryptography
  22. CEHv9 – Module 20

***

Try to Hack wifi on your latop

အားလုံးပဲ မင်္ဂလာပါခင်ဗျာ………
ကွန်ပျူတာမှာ Wifi ဘယ်လို hack
ရမလဲလို့ ခဏခဏလာလာမေးနေလို့
တင်ပေးလိုက်ပါတယ် .. ဒီနည်းလေးကတော့
Fake မဟုတ်သလို လွယ်လွယ်နဲ့လည်း
မရနိုင်ပါဘူး hacking ဆိုတာက အပြင်ပိုင်း
ကနေကြည့်ရင်တော့ လွယ်သယောင်ထင်ပေမယ့်
တကယ့်တယ်လုပ်ကြည့်တဲ့အခါ အရမ်းနက်နဲပါတယ်
ကိုယ်တွေ့ပါ ကိုယ်ထင်ထားတာထက် ၁၀ ဆ
လောက်ကို ခက်ခဲပါတယ်။။။ အခုတင်ပေးတဲ့
နည်းလမ်းလေးကတော့ တကယ်ရမှာပါ
အဓိကလိုအပ်ချက်လေးတွေကတော့
ကြိုးစားမှုနဲ့ စိတ်ရှည်မှုတို့ပါပဲ
အောက်မှာ Backtrack.exe ကို ဒေါင်းလုပ်ယူလိုက်ပါ
အဲ့ Software လေးကတော့ Third Party Software
ဖြစ်တဲ့အတွက် ကြောင့် window OS ပေါ်မှာ မ Run
နိုင်ပါဘူးး   Boot CD ပါ boot အနေနဲ့ Runရမှာပါ.
 Boot CD ကို Run နည်းကတော့ နောက်မှပဲ
တင်ပေးလိုက်မယ်နော်
 

Download : (2147) MB
Backtrack .exe

  

My FB Acc >> Min Oke Kar
သိသလောက်ပြန်လည်
ကူညီပေးပါမည်.

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း.



 Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်
ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max
လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း
ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… အဲ့မှာ ကံဆိုးတာက Hacked
သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step
ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်း ဆို
တော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ပဲတနေ့
တခြား User Security ကို အလေးနည်းနည်းပေးလာတာကိုတွေ့ရပါတယ်။
ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themes
တွေပြောင်းလာပြီးကတည်းကပေါ့။ ဒီအကောင့်အတွက်ကံကောင်းတာတစ်ခု
လို့ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်
တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့
မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့
ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလည်းဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။
ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီး
ပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်။


ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ဒီ
တော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ဒါဆို
ရင်တော့ အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)
ကိုရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှ အရေးကြီးပါတယ်။ သင့်အကောင့်
ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Information
လိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့
က Continue ကို နှိပ်လိုက်ပါမယ်။ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်။


ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို
2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်
တို့က Info ကို အတိအကျသေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူး
ဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်။


ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mail
ကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mail
ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့
Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်
တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံခံထားတဲ့ ဖုန်းကို
ဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာဖြစ်
ပါတယ်။ ပြီးသွား၇င်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အောက်
ပါပုံအတိုင်း


ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့
နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်
လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်
အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်
တော့


အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက်
လျော့သွားကြတဲ့နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။
ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့
နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့
ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ်အခက်အခဲရှိတဲ့ လူတွေကို
ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။
ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့


I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။
ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေး
တော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်။


ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်
ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ……


ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲ
တစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေ
ပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။
ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.com
ဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့
ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲ
မလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXX
ဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Code
ကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့
အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်း
မှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှ
အင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်
ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနက
မလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်
ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်
တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်း
ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံး
ထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ


အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IP
သုံးပီးဝင်သွားသလည်း ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှ
ကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိ
နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့
www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။
ဒါဆိုရင် သူ့ရဲ့ Location ကို


အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကို
Hide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကို
hack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို “မင်းအကောင့်ပြန်လိုချင်ရင် 
USD 50 ပေးရင်ပြန်ရမယ်” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ဒါကြောင့် ပါပြီး
ပြီးချင်း မိမိ ရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီ
တောင်းပြီး ပြန်လည်ရယူနိုင်ပါတယ်။…….ကဲ ဒီလောက်ဆို အဆင်ပြေ
မယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့
မှာ ကောင်းသော အမြင်ကို ရနိုငသလို အချို့မှာလည်း မကောင်းသော အမြင်
ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာ
လေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့
www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်